Sunday, February 19, 2017

ကြော်​ငြာသတင်း


"Hotel Sakura Pnncess အမည်​ဖြင့်
မန္တ​လေးမြို့တွင်​စတင်​ဖွင့်​လှစ်​"
=============================
မန္တ​လေး ​ဖေ​ဖော်​ဝါရီ ၁၉

မန္တ​လေး ချမ်း​အေးသာဇံမြို့နယ်​ ၆၇လမ်း၃၂
လမ်း၃၃လမ်းကြား အကွက်​အမှတ်​(၇၆၁)
အောင်​မင်္ဂလာလာလမ်း ပါတ်​ကုန်း​ပျော်​သွယ်
ရပ်​ကွက်​ ဟိုတယ်​​မြေ ဧရိယာ အကျယ်​အဝန်း(၀.၂၈၅ ဧက) နှစ်​ဘက်​မျက်​နှာဖွင့်​ အ​နေထားဖြင့်​ ​မြေညီထပ်​အပါဝင်​(၈)ထက်​အ​ဆောက်​အဦးဖြစ်​ဟိုတယ်​သစ်​ဖွင့်​လှစ်​ပွဲကို
ဖေ​ဖော်​ဝါရီလ ၁၉ ရက်​​နေ့ ည​နေ ၆နာရီမှ
ည၈း၃၀ထိကျင်းပခဲ့သည်​ကို​တွေရသည်​။

မြေညီထပ်​၌ ဧည့်​ကြို​ကောင်​တာ Lobby
Dining Hall Main Kitchen Main Store
Office Room များဖြင့်​ဖွဲ့စည်းတည်​​ဆောက်
ထားကာ ပထမထပ်​မှပဉ္ဇမထပ်​အထိ အိမ်​ခန်းများဖြင့်​ ဖွဲ့စည်းထားပြီး တစ်​ထပ်​လျှင်​ အခန်း
ပေါင်း(၁၆)ခန်း အခန်း အမျိုးအစား(၄)မျိုးပါရှိ
ကြောင်းသိရသည်​။

မန္တ​လေးမြို့တွင်​ အရည်​အ​သွေးပြည့်​ ဟိုတယ်​​ပေါင်း​မြောက်​များစွာရှိသည့်​အနက်
ဟိုတယ်​ Sakura Princess သည်​လည်း
နိုင်​ငံ​တော်​၏ ဟိုတယ်​ခရီးသွားလုပ်​ငန်းကို
တစ်​​ထောင့်​တစ်​​နေရာမှ ​ထောက်​ပံ့အားဖြည့်
နိုက်​ရန်​ရည်​ရွယ်​၍ အရည်​အ​သွေးပြည့်​စံချိန်
မှီ ဟိုတယ်​တစ်​ခုအဖြစ်​ အ​ကောင်းဆုံးကြိုးစားပြီး အ​ရွေးချယ်​ခံဝင်​​ရောက်​လာမည်​ဟိုတယ်​တစ်​ခုဖြစ်​ပြီး ​ဈေးနှုံန်းမှ ၃၅၀၀၀ခွဲမှ ၁၂၀၀၀၀ထိ သက်​မှတ်​​ဈေးများဖြင့်​ နိုင်​ငံခြားသား ပြည်​တွင်းဧည်​သည်
များအားလုံးစိတ်​တိုင်းကြစီမံ​ထားကာ ​နေစဉ်
ဝန်​ထမ်း​ပေါင်း ၉၀ ဖြင့်​ ဟိုတယ်​သစ်​ကြီးကို
ယ​နေ့စတင်​ဖွင့်​လှစ်​ခဲ့​ကြောင်းသိရသည်​။

Monday, February 13, 2017

မီး​ဘေးသင့်​မန္တ​လေးမင်္ဂလာ​ဈေးတင်​ဒါ​ခေါ်ယူ

မီးဘေးသင့်မင်္ဂလာဈေးအား အဆင့်မြင့်ဈေးအဆောက်အအုံတည်ဆောက်ခွင့်တင်ဒါခေါ်ယူမှု ရပ်နားထားပြီး တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်း

