Wednesday, January 13, 2016

မတ္တရာတောင်သူတွေဆန္ဒဖော်ထုတ်မည်

မတ္တရာမြို့မြေသိမ်းခံတောင်သူများလမ်းလျှောက်၍ဆန္ဒဖော်ထုတ်မည်ဟုဆို
==================================================
မန္တလေး ဇန်နဝါရီ ၁၄
မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်မတ္တရာမြို့နယ် ကျောက်စ်ရစ်ကျေးရွာမှဒေသခံ
တောင်သူအင်အား ၅၀၀ ခန့်ဖြင့် မြို့နယ်မြေစာရင်းရုံ မြို့နယ်အုပ်ချုပ်မှူးရုံ
နှင့် မြို့အနှံ့ ၁၉၉၇ခုနှစ်ကသမဝါစိုက်ပျိုးရေးကသိမ်းယူထားသည့်မြေယာ
များပြန်ရှိရေးလမ်းလျှောက်ကာဆန္ဒဖော်ထုတ်သွားမည်ဟုဒေသခံတွေက
ပြောသည်။
"ဒေသခံတောင်သူတွေအပေါ်မတရားမှု့တွေ ဘက်လိုက်မှု့တွေဆုံးရှုံးနစ်နာ
မှု့တွေအများကြီးရှိလို မခံနိုင်လိုအခုလိုလုပ်ဖို့ တရားဝင်ခွင်ပြုမိန်တင်ပြီး
လုပ်ဖြစ်တာဖြစ်ပါတယ်။ ကွင်းအမှတ်(၁၄၃/၁၄၄) ရေနံသာကွင်း(၁၄၉)
အတွင်းရှိ လယ်မြေ ဧရီယာ ၆၀၀၀ ကျော် ကို ရေနံသာအဆင့်မြင့်ထုတ်
ကုန်သမဝါယမအသင်းနှင့်ဒေသခံတောင်သူတွေအငြင်းပွားမှု့ဖြစ်ပေါ်နေ
ပါလျှက် အဆင့်မြင့်ထုတ်ကုန် သမဝါယမကိုမြို့နယ်မြေစာရင်းမှ မြေယာ
ပုံစံ(၇)ထုတ်ပေးမှု့အားကျေနပ်မှု့မရှိလို ဌာနဆိုင်ရာအသီးသီးနှင့်အများ
ပြည်သူသိစေရန် မတ္တရာမြို့ပေါ်တက်၍ ဆန္ဒဖော်ထုတ်သွားမှာပါဟုဒေသ
ခံတောင်သူဦးမောင်ကြွယ်ကပြောသည်။"

"ကျွန်တော် ကျေက်ရစ်ကျေးရွာမြောက်ပိုင်းကမြေယာတွေကို သမစိုက်ပျိုး
ရေးဌာနကသိမ်းယူသွာပြီး ပိုလျှံမြေများပြန်ရရှိရေးအထက်အဆင့်ဆင့်ကို
တိုင်ကြားစာတွေဖြစ်သနားခံစာတင်ခဲရာ နိုင်ငံတော်အနေနဲ့သိမ်းယူထား
ခြင်းမရှိကြောင်းပြန်စာများအရသိရပါတယ် အဲဒါကြောင့်မြို့နယ်အုပ်ရေးမှူး
ရုံနှင့်မြေစာရင်းဌာတို့အား အကြိမ်ကြိမ် ကူညီဖြေရှင်းပေးစေရန်သွားသော်
လည်းထူးခြားတစ်စုံတစ်ရာမရှိသဖြင့်မတ္တရာမြို့နယ်အတွင်းကဒေသခံတွေ
ုစုပြီ ဇန်နဝါရီလ ၂၀ ရက်နေ့နံနက် ၉ နာရီအချိန်ကနေ နေ့ခင်း ၂ နာရီထိ
ငြိမ်းချမ်းစွာစီတန်လှည့်လည်ခြင်း ဟောပြောခြင်းများဖြင့်ဗီနိုင်း ဆိုင်ဘုတ်
များကိုင်ကာ ဟစ်ကြွေးသံများဖြင် လမ်းလျှောက်ဆန္ဒဖော်ထုတ်သွားမှာ
ဖြစ်ပါတယ် တရာဝင်ခွင့်ပြုမိန်ကို ဇန်နာရီလ ၁၃ ရက်နေ့က ချထားပေး
ပြီးဖြစ်ပါတယ်"ဟုဦးဆောင်သူဒေသခံတောင်သူကိုရဲရင်အောင်ကပြောသည်။

မတ္တရာမြို့နယ်အတွင်းလယ်ယာမြေအငြင်းပွားမှု့များ ထွန်တုံးတိုက်ပွဲများ
ဆန္ဒဖော်ထုတ်မှု့များ၂၀၁၄ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ်တငါကျေး
ရွာမှဖြစ်ပွားစဥ့်ကလည်း ဒေသခံတောင်သူတွေကို မတရားပုဒ်မတွေတပ်
ပြီးထောင်ချခံရခြင်း တောင်သူတွေရဲ့စိုက်ပျိုးထားသည့်လယ်မြေများအ
ပေါ် စပါးရိတ်သိမ်းသည့်စက်ကြီးများဖြက်မောင်းခြင်းတွေ မြို့နယ်မြေစာ
ရင်းဌာန၏ငွေဘက်လိုက်ကာ ခရိုနီ မြေသိမ်းယာသိမ်းသူဘက်လိုက်မှု့
တွေ ငါးကန်တွေ တူးဖော်ခြင်းတွေ အားလုံးဆက်တိုက်ဖြစ်ပွားခဲရာမှ
၂၀၁၅ ခုနှစ်အတွင်းမှတော့ တောင်သူတွေအုံကြွမှု့တွေ ပို၍ဖြစ်ပွားလာခဲ
ကြတာဖြစ်ပါတယ် ဒီမြို့နယ်အတွင်းမှာတော့ မြေဧကပေါင်း ၁သိန်းကျော်
လောက်အထိ မြေသိမ်းယာသိမ်းပြသာနာတွေရှိပါတယ်ဟုတောင်သူ
ဦးသက်ထွန်းကပြောသည်။

posted from Bloggeroid

No comments:

Post a Comment