Tuesday, January 19, 2016

ပြည်ခိုင်ဖြိုးပါတီအမည်အလွဲသုံးစားပြုလုပ်၍ကျူးနေအိမ်များထံပိုက်ဆံတောင်းသူ



ပါတီအမည်အလွဲသုံးစားပြု၍နိုင်ငံပိုင်မြေများပေါ်ကျုးနေသည့်ပြည်သူများ
အားအနိုင်ကျင်ကာငွေတောင်ယူခြင်းများအရေးယူပေးစေလိုဟုဆို
====================-=-============================
မန္တလေး ဇန်နဝါရီ ၁၉
မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် ဆဆ(၈)ရပ်ကွက်အတွင်း
ရှိမြန်မာ့လျှပ်စစ်မဟာဓါက်အားလိုင်ကြိုးအောက်တွင် မရှိဆင်းရဲသား
အိမ်ယာမဲ့များအား အခကြေးငွေယူကာ ၁၀ နှစ်ကျော်ထားရှိထားသည့်
အိမ်ခြေ ၄၈ အိမ်အား ပြုပြင်ခွင်မပေးခြင်း မီးဖြက်ခြင်း လစဥ့်ငွေမပေးပါ
က အိမ်ပေါ်ဆွဲချခံရခြင်း လုပ်အားပေးမလိုက်ပါက အထုတ်ပြင်ထွက်ခိုင်
ခြင်းများကိုပြည်ခိုင်ဖြိုးပ်ါတီအမည်ဖြစ် ဒေါ်တင်ဇာငြိမ်းငြိမ်းအိကပြုလုပ်
နေပါသဖြင့် အရေးယူဆောင်ရွက်ပေးစေလိုဟုဒေသခံအိပ် ၄၈အိမ်က
ဇန်နာဝါရီလ ၁၉ ရက်နေ့ကNewswatchကိုပြောသည်။

ကျွန်မတို့က ဒီနေရာမှာနေလာတာ ကြာပါပြီး ဒီနေရာဟာ မဟာဓါက်အား
လိုင်ကပိုင်သောနေရာဖြစ်ပါတယ် ၂၀၀၈ ခုနှစ်ကကြက်ဆူပင်စိုက်ခင်းအ
ဖြစ် ပြည်ခိုင်ဖြိုးပါတီက လာရောက်စိုက်ခဲပြီး ယနေ့အချိန်ထိ ပါတီရဲ့အမည်
ကိုအလွဲသုံးစားပြုလျှက်ရှိပါတယ် ဒီနေရာမှ အိမ် ၄၈ လုံးရှိပါတယ်
တစ်လကို ငွေ တစ်သောင်းနှစ်ထောင်ပေးရပါတယ် တစ်ခြားမှနေစရားမရှိ
လိုအားလုံးနေကြတာပါ အိမ်အမိုးပျက်လိုမိုးခွင့် ပြုပြင်ခွင် ထရံကာခွင်တွေ
ကိုဒေါ်တင်ဇာငြိမ်းငြိမ်း၏ထံတင်ရပါတယ် ငွေလဲသူထံပေးရပါတယ်
ပါတီအတွက်လုပ်အားပေးခေါ်သည့်အခါမလိုက်ပါက ညမီးဖြက်ခြင်း
နှင်ထုတ်ခံရခြင်းများမကြာခဏာဆိုသလိုပြုလုပ်နေလို အားလုံးကသူကို
ကြောက်နေရပါတယ်ဟု အဆိုပါနေရာတွင်နေသူ အဒေါ်ကြီးတစ်ဦးက
ပြောသည်။

အဲဒီကိစ္စတွေပြောရရင် အများကြီးရှိပါတယ် ကျွန်တော်တို့က ဘယ်ပါတီ
ဝင်မှမဟုတ်ပါဘူး မတရားမှု့တွေကတော့ ပြည်ခိုင်ဖြိုးပါတီကဆိုကာ
ကြက်ဆူစိုက်ခင်းနေရာ အခုမဟာဓါက်အားလိုင်ပိုင်မြေနေရာဟာ
ဘယ်သူမှာပိုင်တာမဟုတ်ပါဘူး သူတို့နဲ့အဆင်ပြေသော ကျူးနေအိမ်
သူခိုင်လိုရသူ တွေကိုထားတယ် သူခိုင်တာမလုပ်ပါက အိမ်ဖြက်တယ်
ပစ္စည်းတွေဆွဲချတာတွေ လုပ်တယ် ဘုံဆွမ်းလောင်းအသင်းလိုလိုနဲ့
မရှိဆင်းရဲသားတွေထံ ငွေရသလောက်ယူတယ် မပေးရင်လမ်းမပေါ်က
နေဆဲဆိုပြီးအမြဲပြောနေတာဖြစ်ပ်တယ် ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှလဲ ဖဲရိုက်စားသူစီးပွားရေးအလုပ်
အကိုင်မရှိသူ ပညာမတက် ထောင်ကျခံခဲ့ဘူးသူဦးကျော်မြင့်ဆိုသူကို
ဘယ်တင်လိုက်တယ်မသိပါဘူး အဲဒီလူနဲ့ ဒေါ်တင်ဇာငြိမ်းငြိမ်းအိတို့ပူး
ပေါင်းကာ ကျူးမြေများရောင်းစားခြင်း ဆဆ(၇)အတွင်းနေသူအုပ်ချုပ်ရေး
မှူးအနိုင်ရသူကိုယ်တိုင်က ကျူးမြေပေါ်မှတိုက်ဆောက်နေခြင်းတွေ
အများရှိနေပါတယ်ဟု အသက် ၇၀ အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးကပြော
သည်။

posted from Bloggeroid

No comments:

Post a Comment