မြက်သစ်ခိုင်

မီးဘေးသင့်မင်္ဂလာဈေးကို အဆင့်မြင့်ဈေးအဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်ခွင့်တင်ဒါ အား ၂၀၁၆ခုနှစ်နှစ်ကုန်ပိုင်းကခေါ်ယူခဲ့သော်လည်း တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့မှ ထပ်မံဖွဲ့စည်းခဲ့သဖြင့် တင်ဒါခေါ်ယူမှုကို ရပ်နားထားခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“ဈေးဟောင်းကိုဖြိုဖျက်ဖို့တင်ဒါခေါ်ယူတဲ့အပေါ်မှာ စည်ပင်ကသတ်မှတ်ထားတဲ့လေလံကြေးမရရှိခဲ့လို့ တင်ဒါကိုဖျက်သိမ်းခဲ့တယ်။ ဒီနောက်မှာဈေးကိုအသစ်တည်ဆောက်ဖို့ဆိုပြီးဈေးသစ်တည်ဆောက်ခွင့် တင်ဒါကိုခေါ်ခဲ့တယ်။ဒါပေမယ့်အစိုးရအဖွဲ့က ၀န်ကြီးဦးဆောင်တဲ့တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ထပ်ဖွဲ့တော့ တင်ဒါခေါ်ယူမှုအပိုင်းကိုရပ်နားခဲ့ရတယ်။ အခုချိန်ထိတော့ တင်ဒါရွေးချယ်စိစစ်ရေး ကော်မတီ ကနေ ဈေးနဲ့ပတ်သက်ပြီးဆောင်ရွက်ဖို့ညွှန်ကြားထားတာတော့မရှိသေးဘူး။”ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံနှင့်ကုန်ရုံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဈေးသစ်တည်ဆောက်ခွင့်တင်ဒါကို နိုဝင်ဘာ(၂၈)ရက်ကကြေညာခဲ့ပြီး ဒီဇင်ဘာ(၂၈)ရက်တွင် တင်ဒါ စတင်ရောင်းချမည်ဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည့်အတွက် တင်ဒါခေါ်ယူမှုရပ်ဆိုင်းထားခဲ့ရသည်။

“မီးဘေးသင့်မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်တဲ့ တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ပြီးခဲ့တဲ့လပိုင်းမှာဖွဲ့စည်းခဲ့တယ်။ အခုချိန်မှာဖွဲ့စည်းတာပဲရှိသေး တယ်။ ကော်မတီအနေနဲ့သွားရမှာဆိုတော့ ဆွေးနွေးမှုတွေတော့မလုပ်ရသေးဘူး။ ကော်မတီအစည်း အဝေးပြီးမှသာ ဘာဆက်လုပ်မလဲဆိုတာသိရမှာပါ။”ဟု တင်ဒါရွေးချယ်စိစစ်ရေးကော်မတီအဖွဲ့ ခေါင်းဆောင်၊ တိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးမြို့ မင်္ဂလာဈေးကြီှးမှာ ပြီးခဲ့သည့် မတ်လ(၂၂)ရက်က မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှု ကြောင့် ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်ဆုံးရှုံးခဲ့ကာ မီးဘေးသင့်မင်္ဂလာဈေး အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ဈေးအဆောက်အအုံဖျက်သိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရန် ဇူလိုင်(၁) ရက်တွင်တင်ဒါခေါ်ယူခဲ့သော်လည်း မအောင်မြင်သဖြင့် ယခုလိုအဆင့်မြင့်ဈေး အဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်ခွင့်တင်ဒါကိုခေါ်ယူခြင်းဖြစ်သည်။

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေး အသစ်တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပါက တင်ဒါရရှိသည့်သူမှာ ဈေးဟောင်းအားဖြိုဖျက်ရန်ကိုပါ တစ်ပါတည်းလုပ်ဆောင်သွားရမည်ဖြစ်ပြီး ဖြိုဖျက်သည့်အတွက် တန်ဖိုးသတ်မှတ်ချက်အတိုင်း ငွေပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

MTK

တောဝတ်


ကောလင်း ဖေဖေါ်ဝါရီ ၁၄

ကောလင်းမြို့နယ်မြောင်းကြီးကျေးရွာအတွင်းတောဝက်တကောင်ဝင်ရောက်
...............................................................

