Wednesday, October 12, 2016

မောင်တောတွကျဆုံးခဲသည်ရဲဘော်များ


ကျဆုံးရဲဝန်ထမ်းများ၏ မိသားစုကို ထိရောက်စွာ ပံ့ပိုးကူညီရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား.....

----------------------------

ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရမှုမှာ ကျဆုံးသွားတဲ့ ရဲအမှုထမ်းတွေရဲ့ မိသားစုတွေကို ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်လို့ သမ္မတရုံး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက

သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေကို နှိမ်နင်းရာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်က ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ထဲက နယ်ခြားစောင့်ရဲကင်းစခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲအရာရှိတဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးသွားခဲ့တာပါ။

ကျဆုံးရဲဝန်ထမ်းတွေကတော့ အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဒု-ရဲအုပ်သိန်းကျော်ထိုက် (အသက် ၃၁ နှစ်)၊ ရဲတပ်ကြပ်ထွန်းနိုင်ဦး (အသက် ၄၃ နှစ်)၊ ရဲဒု-တပ်ကြပ်ဇာနည်ထက် (အသက် ၂၃ နှစ်)၊ ရဲဒု-တပ်ကြပ်ဇော်နိုင်ထွန်း (အသက် ၂၆ နှစ်)၊ ရဲဒု-တပ်ကြပ် သိန်းလင်းအောင် (အသက် ၂၆ နှစ်)၊ ရဲတပ်ကြပ်ကြီး ဇော်ထွန်း (အသက် ၄၄ နှစ်)၊ ရဲတပ်သားကျော်မိုး (အသက် ၂၆ နှစ်)၊ ရဲတပ်သားကျော်ကိုကိုရွှေ (အသက် ၂၆ နှစ်)၊ ရဲတပ်သားဇော်နိုင်ထွန်း (အသက် ၂၄ နှစ်) တို့ ဖြစ်တယ်လို့ မြန်မာရဲတပ်ဖွဲ့ နာရေးကြော်ငြာအရ သိရပါတယ်။

#DVB

posted from Bloggeroid

Tuesday, October 11, 2016

တပ်မတော်သားတစ်ဦးရဲ့ရင်ဖွင့်သံ

"တရုတ်ဧည့်နိုင်ငံသားက မတရားသိမ်းယူအနိုင်ကျင့်ဖယ်ရှားခိုင်ခြင်း
နှင့်အကျင့်ပြက်ဝန်ထမ်းများကို စိစစ်ဖော်ထုတ်အရေးယူပေးရန်တပ်မ
တော်အငြိမ်းစားတပ်ကြပ်တစ်ဦးပြော"
=============================================
လားရှိုး အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် နမ့်ခိုင်တိုးချဲ့ 
ရပ်ကွက် မြေကွက်အမှတ် (၁၅၀၄)တွင်စစ်ထွက်ကြီးတစ်ဟောက်အ
နေနှင့် ကြုံရာကျပန်း အလုပ်လုပ်ကာ ပိုက်ဆံစုပြီ မေလ ၂၅ ရက်၂၀၀၄
ခုနှစ်ကမိသားစုလိုက်ဝယ်ယူနေထိုင်လျှက်ရှိသောမြေအား ၎င်းနှစ်တွင်
မြေဂရံအမည်ပေါက်ဖေါက်ထားသည့်နေရာကို အကျင့်ပြက်ဝန်ထမ်းများက တရုတ်လူမျိုး ဧည့်နိုင်ငံသားကို ၂၀၁၁ခုနှစ်
တွင် မြို့နယ်မြေစာရင်းဌာနက မြေဂရံထက်မံထုတ်ပေးကာ မိမိတို့မိသား
စုအားမတရားအနိုင်ကျင့်ဖယ်ရှားခိုင်နေပါသဖြင့်ဖော်ထုတ်အရေးယူ
စိစစ်ဆောင်ရွက်ပေးစေကြောင်းပြောသည်။

"ကျွန်တော်ဟာ ကိုယ်ပိုင်အမှတ်(၅၃၅၄၇၂) တပ်ကြပ် ဇောလွန်း
(အင်ြမ်းစား)ပါ မိခင်တပ်ရင်းက ခလရ(၄၁) သိန္နီ ခလရ(၂၄၀)နှင့်
တန့်ယန်း ခမရ(၃၂၆) တပ်တို့တွင် တပ်သားဘဝ မှ တပ်ကြပ်အဆင့်
ထိ (၁၃)နှစ်ကြာ တပ်မတော် တာဝန်ထမ်းဆောင်ရင်း ကျန်းမားရေးချို့
ယွင်းမှုကြောင့် အငြိမ်းစားယူကာ ၁၉၉၃ခုနှစ် နိုင်ဝင်ဘာလ ၁၁ ရက်
နေ့တွင် တပ်မတော်က အငြိမ်းစားယူပြီး ရရှိသည့် လုပ်သက်ဆုကြေး
ပင်စင်လစာလေးအား မိသားစုခြုံးခြံချွေတာ၍ စစ်ထွက်ကြီးတစ်ယောက်အနေနှင့် လားရှိုးမြို့တွင် ကြုံရာကျပန်းရရာ
အလုပ်လုပ်ကာ တစ်မှူးစုတစ်ပဲစုဖြင့် အိမ်ငှားဘဝကနေ မေလ ၁၅ ရက်နေ့ ၂၀၀၄ ခုနှစ်က ကိုယ်ပိုင်မြေကွက်ကလေးအား လားရှိုးတပ်
နယ် ဗိုလ်ကြီးသန်းမြင့်ထွန်းထံကနေ ကိုယ်ပိုင်မြေကွက်လေးဝယ်ယူ
ကာကျွန်တော်အမည်ဖြစ် ဂရံဖောက်ပြီး မိသားစု ယနေ့ အချိန်ထိနေ
ထိုနေတာပါ။

