Sunday, January 10, 2016

ဒုတိယအကြိမ် ထက်မံမီးလောင်သည့်သီရိရတနာ


မုံရွာမြို့ သီရိရတနာဈေး ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွား
----------------------------------------------
၁၁.၁.၂၀၁၅

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၉)ရက် က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော မုံရွာမြို့ သီရိရတနာဈေး(ဈေးဟောင်း)ဟာ ဇန်နဝါရီလ (၁၁)နေ့ မနက် (၃)နာရီအချိန်က ဒုတိယအကြိမ်

မီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ထပ်မံလောင်ကျွမ်းခဲ့သောနေရာဟာ ဈေးနောက်တန်း နှစ်ထပ်တိုက်အပေါ်ထပ် ဈေးရုံအမှတ် (၇)ဖြစ်ပြီး အခန်းအမှတ် (၁)က မျက်နှာကျက်အပေါ်မှ စတင်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါအခန်းဟာ အခန်းလွတ်တစ်ခုဖြစ်ပြီး လောင်ကျွမ်းရခြင်းမှာ မျက်နှာကျက်တွင် တပ်ဆင်ထားသော (၂ )ပေ မီးချောင်းချုပ်က ဝါယာကြိုးများ ပူးကပ်လျှော့ဖြစ်၍ ကူးစက်လောင်ကျွမ်းတာဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိုပါတယ်။

ထိုမီးလောင်ကျွမ်းမှုမှာ မိနစ် (၂၀)ခန့်သာကြာမြင့်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ငြိုမ်းသတ်ယဉ်အပါဝင် ရေသယ်ယဉ် စုစုပေါင်း(၄)စင်းဖြင့် ငြိုမ်းသတ်ရာ မနက် (၃)ခွဲအချိန်မှာတော့ မီးငြိုမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ (၂၉)ရက်နေ့က လောင်ကျွမ်းမှုမှာ ဆိုင်ခန်း (၅၆)ဆုံးရှုံးခဲ့ရပြီး ယခုလောင်ကျွမ်းမှုမှာတော့ ယခင်လောင်ကျွမ်းထားခဲ့သည့် တံခါးရွက်များ ။ကျောက်ပြားများ ။မျက်နှာကျက်များအပါဝင် ဆိုင်ခန်းအလွတ်(၁)ခန်း ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ထိုဖြစ်စဉ်ကြောင့် ဈေးရုံတစ်ခုလုံး အုပ်ချုပ်မှုကိစ္စတာဝန်ယူထားတဲ့ ဈေးခေါင်းဦးထွန်းဝေဆိုသူအား မုံရွာမြို့မြို့မအမှတ်(၁) ရဲစခန်းမှ ဒုရဲမှုးပြုံးလွင်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

posted from Bloggeroid

No comments:

Post a Comment