Tuesday, April 21, 2015

လက်ရှိကျွန်တော်တို့ဘဝတွေ

"ဘယ်ခရီး ဘယ်လမ်း ဘယ်နည်နဲ့
သွားရမှာလဲဗျာ"
====================
ဧပြီလ ၂၀
ကျွန်တော်လျှောက်လှမ်းရသောဘဝ
ခရီးတွေ ဘယ်လမ်းကလျှောက်ပြီးစတင်လှမ်းရ
မယ်ဆိုတာ
မြန်မာနိုင်ငံသားတွေအနေနဲ့တော့
ဘယ်လိုနည်လမ်းတွေနဲ့အတူ သွားရမယ်ဆိုတာ အခတ်အခဲတွေအများကြီးနဲ့ ရှိနေသော အချိန်တခုလားဗျာ အခြေခံ
လူတန်းစားဘဝများထဲ့က နေစရာမရှိ
အလုပ်မရှိသူတွေဘဝကိုတော့
ဘယ်လွတ်တော်အမတ်က ကူညီပေး
တာတွေ မတွေ့ရဘူး ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးဖို့ဘဲ
ဆင်းရဲသားရပ်ကွက်အတွင်းဆင်းလာ
သောသူများကို အခြေခံဆင်းရဲသား
အနေနဲ့ ဘယ်ခရီးသွားရမယ်ဆိုတာ
သိသင့်ပါပြီး
အစိုးရဝန်ထမ်းတွေ လစာတိုးပေးတာ
ဆင်းရဲသားများအတွက်လုံးဝမပါဘူး
ကုန်ဈေးနှုန်းတက်ထဲ့ကျတော့ ဆင်းရဲ
သားအခြေခံအလုပ်သမားတွေ အများ
ဆုံးခံနေသော ကျွန်တော်တို့ မြန်မာပြည်ကြီး သူတို့တတွေဘဝခရီး
လမ်းဘယ်လိုလျှောက်လှမ်းရမှာလဲဗျာ
ယခုလက်ရှိ သူတို့တတွေ ဘယ်လိုနည်လမ်းနဲ့လျှောက်နေတယ်
ဆိုရင်တော့ ရပ်ကွက်ထဲက နေပြန်တိုး
တစ်သိန်းယူရင်တနေ့ နှစ်ထောင်ပြန်
မပြန်နိုင်တော့ မတရားအမူဖွင့်ခံရပြီး
ထောင်ကျသွားသော် မိသားစုတွေ
ဘယ်နည်လမ်းနဲ့ကလေးတွေဘဝ တွေ
မြင့်ရတော့ (အပိုင်၂)
ရဲလင်းအောင်


Monday, April 6, 2015

ပုဒ်မ ၁၈ တပ်၍အဖမ်းခံရသောအမျိုးသမီး

"မြန်မာနိုင်ငံမှာမတရားပုဒ်မဖြစ်တဲ့
၅၀၅(ခ)ပုဒ်မ(၁၈)မရှိသင့်သောပုဒ်မ
များဟုဆို"
==================
ကသာ မတ် ၃၁
ကျွန်မကိုမတရား ပုဒ်မ ၁၈ တပ်ပြီး
အခုလိုထောင်(၃)လချခံရတာဖြစ်တယ်
သံဃာတော်တွေဦးဆောင်ပြတာကို
ကျွန်မကဗုဒ္ဓဘာသာဝင်တဦးအနေနဲ့
ပါဝင်ခဲလို အခုလိုမတရားထောင်ချခံ
ရတာပါဟု တရားရုံးအထွက် မသိတာမြင့်ကOrientalNewsကိုပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်
ကသာမြို့ပေါ်တွင်၂၅ရက်၁လ၂၀၁၄ရက်နေ့ကဆရာတော်တစ်ပါးအားလူဝတ်မလဲပဲထောင်ချခဲ့မှူနှင့်ပတ်သက်၍သံဃာများအပါအဝင်လူအင်အား  ၃၀၀  ခန့်ဆန္ဒပြရာမှ ကသာမြို့နယ်စခန်းမှရဲမှူးကျော်အောင်မြင့်က တရားလိုပြုလုပ်၍ဆန္ဒဖော်ထုတ်အများထဲမှမသီတာမြင့်တစ်ဦးတည်းသာပုဒ်မ ၁၈  ဖြင့် အမှုဖွင့်ခဲ့၍၃၁.၃.၂၀၁၅ ရက်နေ့နှစ်နာရီအချိန်ကထောင်ဒဏ်
၃လချမှတ်ခဲ့ကြောင်းသိရသည်။

