Thursday, January 14, 2016

မန္တလေးကျုံးဘေးတွင် တစ်ကိုယ်တော်ဆန္ဒပြ

ဗိုလ်ချုပ်တွေရဲ့အမည်များသုံးပြီး အုပ်စုဖွဲ့အနိုင်ကျင်ခြင်းအားကျေနပ်မှု့မရှိ
သဖြင့်တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်

==================================================မန္တလေး ဇန်နဝါရီလ ၁၄
မန္တလေး အောင်မြေသာစံမြို့နယ် ၁၉လမ်း ၁၈ လမ်းကြား လမ်း ၈၀ ပေါ်
ကျုံးဘေးတွင် ဗိုလ်ချုပ်တွေရဲ့အမည်သုံးပြီး အုပ်စုဖွဲ့ကာ အနိုင်ကျင်ခြင်း
မတရားအမှု့ဆင်ပြီး ဖမ်းဆီးခံရခြင်းတွေအားကျေနပ်မှု့မရှိသဖြင့်တစ်ကိုယ်
တော် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူကိုလှမိုးကပြောသည်။

ကျွန်တော်က တစ်ရပ်ကွက်တည်နေသူအံကူဆိုသူမှ ရပ်ကွက်အတွင်းမှ
လူမိုက်တွေမွေးပြီး ကျွန်တော်ကိုဝိုင်ရိုက်ခိုင်တာတွေ အုပ်စုဖွဲ့ပြီးအနိုင်
ကျင်တာတွေ ခံရသဖြင့် အခုလို ကျုံးဘေးမှ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်
တာဖြစ်ပါတယ် ကျွန်တော်ကိုအခုလိုအနိုင်ကျင်တာတွေမတရားမှု့တွေ
ကိုသက်ဆိုင်ရာ ရဲစခန်းကိုသွားရောက်တိုင်ကြားခဲသော်လည်အရေးယူ
ဆောင်ရွက်ပေးခြင်းမရှိခြင်း ကျွန်တော်တို့ ၅၇ ရပ်ကွက်အတွင်း ၁၄လမ်း
၁၅လမ်းကြား ၈၁လမ်း ၈၂ကြားနေ သူငယ်ချင်းများဖြစ်ပါတယ် ကျွန်တော်
ကို အုပ်စုဖွဲ့အနိုင်ကျင်တာတွေ မတရား အမှု့ဆင်တာတွရှိသဖြင့်အများ
ပြည်သူသိအောင်ကျုံးဘေးထွက်၍အခုလိုဆန္ဒပြတာဟု၎င်းကပြောသည်။

အဆိုပါတစ်တော်ဆန္ဒပြသူကိုလှမိုးမှ ခွင့်ပြုမိန်မတင်ဘဲတစ်ကိုယ်တော်
ဆန္ဒပြရတာဟာ အများပြည်သူအား မိမိတို့ အာဏာအလွဲသုံးစားလုပ်ပြီး
ရပ်ကွက်အတွင်းမှာ ဗိုလ်ချုပ်တွေရဲအမည်သုံးပြီးမတရာမှု့တွေပပျေက်

စေ
လိုသောဆန္ဒကြောင့်မိမိနေအိမ်မှဂျပ်စက္ကူပေါ် ဆော့ပင်ဖြစ်မကျေနပ်မှု့
များရေးဆွဲကာ တစ်ကိုတော်ဆန္ဒဖော်ထုတ်နေသည်ကို ဇန်နဝါရီလ ၁၄
နေ့ညနေ ၆းနာရီအချိန်ကတွေ့ရသည်။

posted from Bloggeroid

No comments:

Post a Comment