Friday, December 30, 2016

ပထမဆုံးအကြိမ်​ ကားပြိုင်​ပွဲ ပြပွဲမန္တ​လေး

မန္တလေးမြို့မှကားဝါသနာရှင်များစုပေါင်း၍ ပြင်ဦးလွင်တွင်
ကားပြပွဲနှင့်Car Driftဆွဲပြိုင်ပွဲကျင်းပ

မြတ်​သစ်​ခိုင်

မန္တလေးမြို့မှကားဝါသနာရှင်များစုပေါင်းဖွဲ့စည်းထားသော Mandalay Car
Week(2016-Event) အနေ ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအုပ်စုရှိ
ပြင်စာ(Cyber City)၌ ကားပြပွဲနှင့်Car Driftဆွဲပြိုင်ပွဲကို ယနေ့
နံနက်(၁၀)နာရီခွဲမှစတင်၍ နှစ်ရက်တာကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကိုဝါသနာရှင်များမှတစ်ဆင့်
နိုင်ငံတကာကားပြိုင်ပွဲများသို့ ၀င်ရောက်နိုင်သူများပေါ်ထွက် လာစေရန်၊
ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမောင်းနှင်ကြစေရန်၊ ကားနှင့်ပတ်သက်သည့်
စိတ်ကူးစိတ်သန်းများတိုးတက်လာစေရန်နှင့်အတွေးအမြင်ဗဟုသုတများတိုးတက်လာစေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ(၁)ဦးစိုင်းကျော်နိုင်ဦးက
ပြောကြားခဲ့ သည်။

“Car Driftဆွဲပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်မဲ့သူတွေဟာ
ကော်မတီကထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း
လိုက်နာပြီးပါဝင်ယှဉ်ဖို့ လုပ်ဆောင်ထားပါတယ်။ နောက်ပြီး
သတ်မှတ်ထားတဲ့ပုံစံအတိုင်းလိုက်နာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အခု
ပြိုင်ပွဲဟာ Mandalay Car Weekအတွက် မန္တလေးမှာပထမဆုံးဖြစ်တဲ့အတွက်
နောက်နှစ်တွေမှာ ဒီထက်မကပိုပြီး ကောင်းမွန်အောင်လုပ်ဆောင်သွားမှာပါ။
အခုပထမရက်မှာက ကားအလှပြပွဲသီးသန့်ပါ။ ဒုတိယရက် မှာက Car
Driftဆွဲသီးသန့်ပြိုင်သွားမှာပါ။ ကားပြိုင်ပွဲဆိုတာ
ကမ္ဘာမှာအားကစားတစ်ခုပဲ။
နိုင်ငံတကာနဲ့ယှဉ်ပြိုင်ပြီးသူတို့လိုမောင်းနိုင်တဲ့ Off Road &
Driftကျွမ်းကျင်သူတစ်ယောက်ဖြစ်စေချင်တဲ့အတွက်
အခုလိုပြုလုပ်ခြင်းဖြစ်ပါတယ်။”ဟု ၎င်းကဆက်လက်ပြောကြားသည်။

Car Driftဆွဲပြိုင်ပွဲကို (A)အုပ်စုနှင့်(B)အုပ်စုဟူ၍သတ်မှတ်ထားပြီး
ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ အနေဖြင့်
တစ်ဦးလင်ငွေကျပ်နှစ်သောင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်စေကာ ဆုကြေးအဖြစ်
(၆)သိန်း၊ (၄)သိန်းနှင့် (၂) သိန်းတို့ကိုချီးမြှင့်သွားမည်ဖြစ်သည်။

