
လှည့်ကင်းမီးတန်းဆလွန်းယာဉ်ဖြင့် နယ်မြေအတွင်း လှည့်ကင်းတာဝန်
ဆောင်ရွက်နေစဉ် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်န၀ါရီ ၁၉
၁၉.၁.၂၀၁၆ ရက်နေ့ ၀၂၁၀ အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် လှည့်ကင်းမီးတန်းဆလွန်းယာဉ်ဖြင့် နယ်မြေအတွင်း လှည့်ကင်း
တာဝန်ဆောင်ရွက်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ မကျီတန်းမြောက်/အရှေ့
ရပ်ကွက်၊ ဥယျာဉ်လမ်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချနေကြောင်း
သတင်းအရ သက်သေများနှင့်အတူ သွားရောက်စုံစမ်းရှာဖွေဖမ်းဆီးခဲ့
ပါသည်။
အဆိုပါနေရာတွင် 9B
အမျိုးအစား ဆိုင်ကယ် (၁)စီးတို့ ရပ်တန့်ထားသည်ကိုတွေ့ရှိရပြီး မော်တော်
ယာဉ်ရှေ့ခန်းတွင် ရှားဆက်နိုင်အား ထိုင်လျက်လည်းကောင်း၊ ယာဉ်၏
နောက်ခန်းတွင် ဖေကြည်နှင့် မင်းမင်းဦးတို့အား ထိုင်လျက်လည်းကောင်း၊
မော်တော်ယာဉ်အနီးတွင် မစုနန္ဒာမှာရပ်လျက်တွေ့ရှိရသဖြင့် ယာဉ်အား
ရှာဖွေရာ ယာဉ်မောင်းထိုင်ခုံရှေ့ ဒက်ရှ်ဘုတ်အောက် အံဝှက်အတွင်းမှ
တစ်အိတ်လျင် WYစာတမ်းပါနီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)စီပါ
အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်(၈)အိတ်၊ စုစုပေါင်းဆေးပြား(၁၆၀၀)ပြား၊
ယာဉ်မောင်းထိုင်ခုံပေါ်မှ MOTO တံဆိပ်ပါဂက်စ်မီးခြစ် ၃ လုံး၊ မူးယစ်ဆေးဝါး
ရောင်းဝယ်ရာတွင်အသုံးပြုသည့် လက်ကိုင်ဖုန်း ၃ လုံး၊ ယာဉ်၏နောက်ဖုံး
အတွင်းမှ မော်တော်ယာဉ်နံပါတ်ပြား ၂ ခုတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းမူးယစ်ဆေးဝါးများအား ကြည့်မြင်တိုင်
မြို့နယ်နေ မျိုးသန့်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်
မျိုးသန့်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးနှင့်
ပတ်သက်၍ ရှာဖွေတွေ့ရှိမှုမရှိသော်လည်း မျိုးသန့်အားနေအိမ်အတွင်း၌
တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
ယင်းသို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများဖြစ်သည့် သင်္ဃန်းကျွန်း
မြို့နယ်နေ ရှားဆက်နိုင်၊ (၂၇)နှစ်၊ မင်္ဂလာဒုံမြို့နယ်နေ ဖေကြည်၊ (၂၄)နှစ်၊
မရမ်းကုန်းမြို့နယ်နေ မင်းမင်းဦး၊ (၃၆)နှစ်၊ ကလောမြို့နယ်နေ မစုနန္ဒာ၊
(၃၆)နှစ်နှင့် ကြည့်မြင်တိုင်မြို့နယ်နေ မျိုးသန့်၊ (၄၆)နှစ်တို့ ၅ ဦးအား
ကြည့်မြင်တိုင်မြို့မရဲစခန်း မယ(ပ)၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

posted from Bloggeroid
No comments:
Post a Comment