အနည်းဆုံးလုပ်အားခအခကြေးငွေဥပဒေသတ်မှတ်ပြီးနောက်ပိုင်းအလုပ်
ရှင်မှ အလုပ်သမားများ၏ ယခင်ရရှိသောလုပ်အားခများကို တစ်ဖက်သတ်
အဓမ္မလျှော့ချခြင်းနှင့် ကုန်ထုတ်လုပ်မှုတွင် အရေအတွက်တိုးမြှင့်တာကို
အလုပ်သမားများကျေနပ်မှု့မရှိဟုဆို
==================================================
မန္တလေးတိုင်း စဉ်ကိုင်မြို့နယါ ဘဲလင်းကျေးရွာရှိ "ကံကောင်းခြင်းရတနာ"
သစ်အချောထည်စက်ရုံမှာ ၂၀၁၃ခုနှစ် အနည်းဆုံးလုပ်အားအခကြေးငွေ
ဥပဒေဖြင့် လုပ်ဆောင်သည်ဟုဆိုကာ အလုပ်ရှင်မှ အလုပ်သမားများရရှိ
လျှက်ရှိသော လုပ်အားခများကို တစ်ဖက်သတ် အဓမ္မလျှော့ချ ဖြတ်ချပြစ်
ခြင်းများပြုလုပ်လိုက်တာကို ဌာနအလိုက်ယခင်ဈေးနှုံန်း အတိုင်ပြန်ပေး
စေလိုဟုအလုပ်သမား၂၀၀ ကျော်ကပြောသည်။
ကျွန်တော်တို့အလုပ်သမားတွေအားလုံးကို ၂၀၁၃ခုနှစ် အနည်းဆုံးအခ
ကြေးငွေဥပဒေတွင် အနည်းဆုံးအခကြေးငွေမပြည့်မှီသောလုပ်အားခများ
ကို ပြည့်မှီအောင်ပေးရမည်သာပါရှိပါတယ် ဥပဒေအာဏာမတည်မီက
အနည်းဆုံးခကြေးငွေထက် ပိုမိုရရှိနေသောအခကြေးငွေများကိုလျှော့ချ
ပြစ်ရန်ပြဠာန်းထားခြင်းမရှိပါဘူး ကျွန်တော်တို့အလုပ်သမားတွေအတွက်
၂၀၁၃ခုနှစ် အနည်းဆုံးလုပ်အားခအခကြေးငွေ အခန်း(၈)ပုဒ်မ(၁၄)ပုဒ်မခွဲ
(ခ)တွင် ပါရှိတာကတော့ ဤဥပဒေအာဏာမတည်မီကရရှိနေသော လုပ်
အားခငွေသည် ဤဥပဒေအရ သတ်မှတ်သောအနည်းဆုံးလုပ်အားခအခ
ကြေးငွေထက်ပိုမိုရရှိနေပါက ပိုမိုရရှိသောအခကြေးငွေကိုဆက်လက်ခံစား
ခွင့်ရှိသည်ဟုပြဠာန်းထားပါတယ် အခုအလုပ်ရှင်းကဥပဒေပြပြီးမရှိဆင်းရဲ
သားအလုပ်ကြမ်းသမားတွေကိုအဓမ္မလျှော့ချပြီအနိုင်ကျင့်ခံနေရတယ်ဟု
အလုပ်သမားခေါင်ဆောင်တစ်ဦးဖြစ်သူကိုဌေးကိုကိုမောင်ကပြောသည်။
မြန်မာနိုင်ငံအတွင်းရှိအလုပ်သမားတွေကို အနိပ်ဆုံးလစာသတ်မှတ်ပြီမှ
အလုပ်ရှင်တွေဘက်ကအခုလုပ်တာတွေအများကြီးရှိပါတယ် "ကံကောင်း
ခြင်းရတနာ စက်ရုံမှမဟုတ်ပါဘူး မြန်မာနိုင်ငံအနှံ့ပါပဲ အလုပ်သမားဥပဒေ
အရ ပြဠာန်းထားတာက အခန်း(၁၀)ပုဒ်မ(၂၂) ပုဒ်မခွဲ(ခ)တွင် ပုဒ်မ(၁၄)
အရအလုပ်သမားရထိုက်ခွင့်ရှိသောအနည်းဆုံးအခကြေးငွေနှင့် အခြားခံ
