Tuesday, January 12, 2016

မန္တလေး ဈေးချို့ မီးဘေးအန္တရာယ်ကင်းဝေးရေး




အဆင့်မြင့် ဈေးချိုတော် မီးဘေးအန္တရာယ်ကင်းဝေးရေး ကြိုတင်ပြင်ဆင်ရန် ဆွေးနွေး ကွင်းဆင်းစစ်ဆေး
မန္တလေး ဇန်န၀ါရီ ၁၂ 
ဈေးချိုတော် မီးဘေးအန္တရာယ် ကင်းဝေးစေရေး ကြိုတင်ပြင်ဆင်ရန် ယနေ့ မွန်းလွဲ ၁ နာရီ က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၂) ဦးရွှေဝင်း ၊ အမှတ် ၁ပြည်နယ်နှင့်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးများကွပ်ကဲမှု ဌာန ညွှန်ကြားရေးမှူး ။ မန္တလေးတိုင်းမီးသက်ဦးစီးမှူး ဦးသန်းဇော်ဦး ၊ဈေးချိုအရန်မီးသက်တပ်ဖွဲ့ဝင်များ နှင့် ဈေးနှင့်သားသတ်ဌာန မှ တာဝန်ရှိများ ၊ဈေးအကျိုးတော်ဆောင် အဖွဲ့များ ဆွေးနွေး ကာကွင်းဆင်းစစ်ဆေး ကြသည်။ 
ဆွေးနွေးပွဲတွင် ကော်မတီဝင်( ၂) ဦးရွှေဝင်း က ဈေးချိုတော် မီးဘေးအန္တရာယ်ကင်းဝေးစေရေး အတွက် မီးသက်ဆေးဘူးများ လုံလောက်စွာ ထားရှိရေး ၊ လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်စွာ ရှိစေရေး စဉ်ဆက်မပြက် စစ်ဆေးရေး ၊ မီးသက်ရေကန်များ ၊ ထပ်မံဖြည့်ဆည်းနိုင်ရေး ၊ မီးဘေးလုံခြုံရေး တိုးမြှင့်ချထားရေး တို့ကို ဆွေးနွေး သည်။ ထိုနောက် အမှတ် ၁ပြည်နယ်နှင့်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးများကွပ်ကဲမှု ဌာန ညွှန်ကြားရေးမှူး ဈေးများ မီးဘေးအန္တရာယ်ကျရောက်ရခြင်း အကြောင်းရင်းများ ကို ရှင်းလင်းဆွေးနွေး သည်။ ဆက်လက်၍ အဆင့်မြင့်ဈေးချိုတော် လျှပ်စစ်မီး ထိန်းချူပ်ခန်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရသည်။

‪#‎ရွှေမန်း‬

posted from Bloggeroid

No comments:

Post a Comment