Wednesday, January 13, 2016

ကားသမားများအချိန်ကိုက်ဗုံခွဲခံရသည်ဟုဆို



ချင်းရွှေဟော်တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ၁၂ဘီးကုန်တင်ယာဉ်
(၆)စီး ချိန်ကိုက်မိုင်းခွဲခံရခြင်းကိစ္စ ယာဉ်ပိုင်ရှင်များနှင့်ယာဉ်မောင်းယာဉ်
နောက်လိုက်များ ဆုံးရှုံးနစ်နာမှု့များရှိသည်ဟုဆို
==================================================
၂၅.၁၂.၂၀၁၅ ရက်နေ့ညတွင် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးဇုန်အနီး
အာ့လျန်ဂိုဒေါင် ကွင်းအတွင်း၌ ညအိပ်ရပ်နားထားသော တရုတ် နိုင်ငံထုတ် (၁၂ )ဘီး ကုန်တင်ယာဉ် (၃)စီး မြန်မာနိုင်ငံထုတ်(၁၂)ဘီး ကုန်
တင်ယာဉ်(၉)စီး အနက်မှ တရုတ်ယာဉ်များနှင့် ဝေးကွာစွာရပ်တန့်ထား
သော မြန်မာယာဉ် (၆)စီးအား (၁)စီးချင်းအလိုက် ယာဉ်းမောင်း ယာဉ်နောက်လိုက်များ အိပ်စက်သော ယာဉ်ခေါင်းခမ်းများ၏ အောက်တည့်တည့်အား ချိန်ကိုက်မိုင်းများကပ်၍ ရက်စက်စွာဖောက်ခွဲ
ဖျက်စီးမှု့များ ပြုလုပ်ခဲသဖြင့် ဆုံးရှုံးနစ်နာမှု့ရှိကြောင်းကာယကံရှင်းများက
ပြောသည်။

ထူးခြားဖြစ်စဉ်မှာ အတူရပ်ထားသော တရုတ်ပြည်မှ ယာဉ်(၃)စီးလုံးမှာ
မည်သို့သော ထိခိုက်ပျက်စီးခြင်းများ မရှိခဲ့ပါ ။ ယင်းယာဉ်များနှင့် နီးကပ်
စွာ ရပ်ထားသောယာဉ်များအားလည်း မိုင်းထောင်ဖျက်ဆီးခဲ့ခြင်းမရိပါဘူး
ပေါက်ကွဲမှု့မှာ(၂၆.၁၂. ၂၀၁၅)ရက်နေ့ နံနက် ၂း၁၅ ခန့်တွင် တပြိုင်ထည်း
ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးခဲ့သည့်ကားများမှာ 6D/1344 မီးလောင်ကာလတန်ဖိုး
သိန်း(၄၅၀)Q/4981အင်ဂျင်ပိုင်ပျက်စီး တန်ဖိုးသိန်း(၁၅၀)4G/2726တန်ဖိုး
သိန်း(၁၅၀)6J/2858သိန်း(၁၆၀)9G/4686သိန်း ၁၀၀ခန့် 6H/4868သိန်း
၇၀ ခန့်ကားများ၏ကာလတန်ဖိုးငွေများဆုံးရှုံးခြင်းအပြင် ယာဉ်မောင်း
နှစ်ဦးသေဆုံးခြင်း ယာဉ်နောက်လိုက် တစ်ဦးသေဆုံးခြင်း ဒဏ်ရာပြင်စွာ
ယာဉ်နောက်လိုက်တစ်ဒဏ်ရာရရှိခြင်း ကုန်ပစ္စည်းနှင့် ကားပေါ်ပါ ငွေများ
စက်သုံးဆီးများပါ ထပ်မံပျေညက်ဆုံးခဲ့ရပါတယ် ။ ပေါက်ကွဲမှု့ ဖြစ်ပွားခဲ့
သောယာဉ်ရပ်နားကွင်းရှိ ယာဉ်ပိုင်ရှင်များအားလုံးအား ယာဉ်ပိုင်ဆိုင်မှု့
အုံနာဘုတ်နှင့် အတူ ချင်းရွှေဟော်သို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ
မှ ချက်ခြင်းခေါ်ယူပြီး ယာဉ်အုံနာဘုတ်များနှင့် အခြားယာဉ်နှင့်ပက်သက်
သောစာရွက်စာတမ်းများအား အကြိမ်ကြိမ် မိတ္တူကူးစေခဲပြီး ကားများပြန်
ပေးခဲပါတယ် နစ်နာကြေးလျှောကြေးမပေးခဲပါဘူး ယာဉ်မောင်းယာဉ်
နောက်လိုက်တွေကို ဒေသအာဏာပိုင်တွေက ၎င်း တို့၏ ခွင့်ပြုချက်မရပဲ
ပြန်ခွင့်မပေးပဲ့  ဖုန်းကြောင့်ပေါက်ကွဲသလိုလို ကားသမားအချင်းချင်းမပြေ
လည်လို့ ဖေါက်ခွဲခံရသလို တိုင်းရင်းသားလက်နက်ကိုင်တွေကဘဲ
လမ်းကြေးမပေးလို ဖောက်ခွဲသလိုလို အသံတွေလွင့်ပါတယ် တကယ်
တော့မဟုတ်ပါဘူး မိုင်း ၇ လုံးကားတွေမှအချိန်ကိုက်ဗုံလာထောင်တာ
ဖြစ်ပါတယ် ၆ လုံးကွဲတယ် ၁ လုံးမကွဲပါဘူးဟုကားသမား ကိုထက်ပိုင်းက
ပြောသည်။