စားခွင့်များအောက်လျော့နည်း၍ အလုပ်သမားအားပေးခြင်းမပြုရဟုပြဠာန်းထားပါတယ်။
၂၀၁၃ခုနှစ် အနည်းဆုံးအခကြေးငွေ နည်းဥပဒေ အခန်း(၁၀)ပုဒ်မ(၄၄)
ပုဒ်မခွဲ(စ)တွင် အလုပ်တွင် ကျွမ်းကျင်ပြီ လုပ်ရည်ကိုင်ရည်ရှိသော အလုပ်
သမားအားပေးထားသည့် အခကြေးငွေသည် အနည်းဆုံးအခကြေးငွေထက် ပိုမိုပါက ထိုအခကြေးငွေသည် ဆက်လက်
အတည်ဖြစ်စေရမည်ဟုပြဠာန်းထားတာတွေရှိပါတယ်၁၉၃၆ခုနှစ်လုပ်ခပေ
းရေးဥပဒေဒဏ်ငွေနှင့်နုတ်ငွေများအကြောင်းအခန်းတွင် ဤအက်ဥပဒေအ
ရခွင့်ပြုထားသော နုတ်ငွေများမှအပ မည်သည့်နုတ်ငွေများကို အလုပ်လက်ခငွေထဲမှ မနုတ်ယူရဟုပါရှိပြီး တရားဝင်ဖြတ်တောက်နိုင်
သော ဒဏ်ငွေများတောင်မှ သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိ အရာရှိ၏
ကြိုတင် သဘေားတူညီချက်ရယူပြီး စက်ရုံအတွင်း အများမြင်သာသောနေ
ရာတွင် ဒဏ်ထားမည်ဟု ရေးဆွဲကပ် ကြော်ငြာ၍နို့တစ်စာပေးခြင်းခံရသော အလုပ်သမားကို ထုချေရှင်းလင်းရန်
အခွင့်ပေးပြီးမှသာလျှင် ငွေဒဏ်များကိုထားနိုင်ပါတယ်ဟုရေးထားပါတယ်။
အလုပ်သမားတစ်ဦးကိုတရားဝင်ဒဏ်ငွေဖြတ်ခြင်း၌ပင်လျှင်ဥပဒေနှင့်အညီသာဖြတ်ခွင့်ရှိသည်ဖြစ်ပါတယ် ဥပဒေမဲဖြတ်ခွင့်မရှိပါဘူး
အခု ကံကောင်းခြင်းရတနာ " အလုပ်ရှင်က အလုပ်သမားတစ်ဦးစီတိုင်၏
လုပ်အားခကြီး တစ်ခုလုံးကို တစ်ဖက်သတ် မတရားလျော့ချပြစ်ခြင်းကြောင့် အလုပ်သမားများ၏ လုပ်အားခများသည်
အဆမတန် လျော့နည်းသွားကြသဖြင့် စား တ်နေရေး ဘဝရပ်တည်ရေးများ ဆိုးရွားစွာထိခိုက်နစ်နာသွားကြပါတယ်လိုကျွန်တော်
ထင်တယ် ကုန်ထုတ်လုပ်မှု့အရေအတွက်ကိုလည်း တိုးမြင့်ပြီးထုတ်လုပ်
ပေးနေကြရတယ်လို့ အလုပ်သမားတွေကကျွန်တော်ထံလာပြောကြပါတယ်ဟု(CCTU)အလုပ်
သမားကူအရေးကူညီဆောင်ရွက်ပေးနေသူအထက်မြန်မာပြည့်တာဝန့်ခံ
ဦးစောလှအောင်ကပြောသည်။
ကံကောင်းခြင်းရတနာ အလုပ်ရှင်ဟာ ၂၀၁၃ခုနှစ် အနည်းဆုံးအခကြေး
ငွေဥပဒေနှင့်လုပ်ဆောင်သည်ဟုဆိုကာ စဥ့်ကိုင်မြို့နယ် ညိုနိုင်းဖျန်ဖြေရေး
ရုံးတွင် ယခင်လုပ်အားခများကို မပေးနိုင်ကြောင်းအတိအလင်းငြင်းဆိုခဲ့ပါ
