ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မန္တလေးမှ ထွက်ခွါသွားသည့် ဇာတ်ပွဲ ယာဉ်တိမ်းမှောက်ရာ သုံးဦးသေဆုံးပြီး ၁၇-ဦးဒဏ်ရာရ ။
အောင်သန့်ခိုင်
ဂန့်ဂေါနှင့် ကလေးမြို့အကြား၊တောင်ခရမ်းရွာဘုရားပွဲသို့ ဖျော်ဖြေရန်မန္တလေးမှထွက်ခွါသွားသည့် ”ရွှေလှမ်း တက်” ဇာတ်ပွဲယာဉ်သည် ဇန်န၀ါရီ ၁၉-ရက်နေ့ နံနက် ၅-နာရီခန့်က ပုလဲ-ဂန့်ဂေါလမ်းပိုင်း မိုင်တိုင် ၅၈-အနီးတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းသဘင်ပညာရှင်များအစည်းအရုံးမှ သိရသည်။
ယာဉ်ပေါ်တွင် ဇာတ်အဖွဲ့ဝင်ပေါင်း ၄၀-ကျော်ပါရှိ၍ ယင်းဖြစ်စဉ်ကြောင့် သေဆုံးသူများအပြင် အရိုးကျိုးဒဏ်ရာ ရရှိသူများအပါအ၀င် ဒဏ်ရာရသူ စုစုပေါင်း ၁၇-ဦးရှိကြောင်းသိရသည်။
“ဘုရားပွဲမှာ သွားရောက် ကပြဖို့အသွားမှာ ခုလို တိမ်းမှောက်တာပါ။ တစ်ဘက်မှာ ချောက်ရှိ တယ်။ကားသမား က ချောက်ထဲမကျအောင် ရှောင်လိုက်တော့ သစ်ပင်ကို ၀င်တိုက်ပြီးရပ်သွားတာလို့ သိရ တယ်။ချောက်ထဲကျ ရင် ထိခိုက်မှုပိုများမှာ

။တော်သေးတယ်လို့ ဆိုရမယ်။”ဟု ယင်းအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောကြားသည်။
ဖြစ်စဉ်မှာ ဇာတ်အဖွဲ့ယာဉ်သည် ခြောက်ဘီးယာဉ်ဖြစ်၍ တစ်ဘက်တွင် ချောက်ရှိပြိးအခြားတဘက်တွင် အ နည်းငယ်နိမ့်သော လယ်ကွင်းများရှိသည့် တောင်ဆင်းလမ်းတွင် ဂီယာကြီးဖြင့် မောင်းရာမှ ဘရိတ် ပေါက် သွားသဖြင့် ချောက်ထဲမကျအောင် ယာဉ်မောင်းမှ ကြိုးစားရင်းလမ်းဘေးသစ်ပင်ကို ၀င်တိုက်မိကြောင်း သိရ သည်။
“မုံရွာနဲ့ပုလဲ မြိုကနယ်သဘင်အစည်းအရုံးတွေက အနီးကပ်ကူညီပေးကြတယ်။မုံရွာဆေးရုံကနေ မန္တလေးကို ခုညနေမှာ သယ်နေတယ်။တစ်ချို့အရိုးကျိုးတာတွေရှိတော့ သူတို့မိသားစုနဲ့ နွေးနွေးထွေးထွေး ဖြစ်အောင် မန္တလေးဆေးရုံမှာ ကုသဖို့ပါ။အသင်းကလည်း လိုအပ်တာကူညီပေးနေတယ်။”ဟု တိုင်းသဘင်ပညာရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးနန်းဌေးအောင် ကပြောသည်။
မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ တာဝန်ရှိသူများသွားရောက်ခဲ့ကြသည့်အပြင် သဘင်ဂီတနှင့် ဂီတကွန်ယက်အသင်းမှလည်း အကူအညီများပေးအပ်နေကြောင်း၊ မုံရွာ၊ပုလဲမြို့နယ်သဘင် အစည်းအရုံးနှင့် ဒေသခံလူမှုရေးအသင်းများမှ အစားအစာများထောက်ပံ့သည့်အပြင် လိုအပ်သည်ကူညီမှုများ အနီးကပ်လုပ် ဆောင်ပေးခဲ့ကြောင်းသိရသည်။

posted from Bloggeroid
No comments:
Post a Comment