ကျွန်တော်ကမသီတာမြင့်၏ရှေ့နေ
ပါ။၁၈နှင့်၅၀၅(ခ)ပုဒ်မတို့၏ရလဒ်ကအုပ်ချုပ်ခံပြည်သူနှင့်အုပ်ချုပ်သူ
ပြည်တို့၏ခြားမှာအမုန်းစိတ်  ရန်လိုစိတ်တိုးပွားစေသောပုဒ်မများသာဖြစ်သည့်အပြင်လူတို့၏စားဝတ်နေရေးတို့ကိုထုတ်ဖော်ပြောကြားရာတွင်အတားအစီးဖြစ်နေ၍မရှိသင့်သောပုဒ်မများသာဖြစ်တယ်ဟုအထက်မြန်မာပြည့်ရှေ့နေများကွန်ယက်ကကိုဆန်းထွန်းအောင်ကOrientalNewsကိုပြေားသည်။
ကျွန်မကိုမတရား ပုဒ်မ ၁၈ တပ်ပြီး
အခုလိုထောင်(၃)လချခံရတာဖြစ်တာ
သံဃာတော်တွေဦးဆောင်ပြတာကို
ကျွန်မကဗုဒ္ဓဘာသာဝင်တဦးအနေနဲ့
ပါဝင်ခဲလို အခုလိုမတရားထောင်ချခံ
ရတာပါ သံမရာကုန်ကျေးရွာ ရွာသူ
ရွာသားများနဲ့သံဃာတော်တွေအင်
အား(၃၀၀)ကျော်ဆန္ဒပြနေလို ဘာအတွက်ပြတယ်ဆိုတာ သိတော့
ဘုန်ကြီးတစ်ပါးကို သင်္ကန်းမချွတ်ဘဲ
မတရားဖမ်းဆီးထောင်ချလိုဆိုတော
ကျွန်မကိုယ်တိုင်ကဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတယောက်အနေနဲ့
ဆန္ဒပြထဲ့ပါဝင်ပူပေါင်းခဲပြီး ရွာကတက်လာသောဆရာတော်နဲ့
ရွာသူရွာသားများကိုကျွန်မအိမ်မှာထမင်းကြွေးပြီး ကူညီပေးခဲ့လိုထောင်ချ
ခံရတာပါဟု ပုဒ်မ ၁၈ ဖြင့်ဖမ်းဆီအရေးယူထောင်ဒဏ်အမိန်ကြသည့်အချိန်မှာဘဲ ကသာမြို့နယ် တရားရုံးကအထွက်
တွင်မသိတာမြင့်ကOrientalNewsကိုပြောသည်။
အခုလိုဦးဇင်တို့ရွားအတွက်ကူညီပေးလိုဒါယိကာမကြီးကိုထောင်ဒဏ်
(၃)လချလိုက်မတရားမှုပါ ဦးဇင်တို့
သံဃာတော်အပါး(၂၀)ကဦးဆောင်
ဆန္ဒပြခဲကြတာဖြစ်ပါတယ် ဦးဇင်ကိုယ်တိုင်ကလည်း ဒါယိကာမ
ဘက်ကသက်သေအနေနဲ့ ဦးဇင်တို့
ကိုယ်တိုင်ဦးဆောင်ပြတာပါ မသိတာမြင့်နဲ့မသက်ဆိုင်ပါဘူးလို
တရားရုံမှာလိုက်လံထွက်ဆိုထားပါလျှက်နဲ့မသိတာမြင့်အပေါ်လူပုဂ္ဂိုလ်
မကျေနပ်မှုဖြစ် ပုဒ်မ ၁၈ တပ်ပြီး
ယနေ့မတရားထောင်ချခံရတာဖြစ်တယ်လိုသံမရာကုန်ကျေးရွာမူလကျောင်းကဦးဇင်ဦးကုဝေဒကOrientalNewsကိုမိန့်ကြားခဲသည်။
ဒီအမှု့ဖြစ်စဉ်က သံမရာကုန်ကျေးရွာ
မူလကျောင်းဆရာတော်ဦးစန္ဒသိရိ
ကိုကျောင်းလှသည့်ကိစ္စနှင့် ဆရာတော်မှာ မိန်မနဲ့ကလေးရှိပါတယ်တိပ်တိပ်ပုန်း
မယားထားပါတယ်ဆိုပြီး သင်္ကန်းမချွတ်ဘဲအတင်အားဓမ္မဖမ်း
ဆီးခေါ်ဆောင်သွားပြီးဒေါက်လျှေက်
ထောင်ချလိုက်လိုကျေးရွားကဘုန်ကြီးဒါယကာဒါယိကာမများနှင့်ဦးဇင်
တို့သံဃာတော်တွေက ကသာမြို့ပေါ်တရာရုံးကိုဆန္ဒပြဖိုခွင်ပြုမိန်ကို ဆရာတော်ဖမ်းဆီးထောင်ချတဲ့နေမှာဘဲ ဦးဇင်တို့ကိုယ်တိုင်ခွင့်ပြုမိန်တင်
ပါတယ် မပေးပါဘူး ဦးဇင်တို့ကမပေးလည်းပြမှာဘဲလိုပြောပြီး ၂၅ .၁.၂၀၁၄ က ကသာမြို့ပေါ်
တက်ပြီးဆန္ဒဖော်ထုတ်ခဲကြတာကို
ဒါယိကာမ မသိတာမြင့်ကဗုဒ္ဓဘာသာ အမျိုးဘာသာသာသနာအဖွဲ့ဝင်တစ်
ဦးအနေနဲ့ဦးဇင်တို့ကိုလိုလေသည့်မရှိအောင်ကူညီမူများပေးသဖြင့် မသိတာမြင့်ကိုအခုလိုပုဒ်မ ၁၈ တပ်
ပြီးအမှု့တစ်နှစ်လောက်ရင်ဆိုင်ပြီး
အခုထောင်ဒဏ်ချမှတ်တဲအထိပြု
ခဲတာဘဲဟုဆရာတော်နန္ဒမာလာက
OrientalNewsကိုမိန့်ကြားခဲသည်။


