ရနောင်းတွင် လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာရေလုပ်သားလေးဦးရဲ့ အမှုကို အကျိုးဆောင်ပေးဖို့ ထိုင်းနိုင်ငံ
လူ့အခွင့်အရေးရှေ့နေအစည်းအရုံးထံ ဒီနေ့နံနက်ပိုင်းမှာ အမှုသွားအပ်တယ်လို့ သတင်းရရှိပါတယ်။
ရနောင်းအမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED က
ဖမ်းဆီးခံ မြန်မာရေလုပ်သားလေးဦးရဲ့ မိဘတွေကိုခေါ်ပြီး ထိုင်းနိုင်ငံလူ့အခွင့်အရေးရှေ့နေအစည်းအရုံးထံ
သွားရောက် အမှုအပ်လိုက်တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့လည်း ရနောင်းလူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီထံ
အမှုအပ်သွားမှာဖြစ်တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောပါတယ်။

posted from Bloggeroid
No comments:
Post a Comment