Tuesday, January 12, 2016

လုပ်ပိုင်ခွင့်အာဏာပေါ်အခြေခံ၍ထာဝရငြိမ်းချမ်း

လုပ်ပိုင်ခွင့် အာဏာပေါ် အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမယ့် 
တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့် ရှိဟုဒေါ်အောင်ဆန်းစုကြည်ပြောကြား
=============================
ယခုအချိန်မှာ ပြည်သူပြည်သား တိုင်းရင်းသားများက ကျွန်မတို့ကို ပေးထားသော လုပ်ပိုင်ခွင့် အာဏာပေါ် အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့် ရှိပါတယ်။ အားလုံးက

ပူးပေါင်းပါဝင် ကူညီကြမယ်လို့လည်း အထူးမျှော်လင့်ပါတယ်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ပြီး ပြောကြားသော နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်းကြားမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲပြားဖို့ အရေးကြီးကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီလ ၁၂ ရက်နေ့ ယနေ့နံနက် ၉ နာရီကနေပြည်တော်ရှိ MICC (2) တွင်ကျင်းအပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ 
အစိုးရ၀န်ကြီးများ နှင့်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့စည်းများ၊ နိုင်ငံရေးပါတီများ၊၈၈မျိုးဆက်များတက်ရောက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတမှအဖွင့်မိန့်ခွန်းပြောကြားပြီးနောက်၊သူရဦးရွှေမန်း၊ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့မှ အမှာစကားပြောကြားခဲ့ကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်းထဲမှ ေ

posted from Bloggeroid

No comments:

Post a Comment