ကသာဈေးကမတရားမှု့

"ကသာမြို့ သီရိခေမာစည်ပင်သာယာဈေးအတွင်း ထောင်မှူးကတော်ပိုက်ဆံအိပ်ကို
အနိပ်ခံရ၍ဈေးသည်များ ကျူး၍ဈေး
ခင်းထားလိုဟုဆိုကာဒဏ်(၁၀၀၀)
ဒဏ်တပ်ခံရဟုဆို"
===================
ကသာ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့
သီရိခေမာစည်ပင်သာယာဈေးအတွင်း မတ်လ ၁၃ ရက်နေ့ နံနက် ၁၀အချိန်တွင်ကသာထောင်မှူးကတော်၏ပိုက်အိပ်ကို ခါးပိုက်နိုက်က ဓါး
ဖြင်ခွဲယူသွားသဖြင့်သီရိခေမာဈေးရုံး
ကိုဈေးသည်များဆိုင်ရှေ့မတရားကျူး၍ဈေးခင်းထားလိုသူပိုက်အိပ်နိုက်ခံ
ရတယ်ဆိုပြီးသွားတိုင်အပြီး ဈေးအတွင်းတာဝန်ရှိသူများကဈေးသည်များထံ ဆိုင်ကျူးခဟုပြော၍
ဈေးသည်တစ်ဦးလျှင်ဒဏ်ငွေ(၁၀၀၀)စီပေးဆောင်ခဲ့ရကြောင်းဈေးသူဈေးသားများက မတ်လ ၃၁ နေ့နံနံ ၉ နာရီအချိန်OrientalNewsကိုပြောသည်။
ကျွန်တော်ဈေးသည်တွေစီကိုထောင်
မှူးကတော်ပိုက်ဆံအိပ်အနိပ်ခံရတာ
ခင်ဗျာတို့ဈေးသည်တွေ ဈေးအတွင်း
လမ်းပိတ်ဆို့ပြီးဈေးဗန်များခင်ထားလိုအခုလို ဖြစ်ပွာရတာ ဒါကြောင့်
ဆိုင်ရှေ့ကျူးပြီးခင်ထားတဲ့ဈေးသည်
မှန်သမျှကိုဒဏ်တစ်ထောင်စီပေးဆောင်ရမယ်ဆိုပြီး ကောက်ခံသွား
တာပါဟုကုန်စုံရောင်နေသူကိုကျော်ဦးကOrientalNewsကိုပြောသည်။