ကျွန်တော်တို့နေသည့်နေရာလေးကို နိုင်ငံတော်ကလဲ အငြိမ်းစားဆိုပြီး
ချီးမြင့်ခဲတာမဟုတ်ဘူး မိမိချေးနည်းစာဖြင့် ဝယ်ယူခဲ့ရခြင်းဖြစ်ပါတယ်
မြေကွက်ပိုင်ဆိုင်ခဲ့သော်လည်းလအငြိမ်းစားတစ်ယောက်အနေဖြင့်
နေအိမ်မဆောက်နိုင်သေလို့ စိုက်ပျိုးရေးခြံတစ်တွင် အလုပ်လုပ်ရင်
နေထိုင်၍ ငွေစုကာ ၂၀၁၃ ခုနှစ် မိမိပိုင်ခြံတွင် ခြံစည်းရိုးကာရံနေအိမ်
ဆောက်၍နေခဲ့တာ ကျွန်တော်တို့မိသားစု ကိုယ်ပိုင်အိမ်လေးနှင့်နေ၍
တစ်နှစ်မပြည့်ခင်မှပင် မိမိပိုင်ခြံဝန်းကို ဧည်နိုင်ငံသား တရုတ်လူမျိုး
မြန်မာအမည် ဦးညွန့်မောင် အသက် ၄၀ ခန့်က ကျွန်တော်ဝယ်ယူ
နေထိုင်သည့် ခြံမြေဟာ သူပိုင်ဆိုင်ပါသည်ဟုဆိုကာ ရပ်ကွက်ကြီးများ
နှင့်ဖယ်ရှားခိုင်ပါတယ် ကျွန်တော်တို့မိသားစုယခု အသက် ၆၀ ကျော်
ရှိပြီ အသက်နဲ့ဘဝ ရင်း၍ တပ်မတော်သားတစ်အနေနှင့် တိုင်းပြည်နှင့်
ပြည်သူအပေါ် တာဝန်ကျေခဲပြီးပါပြီ နဖူးကချေး ခန္ဓကိုယ်အနှံကသွေး
ခြေမတင် မက အဝီစိရောက်အောင် တိုင်းပြည်ကိုပေးဆက်ပြီးယခု
ကျွန်တော် မိသားစု၏ ချေူနဲ့စာလေးနှင့် ဝယ်ယူပိုင်ဆိုင်သည့်ခြံဝန်းမှ
လုံးဝနောက်မဆုတ်မဖယ်ပေးနိုင်ဘူး ကျွန်တော်ခြံ၏ ကျွန်တော်အမည်
ပေါက် ဂရံ က ၂၀၀၄ ခုနှစ် ကတည်းက ကျွန်တော်အမည်ပေါက်ဂရံ
ချထားပြီးသားကို တရုတ်လူမျိုး ကိုင်ထားသည့်ဂရံဟာ ၂၀၁၁ခုနှစ်ကြမှ
မြို့နယ်မြေစာရင်ူက ဂရံရှိပြီးသားမြေနေရာကို ထပ်မံငွေလာဘ်စားပြီး
ထုတ်ပေးခြင်ူကြောင်ြ ခြံတစ်ခြံတွင် ပိုင်ဆိုင်မှုဂရံ=၂ ခုဖြစ်နေခြင်းမှာ
အလွဲသုံးစားလုပ်သည့် ဌာနလုပ်ပိုင်ခွင့်ရှိသည့် ဌာနတွင်တာရှိပါတယ်

ကျွန်တော်ဟာတပ်မတော်တွင် အောက်ခြေအဆင့်ဆင့်တပ်မတော်
သားတစ်ဦးပါ တပ်မတော်သားတို့ဟာ အောက်ခြေအဆင့်မှဗိုလ်ချုပ်
မှူးကြီးအဆင့်ထိ ဥုံဖွဆိုပြီး ရောက်ရှိခြင်းမဟုတ်ရပါဘူး တစ်တိုင်းတစ်
ပြည်လုံးနယ်စွန်နယ်ဖျားနေရာလပ်မကန် ပြည်သူအားလုံး၏ အသက်
အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် (၇)ရက်စာ ရိက္ခာကို ကျောပိုးအိပ်မှာ
ပိုး ရက်(၃၀) ဆန့်စားပြီး နွေ မိုး ဆောင်း အကာအကွယ်မရှိ နေတစ်ဓူဝ
ရှေ့က ရန်သူ နောက်က ခုံရုံး ဘေးဘယ်ညာခြုံခို ခြေလှမ်းတိုင်းမှာနင်းမိုင်း အပေါ်ကစနိုက်ပါ အချိန်ပြည့်နိုင်ငံတော်နဲ
ပြည်သူအတွက်ပေးဆပ်သူတွေပါ။

