အဆိုတော် David Bowie ကင်ဆာရောဂါဖြင့်ကွယ်လွန်”
ဂန္တ၀င်အဆိုတော် David Bowie သည် ကင်ဆာရောဂါဖြင့် ယနေ့ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ်ရှိပြီဖြစ်သည်။ ယခင် သီတင်းပတ်ကမှ သူ၏ နောက်ဆုံး တေးအယ်လ်ဘမ်တခု ထွက်ရှိခဲ့ပြီး ဒေးဗစ်ဘိုဝီသည် Glam Rock ကို စတင် လမ်းဖောက်ခဲ့သူ၊ ၂၀ ရာစု၏ အ

အောင်မြင်ဆုံး ဂီတသမားတဦး ဖြစ်သည်။
“David Bowie ဟာ ကင်ဆာဝေဒနာ ၁၈ လကြာ တောင့်ခံခဲ့ပြီး ဒီနေ့မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ မိသားစုဝင်တွေ အနားမှာရှိနေခဲ့ပါတယ်။ သူ ကွယ်လွန်သွားတဲ့အတွက် ကျွန်တော်တို့တွေ ၀မ်းနည်းစိတ်မကောင်းဖြစ်နေကြမှာဖြစ်ပါတယ်။ ကျန်ရစ်တဲ့ မိသားစုဝင်တွေလည်း ကြေကွဲဝမ်းနည်းနေချိန်မှာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လေးစားသမှုရှိကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဒေဗစ်ဘိုဝီ၏ ပြောရေဆိုခွင့်ရှိသူက ပြောကြားသည်။

posted from Bloggeroid
No comments:
Post a Comment