အဲဒီထောင်မှူးကတော်ကကိုယ်ပိုက်
အိပ်ကိုမထိမ်းသိမ်းဘဲ အမေတို့က
လည်းကိုယ်ဈေးကိုရောင်းနေတာ
ဘယ်သူကသူခိုးခါးပိုက်နိုက်ဆိုတာ
မသိရဘူး အခုလိုအာဏကိုအလွဲသုံး
စားပြုပြီးမရှိလိုဈေးရောင်းစားနေသူ
တွေကို တခါမှာမတပ်သဘူး ဒဏ်ငွေဆိုပြီးလာတပ်တယ်အမေဈေးရောင်းလာတာ အနှစ် ၂၀ လောက်
ရှိပါပြီးဟုဒေါ်ခင်ခင်ဝင်းကOriental
Newsကိုပြောသည်။
ကျွန်မကတော့အထည်ရောင်းတာဆိုတော့ ကိုယ်ဆိုင်ထဲကိုရောင်းတောဒဏ်ဒပ်
ခံရထဲ့မပါဘူး ဈေးသည်တွေစည်ကမ်းမရှိလိုဒဏ်ငွေဆောင်ရသလို ကသာစည်ပင်သာ
ယာရေးအဖွဲ့အနေနဲ့ဈေးအတွင်းလိုအပ်ချက်တွေပြင်ပေးစေလိုပါတယ်
နံနက်ဆိုင်လာဖွင့်ရင် ဒီဈေးတံကား
ကြီးတွေ မိန်ခလေးတွေမတန်ဘဲ
ဖွင့်ရတယ် မိုးရွာရင် ဈေးအတွင်းမြောင်ထဲရေယှန်လိုဈေး
ဆိုင်အတွင်းရေများဝင်တယ် ဈေးကြီးရဲအပြင်ဘက်မှာမိုးမလင်း
ဈေးသည်တွေရှိပါတယ် မိုးလင်းတော့အတွင်းကဈေးသည်တွေထွက်တဲ့အချိန်တော့ရှင်ပေးစေ
လိုပါတယ်ဒီသီရိခေမာဈေးအတွင်းကဈေးသည်တွေကဆိုင်ခန်းခပေးပြီး
ရောင်းစာရတာ ဈေးဝယ်သူတွေက
အပြင်ကဘဲဝယ်ပြီးပြန်တော့ဈေးအတွင်းကဈေးသည်တွေကမရောင်းရဘူးအခတ်အခဲတွေရှိပါတယ်လို
အထည်ဆိုင်မှ မကြည်ပြာကOrientalNewsကိုပြောသည်။
အဆိုကိစ္စများနှင့်ပါက်သက်၍ ကသာမြို့စည်ပင်သာယာရေးဌာန
သိုသွားရောက်မေးမြန်ခဲ့ရာ
ထောင်မှူကတော်ပိုက်ဆံအိပ်နိုက်ခံ
ရတယ်ဆိုတာ ကျွန်တော်တို့မသိပါဘူး အဲဒီနေ့က
ဈေးသည်တွေဒဏ်တပ်တယ်ဆိုတာ
ဟုတ်ပါတယ် ဒါတိုက်ဆိုင်သွားတာ
ပါ ဈေးသည်စကားဆိုတာ တယောက်တဘောက်အမြဲပြောကြ
ပါတယ် ဒဏ်ဆောင်ရတယ်ဆိုတာ
သူတို့ကို ချာလံဖြက်ပေးပြီးသွားဆောင်ခိုင်တာပါ သွားမဆောင်နိုင်သူတွေကို
ဈေးဝန်ထမ်းတွေကယူပြီးဆောင်ပေး
ခဲတာဖြစ်ပါတယ် ထောင်မှူကတော်
ကြောင့်မဟုတ်ပါဘူးလိုသီရိခေမာ
ဈေးတာဝန်ခံအရာရှိ ဦးသော်သော်ကOrientalNewsကိုပြောသည်။


ကသာမြို့တော်ခန်းမတည်ဆောက်

"မြန်မာ့သစ်များဖြင့်အလှဆင်ပြီး
ပထမဆုံးအကြိမ် ကသာမြို့တော်
ခန်းမကြီးတည်ဆောင်လျှက်ရှိ"
==================
ကသာ မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်
ကသာမြို့ ဧရာကန်သာပန်ခြံအတွင်း
၁၀.၆.၂၀၁၄မှ စတင်၍ စစ်ကိုင်းတိုင်းဝန်ကြီးဦးသာအေး၏
လမ်းညွန့်ချက်များအရ မြန်မာ့သစ်
များဖြင့်အလှဆင်ပြီး ကသာမြို့တော်
ခန်းမကြီးတည်ဆောက်လျှက်ရှိသည်ကို မတ်လ ၃၁ ရက်နေ့ကတွေရသည်။
နိုင်ငံတော်အနေနဲ့မတိငွေအဖြင့်မချ
ပေးပါဘူး စစ်ကိုင်းတိုင်းဝန်ကြီး ဦးသာအေးကတော့ ဘီလပ်မြေအိပ်
အလုံးပေါင် ၂၀၀၀ လှူဒါန်းပြီး
ကသာမြို့ခံ ရပ်မိရပ်ဘများကအလှူ
ငွေအဖြစ့်ထဲ့ဝင်ပြီးတည်ဆောက်ခဲတာဖြစိပါတယ် တပ်နိုင်တဲသူက
တပ်နိုင်သလိုလှူဒါန်းကြပါတယ်
ခန့်မှန်ကုန်ကျစရိတ်ကတော့သိန်း
၂၇၀၀ကုန်မယ်မှန်ထားပါတယ်
အခု (၈၅)ရာခိုင်နှုံန်းပြီးသွားပါပြီး
လက်ရှိကုန်ကျစရိုတ်ကတော့ သိန်း
၁၅၈၈သိန်းကျော်သွားပါပြီး
ဒီမြိုတော်ခန်းမကြီးဖြစ်မြောက်ရေး
ကိုကသာမြို့စည်ပင်သာယာရေးကော်မတီးနှင့်ဒေသခံများစုပေါင်ပြီး
ကော်မတီဖွဲ့ပြီး ဒီပန်ခြံနေရာ ရပ်ကွက်(၅) ဇေယျာချောင်မှာမြို့တော်ခန်းမတည်
ဆောက်ဖြစ်ခဲတာပါဟု ခန်းမဖြစ်မြောက်ရေးအဖွဲ့ဝင်(၁)ဖြစ်
သူဦးထွန်းဝင်းကOrientalNewsကို
ဖြေကြားခဲသည်။