ကျွန်တော်တို့တပ်မတော်သားများ တပ်မတော်အငြိမ်းစားများ၏ယူနီေ
ဖာင်းတွေကြိ ရေလျှော်ညှစ်ကြည့်လိုက်ပါ စစ်ဆင်ရေးရဲ့အနိဋ္ဌာရုံသွေး
များ ချောင်းစီးသွားပါလိပ်မယ် တပ်မတော်အငြိမ်းစားများ၏ လက်ကျန်
နေ့ရက်ကလေးများ မိသားစုနှင့် ယခုမှ အတူတူနေရတာဖြစ်လို့ တပ်မ
တော်အငြိမ်းစားများ၏ မိသားစုအေးချမ်းတည်ငြိမ်စွာ ဘဝ၏ လက်ကျန်အချိန်လေးများကို ဖြက်သန်းနေချိန် လားရှိုးမြို့ပေါ်ရှိ သက်ဆိုင်ရာတာဝန်ရှိ ပြည်သူ့ဝန်ထမ်းများကလည်း ကျွန်တော်တို့
အငြိမ်းစားများရှေ့မှ မှန်ကန်စွာ မရပ်တည်ဘဲ ငွေကြေးချမ်းသာသော
မြေကွက်များလည်း လာရှိုးမြို့ပေါ်တွင် လက်ညိုးထိုးမလွဲ ပိုင်သော
မြေပွစား ဧည့်နိုင်ငံသား တရုတ်လူမျိုး ဦးညွန့်မောင် ရှေ့မှရပ်တည်ကာ
တရုတ်လူမျိုးတို့၏ အကျိုးစီးပွားကိုကာကွယ်မြေတောင်မြှောက်ပေးခြင်းများကို ဝန်ထမ်း
များအနေဖြင့် မပြုလုပ်သင့်ပါဘူး လားရှိုးမြို့ရှိ အရပ်ဖက် နယ်ဖက်
ဝန်ထမ်းမျညးသည်သာမန်ပြည်သူနှင့် တောင်သူများအတွက် ဝန်ထုတ်
ဝန်ပိုးဖြစ်နေသည်မှာ ရင်နာစရာကောင်းလို့ ကျွန်တော်မြေကိုလုသူ
ဦးညွန့်မောင် တရုတ်လူမျိုးကို နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးထားခြင်းပေါ်လွင်နေပါတယ် ကျွန်တော်ခြံမြေကု လက်ရောက်လုယူနှောင့်သည့်ဧည်နိုင်ငံသားတရုတ်နှင့် ဝန်ထမ်းများ
ကိုစိစစ်ဖော်ထုတ်အရေးယူပေစေရန်အတွက် သက်ဆိုင်ရာနိုင်ငံတော်
အဆင့်ဆင့်ကို တိုင်ကြားစာများပို့၍တင်ပြထားကြောင်း တပ်မတော်
အငြိမ်းစား တပ်ကြပ်ကြီး ဇော်လွန်းကပြောသည်။



posted from Bloggeroid

လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီကိုဆန္ဒပြ


မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ ဖြုတ်ချပေးရန်ဆန္ဒထုတ်ဖော်"
==
မန္တလေး အောက်တိုဘာ ၁၁
မန္တလေးအမရပူရမြို့နယ် ဝဲကြီးဆင်ရွာဓါးမဦးချစိုက်ပျိုးလုပ်ကိုင်ခဲ့သော
မြေပေါ်တွင် စိုက်ပျိုးနေထိုင်လာခဲ့ကြတာ နှစ်ပေါင်းများရှိသော်လည်း
ယနေ့ခေတ် အစိုးရလက်ထက်ရောက်မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ
မှုကော်မတီက ဒေသခံ ရွာသားတစ်ချို့ကို တရားစွဲထားသဖြင့် ကျေနပ်
မှုမရှိလို့ မြို့ပေါ်တက်၍ဒေသခံ လူအင်အား ၁၀၀ ခန့် ဖြင့် လမ်းလျောက်
ဆန္ဒဖော်ထုတ်ကြကြောင်းသိရသည်။

"ကျွန်တော် တလင်းကြီးကျေးရွာ အုပ်စု ဝဲကြီးဆင်ရာကနေ လာပြီ
အမရပူရမြို့နယ် လယ်ယာမြေစီမံခန်မှုကော်မတီ ကို ဆန္ဒပြရတာက
ကွင်းအမှတ် (၅၈၄/၅၈၅ )မိုးထိအောင်စည်တောရကျောင်း ရိပ်သာ၏
တောင်ဘက်ရှိ မြေယာများပေါ်တွင် မူလပိုင်ရှင်တောင်သူများမှ ဘိုးဘွားအစဉ်အဆက်မှစ၍ ယနေ့အချိန်ထ နှစ်ပေါင်းများစွာအချေချ
လုပ်ကိုင်စားသောက်နေထိုင်ခဲတာ အိမ်ချေ ၁၀၀ ကျော်ရှိတယ် အရင်
အစိုးရလက်ထက်အဆက်ဆက်ကနေထိုင်လာခဲ့ကြတာ အခုမှနေ
တာမဟုတ်ဘူး ကျွန်တော်တို့ငယ်စဉ်က အဲဒီမြေနေရာတွေက ဇီပင်များ
စိုက်ပျိုးအဖိုးအဘွားမျာက်လက်ထက်ထဲ့က လုပ်ကိုင်စားလာသော
ယာမြေတွေပါ ကျွန်တော်တို့ရွာက နှစ်စဉ် ဒုဋ္ဌဝတီမြစ်ရေကြီးသည့်
ရေဝင်မြေတွေပါ အိမ်ခြေထပ်မံတိုးချဲ့လိုလဲမရပါဘူး ကျွန်းရွာလေးပါ
အနာဂတ်ကလေးတွေ ကျောင်းသားတွေအတွက် အဆင်ပြေသည့်
နေရာကို နှစ်ပေါင် ၃၀ ကျော် တိုးချဲနေလာကြတာကို ရွာသား ၃ ဦးထဲ့
ကပ်၍တရားစွဲခံ ရလို့  တစ်ရွာလုံးထွက် ဆန္ဒဖော်ထုတ်ကြကြောင်း
ဦးဆောင်ဆန္ဒပြသူကိုမြင့်ခိုင်ကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်သူများက အမရပူရမြို့နယ် တောင်သမန်အင်း
အနောက်မြောက်ဒေါင့်ရှိ ပုထိုးတော်ကြီးဘုရားအနီး ကွင်းအတွင်း
ကနေ နံနက် ၁၀ နာရီအချိန်ကစတင်၍ ကွမ်းသီးတန်း လမ်းအတိုင်
အနောက် စစ်ကိုင်း မန္တလေး လမ်းမကြီး အတိုင်း တောင်ဘက်
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးးရုံ မြောက်ဘက်ကနေ ပိန်တန်းလမ်း
ကွေ့ကာ လာရာလမ်းအတိုင် စုရပ်နေရာကိုလှည့်ကာ ဝဲကြီးဆင်ရွာမြေ
ဘယ်သူ့မြေလဲ ငါတို့မြေ ငါတ်ု့မြေ အမရပူရလယ်စီကော်မတီဘက်လို
က်နေမှု ဖြေရှင်းပေး ဖြေရှင်းပေး တရားဥပဒေကို မျာက်ကွယ်ပြုတဲ
အမရပူရ လယ်စီ အရေးယူပေး အရေးယူပေး အမရပူရလယ်ယာမြေ
စီမံခန်ခွဲမှုကော်မတီးဖြုတ်ချရေး ဒို့အရေး ဒို့အရေး တရားဥပဒေစိုးမိုးရေး
ဒို့အရေးဒို့အရေး ဟုဟစ်ကြွေးသံများနဲ့အတူ ဆန္ဒဖော်ထုတ်နေသည်ကို
တွေ့ရသည်။