“ကျွန်တော်က (A)အုပ်စုကနေ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ။
ဒီပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ သုံး၊လေးလောက်ကြိုတင်ပြင်ဆင်ခဲ့တာပါ။
ဝင်ရောက်ယှဉ်ပြိုင်မဲ့ကားအမျိုးအစားကတော့ တိုယိုတာ Mark-2(99)ပါ။
ဒီပြိုင်ပွဲကိုဝင်ရောက်ရတဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာလည်း
ကားအားကစားပြိုင်ပွဲတစ်ခုဖြစ်မြောက်လာစေဖို့အတွက်
ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ ဆုရရှိအောင်လည်းယှဉ်ပြိုင်သွားမှာပါ။”ဟု
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးမြို့နေ
ကိုအကြီးကောင်(ခ)၀င်းတင့်ထွန်းက ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် ပြပွဲအတွက်ပါဝင်ပြသမည့်ကားအစီးရေ(၇၀)ကျော်ရှိပြီး
Car Driftဆွဲပြိုင်ပွဲတွင် ကား အစီးရေ(၃၅)စီးကျော်၊
အလှပြကားအစီးရေ(၂၀)နှင့် ရှေးဟောင်းများနှင့် ပုံစံသစ်ထုတ်လုပ်ထားသည့်
ကားအစီးရေ(၁၀)ကျော်တို့ကိုပြသခဲ့ကာ ဒီဇင်ဘာ(၃၁)ရက်တွင်
ကားဒရစ်ဆွဲပြိုင်ပွဲကို ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

မန္တ​လေးကားပြိုင်​ပွဲပြပွဲ


ပြင်ဦးလွင်တွင် Mandalay Car Week ပွဲ ကျင်းပ
---- ------ ------ ------ ----
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ပြင်စာကျေးရွာအနီး Cyber City တွင် ကားဝါသနာရှင်များစုပေါင်းကာ Mandalay Car Week (2016) ကားပြပွဲပြိုင်ပွဲကို ဒီဇင်ဘာလ ၃၀နှင့် ၃၁ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

ဝါသနာရှင်များမှတဆင့် နိုင်ငံတကာကားပြိုင်ပွဲများသို့ ဝင်ရောက်နိုင်သူများပေါ်ထွက်လာစေရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာမောင်းနှင်ကြစေရန်အတွက်
ပြိုင်ပွဲစည်းကမ်းများ သတ်မှတ်ထားကြောင်း၊ ကားနှင့်ပတ်သက်သည့် စိတ်ကူစိတ်သန်းများနှင့်တွေးမြင်ဗဟုသုတများ တိုးတက်လာစေရန်နှင့် မျိုးဆက်သစ်များ ကားပြိုင်ပွဲစည်းကမ်းများကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုစိုင်းကျော်နိုင်ဦးကပြောသည်။

"ကျွန်တော်တို့က လားရိုးကနေ ကားလာပြတာပါ။ ပြိုင်ပွဲမဝင်ပါဘူး။ သူငယ်ချင်းတွေစုပြီး လာကြတာ။ ကား အစီး၂၀ ပါ။ အားလုံးက ဝါသနာရှင်တွေပေါ့”ဟု ကားအလှပြပွဲလာသူတဦးက ပြောသည်။

အဆိုပါ ကားပြပွဲပြိုင်ပွဲတွင် ကားစီးရေ ၇၀ ကျော်ခန့် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထူးခန့်

Wednesday, December 28, 2016

"နှစ်​စဉ်​ကျင်းပလျှက်​ရှိ​သောတံခွန်​တိုင်​ နွား
ဘေးမဲ့ပွဲ​တော်​ (၇၁)ကြိမ်​​မြောက်​ကျင်းပ"
=============================
မန္တ​လေး ဒီဇင်​ဘာ ၂၈

မန္တ​လေးတိုင်း ပြည်​ကြီးတံခွန်​မြို့နယ်​ တံခွန်
တိုင်​နွား​ဘေးမဲ့ပွဲ​တော်​ကိုဒီဇင်​ဘာလ ၂၈
နေ့က နှစ်​စဉ်​ကျင်းပလျှက်​ရှိ​သော နွား​ဘေး
မဲပွဲ​တော်​ကို (၇၁)ကြိမ်​​မြောက်​အဖြစ်​စည်​ကားသိုက်​မြိုက်​စွာကျင်းပပြုလုပ်​ခဲ့သည်​ကို
တွေ့ရသည်​။