ဒီမြို့တော်ခန်းမကြီး၏ အကျယ်မှ
ပေ ၁၂၀-၈၀ဖြစ်ပါတယ် မြန်မာ့သစ်
တွေနဲ့အလှဆင်ပြီးဆောက်လုပ်ရတာကတော့ အထင်လူကြီးများ၏
လမ်းညွန့်ချက်ကြောင့်ပါ အများဆုံး
သုံးထားတာကတော့ ကျွန်း သစ်မလန် ပိထောက် တို့ဖြစ်ပါတယ်
ကျွန်တော်လက်ထက်မှာ ကသာခရိုင် မြို့တော်ခန်းမတည်ဆောက်ခွင့်ရတာ
ဝမ်းသာပါတယ် မြန်မာ့အနုပညာလက်ရာနဲ့ ပန်ပုအလှတွေဆင်းပြီး မေလကုန်
တွင်အပြီးတည်ဆောက်သွားမှာပါ
ကသာမြို့နယ်စည်ပင်သာရေကော်မတီ အင်ဂျီနီယာဌာကဘဲတာဝန်ယူ
တည်ဆောက်တာဖြစ်ပါတယ်လို
ကသာမြို့နယ်စည်ပင်သာယာရေး
ဒုတိယညွန်ကြားရေးမှူးဦးသန်းဦးက
OrientalNewsကိုပြောသည်။
စစ်ကိုင်းတိုင်ကသာမြို့တော်ခန်းမ
ကြီးကို ပထမဆုံးအကြိမ်းတည်ဆောက်ခဲပြီး
မြိုတော်၏ဂုဏ် မြို့၏အင်္ဂါရပ်တို့ဖြင့်
ပြည့်စုံအောင် မြန်မာ့သစ်ထွက်သော
နေရာတခုအဖြစ်သော်ကြောင့် သစ်
အဖိုးတန်များဖြင့်အလှဆင်ထားပြီး
မေလ ၃၀ ရက်နေတွင်စတင်ဖွင့်လစ်
မည်ပြီး လူဦးရေး ၅၀၀၀၀ ဆန့်ပြီး အစည်ခန်းမကြီးတည်ဆောက်နေမှု
များကိုမတ်လ ၃၁ နေ့ကတွေ့ဖြင့်ခဲရသည်။


နိုင်ရဲဝေကို စခန်းခေါ် စစ်ဆေး

"ကျောင်းသားခေါင်ဆောင်နိုင်ရဲဝေ
ကိုခံဝန်လက်မှတ်ထိုးခိုင်ရန်အမရပူ
ရမြိုမရဲစခန်သို့ခေါ်ယူစစ်ဆေးသော်
လည်း အပြစ်မရှိသဖြင့်လက်မှတ်မထိုးနိုင်ဘူးဖမ်းခြင်ရင်ဖမ်းဟုဆို"
===================
မန္တလေး ဧပြီ ၂
မန္တလေးမြို့ အမရပူရမြို့နယ် ရတနာ
ပုံတက္ကသိုလ် အဆောင်တွင်နေသော ပင်မသပိတ်
စစ်ကြောင်း လက်ပံတန်းအကြမ်းဖက်ခံရမှုပါဝင်
ပြီးသာယာဝတီထောင်မှာပြန်လွတ်
ပေးလိုက်သော်လည်း ကျောင်းသား
များကိုမြို့နယ်အလိုက် အချိန်မရွေး
ဖမ်းဆီးလိုရအောင် အပြစ်ရှိကြောင်း
မြို့နယ်ရဲစခန်းတွင်ခေါ်၍ခံဝန်မှတ်ထိုးခိုင်ခြင်ကို ဧပြီလ ၂ ရက်နေ့ နံနက်
၈ နာရီးအချိန်မှာ နေ့ ၁၂း၀၀ထိ
ခေါ်ယူစစ်ဆေးခဲသည်။

