ကျောက်မဲဒေသတွင် ရှမ်းပြည်တပ်မတော် နှင့်TNLA အဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ရာ TNLAလက်နက်ခဲယမ်းများကို ရှမ်းပြည်တပ်မတော်မှ သိမ်းဆည်းရမိ
13 . Junuary . 2016
ပလောင်တော်လှန်ရေးနေ့ ၅၃ နှစ်မြောက်နေ့ တွင် ကျောက်မဲမြို့နယ် ကန့်ကန်ကျေးရွာ ကန့်ကန်အုပ်စု နံနက် ၅း၁၀အချိန်ကစပြီး ၅း၃၀

အချိန်ထိ ရှမ်းပြည်တပ်မတော် RCSS - SSA နှင့် PSLF/TNLAတို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအတွင်း ရှမ်းပြည်တပ်မတော်ဘက်မှTNLAအဖွဲ့၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါသည်။
TNLA အဖွဲ့ထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ပစ္စည်းများတွင် M-22 (9)လက် RPG -(21) လက် စကားပြောစက် (3) လုံး နှင့် စပ်ဆက် ပစ္စည်းများပါ သိမ်းဆည်းရမိခဲ့ပါသည်။
TNLAအဖွဲ့၏ အကျအရှုံးများကို သေချာစွာမသိရှိရသေးပါ။
ရှမ်းတပ်သားများဘက် မှ အန္တရာယ်ကင်းရှင်းကြောင်း သိရှိရပါသည်။
ပလောင်TNLAအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် RCSS-SSA တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ နမ့်ခမ်းဒေသ အမှတ် ၇၀၁ ရှမ်းပြည်တပ်မတော် စစ်ကြောင်းအား ခြုံခိုတိုက်ခိုက်သည့်အချိန်ကစပြီး ယခုချိန်ထိ ပင်ဖြစ်ပါသည်။
အလားတူပင် TNLAအဖွဲ့ ဖမ်းဆီးသွားသော ရှမ်းရွား ၂၃ ဦး ထဲတွင် ၈ ဦးခန့်ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၁၅ ဦးကို TNLA အဖွဲ့ သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများ ၏ ပြောကြားချက်အရသိရှိရပါသည်။

posted from Bloggeroid
No comments:
Post a Comment