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် မြောင်းကြီးကျေးရွာအတွင်းသို့ ယနေ့နံနက် ၈ နာရီခန့်ကတောဝက်တစ်ကောင်ဝင်ရောက်ပြီး ရွာအနီးယာခင်းပေါင်းရှင်းနေသော တောင်သူ (၃)ဦးအားဝင်ရောက်တိုက်ခိုက်သဖြင့်တောဝက်နှင့် နပန်းလုံးထွေးသတ်ပုတ်ခဲ့ရပြီးကျေးရွာသား၅၀ ခန့်မှဝိုင်းဝန်းကူညီသဖြင့်အသက်ဘေးမှလွတ်မြောက်ခဲ့ပါသည်။ ဦးသန်းအောင်၊ မယဉ်ယဉ်ထွေး တို့မှာပေါက်ပြဲဒဏ်ရာရရှိပြီး တာကျေးရွာမှ ဦစိုးသိန်းမှာဒဏ်ရာပြင်းးထန်စွာရရှိုသဖြင့် ကောလင်းမြို့ နယ်ပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမူ့ခံယူလျက်ရှိသည်ဟုသတင်းရရှိပါသည်။

အမှုအများဆုံးများ

*ဥပဒေစိုမိုးမှု-ထပ်မံနှိုင်းယှဉ်ကြည့်ကြစို့*
*
လူသတ်မှုအများဆုံးမှာ ရန်ကုန်၊ရှမ်းပြည်နယ်နှင့်
မန္တလေးမှာ အများဆုံးဖြစ်ပြီး
မုဒိန်းမှုအများဆုံးကတော့ ရန်ကုန်၊ဧရာဝတီနှင့်
မန္တလေးတို့ဖြစ်ကြောင်းလေ့လာသိရှိရပါတယ်..။

ယခင် အစိုးရနဲ့ ယခု အစိုးရသစ်လက်ထက်
တာဝန်ယူချိန်
ပထမ(၉)လတာ-ကာလအတွင်း
မှုခင်းဖြစ်ပွားမှု နှိုင်းယှဉ်ကြည်လျှင်-
နိုင်ငံတစ်ဝန်း-
၂၀၁၅ခုနှစ်-ဧပြီမှ ဒီဇင်ဘာအထိ လူသတ်မှုပေါင်း(၉၈၈)မှု၊
၂၀၁၆ခုနှစ်-ဧပြီမှ ဒီဇင်ဘာအထိ လူသတ်မှုပေါင်း(၁၀၂၃)မှု၊
ကာလတူ(၉)လအတွင်း (၃၅)မှု ပိုမိုတိုးပွား ပြောင်းလဲ။

၂၀၁၅ခုနှစ်ဧပြီမှဒီဇင်ဘာအထိ မုဒိန်းမှုပေါင်း(၅၁၃)မှု၊
၂၀၁၆ခုနှစ်ဧပြီမှ ဒီဇင်ဘာအထိ မုဒိန်းမှုပေါင်း(၉၁၀)မှု၊
ကာလတူ(၉)လအတွင်း မုဒိန်းမှု(၃၉၇)မှု
နှစ်ဆနီးပါးပိုမိုတိုးပွားပြောင်းလဲ။

၂၀၁၅ခုနှစ်ဧပြီမှဒီဇင်ဘာအထိ လုယက်မှုပေါင်း(၁၁၀)မှု၊
၂၀၁၆ခုနှစ်ဧပြီမှဒီဇင်ဘာအထိ လုယက်မှုပေါင်း(၁၂၄)မှု၊
ကာလတူ(၉)လအတွင်းလုယက်မှု(၁၄)မှုတိုးပွားပြောင်းလဲ။

၂၀၁၅ခုနှစ်ဧပြီမှဒီဇင်ဘာအထိ ခိုးမှုပေါင်း(၄၄၂၇)မှု၊
၂၀၁၆ခုနှစ်ဧပြီမှဒီဇင်ဘာအထိ ခိုးမှုပေါင်း(၄၈၄၅)မှု၊
ကာလတူ(၉)လအတွင်း ခိုးမှုပေါင်း(၄၁၈)မှု
တိုးပွားပြောင်းလဲ။လာကြောင်းလေ့လာတွေ့ရှိရပါတယ်။
လက်ရှိအခြေအနေဟာ ရာဇ၀တ်မှုတွေ ပိုမိုတိုးပွားပြောင်းလဲပြီး
နယ်မြေအေးချမ်းမှုယုတ်လျော့ ကျဆင်းနေသည်ဟု
ဆိုရမှာဖြစ်ပါတယ်..။