၂၅ .၂.၂၀၁၅ရက်နေ့က ပင်မသပိတ်စစ်
ကြောင်းအားထောက်ခံဆန္ဒပြခဲလို
ဆိုပြီး ဒုမြို့နယ်မှူးက ၆.၃.၂၀၁၅
နေ့က ရတနာပုံကျောင်းဝင်းအတွင်း
ထောင်ခံဆန္ဒပြမှုကို ပုဒ်မ(၁၈)ဖြင့်
တရားစွဲထားကြောင်း အပြစ်ရှိကြောင်းအထက်အဆင့်ဆင့်
မှာဝန်ခံဂတိလက်မှတ်ရေးထိုးခိုင်တာဖြစ်ပါတယ် ကျွန်တော်က အပြစ်
မရှိသဖြင့်လက်မှတ်မထိုးနိုင်ကြောင်း
အမရပူရမြို့နယ်စခန်းမှူးကိုပြောပါတယ် ကျွန်တော်တို့ကိုမတရားပုဒ်မ
တပ်ပြီး ဖမ်းဆီးရန်အတွက်လုပ်နေတာပါ
ရှင်းရှင်းပြောရရင် ဖမ်းတာပါဘဲ
ဒါကြောင့် ခံဝန်ဂတိလက်မှတ်ထိုးခိုင်
တာကို ကျွန်တော်မထိုးခဲ့ပါဘူးလို
ရတနာပုံကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်သူကိုနိုင်ရဲဝေကOrientalNewsကို
ပြောသည်။
ကျွန်တော်အနေနဲ့ ကိုနိုင်ရဲဝေကိုဖမ်း
တာမဟုတ်ပါဘူး ကျွန်တော်ရောက်တာ ၁၄ ရက်ဘဲ
ရှိပါသေတယ် ခေါ်ပြီးဆွေးနွေးတာပါ
ကိုနိုင်ရဲဝေပါ ၃၇ ဦးဆိုပြီး ကျွန်တော်
စခန်းမှာ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ထား
ကြောင်းသိရှိပါသလားလိုမေးတာ
သူကိုယ်တိုင်ကမသိပါဘူးလိုဖြေပါ
တယ် ကျွန်တော်တို့အနေနဲ့ ဖမ်းတာ
မဟုတ်ပါဘူး သူတို့အားအရေးယူ
ထားကြောင်းအသိပေးဆွေးနွေးတာ
ဖြစ်ပါတယ်လိုအမရပူရမြို့နယ်စခန်း
မှူးဦးမြင့်လွင်ကOrientalNewsကိုပြောသည်။
အဆိုကိစ္စများနှင့်ပါက်သက်၍ကိုနိုင်
ရဲဝေကို အမရပူရ ရဲစခန်းမှဖမ်းသွား
ပြီးဆိုတာ လုံးဝ မဟုတ်ကြောင်း
ဝန်ခံဂတိလက်မှတ်ရေးထိုးခိုင်တာ
ဖြစ်ပါတယ် သူဘက်က အပြစ်မရှိလို
လက်မှတ်မထိုးနိုင်ဘူးဆိုရင် ကျွန်တော်တို့က အတင်းမထိုးခိုင်ပါ
ဘူး အွန်လိုင်ပေါ်မှာဖမ်းသွားတယ်ဆိုတာမဟုတ်ပါဘူး ခေါ်ပြီးဆွေးနွေးတာ
ဟု၎င်းကဆက်လက်ဖြေကြားသည်။


စာရေးဆရာထင်လင်းဦး ရုံးထုတ်

"စာရေးဆရာထင်လင်းဦးအား
ချောင်ဦးမြို့နယ်တရားရုံးတွင်ရုံထုတ်စစ်ဆေးရာတွင်အပြစ်မရှိကြောင်းထွက်ဆိုခဲ့သည့်ဟုဆို"
==================
ချောင်ဦး ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီးချောင်ဦးမြို့
နယ်တရာရုံးတွင် ဧပြီလ ၂ ရက်နေ့
နံနက် ၁၁ နာရီအချိန်ကစာရေးဆရာ
ထင်လင်းဦးအားရုံထုတ်စစ်ဆေးလျှက်ရှိသည်။
ဆရာဦးထင်လင်းဦးမှအပြစ်မရှိ
ကြောင်းအစစ်ခံပါသည်
နောက်ရုံးချိန်က၈ရက်မှာ
ခံပြသက်သေမစစ်ပဲ၂၇.၄.၂၀၁၅ရက်နေ့မှာမြဝတီဆရာတော်
အားတရားခံပြသက်သေအဖြစ်
စစ်မည်ဟုအထက်မြန်မာပြည့်ရှေ့နေ
များကွန်ယက်မှ ကိုဆန်းထွန်းအောင်ကOrientalNewsကိုပြောသည်။
လောလောဆယ်တော့အမိန်မချသေ
ဘူး နောက်ထက်သုံးချိန်လောက်စစ်
ပြီးမှအမိန်ချလောက်တယ် အခုတော့ဆရာထင်လင်းဦးကအချုပ်ထောင်ထဲမှာပါ ရုံချိန်ရှိမှ တရားရုံး
ကိုလာရတာဖြစ်ပါတယ် ယနေ့သူထွက်ဆိုသွားတာကတော့
သူမှာအပြစ်မရှိကြောင်းပါဘဲဟု၎င်း
ကဖြေကြားခဲ့သည်။