"ဒီရွာလေးက အမရပူရမြို့နယ်အစွန့် ဒုဋ္ဌဝတီမြစ်ဘေးက ရေဝင်တဲ့ရွား
လေးဗျာ ယာမြေအတွင်း စိုက်ပျိုးရင် နေထိုင်လာကြတာ နှစ်ပေါင်းများ
စွာရှိပြီး ကျေးရွာက လူဦးရေတိုးလာတော့ တိုးချဲရွာမြေ မရှိဘူး ယနေ့
ခေတ် လမ်းပန်းဆက်သွယ်ရေးကောင်းလာမှ အဲဒီရွာတွေအထိ ယာမြေများအပေါ် ကုမ္ပံဏီတွေ ခရိုနီတွေအခြားမြေသုံးစွဲလာတော့
မြို့နယ်လယ်စီမံကော်မတီက ပိုက်ဆံတွေရတယ် အဲဒါနဲ့ ဘိုးဘွားအစဉ်
အဆက်နေထိုင်နေသူတွေ ကို အိမ်တွေဖျက်ပေးပါ အကြိမ်ကြိမ်လာ
ပြောတယ် ဒေသခံတွေအနေနဲ့က အဲဒီနေရာမှ မနေရင်နေစရာမြေမရှိ
သူ အိမ်ခြေ ၁၀၀ ကျော်ရှိတယ် ရွာကသြဇာရှိသူ ၃ ဦးကို တရားစွဲလို့
တစ်ရွာလုံးထွက်ပြီ ယနေ့ဆန္ဒပြကြတာဟု အထက်မြန်မာပြည်အလုပ်
သမားလယ်သမားကူညီချတ်ဆက်ပေးရေး မန္တလေး(FNIFL)ကဗဟို
ကော်မတီဝင် ဦးအေးသိန်းကပြောသည်။

အမရပူရမြို့နယ် လယ်စီရုံရှိရာသို့ သတင်းသမားများသွားရောက်မေး
မြန်ခဲ့ရာ တာဝန်ရှိသူမရှိသဖြင့် ဖြေကြားခွင့်မရှိကြောင်း ဝဲကြီးဆင်ရွာ
ဒေသခံ ၃ ဦးဖြစ်သော ဦးမြင့်ခိုင် ဒေါ်သိန်းဝင်း ဦးအုန်းငွေ တို့ကို့
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖေဝါရိလ ၂၆ ရက်နေ့ ၂၀၁၅ ခုနှစ်က ရုံးအမိန့် အမှတ် ၁၇/၂၀၁၅ ၁၉/၂၀၁၅ တို့ဖြင့်အရ တရားစွဲဆိုကြောင်း
ကြားသဖြင့် မြို့နယ်တရားရုံး ၂၀၁၅ ခုနှစ် ရာဇသတ်ကြီးပုဒ်မ ၁၅၈/
၂၀၁၅ ၁၆၁/၂၀၁၅တို့ဖြင့် မွေးမြူရေးနှင့်ကုသရေးဌာန ဦးစီးအရာရှိ
ဒေါ်သူဇာမြင့်က တရားလိုပြုလုပ်၍ လယ်ယာမြေ ဥပဒေပုဒ်မ(၃၅)
အရတရားစွဲဆိုခံရသဖြင့် အစိုးရသစ်လက်ထက် အမှုပိတ်သိမ်းပေး
ရန်အသနားခံစာများအကြိမ်ကြိမ်တင်ခဲ့သော်လည်းဆောင်ရွက်ပေး
ခြင်ူမရှိလို အခုလိုဆန္ဒဖော်ထုတ်ကြကြောင်းဒေသခံတွေထံကသိရသည်။



posted from Bloggeroid

Monday, October 10, 2016

လယ်ယာမြေပိုင်ဆိုင်ခွင့်လျှောက်မရသဖြင့်တောင်သူအခွင့်အရေးဆုံးရှုံးနစ်နာဟုဆို


"နှစ်ပေါင်းများစွာထွန်ယက်စိုက်ပျိုးလာသောလယ်ယာမြေများပိုင်ဆိုင်ခွင့်လျှောက်
ထားလို့မရရှိသဖြင့် တောင်သူများရပိုင်ခွင့်များဆုံးရှုံးနစ်နာလျှက်ရှိဟုဆို"
===================================================
စစ်ကိုင်း အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂျိုကျေးရွာ ဒေသခံတောင်သူများ
လယ်ယာမြေများအပေါ် နှစ်ပေါင်းများစွာ အဖိုးအဘွားလက်ထက်ကနေယနေ့
အချိန်အထိ ဧကပေါင်းများပေါ် စပါးစိုက်ပျိုးလျှက်ရှိသောလည်း လယ်ယာမြေ
ပိုင်ဆိုင်ခွင့်လျှောက်ထားလို့မရရှိသဖြင့် စိုက်ဘဏ်ချေးငွေနှင့်နိုင်ငံတော်အစိုးရ
၏စိုက်ပျိုးရေးအထောက်အပံ တောင်သူ ရပိုင်ခွင့် ဆုံးရှုံးနစ်နာကြောင်းဒေသခံ
တွေကပြောသည်။