၂၀၁၁မှ၂၀၁၆ထိ (၆)နှစ်တာကာလအတွင်း
အမှုကြီး(၁၀)မျိုးအနေနဲ့ ၂၀၁၁ခုနှစ်မှာ၂၂၉၀မှု
၂၀၁၂ခုနှစ်မှာ-(၂၃၁၃)မှု၊၂၀၁၃မှာ-(၂၃၂၇)မှု
၂၀၁၄ခုနှစ်မှာ-(၂၃၆၂)မှု၊၂၀၁၅မှာ-(၂၂၉၇)မှု
၂၀၁၆ခုနှစ်မှာ-(၂၈၄၃)မှုရှိတဲ့အတွက်
ယခင်အစိုးရလက်ထက်(၅)နှစ်တာကာလအတွင်း
အမှုကြီးများကျဆင်းအောင် ဆောင်ရွက်နိုင်ပြီး
ယခုကာလမှာ ရုတ်တရက် တိုးမြှင့် ပြောင်းလဲနေကြောင်း
လေ့လာတွေ့ရှိရပါတယ်ခင်ဗျာ..
ဒါ့ကြောင့် အမျိုးသားအကျိုးစီးပွားအတွက်
ဥပဒေစိုးမိုးမှုရှိလာအောင် နောင်ရွေးကောက်ပွဲများမှာ
အသိနဲ့သတိယှဉ်ကာ သုံးသပ်ဆုံးဖြတ်မဲပေးကြဘို့
တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ...။
(ဆက်လက်ဖေါ်ပြပါအုံးမည်ခင်ဗျာ)

အမျိုးသားအကျိုးစီးပွားအတွက်ရည်ရွယ်လျှက်-
လေးစားစွာဖြင့်-
ဦးသိန်းထွန်းဦး
ဥက္ကဋ္ဌ
ပြည်ခိုင်ဖြိုးပါတီ
အမရပူရမြို့နယ်။

မီးသတ်​သတင်း

ဗဟိုမီးသတ်​သင်​တန်း​ကျောင်း(ဇီးပင်​ကြီး) လက်​​ထောက်​မီးသတ်​ဦးစီးမှူး​လောင်းသင်​တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဖေ​ဖော်​ဝါရီ ၁၀

ဗဟိုမီးသတ်​သင်​တန်း​ကျောင်း (ဇီးပင်​ကြီး) လက်​​ထောက်​မီးသတ်​ဦးစီးမှူး​လောင်းသင်​တန်း အမှတ်​စဉ်​.(၁၅/၂၀၁၆) သင်​တန်းဆင်းပွဲအခမ်းအနားကို ဖေ​ဖော်​ဝါရီလ ၁၀ ရက်​​နေ့ နံနက်​ ၈ နာရီက အဆိုပါသင်တန်း​ကျောင်း စစ်​​ရေးပြကွင်းတွင်​ ကျင်းပပြုလုပ်​ကြောင်း သိရသည်။

သင်​တန်းဆင်း အခမ်းအနားသို့ ကျေင်းအုပ်​ကြီး ဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ ဦးသန်း​ကျော်​​ကျော်​၊ဒု​တိယကျောင်းအုပ်​ကြီး၊ မန္တ​လေးတိုင်း​ဒေသကြီး ဦးစီးမှူး ညွှန်​ကြား​ရေးမှူး ဦးသန်း​ဇော်​ဦး၊ မီးသတ်​ဦးစီးဌာနမှအရာရှိများနှင့်​ မိသားစုဝင်​များ၊မြန်​မာနိုင်​ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ဌာနဆိုင်​ရာတာဝန်​ရှိသူများ၊ အရန်​မီးသတ်​တပ်​ဖွဲ့အရာရှိများ၊ သင်​တန်းဆင်း လက်​​ထောက်​မီးသတ်​ ဦးစီးမှူး​လောင်းများ၏ မိသားစု
ဝင်​များနှင့် ဖိတ်​ကြားထားသူများ တက်​​ရောက်​ကြသည်​။

