MAX POWER ဥက္ကဌဖလား ခြင်းလုံးပြိုင်ပွဲကြီး မန္တလေးတွင်ကျင်ပမည်
မြန်မာနိုင်ငံတဝှမ်းမှ ခြင်းလုံးအားကစားဝါသနာရှင်ပရိတ်သတ်များအတွက်
ဇန်နာဝါရီလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့ထိ မန္တလေးတိုင်းအမရပူရမြို့နယ်
ဝေရောစန ကျောက်စိမ်းစေတီဘုရာတည်ရှိရာနေရာတွင် အနုပညာသမား
များ၏ဗျော်ဖြေမှု့များနှင့်အတူ မြန်မာနိုင်ငံခြင်းလုံးဥက္ကဌဖလား အဓိက
Sponsor ဖြစ်သူMax Poerတို့မှ ပြိုင်ပွဲ၏အထူးအစီအစဉ်ဖြစ်ကျင်ပမည်ဟု
သိရသည်။
"ကျွန်တော်တို့ စီစဉ်ခဲ့သမျှထဲမှာ ခြင်းလုံးအားကစားပြိုင်ပွဲအနက် ဒီနှစ်ပြိုင်
ပွဲဟာ ဆိုရင် အကြီးမားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး ပြိုင်ပွဲဖြစ်တယ် ။ ဝါသနာရှင်တွေအတွက်လည်းခြင်းလုံးအားကစားကိုပိုမို
စိတ်ဝင်စားလာပြီးပါဝင်လာနိုင်ဖို့ပျော်စရာ အစီစဉ်လေးတွေကိုလည်း
ထည့်သွင်းစီစဉ်ထားပါတယ်" ဟုမြန်မာ့ခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးနိုင်က
ပြောသည်။
ဒီနှစ်မှာ Max powerမိတ်ဖက်အဖွဲ့အစည်းအနေနဲ့ရော ပြိုင်ပွဲအမည်
sponsor အနေနဲ့ပါ ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့ MCF အနေနဲ့
အထူးဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ အတူတူပူးပေါင်းပြီးတော့ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားကို ပရိသတ်တွေ ပိုမိုနှစ်သက်အားပေးလာ
အောင်ကြိုးပမ်းသွားရင်းနဲ့ ဒီပြိုင်ပွဲကြီးကနေ ခြင်းလုံးအားကစားအပေါ်
လူထုရဲ့ ချစ်ခင်မြတ်နိုးစိတ်တွေပိုမိုပေါ်ထွန်းလာဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်း
ချက်တွေကို အကောင်အထည်ဖော်နိုင်မှာ သေချာပေါက်ပါပဲ"ဟု၎င်းက
ပြောသည်။
အဆိုပါ ပြိုင်ပွဲဝင်ဦးရေ စုစုပေါင်း ၄၀၀ ကျော် ပါရှိသော အသင်း ၄၀ ကျော်
မှ Max powerဥက္ကဌဖလား ခြင်းလုံးပြိုင်ပွဲကြီး ကို ဝင်ရောက်ယှဉ်ပြိုင်ရန်
စာရင်းပေးသွင်းထားကြပြီး အမျိုးသား အမျိုးသမီး ပြိုင်ပွဲများ ဝါသနာရှင်
အဆင့် ပြိုင်ပွဲ အသက် ၁၅ နှစ်အောက် ပြိုင်ပွဲစည်ဖြင့်Maxpower အမဘ်ဖြင့်ခြင်းလုံး ပြိုင်ပွဲအမျိုးအစား ၆ မျိုး အပါအဝင် ပြိုင်ပွဲ စုစုပေါင်း ၉
ခုပါဝင်မည် ခြင်းလုံးပြိုင်ပွဲကြီးကြည့်ရှုနိုင်ရန်လာရောက်အားပေးပါဟု
မြန်မာ့ရိုရာခြင်းအဖွဲ့ချုပ်မှကြော်ငြာများကပ်ထားသည်ကိုတွေ့ရသည်။

posted from Bloggeroid
No comments:
Post a Comment