"ဦးလေးတို့က နယ်စပ်ဒေသလို့ဖြစ်နေတာ ဦးလေးတို့ရွာမှာဆို ချင်းနဲ့ဗမာ
လူမျိုးဘဲရှိတယ် အလုံးက လယ်ယာစပါးဘဲစိုက်ပျိုးနေထိုင်ကြတာဧကပေါင်း
၂၀၀၀ ကျော်လောက်က ရာဇဂျိုကျေးရွာပိုင်တယ် တောင်သူ ၁၀၀ကျော်လောက်
ပိုင်တယ် မြန်မာနိုင်ငံအချင်းချင်း တောင်သူအချင်းချင်းခွဲခြားထားသလိုခံစားရ
တယ် ကလေးမြို့ တစ်ဝှိက်က ကျေးရွာတွေ စိုက်ဘဏ်ချေးငွေတွေရတယ်
နိုင်ငံတော်အစိုးရက စိုက်ပျိုးရေးအထောက်ပံပစ္စည်တွေရတယ် ဦးလေးတို့
စပါးစိုက်လာတာ နှစ်ပေါင်း ၅၀ ကျော်ပြီး မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားလို့
မရဘူး ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း သွားပြောတော့ သူလည်းမသိဘူး
ဦးလေးတို့နယ်ဘက်မှ တောင်သူတွေရဲ့ရပိုင်ခွင့်အခွင့်အရေးများနစ်နာမှုများ
ရှိဟု ဦးတင်မြင့်ကပြောသည်။

အဆိုပါမြေယာများကို ယခင်အစိုးရအဆက်ဆက်ထဲ့က ဓါးမဦးချတောင်သူ
များကိုသီးနှံခွန်များကောက်တယ် စပါးစိုက်ပျိုးရင်စပါးသွင်းရကြောင်း ဒေသခံ
တောင်သူတွေကိုတော့ မြေယာပိုင်ဆိုင်ခွင့် ပုစံလျှောက်ထားခွင့်ပေးမထားသဖြင့်
ဒေသခံတောင်သူတွေရဲ့  အခွင့်အရေး ထောက်ပံမှု အထောက်အကူပစ္စည်း
စိုက်ဘဏ်ငွေချေးမှု့များ ရရှိလိုကြောင်း ဒေသခံများစိုက်ပျိုးလျှက်ရှိသောမြေများ
ကို လာရောက်သိမ်းထားခြင်းမရှိ ဘယ်ကုမ္ပံဏီ မှာလည်းမလာဘူး မြေယာ
အငြင်းပွားမှု့မရှိဘဲ မြေယာပိုင်ဆိုင်ခွင့်ပုံစံ(၁)တောင်ချမပေးထားကြောင်းသိရ
သည်။

posted from Bloggeroid

vider ငြိမ်းချမ်းပါစေ စတစ်ကာ


မြန်မာနိုင်ငံတစ်ဝန်း ငြိမ်းချမ်းခြင်းနှင့်စည်းလုံးခြင်းအား ထောက်ခံအားပေးရန် Viber က“ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာများဖြန့်ဝေ


ရန်ကုန်၊ ၆ အောက်တိုဘာ၊ ၂၀၁၆ - မြန်မာနိုင်ငံ၏ ဦးဆောင် လူမှုကွန်ရက် ဆက်သွယ်ရေး အက်ပလီကေးရှင်း Viber က “ငြိမ်းချမ်းသောမြန်မာပြည်” စတေကာများကို မြန်မာနိုင်ငံတစ်ဝန်းရှိ Viber အားစာရင်းသွင်းအသုံးပြုနေ သူ ၂၆ သန်းအတွက် မကြာသေးခင်က အခမဲ့ဖြန်ဝေခဲ့သည်။ “ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာတွင် စတစ်ကာ ၁၇ ခုပါဝင်ပြီး မြန်မာနိုင်ငံတွင် လက်လုပ်ဆောင်လျှက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံအားပေးနိုင်မည်ဖြစ် သည်။

Viber အသုံးပြုသူများသည် ဆန်းသစ်သည့် ပျော်ရွှင်ဖွယ် “ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာများဖြင့် လက်ရှိမြန်မာနိုင်ငံတွင်ပြုလုပ်လျှက်ရှိသော ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကနဦးလုပ်ဆောင်မှုများကို ကြိုဆိုထောက် ခံမှုကိုပြသနိုင်မည်ဖြစ်သည်။ အဆိုပါ စတစ်ကာ ၁၇ အနက် တစ်ခု သည် “စည်းလုံးခြင်းသည် အင်အား”ဆောင်ပုဒ်အား တိုင်းရင်သားပေါင်းစုံက၎င်းတို့၏ရိုးရာဝတ်စုံများဝတ်ဆင် ထားသည့်ပုံဖြင့် ပုံဖော်ထား သည့် အပြင် စည်းလုံးညီညွတ်ခြင်း၏ပြယုဂ် ဖြစ်သည့် ပင်လုံကျောက်တိုင် ပုံစတစ်ကာ လည်းပါဝင်သည်။ မြန်မာနိုင်ငံ၏ ညီညွတ်မှုကိုသရုပ်ဖော်ရန် ချစ်စဖွယ်တိုင်းရင်းသား ဇတ်ကောင်လေးများက ၎င်းတို့နေ့စဉ်စကားပြောဆိုနေသည့်အမူအရာလေးများအတိုင်းပုံဖော်ထားပြီး ငြိမ်းချမ်းရေး၏ သင်္ကေတ တစ်ခုဖြစ်သည့် ငြိမ်းချမ်းရေး ခိုဖြူစတစ်ကာကို လည်းစတစ်ကာများအားပိုမိုပြည့်စုံမှုရှိစေရန် ထည့်သွင်းပေး ထားသည်။