သင်​တန်းဆင်းပွဲတွင် မြန်​မာနိုင်​ငံမီးသတ်​တပ်​ဖွဲ့ ညွှန်ကြား
ရေးမှူးချုပ်​ ဦးတင်​မိုးက သင်​တန်းဆင်းတပ်​ခွဲများကို စစ်​​ဆေးပြီး သင်​တန်းသားအ​ကောင်းဆုံး စံပြထူးချွန်​ဆုရ ​ကျောင်းသားအမှတ် ၁၁ လက်​​ထောက်​မီးသတ်​ဦးစီးမှူး​လောင်း ​ကျော်​သန်း​ဋ္ဌေး (ရန်​ကုန်တိုင်း​ဒေသကြီး၊ သုံးခွမြို့နယ်​)၊ သင်​တန်းသူ အ​ကောင်းဆုံးစံပြထူးချွန်​ဆုရ ​ကျောင်းသားအမှတ်​(၃၈၃) လွင်​လွင်​သူ (မြန်​မာနိုင်​ငံမီးသတ်​တပ်​ဖွဲ့ဋ္ဌာနချုပ်​)တို့ကို ငွေဓါးဆုနှင့်​ လေ့ကျင့်​​ရေးထူးချွန်​၊ စာပေထူးချွန်​ဆုရ သင်​တန်းသား သင်​တန်းသူများကို ထူးချွန်​ဆုများ ချီးမြှင့့်ပေးအပ်​သည်​။

ထို့​နောက်​ ညွှန်​ကြား​ရေးမှူးချုပ်​သည်​ သင်​တန်းဆင်းတပ်​ခွဲများ၏ အနှေး​လျှောက်၊ အမြန်လျှောက်​တို့ဖြင့်​ အ​လေးပြုခြင်းကို ခံယူကာသင်​တန်းဆင်း မိန့်​ခွန်းပြောကြား၍ ဧည့်​ခန်းမ၌ ထူးချွန်​ သင်​တန်းသား သင်​တန်းသူများနှင့်​ ၎င်းတို့၏ မိဘများကို ​တွေ့ဆုံ အား​ပေးစကား ​ပြောကြားသည်​။

၎င်း​နောက်​ ရာထူးခန့်​အပ်​လွှာ​ပေးအပ်​ပွဲအခမ်းအနားကို အ​နော်​ရထာခန်းမတွင်​ ဆက်​လက်​ကျင်းပပြုလုပ်​ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်​ ဦးတင်​မိုးက သင်​တန်းဆင်း လက်​​ထောက်​မီးသတ်​ ဦးစီးမှူး​လောင်း ကျား ၂၈၈ ဦး၊ မ ၁၂၇ ဦးတို့ကို ရာထူးခန့်​အပ်​လွှာများ ​ပေးအပ်​ကြောင်း သိရသည်​။

(Ah Lin Nge)

Photo: Than Htay, Ma Jor & Zin Myo Win

မန္တ​လေးသတင်း

မာန်​​အောင်​ရတနာဓာတုဃရ ဝါခင်းကုန်း​စေတီ ပန်း​မွေ့ယာခင်း
ပူ​ဇော်​ပွဲကျင်းပ
(မန္တ​လေး၊ ​ဖေ​ဖော်​ဝါရီလ ၁၃)

မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​၊ ကန်​​ကောက်​ရပ်​ကွက်​၊ ၃၂×
၃၄လမ်းကြား၊ ၅၆×၅၇လမ်းကြားရှိ မာန်​အောင်​ရတနာဓာတုဃရ
ဝါခင်းကုန်း​စေတီ ပန်း​မွေ့ယာခင်းပူ​ဇော်​ပွဲကို ဖေ​ဖော်​ဝါရီလ ၁၃
ရက်​​နေ့က ကျင်းပပြုလုပ်​ခဲ့သည်​။

အဆိုပါပူ​ဇော်​ပွဲတွင်​ ကန်​​ကောက်​ကြီး၊ ကန်​​ကောက်​သစ်​၊ ကန်ကောက်
ဟောင်း၊​ ရွှေယဉ်​မွန်​၊ ယာဉ်​ပျံ၊ ကျန်းမာ​ရေး၊ ​ရွှေဂဲပွား၊ ကွေ့ကြီး
ကုန်း စသည့်​ ရပ်​ကွက်​များမှ ပန်းအလှ အမျိုးမျိုးပုံ​ဖော်​၍ အတီးအ
မှုတ်​ အကအခုန်​များဖြင့်​ ​ပျော်​ရွှင်​စွာ လှည့်​လည်​ လှူဒါန်းပူ​ဇော်​ ခဲ့
ကြောင်း သိရသည်​။
ဆေးတက္ကသိုလ်(မန္တလေး) ​ကျောင်းသားများသမဂ္ဂမှ ဦးစီး၍
ဗိုလ်ချုပ်အောင်ဆန်း (၁၀၂)နှစ်ပြည့်​မွေးနေ့ အထိမ်းအမှတ်
အမှတ်​တရ ခင်းကျင်းပြသ
(မန္တ​လေး၊ ​ဖေ​ဖော်​ဝါရီလ ၁၃)