အခင်းဖြစ်ပြီး နောက်တစ်နေ့ ကိုးကန့် ငြိမ်းချမ်းရေးအဖွဲ့မှ ပေါက်ကွဲခဲ့သော
ယာဉ်(၆) စီးအတွက် တစ်စီးလျှင် ယွမ် ၃၀၀၀ အား လာရောက်ထောက်ပံ
ပေးခဲ့ပြီး သက်ဆိုင်ရာတာရှိသူများမှ နစ်နာသူများအား အကြိမ်ကြိမ်ခေါ်ယူတွေဆုံးခဲပြီး ယာဉ်နှင့်ဆိုင်သော စာရွက်စာတမ်းများ
ယူခိုင်းခြင်း လက်မှတ်ထိုးခိုင်းခြင်း ပေါက်ကွဲမှု့၏တရားခံမှာ ယာဉ်မောင်း
ယာဉ်နောက်လိုက်များထဲမှလည်းဖြစ်နိင်ကြောင်းအရိတ်အမြွတ်ပြောကြား
ခြင်းစသည်တို့မှအပ ယာဉ်ပိုင်ရှင်များ၏တောင်းဆိုချက်များကို ၎င်းတို့နှင့်
မသက်ဆိုင်ကြောင်းသာပြောကြားခဲ့ပါတယ်ဟုကားအုံးနာ ဦးဘုန်ကျော်က
ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီလမ်းခွဲသွာရသော ချင်းရွှေဟော် တရုတ်နယ်
စပ် လောက်ကိုင်လမ်းဘေးမှ ရောဘာခြံအတွင်းသေဆုံး သုံးဦးသဂြိုလ်ခဲ
ရပါတယ်
ကုန်ချရန်စောင့်ဆိုင်းနေရ၍သော်လည်းကောင်း ကုန်ချပြီးသော်လည်း
ည ၆း၀၀နာရီကျော်လျှင်ဖြတ်သန်းခွင့်မပြုသော စစ်ဆေးရေးဂိတ် ဖောင်
ဆိပ် အားဖြတ်သန်းရန်အချိန် မမှီ၍သော်လည်းကောင်းအားလျန်ကားကွင်းတွင် ညအိပ်ကြေး တစ်နေ့
၂၀၀၀ ပေးဆောင် နှစ်ချိုက်စွာအိပ်မောကျနေသည့်အချိန်တွင်ချိန်ကိုက်မိုင်းဖြင့် ရက်စက်စွာ

သေကြောင်းကြံလုပ်ကြံခံရသည့်အတွက် နိုင်ငံတော်အနေနဲ့နစ်နာကြေး
လျောကြေးပေးစေလိုပါတယ် အားလုံးဆုံးရှုံးခဲ့တာတွေအတွက်မဟုတ်ပါ
ဘူး ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကတောင်ပေးတယ် နိုင်ငံတော်ကမပေးဘူး
မပေးပဲကားသမားများကိုတရားခံလုပ်ခြင်းအားကျေနပ်မှုမရှိပါဘူးဟု
ကားသမားကိုကြည်မင်းထွေးကပြောသည်။

posted from Bloggeroid

No comments:

Post a Comment