Viber ၏ အရှေ့တောင်အာရှဆိုင်ရာ ဌာနေ မန်နေဂျာ Crystal Lee က “မြန်မာနိုင်ငံရဲ့ဦးဆောင် လူမှုကွန်ရက် ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုအနေနဲ့ ကျွန်မတို့ Viber အသုံးပြုသူတွေ ဆန်းသစ်ပြီး အပြုသဘော ဆောင်တဲ့စတစ်ကာတွေကိုအခြင်းခြင်းဖလှယ်ရင်း သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့ ပြုလုပ်ပေးနိုင်တဲ့အတွက် ဂုဏ် ယူပါတယ်။ “ငြိမ်းချမ်းသောမြန်မာပြည်” စတစ်ကာတွေကမိသားစုနဲ့ သူငယ်ချင်းတွေ အချင်းချင်း မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးအပေါ်ထောက်ခံအားပေးမှုကိုပြသနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Viber ကို မြန်မာပြည်သူတွေဘဝကို ပိုမိုတိုးတက်အောင်ထောက်ပံ့ပေးနိုင်တဲ့ အလွယ်ကူအကောင်းမွန်ဆုံးဆက်သွယ်ရေး အက်ပလီကေးရှင်း တစ်ခုဖြစ်လာစေဖို့လည်း သန္နိဌာန်ချလုပ်ဆောင်နေပါတယ်”ဟုပြောကြားသည်။

posted from Bloggeroid

မြန်မာနှင့်စင်ကာပူနှစ်နိုင်ငံချစ်ကြည်ရေး နှစ်၅၀ပြည့်

မြန်မာနှင့်စင်ကာပူနှစ်နိုင်ငံ

ချစ်ကြည်ရင်းနှီးမှုနှစ်၅၀ပြည့်အထိမ်းအမှတ်အဖြစ် စင်ကာပူနိုင်ငံ၏ အကောင်းဆုံးများကို စုစည်းပြသခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သော စင်ကာပူ ပွဲတော်သို့ ဧည့်ပရိသတ်ပေါင်း၎,၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့လာ


ရန်ကုန်၊ မြန်မာ၊ အောက်တိုဘာ ၁၀၊ ၂

၀၁၆ − ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သော စင်ကာပူ ပွဲတော် သို့ စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာကြည့်ရှုသူများ၊ selfies ရိုက်ကူးသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ပါသည်။ စင်ကာပူ ပွဲတော် ကျင်းပသည့် နှစ်ရက်အတွင်းတွင်  ဧည့်သည်တော်များမှ စင်ကာပူ နိုင်ငံသို့ သွားရောက်ရန် အရောင်းအဝယ် ၁,၀၀၀ ကျော်မှ အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ ကျော်ဖိုး ကြိုတင် စာရင်းပေး ဝယ်ယူမှုများ ပြုလုပ်ခဲ့ကြသည်။


စင်ကာပူနိုင်ငံ အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းဖြစ်သည့် စင်ကာပူ ခရီးသွား ဘုတ်အဖွဲ့ (STB) က ကြီးမှုးကျင်းပသည့် ယခုပွဲတော်သည် မြန်မာနိုင်ငံနှင့်စင်ကာပူနိုင်ငံ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဖြစ်သကဲ့သို့မြန်မာနိုင်ငံသားများကို စင်ကာပူနိုင်ငံ၏ စုံလင်မှုများကို ပြသရန် ဖိတ်ခေါ်သော ပွဲတော်လည်း ဖြစ်သည်။ ပွဲတော်တွင်ဖျော်ဖြေရေးအစီအစဉ်များ၊ ပျှော်ရွှင်ဖွယ်ဂိမ်းကစားနည်းများ၊ အနုပညာရှင်များ၊  အစားအသောက် မြည်းစမ်းခံစား ခြင်းများ၊ ကြိုတင်မှာယူခြင်းနှင့် ဝယ်ယူခြင်း Book and Buy အစီအစဉ်များ၊ စင်ကာပူနိုင်ငံသို့ ၄ ညအိပ် ၅ ရက် အလည်အပတ် ခရီးစဉ်ကံစမ်းမဲဆုကြီးတစ်ဆုအပါအဝင် အထူးလက်ဆောင်များပေးအပ်ခြင်းစသော အစီအစဉ် များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။


စင်ကာပူ ခရီးသွား ဘုတ်အဖွဲ့ (STB) အနေဖြင့် ယခုနှစ်တွင် မြန်မာနိုင်ငံမှ လူကြီးလူငယ်များအားလုံး စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်မှုများ ပြုလုပ်ကြရန်လည်း ရင်းနှီးဖော်ရွေစွာဖြင့် တရားဝင် ဖိတ်ခေါ်ထားပြီး ဖြစ်သည်။ မကြာသေးမှ နှစ်များအတွင်းကလည်း မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လည်ပတ်သူဦးရေ တဖြည်းဖြည်းတိုးမြင့်လျက်ရှိပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသား ခရီးသွားများ စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် ၇၀,၀၀၀ နီးပါးရှိခဲ့သည်။ (ပြီးခဲ့သည့်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၇.၈ ရာခိုင်နှုန်းကျော် တိုးလားခဲ့သည်။) ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံသို့ လာရောက် လည်ပတ်သည့် မြန်မာခရီးသွားဦးရေစုစုပေါင်း ၁၀၅,၄၅၂ ဦးရှိခဲ့ပြီး စင်ကာပူသို့ လုပ်ငန်းကိစ္စဖြင့် မြန်မာနိုင်ငံမှ လာရောက်သူဦးရေ ၁၆% တိုးတက်လာသည်ကို မြင်တွေ့ရပါသည်။


