မတ္တရာမြို့ပေါ်တောင်သူများဆန္ဒဖော်ထုတ်
=================================================
ဇန်နဝါရီ ၂၀
မန္တလေးတိုငိးပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျောက်စရစ် တောင်/မြောက်
ငွေရွှေခဲ ရေနံသာ တမာကုန် လင်ဇင်ကုန်တို့ကျေးရွာ(၇)ရွာဒေသခံတောင်
သူအင်အား (၁၀၀)ကျော်ဖြင့် မြို့နယ် မြေစာရင်းဌာနမှာ သမဝါယမအမြင့်
ထုတ်ကုန်အားမြေယာအငြင်းပွားမှု့ရှိသော မြေဧက၆၀၀ ခန့်အား ပုံစံ(၇)ချ
ထားပေးခြင်းအားကျေနပ်မှု့မရှိသဖြင့်ဆန္ဒဖော်ထုတ်သည်ဟုပြောသည်။
ကွင်းအမှတ်(၁၄၃/၁၄၄)ကျောက်စရစ်မြောက်ရွာစိုက်ကွင်း ကွင်းအမှတ်
(၁၄၉)(ခ)ရေနံသာစိုက်ကွင်းရှိ လယ်ယာမြေ (၆၀၀)ခန့်အား ၁၉၈၆/၈၇
ခုနှစ်တွင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထပ် သမဝါယမဝန်ကြီးဌာန
နစ်နာကြေး လျှော်ကြေးလယ်ယာမြေအစားထိုးပေးခြင်းမရှိဘဲ သိမ်းယူခဲရာ
မြေယာအငြင်းပွားမှု့များရှိနေတာကို မြို့နယ်မြေစာရင်းဌာနက သမဝါယမ
ကိုပုံစံ(၇)ချပေးလို ဒေသခံတောင်သူတွေစုပြီး ယနေ့မတ္တရာမြို့ပေါ်တက်၍
ဆန္ဒဖော်ထုတ်ရတာဟု ဦးဆောင်သူကိုရဲရင်အောင်ကပြောသည်။
၁၉၈၉ခုနှစ်ကနေယနေ့အချိန်ထိသက်ဆိုင်ရာဌာနများသို့အကြိမ်ကြိမ်
အသနားခံစာများလည်းတင်ပြပြီး လယ်ယာမြေများအားလုပ်ပိုင်ခွင့်တောင်းဆိုခဲကြပါတယ်။အဲဒီလိုဘဲ
မြို့နယ်မြေစာရင်းဌာနကို တောင်သူတွေရဲ့ ပိုင်ဆိုင်မှု့အထောက်အထားပြ
ကာ ပုံစံ(၁)လျောက်ထားပါတယ် သမဝါယမလျှောက်ထားခြင်းကိုလည်း
ကန့်ကွက်ထားပါလျှာက်နဲ့ သူတို့ကိုချထားပေးတယ် မြို့နယ်အုပ်ချုပ်ထံ
တားစာတွေပို့ထားပါတယ် မြို့နယ်တရားရုံမှလည်းမြေယာအငြင်းပွားမှု့
တွေရင်ဆိုင်လျှက်ရှိတာကို မြို့နယ်မြေစာရင်းဌာနက မတရားဘက်လိုက်
ကာ သမကိုပုံစံ(၇)ချပေးလိုယနေ့ဆန္ဒဖော်ထုတ်ရတာဟု အမှတ်(၅)ရပ်
ကွက်နေသူဦးမောင်ကြွယ်ကပြောသည်။
အဆိုကိစ္စများနှင့်ပက်သတ်၍မတ္တရာမြို့နယ်မြေစာရင်းဌာနသို့သွားရောက်
မေးမြန်ခဲ့ရာ ကျွန်တော်တို့ဌာနအနေနဲ့ဒီကိစ္စနှင့်ပက်သတ်၍ဖြေကြားခွင့်
မရှိပါဘူး အင်တာဗျူးဖြေကြားမယ်ဆို အထက်ကိုတင်ပြပြီးမှသာဖြေခွင့်ရှိ
ပါတယ် အထက်ကိုတင်ပြမယ်ဆိုတစ်ပက်လောက်ကြအုံးမယ်ဟုမြို့နယ်
မြေစာဌာနဦးစီးမှူးကပြောသည်။

posted from Bloggeroid
No comments:
Post a Comment