Friday, January 15, 2016

တူပို့ဘီယာအားတရားစွဲမည်

Shan News Agency ရှမ်းသတင်းအေဂျင်စီ

တူးပို့ သီချင်းကို ဘီယာအမည်အသုံးပြုတာကို မြို့မငြိမ်းမိသားစုက နိုင်ငံတကာအထိ ကန့်ကွက်တရားစွဲဆိုမည်
~~~~~~~~~~~~~~~~~~~~~~~~~~
စက်ထွန်း
ဇန်နဝါရီလ၊ ၁၅ ရက်

တေးရေးဆရာ မြို့မငြိမ်းရဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှူသင်္ကြန် ကိုယ်စားပြု " တူးပို့ " သီချင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာကုမ္ပဏီကြီး တစ်ခုက စီးပွားရေးအတွက် အလွဲသုံးစားပြုနေခြင်းအကြောင်း သတင်းစာရှင်းလင်းပွဲကို မန္တလေးမြို့ မြို့မအသင်းတိုက်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ပါတယ်။

အမှုနိုင်၊ အနိုင်ရဖို့အတွက် လုပ်တာမဟုတ်ဘဲ၊ တူးပို့အမည်ကို မြန်မာစာဖြင့် ဘီယာတံဆိပ်မှာ အသုံးပြုခြင်းကိုသာ လုံးဝ ဖျက်သိမ်းပေးဖို့ ရည်ရွယ်ဦးတည်တာဖြစ်တယ်လို့ မြို့မငြိမ်းမိသားစုနဲ့ မြို့မအသင်းတိုက် မိသားစုက ရှင်းလင်းပြောကြားခဲ့ပါတယ်။

" ဘီယာအရက်မပြောနဲ့။ သာမန်ကုန်ပစ္စည်းက ရွှေမန်းမာလာ ကို တောင်းတာတောင် မပေးခဲ့ဘူး။ ခုက သိရဲ့နဲ့ အလွဲသုံးစား၊ မသမာမှုပြုခြင်းသာ ဖြစ်တယ်။ "လို့ မြို့မငြိမ်း၏ သားဖြစ်သူ ဦးရွှန်းမြိုင်က ပြောပါတယ်။

တူးပို့ သံစဉ်စာသားဟာ အဘိဓာန်က စာသား လုံးဝ မဟုတ်ဘဲ၊ တေးရေးမြို့မငြိမ်းရဲ့ တေးသီချင်းလက်ရာစာသားဖန်တီးမှုသာဖြစ်ကြောင်း စာရေးဆရာ ဆူးငှက် က ပြောပါတယ်။

မြို့မငြိမ်း မိသားစုမှ တာဝန်ရှိသူများနဲ့ TUBORG ဘီယာကုမ္ပဏီဘက်က လာရောက်တွေ့ဆုံစဉ် ပထမအကြိမ်ကတည်းက ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ 

တူးပို့သီချင်းကို ၁၉၄၀ ဝန်းကျင်၊ စစ်ကြိုခေတ်က ရေးသားစပ်ဆိုခဲ့တဲ့ မြို့မငြိမ်းလက်ရာ ရှေ့ဟောင်း နာမည်ကျော် တေးလည်းဖြစ်ပြီး၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက မူပိုင်ခွင့် တင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ။


posted from Bloggeroid

No comments:

Post a Comment