STB Thailand and Myanmar ၏ Area Director ဖြစ်သော Ms. Sherleen Seah က “မြန်မာတွေ စင်ကာပူကို လာရောက်လည်ပတ်ကြတာက ဆွဲဆောင်မှုရှိတဲ့နေရာတွေ အများကြီးရှိတာရယ်၊ ဈေးဝယ်လို့ ကောင်းတာရယ်၊ စင်ကာပူက အစားအသောက်နဲ့ စင်ကာပူလူမျိုးတွေကို နှစ်သက်ကြတာရယ်နဲ့ လူတိုင်း အတွက် ပျော်ရွှင်နှစ်ခြိုက်တဲ့ အရာတစ်ခုမဟုတ် တစ်ခုရှိနေတာကြောင့်ရယ်လို့ ကျွန်မတို့ထင်ပါတယ်။ စင်ကာပူနိုင်ငံဟာ ခရီးသွား အမျိုးမျိုးနဲ့ သင့်တော်သလို အထူးသဖြင့် မိသားစုတွေ လာလည်လို့ကောင်းတဲ့ပြည့်စုံတဲ့နေရာတစ်ခုပါ။ လေဟာပြင်ဈေးတွေ၊ ဖက်ရှင်ဆိုင် တွေ၊ ရှော့ပင်းမောလ်တွေကိုသွားမလား၊ ပြည်တွင်းအနီးတဝိုက်နဲ့ ရှုခင်းတွေကို လေ့လာချင်သလား၊ ဗိသုကာ အနုပညာနဲ့ သမိုင်းကို လေ့လာချင်သလား၊ ဒါမှမဟုတ် ပန်းခြံတွေထဲ လျောက်သွားချင်သလား၊ ဒါမှမဟုတ် ကမ်းခြေကိုသွားပြီး အပန်းဖြေချင်သလား၊ စင်ကာပူမှာ ဒါတွေအားလုံးအကုန်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။


၂၀၁၆ ခုနှစ်သည် အိမ်နီးချင်းနိုင်ငံများအတွက် အထူးကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံကြား သံတမန် ဆက်သွယ်ရေး စတင်ခဲ့သည်မှာ ၂၀၁၆ ခုနှစ် ဧပြီတွင် နှစ်၅၀ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဇွန်လအတွင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များက ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ နှစ်နိုင်ငံလုံးမှ ခရီးသွားများအား ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ပြုမည့် ‘Visa Free’ အစီအစဉ်ကို ပူးတွဲကြေညာခဲ့ပါသည်။


စင်ကာပူ ခရီးသွား ဘုတ်အဖွဲ့ (STB)၏ ဤပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်နှစ်ခုမှာ မြန်မာပြည်သူများအနေဖြင့် စင်ကာပူစတိုင်လ် ဧည့်ဝတ်ကျေပွန်မှုကို ပိုမိုနားလည်စေရန်နှင့် ခရီးသွားဧည့်သည်များအတွက် ခရီးစဉ်ဈေးနှုန်း အမျိုးအစား အမျိုးမျိုးကို ကမ်းလှမ်းတင်ပြရန်တို့ ဖြစ်ပါသည်။ STB Executive Director Southeast Asia ဖြစ် သော Mr. Edward Koh က “မြန်မာခရီးသွားဧည့်သည်တွေက စင်ကာပူကိုလာရောက်လည်ပတ်ရတာ အဆင်ပြေပျော်ရွှင်တဲ့နေရာတစ်ခုအဖြစ် ချီးကျူးကြပြီး ထပ်မံလာရောက်လည်ပတ်ကြသူတွေ အများအပြား ရှိတယ်ဆိုတာ ကျွန်တော်တို့သိရှိထားပါတယ်။ လာရောက်လည်ပတ်ဖူးသူတွေအနေနဲ့ အတွေ့အကြုံကောင်း တွေကို သတင်းကောင်းပါးပေးနိုင်ဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ စင်ကာပူတွေက မြန်မာတွေအားလုံးကို ဝမ်းမြောက်ဝမ်းသာ လက်ကမ်းကြိုဆိုနေတယ်ဆိုတာက်ုလည်း သိစေချင်ပါတယ်” ဟုပြောကြားခဲ့ပါသည်။


ပွဲတော်၏ပထမနေ့တွင် STB Southeast Asia ၏ Executive Director Mr. Edward Koh က ကြို ဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး HE. Mr. Robert Chua က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ မကြာသေးခင်ကမှ စင်ကာပူမှပြန်လည်ရောက်ရှိလာသော ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသော အကယ်ဒမီ ပြေတီဦးနှင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ကလည်း သူတို့သွားရောက်လည်ပတ်စဉ်အတွင်း အမှတ်တရ ပျော်ရွှင်ဖွယ် အကြောင်းအရာများကို ပြန်လည်ဝေမျှပြောကြားခဲ့ပြီး သရုပ်ဆောင်သွန်းဆက်နှင့် ထွန်းကိုကိုတို့က စင်ကာပူ နှင့် မြန်မာ အစားအစာများကို ချက်ပြုတ်သရုပ်ပြခဲ့ကြသည်။


လာရောက်ကြသူ ဧည့်သည်ပရိသတ်အနေဖြင့်လည်း အစားအစာများ မြည်းစမ်းကြည့်ခြင်း၊ ဖျော်ဖြေမှုအစီအစဉ်များ ကြည့်ရှုခြင်း၊ လက်ဆောင်များ ရယူနိုင်ခြင်းများဖြင့် အားလပ်ရက်များကို ပျော်ရွှင်တက်ကြစွာ ပါဝင်ဆင်နွဲခဲ့ပြီး တချို့ဆိုလျင် စင်ကာပူသို့ အလည်အပတ် ခရီးစဉ်အတွက် ချက်ချင်း Booking ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ဤပွဲသည် အောင်မြင်သောပွဲအစီအစဉ်တခု ဖြစ်ခဲ့ပြီး ထပ်မံကျင်းပ ဦးမည့် ပွဲတော်တစ်ခုလည်း ဖြစ်လာပါလိမ့်မည်။

posted from Bloggeroid

Sunday, October 9, 2016

ကျောင်းမြေနေရာကန့်ကွက်ဆန္ဒပြ

"မန္တလေးမြို့ ကံသာယာရပ်ကွက်အတွင်းရှိ အထက(၂၃)မူလတန်းလွန်ကျောင်း
ရှေ့မျက်နာသာပေါ်အဆောက်အဦးတည်ဆောက်ခြင်းဒေသခံများကန့်ကွက်ဆန္ဒပြ"
===================================================