အိမ်စီးကားရထားဝင်တိုက်

"အိမ်စီးကားမှာမြန်မာ့မီးရထားကိုဝင်
တိုင်မှု့ဖြစ်ပွား"
===================
မန္တလေး ဧပြီး ၂
မန္တလေးမြို့ အမရပူရမြို့နယ် လေးစု
ရပ်ကွက် မြစ်ကြီးနား မန္တလေး သံလမ်းဘေးတွင် ဧပြီလ ၂ ရက်နေ့
နံနက် ၁၀း၄၅ အချိန်ကအိမ်စီးကား
တိုယိုတာ(BELTA) ဆလွန်ကားသည် အမှတ် (၃၇)အဆန်အမြန်ရထားသွားနေစဥ့်
ကားမှရထားကိုဝင်တိုက်မှုဖြစ်ပွားခဲသည်။
အဆိုကားမှာ ယာဉ်မောင်း ဆက်နိုင်ဦး လေးစုရပ်ကွက်အမရပူရ
နေသူမောင်းလာပြီး ယာဉ်အမှတ်
5H-1673 ဖြစ်ပြီး လိုက်ပါစီးနှင်းလာသူများမှာ ကိုဝင်းနိုင် မဝင်းဝင်းဇော် ကိုအောင်လွင် ကိုဝင်းဇော်ဦးတို့လေးဦးကလိုက်ပါစီး
နှင်းလာသူများဖြစ် ပြီး လေးစုရပ်ကွက် အခင်းဖြစ်ပွားရာ
ရထားသံလမ်းဘေးအဂွေတွင် ရထားလာနေသည်ကိုမသိ၍အခုလို
ဝင်၍တိုက်မိကြောင်းသိရှိရသည်ပြီး
မြန်မာ့မီးရထား တာဝန်ရှိသူများက
ရထားဘာမှာမဖြစ်အမှုမဖွင့်အရေးယူခြင်းမပြုတော့ပါဘူး ရထားလည်း
ဘာမှာမဖြစ်ခဲ့ပါလိုပါ အချိန် ၅ မိနှစ်
လောက်ဘဲသူတို့အနေနဲ့နောက်ကျ
ခဲ့တာဘဲရှိပါတယ်လို မီးရထတာရှိသူ
များကပြောသွားသည်ဟုအမရပူရမြို့
နယ် ရဲမှူး ကိုဋ္ဌေးကိုမှOrientalNewsကိုပြောသည်။
ကားပေါ် စီးနှင်းလိုက်ပါလာသူတစ်
ဦးတယောက်မှထိခိုက်ဒဏ်မရရှိပါဘူး ကားကတော့ ရှေ့ခြမ်းပြက်စီးသွားပါတယ် ရှေ့ရေ
တိုင်ကီအထိ ပါဘဲ ရှေ့ဘာမာနဲ့မီးလုံးများကွဲသွားတာပါ
အထိနေရာဟာ ရပ်ကွက်လမ်းဖြစ်
ပြီး ရထားသံလမ်းဘေးကနေကွင်ပြီး
မောင်းရသောလမ်းဖြစ်တယ် အခုဖြစ်ပွားတာက အရှိန်မထိမ်းနိုင်ဘဲဝင်တိုက်တာမျိုး
ပါသံလမ်းနဲ့ လမ်းက ရထားလမ်းနဲ့
ကပ်လျှက်ရှိပေမဲ့ တောင်ဘက်က
သိမ်ကြီးဈေး မြောက်ဘက်က ရထားသံလမ်းအကူလမ်းကို နှစ်ပြ
လောက်မောင်းရသော်လမ်းဖြစ်ပါတယ် အခုဟာက ကြားလမ်းကနေ
မြောက်ကိုကွေပြီးအမောင်းမှာဖြစ်
ပွားခဲတာဟုမျက်မြင်သက်သေဖြစ်
သူကိုစိုးဝင်းကOrientalNewsကို
ပြောသည်။


အခြေခံသတင်းစာသင်တန်း

"အခြေခံသတင်းရေးသားနည်သင်
တန်း(YJS)တွင်သင်ကြားပေးလျှက်ရှိ"
===================
ရန်ကုန် ဧပြီ ၃