တံခွန်​တိုင်​နွား​ဘေးမဲပွဲ​တော်​ကို အိန္ဒိယနွယ်
ဝင်​ ဟိန္ဒူဘသာဝင်​များက ဦးစီး၍ နှစ်​စဉ်​ကျင်း
ပပြုလုပ်​ခဲ့ရာ ယခုနှစ်​ဆိုလျှင်​ ၇၁ ကြိမ်​​မြောက်​ကျင်းပခဲ့တာဖြစ်​ပြီး နွားများကိုလာ​ရောက်​လှူဒါန်းသူများရှိသဖြင့်​ ယခင်​နှစ်​က
၇၉ ​ကောင်​ရှိပြီး ယ​နေ့ ၁၁ ​ကောင်းလာ​ရောက်​လှူကြသူများရှိသဖြင့်​ တံခွန်​တိုင်​နွား​ဘေးမဲ့ စခန်းတွင်​ နွာအ​ကောင်​​ရေ ၉၀ ထိ
ထိမ်းသိမ်း​ဆောက်​​ရှောက်​ထားကာ တစ်​နှစ်

မှတစ်​ကြိမ်​ ပွဲ​တော်​အတွက်​ မန္တ​လေး စီးပွား
ရေးလုပ်​ငန်းရှင်​များထံကို လှူခံကား​ကျွေး​မွေး
ဆောင့်​​ရှောက်​လျှက်​ရှိပြီ ​မြေဧက ၄၀ အတွင်းနွားများကို ​နောင်​ကြိုးမဲ လွတ်​ထားလျှက်​ရှိ
ကြောင်း တာရှိသူများထံကသိရသည်​။

Tuesday, December 27, 2016

မန္တ​လေးတက္ကသိုလ်​တွင်​တပ်​မ​တော်​စစ်​ပညာသင်​ကြား​ပေးမည်

"မန္တ​လေးတက္ကသိုလ်​တွင်​​ကျောင်းသား​ကျောင်းသူများတပ်​မ​တော်​ တပ်​ဖွဲ့ဝင်​သင်
တန်း အခမဲ့စာရင်း​ပေးသွင်းကာတက်​​ရောက်
ခွင့်​သင်​တန်းပိုချသွားမည်​"

==============================
မန္တ​လေး ဒီဇင်​ဘာ ၂၈

မန္တ​လေးတိုင်း​ဒေသကြီး မဟာ​အောင်​​မြေမြို့
နယ်​ မန္တ​လေးတက္ကသိုလ်​​ကျောင်းအတွင်းရှိ
အင်​ဝ​ဆောင်​အမှတ်​(၉)ခန်းမ​ဆောင်​တွင်
မန္တ​လေးတက္ကသိုလ်​နှင့်​အမှတ်​(၂)တက္ကသို
လ်​​လေ့ကျင့်​​ရေးတပ်​တို့ပူး​ပေါင်းကာ ၂၀၁၆/
၂၀၁၇ ပညာသင်​နှစ်​ တပ်​ဖွဲ့ဝင်​သင်​တန်းဖွင့်
လှစ်​နိုင်​​ရေး ​ဟော​ပြောပွဲကို ဒီဇင်​ဘာလ ၂၇
နေ့ကကျင်းပပြုလုပ်​ခဲပြီး စိတ်​ပါဝင်​စား​သော
ကျောင်းသား​ကျောင်းသူများ ဒီဇင်​ဘာလ ၂၈
နေ့မှစတင်​၍ ဇန်​နဝါရီလ ၁၀ ရက်​​နေ့၂၀၁၇
ထိ အင်​ဝ​ဆောင်​​ရှေ့တွင်​လူကိုယ်​တိုင်​လာ​ရောက်​စာရင်း​ပေးသွင်းနိုင်​​ကြောင်းသိရသည်​။
။

