
ဒေါနဘွားကားကွင်းသို့ ပြောင်းရွှေ့ရမည့် ယာဉ်အသင်းများအား ဂိတ်ခန်းနေရာများ မဲစနစ်ဖြင့် နေရာချထားပေး။
ဇန်န၀ါရီ ၁၉ ။
မန္တလေးမြို ဒေါနဘွားကား ကွင်း သို့ ပြောင်းရွှေ့ရမည့် ယာဉ် အသင်းများ အနက်မှ လျှောက်လွှာ တင် လာသော ယာဉ်အသင်း ၁၆-သင်းအတွက် ဂိတ်ခန်းနေရာများကို ဇန်န၀ါရီ ၁၉-ရက်နေ့ မွန်းလွဲ ၂-နာရီက မြို့တော် စည်ပင်အစည်းအဝေးခန်းမတွင် မဲစနစ်ဖြင့် နေရာချထားပေး ခဲ့ကြောင်း သိရသည်။
“အသင်းတွေက ယာဉ်တွေနဲ့ ကျပ်တည်းနေလို့ နည်းလမ်းရှာပြီး လုပ်ပေးနေ ပါတယ်။ အခန်းမဲနှိုက်ပြိးရင် အမြန်ဆုံးပြောင်းရွှေ့ဖို့ လုပ်ပေးပါ။ ကချင်ပြည် နယ် ဘက်သွားတဲ့ယာဉ်လိုင်းတွေကိုသီရိမန္တလာကားကွင်းမှာအရင်ုံးပြော င်းရွှေ့ပေးတာဖြစ်ပါတယ်။”ဟု စည်ပင် သာယာ ရေးကော်မတီဝင် (၈)ဦး ဟန်စိုး ကပြောသည်။
တက်ရောက်လာကြသည့် ယာဉ်အသင်းများမှ မဲနှိုက်ခဲ့ရာတွင် လက်ရှိ ဂိတ် ခန်းအနေအထားအရ အသင်း နှစ်သင်းလျင် တစ်ခန်းနုန်းဖြင့်ချထားပေး မှာဖြစ်သော်လည်း နောက်လာမည့် ဘတ်ဂျက်များတွင် ဂိတ်ခန်းများ ဆက် လက်တည်ဆောက်ပေးရန် အစီအစဉ်ရှိကြောင်းသိရသည်။
သတင်းဓါက်ပုံ အောင့်သန့်ခိုင်
posted from Bloggeroid
No comments:
Post a Comment