တယ်အဲဒါတွေကို ကျွန်မတို့အလုပ်သမားတွေ ၂၀၀ ကျော်စုပြီး အရင်လစာ
လုပ်အားခရရှိစေရန် မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့သို့ တင်ပြတိုင်
ကြားရာတွင်လည်း ခုံသမာဓိအဖွဲ့တွင်ဤအကြောင်းအရာကိစ္စနှင့်ပတ်
သက်၍ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်းအကြောင်းပြန်ကြားခဲ့ပါတယ်
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးရာဆိုင်ရာ အမျိုးသားကော်မတီ
အနေဖြင့်ဖြေရှင်းဆောင်ရွက်ပေးစေရန် ဒီ(CCTU)အဖွဲ့ကိုအကူညီတောင်း
ပြီးတိုင်ကြားစာတွေ ယနေ့ပို့သွားမှာပါ ကျွန်မတို့စက်ရုံက သစ်အချော့
စက်ရုံးသာဆိုတယ် ဌာနခွဲတွေအမျိုးပေါင်း ၄၀ ကျော်လောက်ရှိပါတယ်
အလုပ်က အလုပ်ကြမ်းပါ ကျွန်မတို့တောသူတွေမို့ တစ်နေ့ ၈ နာရီးသတ်
မှတ်ထားသော်လည်း ၉ နာရီး ၁၀ နာရီထိ လုပ်ရတာတွေရှိပါတယ်
မိသားစုစားဝတ်နေရေးအတွတ် အလုပ်မရှိလိုလည်းမဖြစ်လိုသာလုပ်နေ
ကြရတာပါ အရင် လုပ်အားခလစာလောက်ပြန်ရရင်ကျေနပ်ပါတယ်
အလုပ်သမားတွေအားလုံးဆန္ဒပြဖို့ အလုပ်ရှင်းကိုဒုက္ခပေးဖို့ မရှိကြပါဘူး
ကျွန်မတို့ကသာမိသားစစြိတ်ဒဏ်ထားတာ အလုပ်ရှင်က အလုပ်သမား
တွေအပေါ် ရက်ဆက်ပါတယ်ဒါကြောင့် တိုင်းကြားစာများဖြစ်ကူညီပေးနိုင်
သောသူတွေကိုအလုပ်သမားတွေစုပြီး လိုက်ရှာနေကြတာပါဟုအမျိုးသမီး
အလုပ်သမား မအေးအေးကပြောသည်။
ယခင်အလုပ်သမားလုပ်အားခဈေးနုံန်းများမှာ
တက/CBM=6800
ဆိုက်ခွဲ/CBM= 7000
ဆိုက်ပြည့်/CBM=6300
N/C အူလုံး=60
ယ္ခုအလုပ်ရှင်းပေးသည့် လုပ်အာခအခကြေးငွေမှ
တက/CBM =1000
ဆိုက်ခွဲ/CBM=3000
ဆိုက်ပြည့်CBM=7000ဖြစ်ပါတယ် N/Cအူလုံးမရှိတော့ပါဘူး အဆပေါင်း
၅ ဆလောက်လျှော့ချခံရလိုဖြစ်ကြောင်းအလုပ်သမားကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စက်ရုံးမှတာရှိသူအားဆက်သွယ်မေးမြန်ရန်
တောင်းခံခြင်း မန်နေဂျာအားတွေ့ဆုံးရန်ကြိုးစားခဲ့သောလည်း စက်ရုံးမှာ
တာဝန်ရှိသူများမှ တွေ့ခွင့်မရှိခြင်းဌာနပေါင်းများစွာရှိသော်လည်းမည်သည့်
ဌာနကမှာ ဖြေဆိုခွင့်မရှိကြောင်းသာသိရသည်။

posted from Bloggeroid
No comments:
Post a Comment