ဂျပန်မှာ ခေတ်စားနေတဲ့ စကတ်လန်ထီး
---- ------ ------ ----
ပုံမှာမြင်ရတာကတော့ ယခုတလော ဂျပန်မှာခေတ်စားနေတဲ့ စကတ်လန်ထီး ဖြစ်ပါတယ်။ စကတ်လန်ထီးဆိုတာ ထီးကို အောက်ကနေ မော့ကြည့်ရင် မိန်းကလေးတဦး စကတ်လန်သွားတာကို အောက်တည့်တည့်က ကြည့်ရသလို မြင်ကွင်းမျိုးဖြစ်အောင်

ဖန်တီးပေးထားတဲ့ စပယ်ရှယ် ထီးအမျိုးအစားပါ။ ဟုတ်ကဲ့ ဂျပန်မှာ ခေတ်စားနေပါတယ်။
Otaku ဈေးမှာ ဈေးဝယ်သူတွေကို အံ့အားသင့်စေမယ့် အစ္စည်းအထူးအဆန်းတွေ ရောင်းချပါတယ်။
စကတ်လန်ထီးကို သုံးနှစ်အချိန်ယူ တီထွင်ခဲ့တာလို့ ဆိုတယ်။ မိုးရေမစိုအောင် အကာအကွယ်ပေးနိုင်တဲ့အပြင် ဂျပန်ရုပ်ပြကာတွန်းဇတ်ကားတွေထဲက မျက်လုံးပြူးပြူးနဲ့ အရုပ်မလေးရဲ့ စကတ်အောက်မှာ ခိုလှုံရသလို နွေးထွေးတဲ့ခံစားမှုကို ပေးနိုင်တဲ့ ထီးမျိုးလို့ ဆိုပါတယ်။
စကတ်လန်ထီးကို Million Girls Project ဆိုတဲ့ ဒီဇိုင်နာများအဖွဲ့က ထုတ်လုပ်တာဖြစ်ပြီး သူတို့အဖွဲ့က Crazy Japan ဆိုတဲ့အမည်နာမအောက်ကနေ အခုလို ရူးကြောင်ကြောင်နိုင်တဲ့ ပစ္စည်းတွေကို ကမ္ဘာအနှံ့ ဖြန့်ဖြူးရောင်းချဖို့ ရည်ရွယ်ထားပါတယ်။
ဂျပန်ရုပ်ပြကာတွန်းဇာတ်ကားတွေထဲက အထက်တန်းကျောင်းသူအရွယ် အရုပ်မလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အဓိက အခြေခံ ဖန်တီးထားပြီး ထီးဝယ်မယ့်သူတွေအတွက် “ဤထီးသည် သင့်အား အလွန်အမင်း အရှက်ရစေနိုင်သည်။ အများပြည်သူမြင်ကွင်းတွင် သတိဝီရိယဖြင့် အသုံးပြုပါ”ဆိုသော သတိပေးချက်နဲ့ ရောင်းချပေးတာပါ။ စကတ်လန်ထီးကို ကြိုက်နှစ်သက်သူတွေလည်းရှိပြီး တချို့ကလည်း ရောင်းချခြင်းကို ရပ်တန့်ပေးဖို့ အလိုရှိနေကြလေရဲ့။

posted from Bloggeroid
No comments:
Post a Comment