ယနေ့တွင် နိုင်ငံတော်သမ္မကြီးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၂၀၄ (က) အရ မြန်မာတစ်နိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီးသော အကျဉ်းသားများ နှင့် အကျဉ်းကျခံစဉ်ကာလ စည်းကမ်းကောင်းမွန်သော အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ယင်းလွတ်ငြိမ်းချမ်းသာခွင့် ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းသားစုစုပေါင်း (၆၉၆၆) ဦးလွတ်မြောက်ခွင့်ပေးလိုက်ပြီး နိုင်ငံရေးအကျဉ်းသား ၁၃ ဦးသာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားအဟောင်းများ အဖွဲ့ နှင့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က သိရသည်။
``လက်ရှိစာရင်းပြုစုထားတဲ့ အရေအတွက်ပါ ။ မန္တလေးမှာ ၄၃၆ လက်မှတ်ထိုးတဲ့ ဗိုလ်မှူး တစ်ယောက် ပခုက္ကူက နှစ်ယောက် ၊ သရက်ထောင်က တစ်ယောက်နဲ့ ရန်ကုန်က အလုပ်သမားအရေး လယ်သမားအရေးနဲ့ ထောင်ကျသူ (၇) ယောက် မီဒီယာက ဘိုင်မွန်းတည့်နေက ၂ယောက် စုစုပေါင်း ၉ ယောက်သာပါတယ်။ ဒီစာရင်းကလည်း ကျွန်တော်တို့ဆီကို တက်တဲ့စာရင်းပါ။´´ ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) မှ ဦးအောင်မျိုးကျော် က ပြောသည်။
ယင်းနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အနေဖြင့် ယခုလ ၆ ရက်နေ့က နိုင်ငံတော် သမ္မတ ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် နိုင်ငံရေးပါတီအသီးသီးသို့ နိုင်ငံရေး အကျဉ်းသားများအား ၂၀၁၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲမတိုင်ခင်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။ ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားများသာမက တစ်ခြားအကျဉ်းသားများလည်း မဲပေးခွင့်ရသင့်ကြောင်း သုံးသပ်ကြသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၃၄ ယောက်ရှိပြီး ယနေ့တွင် ၁၃ ဦး ပြန်လွတ်လာသည့် အတွက် ၁၂၁ ယောက်ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က သိရသည်။ ထို့အပြင် နိုင်ငံရေးကြောင့် တရားရင်ဆိုင်ဆဲ ဦးရေ ၄၀၀ ကျော်ရှိပြီး အလုပ်သမားအရေး ၊ လယ်သမားအရေး ၊ ကျောင်းသားအရေး ၊ တို့တွင်ပါဝင်ကြသူများ ၊လက်နက်ကိုင်အဖွဲ့မှလူများပါဝင်ကြသည်။
``ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးစေချင်သေးတယ်။ နိုင်ငံတော်ကောင်းစားဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ တက်ကြွလှုပ်ရှားနေတဲ့ သူတွေကိုကျ အကုန်လွှတ်မပေးဘဲ နှစ်နိုင်ငံ သင့်မြတ်ရေးကို အကြောင်းပြပြီး သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကျတော့ အကုန်လွှတ်တယ်။ ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။ တကယ်ဆိုရင် ကိုယ့်နိုင်ငံသားတွေကိုပဲ အလေးထာလွှတ်သင့်ပါတယ်။´´ ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ရုံးအဖွဲ့ အတွင်းရေးမှူး ဦးသက်ဦး က ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ၆၉၆၆ ယောက်တွင် နှစ်နိုင်ငံချစ်ကြည်ရေး နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ အားလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။
ထိုအထဲတွင် ဇူလိုင်လ ၂၂ ရက်က သစ်ခိုးထုတ်မှုကြောင့် တစ်သက်တစ်ကျွန်းကျခံခဲ့သည့် တရုတ်နိုင်ငံသား ၁၅၃ယောက်လည်းပါဝင်ခဲ့သည်။ ယင်းတို့ထဲမှ နှစ်ဦးသည် အသက်မပြည့်သေးသောကြောင့် ထောင်ဒဏ် ၁၀ နှစ်သာကျခံခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် ၁၅၅ ဦး မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။ ၎င်းတို့သည် သစ်လုံးတန် ချိန် ၄,၅၀၀ ကျော်ဖြင့် ၀ိုင်းမော် မြို့နယ် ၀ါရှောင်၊ မံဝိန်း၊ဆီနီကူး၊ မံတောင်၊ လောခွန်ယွန်၊ ဆဒုံး သစ်လုပ်ကွက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး ဖမ်းဆီးရမိသည့် သစ်များကို ကာလပေါက်ဈေးနှင့်တွက်ချက် ပါက အမေရိကန်ဒေါ်လာ သန်း ခြောက်ဆယ်ကျော်ရှိသည်။ မစ်ကြီးနားတရားရုံးက(၁၉)ကြိမ် မြောက် ရုံးချိန်းတွင် အမိန့်ချမှတ် ရာ အများပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေးပုဒ်မ အပက(၃) ဖြင့် တရုတ်နိုင်ငံသား ၁၅၅ ဦးအ နက် ၁၅၃ ဦးကို တစ်သက်တစ် ကျွန်းထောင် ဒဏ်ချမှတ်လိုက်ပြီး ကျန်နှစ်ဦးမှာ အသက်မပြည့်သေးသောကြောင့် တရားသူကြီးက ထောင်ဒဏ် ဆယ်နှစ်စီချမှတ်လိုက်သည်။အဆိုပါပုဒ်မသည် အနိမ့် ဆုံးထောင်ဒဏ် ၁၀ နှစ်မှ အမြင့် ဆုံး တစ်သက်တစ်ကျွန်းထိ ချမှတ် နိုင်သည်။ တစ်သက်တစ်ကျွန်းမှာ ထောင်ဒဏ် နှစ် ၂၀ နှင့်ညီမျှသော ပြစ်ဒဏ်ဖြစ်သည်။
ထိုသို့လွှတ်ပေးမှုကြောင့် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်း နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများမှ လူသားချင်းစာနာသည့် စိတ်အရင်းနဲ့ လွှတ်ခြင်းမဟုတ်ပဲ ဟန်ပြအဖြစ်သာ လွှတ်ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
``တကယ်ကိုဘာမှမထူးဆန်းပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တရားရင်ဆိုင်နေရတဲ့ တောင်သူလယ်သမား အလုပ်သမား ကျောင်းသားတွေကိုသာ လွှတ်ပေးသင့်တာ။ ခုဟာက

posted from Bloggeroid
No comments:
Post a Comment