Wednesday, January 13, 2016

နိုင်ငံတကာသတင်း

ထိုင်းကျောင်းတက်နေကြသည့် တောင်ပေါ်တိုင်ရင်းသား ကလေးငယ်များ စီးလာသည့် ကားချောက်ထဲထိုးကျ နှစ်ဦးသေ ၁၆ ဦးဒဏ်ရာရ။

===================
===================

ထိုင်းနိုင်ငံ မဲဟောင်ဆောင်ဒေသ Sop Moei စုတ်မွေ ခရိုင် မဲဆွေကျေူရွာသို့ ပြန်လာကြ သည့် ကျောင်းသား (၃၀) တင်ဆောင်လာသည့် ပစ်ကပ်ကားမှာ တောင်အတက်တွင် အားမနိုင်ဖြစ်၍ အောက်သို့  လျှော ကျခဲ့ရာမှာမီတာ ၅၀၀ခန့် နက်သည့် ချောက်က်ထဲသို့  ကားထိုးစိုက်ကျသွားခဲ့ပါသည်။

မူလတန်းကျောင်းသားလေးများမှာ တောင်ပေါ်ကျေးရွာများတွင် နေထိုင်နေကြသည့် မြန်မာ နိုင်ငံမှ လာရောက်အခြေချ နေထိုင်နေသူ ကရင် မိသားစုများ၏ ကလေးငယ်အများစုပါဝင်ပါသည်။

ကယ်ဆယ်ရေးအဖွဲ့ များက ချောက်က်ထဲထိုးကျနေသည့် ကားတွင်း ပိတ်မိနေသည့် ကလေးငယ်များကို ကြိုးစား ကယ်တင်ခဲ့ရသည်။

ကျောင်းသား ၂ဦးသေဆုံး၍ ၁၆ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ထိုင်းလူမှု ကယ်ဆယ်ရေး အဖွဲ့ များက ပြောပါသည်။

posted from Bloggeroid

No comments:

Post a Comment