၂၀၁၆/၂၀၁၇ပညာသင်​နှစ်​ တပ်​ဖွဲ့ဝင်​သင်​တန်းဖွင့်​လှစ်​နိုင်​​ရေးအသိပညာ​ပေး​ဟော​ပြောပွဲအခန်းအနားကို မန္တ​လေးတက္ကသိုလ်
ပါ​မောက္ခချုပ်​ ​ဒေါက်​တာသိတာ အမှတ်​(၂)
တက္ကသိုလ်​​လေ့ကျင့်​​ရေးတပ်​မှ တပ်​​ရေး
ဗိုလ်​ကြီး ရန်​နိုင်​ထွန်းနှင့်​တပ်​ဖွဲဝင်​များ​ကျောင်း
သား​ကျောင်းသူ(၁၅၀)ခန့်​တက်​​ရောက်​ကာ
ဒေါက်​တာသိတာကအဖွင့်​အမှာစကား​ပြော
ကြားခဲ့သည်​ကို​တွေရသည်​။

"ကျွန်​မအ​နေနဲ့ ဒီအခန်းအနားတွင်​​ပြောခွင့်​ရ
လို့ ​ကျေးဇူးတင်​​ကြောင်း​ပြောလိုပါတယ်
သင်​တန်း၏ရည်​ရွယ်​ချက်​မှ ယခု​လေ့ကျင့်​​ရေး အ​ပျော်​တမ်းတပ်​မ​တော်​မှ အမြဲတမ်​မ
တော်​သို့ဝင်​​ရောက်​လိုပါကများစွာ အကျိုးရှိ
လာမှာဖြစ်​ပါတယ်​ ဘွဲရရှိပြီပါက(OTS)သင်
တန်းသို့တက်​​ရောက်​နိုင်​​ကြောင်း​လေ့ကျင့်​ခြင်းအားဖြင့်​ ကိုယ်​ခန္ဓာ ကျန်းမာကြံခိုင်​ခြင်း
စွမ်းရည်​ထက်​မျက်​ခြင်း အ​တွေ့အကြုံ​ကောင်
းများရရှိနိုင်​ခြင်း ယခု​လေ့ကျင့်​​ရေးသည်​က
ကာကွယ်​​ရေးဝန်​ကြီးဌာနနှင်​ပညာ​ရေးဝန်​ကြီးဌာနသို့ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းဖြစ်​ပါတယ်​။ ကျွန်​မနိုင်​ငံတွင်​မကပါဘူး အစ္စ​ရေး
ကိုရီးယား အစရှိသည့်​ နိုင်​ငံများ အမျိုးသမီး
အမျိုးသား​တွေပါ စစ်​မူထမ်း​ဆောင်​​နေကြတာ
ဖြစ်​ပါတယ်​ဟု မန္တ​လေးတက္ကသိုလ်​ ပါ​မောက္ခ
ချုပ်​​ဒေါက်​တာသိတာက​ပြောကြားခဲ့သည်​။

"တက္ကသိုလ်​​လေ့ကျင့်​​ရေးသင်​တန်းသို့​ကျောင်းသားတိုင်​မတက်​​ကြောင်း ​နေ့​ကျောင်း
သားများသာရရှိသည့်​ အခွင့်​အ​ရေးဖြစ်​ပါတယ်​။
သင်​တန်းတက်​​ရောက်​ခြင်းဖြင့်​ ကျန်းမာ​ရေး
ကြံခိုင်​ခြင်း တိုက်​ပွဲများတွင်​ အသုံးချရသည့်
ပညာရပ်​များ အုပ်​ချုပ်​မှုစွမ်းရည်​များ စခန်းချ
နည်​များ ​ရှေ့သို့လိုက်​ပါနိုင်​ပါက များစွာအကျိုး
ရှိနိုင်​ပါတယ်​ဒီလိုသင်​တန်း​တွေက စစ်​ကြို​ခေတ်​တက်​​ရောက်​ခဲ့ကြ​သော(UTC)​ကျောင်း
သားများရဲ့မှတ်​တမ်းဓာက်​ပုံများရှိ​ကြောင်း
သင်​တန်းတက်​​ရောက်​စဉ်​နိုင်​ငံ​တော်​ကမှ​ပေး
အပ်​​သော ​ထောက်​ပံ​ငွေလစာများရရှိကာ
သင်​တန်းတက်​​ရောက်​စဉ်​​ပေးအပ်​သည့်​ရာထူးအဆင့်​များ​ပေးအပ်​သွားဖို့ရှိပါတယ်
အခြားနိုင်​ငံရှိတက္ကသိုလ်​တက်​​ရောက်​စဉ်
စစ်​မှုထမ်း​ဆောင်​မှု့မှတ်​တမ်းများနှင့်​ တက္ကသိုလ်​​လေ့ကျင့်​​ရေးတပ်​တွင်​ ​ကျောင်း
သား​ကျောင်းသူသင်​တန်းတက်​စဉ်​ ရိုက်​ကူး
ထားသည့်​မှတ်​တမ်းဗီဒီယိုများပြသာကာ
သင်​တန်းသို့တက်​​ရောက်​လိုပါက ဒီဇင်​ဘာလ၂၈ ​နေ့မှ ဇန်​နဝါရီလ ၁၀ ရက်​​နေ့များ
တွင်​ မန္တ​လေးတက္ကသိုလ်​ အင်​ဝ​ဆောင်​အမှတ်​(၉)​ရှေ့တွင်​ လာ​ရောက်​စာရင်း​ပေးသွင်းနိုင်​​ကြောင်း​ပြောကြားခဲ့သည်​။

