Friday, August 14, 2015

ဆန်များပြည်ထုတ်ခွင့်ပိတ်ထားလျှက်ရှိ

မြန်မာပြည်ကဆန်များပြည်ပပို့ဆောင်ရေးရပ်ထားသည့်ကြား
ထဲကမှောင်ခိုဆန်ထုတ်သူများအား ဖမ်းဆီးတားမြှစ်ထားသည်
ဟုဆို

မန္တလေး သြဂုတ် ၁၄

မန္တလေးမြို့ပုသိမ်ကြီးမြို့နယ် ပြင်ဦးလွင်အတက်လမ်းတရုတ်ပြည်
အထွက်လမ်းဖြစ်သော ၁၆ မိုင်ဂိတ်တွင်ဌာနဆိုင်ရာပါင်းစုံမှဆန်များပြည်ပသို့ထွက်မသွားစေ
ရန်စစ်ဆေးလျှက်ရှိသည်ဟု မန္တလေးတိုင်းဆန်ကုန်သည်များအသင်းကOrientalNewsကိုပြောသည်။


မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီး၊ ရေနှစ်မြုပ်ခြင်းများ ဖြစ်ပေါ်နေချိန်တွင် ဆန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဆန်များ ပြည်တွင်း၌ လုံလောက်စွာ ရောင်းချပေးနိုင်ရန်အတွက် မြန်မာနိုင်ငံဆန်ကုန်သည်အသင်းနှင့်ဆန်ကုန်စည်ဒိုင်များမှ   ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့အထိ ရက်ဆိုင်းထားပြီး အဆိုပါရပ်နားထားသည့် ကာလတွင် ပြည်ပသို့ဆန်အမှန်တကယ်တင်ပို့မှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်မှုမြင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန(မန္တလေး)မှ မန္တလေးမြို့အထွက် ၁၆မိုင်ဂိတ်မှနေ၍ စစ်ဆေးဆောင်ရွက်မှု များကို ပြု လုပ်ပေးလျက်ရှိသည်ဟု မန္တလေးဆန်ကုန်သည်များအသင်းကOrientalNewsကိုပြောသည်။

၁၇၅၀၀ကျပ်ဖြစ်ရေဘေးသင့်ပြည်သူများအားလှူဒါန်းမဲ့သူတွေ
အတွက်မြန်မာနိုင်ငံဆန်စပါးအသင်းကလက်ရှိရောင်းချပေးနေပါ
တယ်
“ လက်ရှိအချိန်မှာ နိုင်ငံတစ်ဝှမ်းလုံး နေရာအနှံရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ရတာကြောင့် ဒေသတွင်းစားသုံးမှုအတွက် ဆန်ပြတ်လပ်မှုတွေမဖြစ်ပေါ်စေဖို့ မြန်မာနိုင်ငံဆန်ကုန်သည်အသင်းနှင့်ဆန်ကုန်စည်ဒိုင်တွေကနေ ပြည်ပဆန်တင်ပို့မှုကို စက်တင်ဘာလယ်လောက်အထိ ယာယီရပ်ဆိုင်းထားမယ်ဆိုပြီး အကြောင်းကြားလာတာကြောင့် ကျွန်တော်တို့ စီးပွား/ကူး သန်းအနေနဲ့က ယာယီရပ်ဆိုင်းထားတဲ့ကာလမှာ မလိုလားအပ်ပဲ ပြည်ပကို ဆန်ကုန်စည်စီးဆင်းမှုမဖြစ်ပေါ်စေဖို့အတွက် ၁၆မိုင်ဂိတ်မှာရှိတဲ့ မူလအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်း စစ်ဆေးပေးနေပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှုမြင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက OrientalNewsကိုပြောသည်။

ယခုအခါ ရေဘေးသင့်ဒေသများတွင် ဆန်ဝယ်ယူနိုင်ရန် အခက်အခဲများရှိနေပြီး အချို့နေရာများတွင် ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းကထက်မံပြောသည်။

