Monday, April 6, 2015

သတင်း

ဧပြီလ ၁၀ ရက်တွင် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ စတင်မည်

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 9:29 PMပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၁၀ ရက် သောကြာနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။နေပြည်တော် ဇမ္ဗူသီရိခန်းမမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ် ဦးရွှေမန်းက ပြောကြား တာလို့ တွေ့ဆုံပွဲတက်ရောက်သူလည်းဖြစ်၊ ခြောက်ပွင့်ဆိုင်ထဲမှာ တပွင့်အဖြစ်ပါဝင်သူလည်း ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဒီဗွီဘီကို ပြောပါတယ်။“ဒီကနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် ဇဗ္ဗူသီရိသီရိခန်းမမှာ လွှတ်တော်နာယက ဦးရွှေမန်းက ပြောပါတယ်။ နိုင်ငံရေးပါတီ ၁၈ ခုရဲ့ ကိုယ်စားလှယ်တွေရှေ့မှာပါ။ ဒေါ်အောင်ဆန်းစုကြည် လည်း ရှိနေပါတယ်။ ကျနော့်ကိုလည်း သီးသန့်မှာတယ်။ လွှတ်တော်တွင်း လူနည်းစု တိုင်းရင်းသားများကိုယ်စား ဆွေးနွေးမယ့် ဒေါက်တာအေးမောင် အနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားဖို့ သူ့အနေနဲ့ မှာကြားလိုတယ်လို့ ပြောပါတယ်။”ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးကြဖို့ ၂၀၁၄ ခုနှစ်နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ထံတင်ပြရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။အဲဒီ အရေးကြီးအဆို အပြည့်အစုံကတော့ “ခေတ် စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်ပါတယ်။အဆိုအတည်ပြုပြီးနောက်ရက်မှာ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေါက်တာအေးမောင်ကို ရွေးချယ်ကြပါတယ်။By ဒီဗွီဘီhttp://burmese.dvb.noCommentsVisit website


No comments:

Post a Comment