ချည်​​ဆေးဆိုးလုပ်​ငန်းပိတ်​ခံရသူသတင်းစားရှင်


"ယက္ကန်းအသုံးပြု ချည်​​ဆေးဆိုးလုပ်​ငန်းအား
ပြန်​လည်​လုပ်​ကိုင်​ခွင့်​ပြု​စေလိုဟုဆို"
===========================
မန္တ​လေး ဒီဇင်​ဘာ ၂၇

မန္တ​လေး အမရပူရမြိုနယ်​ စာ​တော်​​ကျေးရွာ
မြန်​မာရိုရာယက္ကန်းလုပ်​ငန်းများအတွက်
အသုံးပြုလျှက်​ရှိ​သော ချည်​​ဆေးဆိုးလုပ်​ငန်း
အား စည်​ပင်​ဥပ​ဒေဖြစ်​ ဒဏ်​ရုက်​ခြင်း လုပ်
ငန်းရပ်​နားခိုင်းခြင်း ပိတ်​သိမ်းထားခြင်းများ
ကြောင့်​ အိမ်​တွင်းလုပ်​ငန်းရှင်​တစ်​ဦးရဲ့
နစ်​နာဆုံးရှုံးမှုများရှိသဖြင့်​စာနယ်​ဇင်းရှင်​ပွဲ
လုပ်​၍​ပြောသည်​။