ဆေးတက္ကသိုလ်(မန္တလေး) ​ကျောင်းသားများသမဂ္ဂမှ ဦးစီး၍
ဗိုလ်ချုပ်အောင်ဆန်း (၁၀၂)နှစ်ပြည့်​မွေးနေ့ အထိမ်းအမှတ်
အမှတ်​တရ ခင်းကျင်းပြသပွဲကို ဖေ​ဖော်​ဝါရီလ ၁၃ရက်​​နေ့
နံနက်​ ၈နာရီက မန္တ​လေး၊ ချမ်း​အေးသာစံမြို့နယ်​ရှိ အဆိုပါ
တက္ကသိုလ်​ ပင်​မ​ဆောင်​​အောက်​ထပ်​တွင်​ ကျင်းပပြုလုပ်​သည်​။


အဆိုပါအမှတ်​တရပြသပွဲတွင်​ ဗိုလ်​ချုပ်​​အောင်​ဆန်း ​ရေးသားခဲ့သည့်
စာ​ပေနှင့်​ မိန့်​ခွန်း ​ကောက်​နှုတ်​ချက်​များ၊ ဗိုလ်​ချုပ်​​အောင်​ဆန်း၏ ပင်​လုံညီလာခံ ​ဆောင်​ရွက်​ချက်​မှတ်​တမ်း ဓာတ်​ပုံများ၊ အမှတ်​တရ
ဓာတ်​ပုံ၊ ပန်းချီ၊ ကဗျာများ ပြသထားပြီး တက်​​ရောက်​လာကြသူများ
ကို ပဲပြုတ်​၊ နံပြားနှင့်​ ​ကော်​ဖီများဖြင့်​ ဧည့်​ခံခဲ့သည်​။

အမှတ်​တရပြသပွဲသို့ ဆေးတက္ကသိုလ်(မန္တလေး) ပါ​မောက္ခချုပ်​ ​ဒေါက်
တာ ခင်​​မောင်​လွင်​၊ ပါ​မောက္ခ/ဋ္ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊
ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဟိန်းဝင့်​ဝါနှင့်​ အဖွဲ့ဝင်​များ၊ ​ကျောင်း
သား၊ ​ကျောင်းသူများ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ရက် နံနက် ၉နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၂၇လမ်းကြား ၇၁လမ်းရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိမ်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ကလေးများနေ့အထိမ်းအမှတ် အာဟာရ​ကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်​၏ဇနီး ​ဒေါက်​တာယု​မေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးများနှင့်​ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူမျာ၊ NGO INGO များမှ တာဝန်ရှိသူများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်ကြသည်။

အခမ်းအနားတွင် ကလေးငယ်များက တိုင်းရင်းသားအကအလှများ
ဖြင့်​ ဖျော်ဖြေတင်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး ကလေး
များနေ့ အထိမ်းအမှတ် ဆုပေးပွဲနှင့် အာဟာရကျွေးမွေးခြင်းများ ပြုလုပ်ကြောင်းသိရသည်။

ကျော်​ထူး( Mdy; News Journal)
>> Ah Lin Nge >>

(၁၀၂)နှစ်​​မြောက်​ဗိုလ်​ချုပ်​​မွေး​နေ့သတင်းများ

မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကလေးများနေ့ အထိမ်းအမှတ် အာဟာရကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ရက် နံနက် ၉နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်းနှင့် ၂၇လမ်းကြား ၇၁လမ်းရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိမ်းသိန်းရေးဝန်ကြီး ဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားသည်။


မန္တလေးတိုင်းဒေသကြီး ကလေးများနေ့အထိမ်းအမှတ် အာဟာရ​ကျွေးခြင်းနှင့် ဆုပေးပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်​၏ဇနီး ​ဒေါက်​တာယု​မေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးများနှင့်​ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူမျာ၊ NGO INGO များမှ တာဝန်ရှိသူများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်ကြသည်။

အခမ်းအနားတွင် ကလေးငယ်များက တိုင်းရင်းသားအကအလှများ
ဖြင့်​ ဖျော်ဖြေတင်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး ကလေး
များနေ့ အထိမ်းအမှတ် ဆုပေးပွဲနှင့် အာဟာရကျွေးမွေးခြင်းများ ပြုလုပ်ကြောင်းသိရသည်။

ကျော်​ထူး( Mdy; News Journal)
>> Ah Lin Nge >>