Sunday, January 10, 2016

ဒီနေ့ နံနက် စောစောရန်ကုန်မြို့နှစ်နေရာမီးလောင်

နက်စောစော မရမ်းကုန်းမှာ လောင်တဲ့မီး
=========
မရမ်းကုန်းမြို့နယ် (၁၀)ရပ်ကွက် ကန်ရိပ်သာလမ်း တွင် ၁၁.၁.၂၀၁၆၊ ၀၃း၀၅အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက် ၊ ကန်ရိပ်သာလမ်း၊ အမှတ် (၁၁/အေ) ၊ အိမ်ရှင် ဒေါ်အေးအေးကြည် ၏ ပြန်လည်ပြုပြင်တည်ဆောက်နေသော (၄၅×၃၅)ပေ၊ RC (၂)ထပ်တိုက် တွင် လှေ ကားအောက်ရှိ မီးအားမြှင့်စက် Voltage Change Over အပူလွန်ကဲရာမှ မီးစတင်လောင်ကြောင်း သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁၄)စီး၊ ကွက်ကဲမှုယာဉ်(၇)စီး၊ သန္ဓေ(၁၄၀)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ရာ (၀၃း၃၈) အချိန်တွင် မီးငြိမ်းပါ သည်။ မီးလောင်မှုကြောင့် မီးအားမြှင့်စက် Voltage Change Over (၁)လုံး၊ အပေါ်ထပ် ထုတ်တန်း ၊ ယောင်းတန်းများ မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၅၀၀၀၀၀ိ/- (ကျပ် တစ်ဆယ့် ငါးသိန်း) ခန့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

posted from Bloggeroid

No comments:

Post a Comment