ကျွန်​​တော်​ဟာ ၂၀၀၄ ခုနှစ်​ထဲကစတင်​၍
ထင်းကို​လောင်​စာအဖြစ်​အသုံးပြုကာ
ချည်​​ဆေးဆိုးလုပ်​ငန်းလုပ်​ကိုင်​ခဲ့တာပါ
မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိ စက်​မှုလုပ်​ငန်းရှင်​များနှင့်​ အမရပူရမြို့နယ်​အတွင်းရှိ
ယက္ကန်းလုပ်​ငန်းရှင်​များ၏ ချည်​​ဆေးဆိုးလုပ်
ငန်းတွင်​ အသုံးပြုလျှက်​ရှိ​သော စပါးခွံ​လောင်
စာသုံးမီးဖိုများကိုအသုံးပြု​နေသည်​ကို​တွေ့ရှိရလို ကျွန်​​တော်​တို့ ချည်​​ဆေးဆိုးလုပ်
ငန်းကို စပါးခွံ​လောင်​စားသုံး မီးဖိုကိုအသုံးပြု
ကာ ထင်းကို​လောင်​စာအဖြစ်​အသုံးပြု​နေ
သောမီးဖိုထက်​ ကုန်​ကျစရိတ်​သက်​သာ​စေခြင်း မီး​ဘေးအန္တရာယ်​နှင်​ သဘာဝပတ်
ဝန်းကျင်းကိုထိုခိုက်​မည့်​ဆိုးကျိုးများသက်​သာ
လိုကျွန်​​တောက စပါးခွံ​လောင်​စာသုံးမီးဖိုကို
အသုံးပြုခဲ့တာပါ။
အဲဒါကိုတစ်​ရွာတည်း​နေ အိမ်​နီးခြင်းဖြစ်​သူ
ဦး​အောင်​မြင့်​က စပါးခွံမီးဖိုဖြင့်​ မပြုလုပ်​ရန်
တိုင်​ကြားသဖြင့်​ တာဝန်​ရှိသူများက လာ​ရောက်​စစ်​​ဆေးပြီး လုပ်​ငန်းလိုင်​စင်​လုပ်​ခိုင်
ခြင်း ဆက်​မလုပ်​ရန်​ ပိတ်​ထားခြင်း စည်​ပင်
ဥပ​ဒေဖြစ်​ဒဏ်​​ကြေး​ငွေ​တောင်းခံခြင်းများခံ
ရပါတယ်​ လုပ်​ငန်းပိတ်​သိမ်းပါက ကျွန်​​တော်
မှာ ဆုံးရှုံးနစ်​နာမှု​တွေအများကြီးရှိတယ်
ကျွန်​​တော်​တို့မြန်​မာနိုင်​ငံရဲ ဖွံဖြိုးတိုးတက်​ဖို့
ဆိုလျှင်​ နိုင်​ငံသူ နိုင်​ငံသား​တွေရဲ အ​သေးစား
အလတ်​စား ရင်းနှီးမြုပ်​နှံသူလုပ်​ငန်းရှင်​များကို ဖွံဖြိုးတိုးတက်​​အောင်​​ဆောင်​ရွက်​​ပေး
ဖို့အဓိကကြတယ်
ကျွန်​​တော်​အ​နေဖြင့်​​ပြောရရင်​ မန္တ​လေးစက်​မှု
လုပ်​ငန်းရှင်​များတွင်​အသုံးပြုလျှက်​ရှိ​သော
စပါးခွံမီးဖိုသုံး အ​သေးစား လုပ်​ငန်းတစ်​ခုဖြစ်
သောကျွန်​​တော်​ချည်​​ဆေးဆိုးဖိုလုပ်​ငန်းအား
စပါးခွံမီးဖိုအားပြန်​လည်​အသုံးပြုခွင့်​​ပေ​စေ
လို​ကြောင်း တိုင်း​ဒေသကြီးအစိုးရထံ အသ
နားခံစာတင်​ထားပါတယ်​ အကြိမ်​ကြိမ်​ပါ
ကျွန်​​တော်​ရွာထဲမှာ ကျွန်​​တော်​နဲ့ လုပ်​ငန်းတူ
၃ ဦးရှိပါတယ်​ အဲဒီလူ​တွေကြ မပိတ်​ခိုင်​ဘူး
ကျွန်​​တော်​ကြ​တော့ပိတ်​ခိုင်းတယ်​ ဒဏ်​တပ်
တယ်​ လုပ်​ငန်းလိုင်​စင်​လုပ်​မယ်​ဆို​တော့
လျှောက်​ထား​သော်​လည်းချမ​ပေးဘူး ကျွန်​​တော်​တို့အလုပ်​က လုပ်​ငန်းလိုင်​စင်​နဲ့မဆိုင်
ဘူး အမရပူရတစ်​မြိုလုံးမိရိုဖလာလုပ်​ငန်း
အဖြစ်​​ရှေးယခင်​ထဲ့က လုပ်​​နေကြတာယက္ကန်းလုပ်​ငန်းလိုင်​စင်​​တော့
လူတိုင်​ရှိတယ်​ ကျွန်​​တော်​တို့လုပ်​ငန်းဟာ
လက်​မှုပညာဖြစ်​​သော လက်​ယက္ကန်းထဲ့က
လုပ်​လာခဲ့တာ အခုစက်​ယက္ကန်းအထိပါ
ဘေးပတ်​ဝန်းကျင်းလည်းထိခိုက်​မှုမရှိပါဘူး
တိုင်းတဲသူက နှံတယ်​လို​ပြောပြီး တိုင်းကြား
ခဲတာပါ အမှန်​က မနှံဘူး စပါးခွံ မီးဖိုအသုံး
ပြုသည့်​အတွက်​ ကုန်​ကျသတ်​သာတယ်
သဘာဝပတ်​ဝန်းထိမ်းသိမ်းပြီးသားလည်းကျ
တယ်​တစ်​ခြားရွာ​တွေလည်းဒီလိုပဲအသုံးပြု
တယ်​ အမရပူရ တစ်​မြို့လုံးလည်းအသုံးပြု
လျှက်​ရှိ​ကြောင်း ချည်​​ဆေးဆိုးဖိုပိတ်​သိမ်းခံရ
သူဦး​နေမျိုးထွန်းက​ပြောသည်​။

