Monday, January 18, 2016

ပြောင်းလဲချိန်

## အလုပ်သမားအရေး 
*** အလုပ်သမားထု၏သယာစိုပြေရေး
အတွက်ရည်စူးသောအောက်ပါလုပ်ငန်း
စဉ်များကို ဆောင်ရွက်မည်။
(၁)အလုပ်သမားများ လုပ်ငန်းကျွမ်းကျင်
မှု အခွင့်အလမ်းများရရှိရေး ဖေါ်
ဆောင်သွားမည်။
(၂)အလုပ်သမားတိုင်း တရားမျှတ၍
ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်နှင့်
သင့်တော်သော လုပ်ခလစာရရှိရေးတို့ 

ကို ဦးတည်သည့် မူဝါဒများ အကောင်
အထည်ဖေါ်ဆောင်မည်။
(၃)အလုပ်သမားတိုင်း ခွဲခြားခံရမှု မရှိပဲ 
တူညီသော အလုပ်အတွက် တူညီ
သော အခကြေးငွေရရှိစေရန်ဆောင်
ရွက်မည်။
(၄)အလုပ်သမားတိုင်း မိမိအကျိုးခံစားခွင့်
ကို ကာကွယ်နိုင်ရန်အတွက် အလုပ်သ
မား အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့ 
စည်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိ
စေရမည်။
(၅)ပုံစံအမျိုးမျိုးဖြင့် အဓမ္မခိုင်းစေခြင်း ရပ်
တံ့စေရန် လုပ်ဆောင်သွားမည်။
(၆)ဥဗဒေနှင့်အညီ ကလေးအလုပ်သမား
များ၏ အခွင့်အရေးများကိုအာမခံမည်။
(၇)ရွှေ့ ပြောင်းအလုပ်သမားများသည် အ
ပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အ
ဖွဲ့ ချုပ်ကြီး (I.L.o)မှ ချမှတ်ထားသော
စည်းမျဉ်းနှင့်အညီ အခွင့်အရေးများပြည့်ဝ
စွာ ရရှိစေရန် လုပ်ဆောင်သွားမည်
(၈)အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး
ရာအဖွဲ့ ချုပ်ကြီး( I.L.o)၏ မြန်မာနိုင်
ငံနှင့် ဆီလျော်သော ပြဌာန်းချက်များ
ကို သဘောတူလက်မှတ် ရေးထိုးသွား
မည်။
(၉)ပြည်ပရောက်ရွှေ့ ပြောင်းအလုပ်
သမားများ အခွင့်အရေးပိုမိုရရှိစေရန်
နှင့် လူမှုဘဝ လုံခြုံစေရေးအတွက်
သက်ဆိုင်ရာစိုးရများအဖွဲ့ အစည်း
များနှင့်ညိုနိုင်း ဆောင်ရွက်မည်။

Like

posted from Bloggeroid

No comments:

Post a Comment