“လက်ရှိ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကြောင့် အဓိကနေ့စဉ်စားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးတွေ မလိုလားအပ်ပဲ ဈေးမြင့်တက်မှုတွေမဖြစ်ပေါ်စေဖို့အတွက် ပြည်ပဆန်တင်ပို့မှုကို စက်တင်ဘာလ၁၅ရက်နေ့အထိ ရပ်နား ထားတယ်။ ဆန်ဈေးကို ထိန်းနိုင်ဖို့ ဆန်ကုန်စည်ဒိုင်အသင်းတွေနဲ့ မြန်မာနိုင်ငံဆန်ကုန်သည်အသင်းတို့ ပူးပေါင်းပြီး ဈေး ကွက်မှာ ဈေးတက်မှုမဖြစ်ပေါ်စေဖို့ ကြိုးစားနေပါတယ်၊ ဆန်တင်ပို့မှုရပ်နားထားတဲ့ကာလမှာ အမှန်တကယ် ဆန်ကုန်စည် စီးဆင်းမှုလည်း ရပ်နားဖို့လိုတဲံအတွက် စီးပွား/ကူးသန်းကိုလည်း အကြောင်းကြားပေးထားပါတယ်။ ဒီလိုကာလမှာ အားလုံး ပူးပေါင်းဝိုင်းဝန်းထိန်းသိမ်ကြမယ်ဆိုရင် ဆန်ဈေတွေ တည်ငြိမ်နိုင်ပါတယ်”ဟု မန္တလေးဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ် ဦးကOrientalNewsကို ပြောသည်။

ယခုအခါ မန္တလေးမြိုကအထွက် ၁၆မိုင်ဂိတ်တွင် နေ့စဉ် ကုန်တင်ကားကြီးများ ၀င်ထွက်နေဆဲပင်ဖြစ်ကာ အဆိုပါဝင်ထွက် နေသည့် ကုန်တင်ကားများ၌ ဆန်ကုန်စည်ကိုသာ ယာယီကန့်သတ်စစ်ဆေးနေပြီး အခြားကုန်စည်စီးဆင်းမှုမှာ ပုံမှန် အတိုင်းလည်ပန်လျက်ရှိကြောင်း သိရသည်။

“အခုလိုစစ်ဆေးဆောင်ရွက်ပေးနေရတာက ပြည်တွင်းလိုအပ်ချက်အတွက်ကြောင့် လုပ်ဆောင်ပေးနေတာပါ။ နိုင်ငံက ဆန်လိုနိုင်ငံမဟုတ်ဘူးဆိုပေမယ့် ဒီလိုအချိန်မှာ ပြည်ပကို ဆန်ကုန်စည်စီးဆင်းနေမယ်ဆိုရင် မလိုလားအပ်ပဲ ဆန်ဈေး တွေမြင့်တက်လာနိုင်တယ်၊ ဒါကိုသိတဲ့ ဆန်ကုန်သည်တွေကလည်း ဆန်ကို ပြည်ပစီးထွက်မှုကို ယာယီရပ်ဆိုင်းပေးထား တယ်။ ပြည်တွင်မှာ မလိုလားအပ်ပဲ ဆန်ဈေးတွေမြင့်တက်မှုမရှိအောင် ဆန်ကုန်သည်တွေကလည်း ထိန်းချုပ်ထားနိုင်ပါ တယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ကလည်း ဆန်ဈေးတွေ အဆမတန်ကြီးမြင့်မှုမရှိစေဖို့ အချိန်ပြည့်စောင့်ကြည့်နေပြီး ဆန်ကုန်သည်တွေကို ၀ိုင်းဝန်းပံပိုးကူညီပေးနေပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးကOrrentalNewsကို ပြောသည်။

ဆန်ကုန်စည် ပြည်ပသို့ စီးဆင်းမှုမရှိစေရန်အတွက် သြဂုတ်လ ၇ ရက်နေ့မှ စတင်၍ စစ်ဆေးမှုများကို လုပ်ဆောင်ပေးခဲ့ပြီး ယခုအချိန်အထိ ပြည်ပသို့ဆန်ကုန်စည်စီးဆင်းမှုမျိုး မရှိသေးဟုသိရသည်။

မြန်မာနိုင်ငံဆန်ကုန်သည်အသင်းနှင့်ဆန်ကုန်စည်ဒိုင်များမှ   ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားခြင်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန(မန္တလေး)နှင့်အတူ ၁၆မိုင်ဂိတ်ရှိ တိုင်းဒေသကြီး အတွင်းမှ ဌာနပေါင်းစုံမှ ပြည်ပသို့ဆန်ကုန်စည်စီးဆင်းမှုမရှိစေရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှီသည်ဟု သိရသည်။

posted from Bloggeroid

No comments:

Post a Comment