အဆိုပါချည်​​ဆေးဆိုးလုပ်​ငန်းဟာ အိမ်​တွင်း
အ​သေးစားလုပ်​ငန်းတစ်​ခုဖြစ်​သလို အမရပူ
ရမြိုနယ်​ရဲ့ မြန်​မာရိုးရာယာဉ်​​ကျေးမှုအ​မွေနစ်
တစ်​ခုဆိုရင်​ မမှားပါဘူး ယက္ကန်းပညာတွင်
ချည်​အကြမ်းထည်​များကို အတိုင်​အ​ဖောက်
လိုအပ်​​သောအ​ရောင်​မျာရရှိ​စေရန်​အတွက်
အိန္ဒိယ တရုတ်​ မြန်​မာချည်​ ပိုးချည်​များဖြစ်​ကြ
သော ၂-၈၀ ၂-၄၀ ၂-၆၀ မြန်​မာချည် ဝါဂွမ်း
ချည်​ ပိုးချည်​များကို လိုသလို့​ရောင်​အ​သွေး
ချယ်​ကာ အလှဆင်​ယက်​လုပ်​ရာတွင်​မရှိမဖြစ်​လိုအပ်​​သောလုပ်​ငန်းကို ​ရှေးယခင်
ထဲက ရိုးရားယာဉ်​​ကျေးမှုဖြစ်​တစ်​ပိုင်​တစ်​နိုင်
စီးပွား​ရေးလုပ်​ငန်းအဖြစ်​ တစ်​မြို့လုံးလုပ်​ကိုင်​ခဲ့ကြ​သော်​လည်း ယခုလို ရိုရာလုပ်​ငန်း
ကိုဘယ်​အစိုးရလက်​ထက်​ကမှာတားဆီးခြင်း လုပ်​ငန်းရပ်​ခိုင်းခြင်းမရှိခဲ့​ကြောင်း ပုဂ္ဂိုလ်​​ရေး
ကျေနပ်​မှုမရှိခြင်း လုပ်​ငန်းတူ စီးပွားတူများက
ထင်းအစားအခြား​လောင်​စာသုံးစွဲရာက
ကုန်​ကျသက်​သာပြီး လုပ်​ငန်းဖြစ်​သည့်​အ​ပေါ် တိုင်းကြားခဲ့ရာကဖြစ်​​ပေါ်လျှက်​ရှိ​ကြောင်းသိရသည်​။

Monday, December 26, 2016

အိမ်​တွင်းလုပ်​ငန်းရှင်​တစ်​၍ဦးရဲရင်​ဖွင့်​သံ

"အိမ်​တွင်းအ​သေးစားလုပ်​ငန်းရှင်​လူငယ်
တစ်​ဦးရဲ့ရင်​ဖွင့်​သံဟုဆို"

=============================
မန္တ​လေး ဒီဇင်​ဘာ ၂၇

မန္တ​လေး အမရပူရမြို့နယ်​ စ​တော်​​ကျေးရွာ
အိမ်​တွင်းအ​သေစားလုပ်​ငန်းရှင်​လူငယ်
တစ်​ဦးက ဒီဇင်​ဘာလ၂၇ ရက်​​နေ့ ​နေခင်း
၁ နာရီအချိန်​က ချမ်း​အေးသာဇံမြို့နယ်
၈၈ က​ဖေးတွင်​ မိမိရဲ့ခံစားချက်​များကိုအများ
သိရှိ​စေရန်​ သတင်းစာရှင်​လင်းပွဲပြုလုပ်​၍
သတင်းမီဒီယာများကို​ပြောသည်​။