ရန်ကုန်သတင်းစာပညာကျောင်းအမှတ် ၉၆၊ ၄ လွှာ၊ အထက်ပုဇွန်တောင်လမ်း၊ ချမ်းသာပလာဇာဘေး၊ KBZ Bank မျက်နှာချင်းဆိုင်တွင် သင်တန်းသူ/
သား ၁၂ ယောက်တက်ရောက်သင်
ကြားခဲ့ကြောင်းသိရသည်။

"ကျွန်တော်အတွက်တော့ အတော်လေးကို အကျိုးများတဲ့ သင်တန်းတစ်ခုပါ သင်တန်းပထမဆုံးရက်မှာတင် ကျွန်တော်မသိတာတွေ အများကြီးသိရတယ် တာဝန်တွေ ကျင့်ဝတ်တွေ အရေးအသားတွေ အစစပေါ့ တကယ် အကျိုးများပါတယ်" ဟု သင်တန်းလာတတ်သူ Friday Times Journalမှ ကိုရန်မိုးနိုင်က ပြောပြပါတယ်။

"အရမ်းကိုအကျိုးရှိပါတယ်။ဆရာသင်တာကလဲအရမ်းစိတ်ဝင်စားဖို့ကောင်းပြီးမှတ်မိလွယ်တယ်။သတင်းသမားတယောက်လိုက်နာရမဲ့ကျင့်ဝတ်တွေ အခြေခံတွေကိုသိတော့ပိုပြီးစနစ်ကျသွားတာပေါ့"ဟု Free Lance သတင်းထောက် မစုရည်ဖြိုးက ပြောသည်

"သူငယ်ချင်းအသစ်တွေရတယ်။
လူအများနဲ့စကားပြောရဲလာတယ်"
ဟု Morden Journal မှ မမေမြင့်မြတ်မွန် ကလည်း သူ့အတွေ့အကြုံကိုပြောပြပါတယ်။

ဒီသင်တန်းက လူတော့သိပ်မများပါ
ဘူး အားလုံး ၁၂ ယောက်ဘဲသင်ကြားပေးတာဖြစ်တယ် အကြိမ်အရေအတွက်ကတော့ များပြီ ဒီသက်တန်းကနေ သတင်းထောက်
အယ်ဒီတာ အမြောက်အများမွေးထုတ်
ပေးနိုင်ခဲ့ပါတယ် အခုလည်း ရန်ကုန်
မန္တလေး နေပြည်တော် ပုသိမ် ကျောက်မဲက သတင်းဌာန အသီသီမှာသတင်းထောက်တစ်နှစ်
သက်တမ်းအောက် တွေကိုဒီကျောင်းမှာခေါ်ယူကြားပေး
တာပါဟု သင်တန်းတာဝန်ခံဆရာ
ရဲနိုင်မိုးကပြောသည်။


သတင်း

ဧပြီလ ၁၀ ရက်တွင် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ စတင်မည်

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 9:29 PMပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၁၀ ရက် သောကြာနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။နေပြည်တော် ဇမ္ဗူသီရိခန်းမမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ် ဦးရွှေမန်းက ပြောကြား တာလို့ တွေ့ဆုံပွဲတက်ရောက်သူလည်းဖြစ်၊ ခြောက်ပွင့်ဆိုင်ထဲမှာ တပွင့်အဖြစ်ပါဝင်သူလည်း ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဒီဗွီဘီကို ပြောပါတယ်။“ဒီကနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် ဇဗ္ဗူသီရိသီရိခန်းမမှာ လွှတ်တော်နာယက ဦးရွှေမန်းက ပြောပါတယ်။ နိုင်ငံရေးပါတီ ၁၈ ခုရဲ့ ကိုယ်စားလှယ်တွေရှေ့မှာပါ။ ဒေါ်အောင်ဆန်းစုကြည် လည်း ရှိနေပါတယ်။ ကျနော့်ကိုလည်း သီးသန့်မှာတယ်။ လွှတ်တော်တွင်း လူနည်းစု တိုင်းရင်းသားများကိုယ်စား ဆွေးနွေးမယ့် ဒေါက်တာအေးမောင် အနေနဲ့လည်း ကြိုတင်ပြင်ဆင်ထားဖို့ သူ့အနေနဲ့ မှာကြားလိုတယ်လို့ ပြောပါတယ်။”ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးကြဖို့ ၂၀၁၄ ခုနှစ်နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ထံတင်ပြရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။အဲဒီ အရေးကြီးအဆို အပြည့်အစုံကတော့ “ခေတ် စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်ပါတယ်။အဆိုအတည်ပြုပြီးနောက်ရက်မှာ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဒေါက်တာအေးမောင်ကို ရွေးချယ်ကြပါတယ်။By ဒီဗွီဘီhttp://burmese.dvb.noCommentsVisit website