"ကျွန်​​တော်​ဟာ ၂၀၀၄ခုနှစ်​ထဲ့ကအမရပူရမြို့
နယ်​အတွင်းယက္ကန်းလုပ်​ငန်းရှင်​များ၏ ချည်
ဆေးဆိုလုပ်​ငန်းတွင်​ အသုံးပြုလျှက်​ရှိ​သော
စပါးခွံ​လောင်​စာသုံးမီးဖိုများကိုအသုံးပြု​နေ
သည်​ကိုမီး​ဘေးအန္တရာယ်​နှင့်​သဘာဝပတ်
ဝန်းကျင်းကိုထိခိုက်​မည့်​ဆိုးကျိုးများသတ်​သာ
ကြောင်းသိရ၍ ကျွန်​​တော်​ စပါးခွံ​လောင်​စား
သုံးမီးဖိုကို အသုံးပြုလုပ်​ကိုင်​​နေတာကို
တစ်​ရွာထဲ​နေ အိမ်​နီးခြင်းဖြစ်​သူဦး​အောင်​မြင့်
မှ စပါးခွံမီးဖိုးဖြင့်​ မပြုလုပ်​ရန်​တိုင်​ကြားခြင်းကို တာဝန်​အရသာ လာ​ရောက်​စစ်​​ဆေးပြီး
အမရပူရမြို့နယ်​စည်​ပင်​က ဒဏ်​တပ်​တယ်
လုပ်​ငန်းလိုင်​စင်​မရှိလို​ပြောတယ်​ တစ်​ရွား
တည်း​နေ အခြားချည်​​ဆေးဆိုးဖို​တွေမပိတ်
ရဘူး ကျွန်​​တော်​တစ်​​ယောက်​တည်းပိတ်​ခံရ
တာဖြစ်​ပါတယ်​ စည်​ပင်​ဥပ​ဒေနဲ့အ​ရေးယူခံရ
တာ ကျွန်​​တော်​တို့ရွာက စည်​ပင်​နယ်​နမိတ်​မဟုတ်​ဘူးဟုကို​နေမျိုးထွန်းက​ပြောသည်​။

အဆိုပါမိသားစုတပိုင်းတနိုင်​ချည်​​ဆေးဆိုးဖို
လုပ်​ငန်​ဟာ အမရပူရမြို့နယ်​ယက္ကန်းလုပ်
ငန်းအတွက်​ လက်​မှုပညာအတက်​ပညာ
တစ်​ခုဖြစ်​ပြီး မြန်​မာရိုရာ လက်​မှုယက္ကန်း
အတွက်​မရှိမဖြစ်​ လုပ်​ငန်းတစ်​ခုဖြစ်​ပြီး
အမရပူရမြို့နယ်​အတွက်​ မလုပ်​မဖြစ်​လုပ်​ရ
သောလုပ်​ငန်းတစ်​ခုဖြစ်​ တစ်​မြို့လုံးမှ
ယက္ကန်းသမားများအသုံးပြုလျှာက်​ရှိတာကို
စာ​တော်​​ကျေးရွာအတွင်း အိမ်​တွင်းအ​သေစားလုပ်​ငန်းအဖြစ်​ ၃ ဦးထိလုပ်​ကိုင်​​နေ
သော်​လည်း ၎င်းတစ်​ဦးတည်​ပိတ်​ခံရသဖြင့်
တိုင်း​ဒေသကြီးအစိုးရထံ နိုင်​ငံ​တော်​အ​ဆင့်​ဆင်​သို့တိုင်​ကြားစာများပို့၍အ​ကြောင်းကြား
ခဲ့​သော်​လည်း ထူခြားမှုမရှိသဖြင့်​ယ​နေ့
သတင်းစာရှင်​ပွဲလုပ်​ရ​ကြောင်းသိရသည်​။

ဘောလုံးပွဲသတင်း

ယ​နေ့ မြန်​မာ ရတနာပုံအသင်းနဲ့ လာအို လန်​ဇီ
အသင်းကန်​မည်