မန္တလေး၊ အောက်တိုဘာလ(၉)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ကံသာယာရပ်ကွက်အထက(၂၃) မူလတန်းလွန်ကျောင်းမျက်နှာစာ မြေနေရာတွင်အဆောက်အဦးများတည်ဆောက်ခြင်းကိုဒေသခံများကျေနပ်မှုမရှိသဖြင့် လူအင်အား( ၁၀၀)ခန့်က အောက်တိုဘာလ ၉ ရက် နံနက်၈ နာရီခန့်က ကျောင်းရှေ့တွင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။



“ကျွန်တော်တို့က ကျောင်းမြေနေရာ ပြန်လည်ရ ရှိဖို့အတွက် အခုလိုဆန္ဒပြတာက ဒီမြေနေရာအတွက် မန္တလေး တိုင်းဒေသကြီး အစိုးရကို တင်ပြပြီး ကန်ကွက်ထားပါလျှက်နဲ့ ဘာတစ်ခုမှလုပ်ဆောင်ပေးတာမရှိတရယ် တိုင်းထွေအုပ်ကလည်း ဝန်ထမ်းအိမ်ယာလိုင်းခန်းတွေဆိုပြီး ပြေတယ် ဒီအတွက်
ဒေသခံရပ်ကွက်သူရပ်သားတွေက မကျေနပ်ကြဘူး ကျွန်တော်တို့ လူထုအကျိုးပြု
အဖွဲ့ကိုလာပြောတယ် ကျွန်တော်တို့လဲ ဒေသခံတွေရဲ့ တောင်းဆိုချက်တွေရေးပြီး
သက်ဆိုင်ရာဌာနတွေကို အဆောက်အဦးမတည့်ဆောက်ခင်ထဲ့က အကြေားစာ
တွေ ကန့်ကွက်စာတွေနဲ့တင်ပြခဲပါလျှက်နဲ့ တည်ဆောက်လို့ ယနေ့ရပ်ကွက်က
ဆန္ဒပြ တာဟု မန္တလေးတိုင်းလူထုအကျိုးပြုအဖွဲ့ဥက္ကဌဦးအောင်မြင့်ကပြောသည်။

လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာတွင် “ကျောင်းမြေနေရာ ပြန်လည်ရရှိရေး(ဒို့အရေး)၊ ဆင်းရဲနွမ်းပါး ကလေးသူငယ်များပညာရည် မြှင့်မားရေး(ဒို့အရေး)၊ ပညာဖြင့် တည်ဆောက်သည့် နိင်ငံတော်ကြီး (အောင်
ရမည်) စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ကျောင်းသားမိဘတစ်ယောက်အနေနဲ့ဘဲကြည့်ကြည့်ပါ ရပ်ကွက်နေပြည်သူ
တစ်ယောက်အနေနဲဘဲကြည့်ကြည့်ပါ ဒီကျောင်းမြေနေရာဟာ အနာဂတ်ကလေးတွေရဲ့ ပညာသင်းကြားသောနေရာလည်းဖြစ်တယ် ကျောင်း
တွေမှာအားကစားကွင်းဆိုတာမရှိတော့ဘူး ကျောက်မျက်နာသာတွေလည်းမရှိ
တော့ဘူး အရင်ကဆို ဒီနားတစ်ဝိုက်က ကွင်းကြီးပါ အခုဆို ကျောင်းနားမှ ဓါက်
ဆီဆိုင်တွေတည်ဆောက်လိုက် ဘယ်ကရောက်လာသည့် တရုတ်တွေလည်း
မသိရ သူတို့က အဆောက်အဦးတွေဆောက် သူတို့ပိုင်တယ် မြေဂရန်ပါတယ်
ဆိုကာ တည်ဆောက်တာတွေရှိတယ် မရှိလို မြန်မာလူမျိုးဆင်းသားတွေတဲထိုး
နေရင် ကျူးကျော်ဖြစ်ရတဲ့ဘဝ တွေ မရှိတော့ဘူး အစိုးသစ်ကို မဲပေးခဲ့တာ ငါတို့
ပြည်သူတွေအတွက် ငါတို့သားသမီးအနာဂတ်အတွက် ပညာရေးလူမှုရေးတွေ
ဖိနိပ့်မှု့တွေ မရှိအောင်ပါ ယနေ့ဆန္ဒပြပွဲပါဝင်ဖြစ်တာလည်း တိုင်းဒေသကြီးအစိုး
ရထံတင်ပြခဲ့တာ ဆောင်ရွက်ပေးခြင်းမရှိလိုပါဟု ဒေသခံ အန်တီကြီးကပြော
သည်။

အဆိုပါကျောင်းသည် ၂၀၀၀ ခုနှစ်မှစတင်တည်ရှိခဲ့ပြီး ကျောင်းမြေနေရာနှင့် အဆောက်အဦးများအားထပ်မံ
တိုးချဲ့နိုင်ရန်အတွက် ၂၀၀၂ ခုနှစ်တွင်ကိုရီးယားနိုင်ငံသားတစ်ဦးမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့် လက်ထက်တွင် စတင်လှူဒါန်းခဲ့ကြောင်းသိရပြီး လက်ရှိအချိန်တွင် ကျောင်သားဦးရေ များလာသည့် အတွက်ကျောင်း မြေနေရာပြန်လည်ရရှိရန် လိုအပ်လျှက်ရှိပြီး ၎င်းနေရာတစ်ဝှိက်တွင် ၂၀၁၄ခုနှစ်
က ဓါက်ဆီဆိုင်လာရောက်တည်ဆောက်ခဲ့သဖြင့် ဒေသခံများပထမဆုံးအကြိမ်
၎င်းနေရာအား ဆန္ဒပြကာကန့်ကွက်ခဲ့သလို့ နောက်အချိန်တွင် မြေနေရာကျောင်း
အတွက်အခတ်အခဲများစွာရှိနိုင်ခြင်း ကျောင်းသားကလေးငယ်များကစားစရာနေ
မရှိခြင်း ကျောင်းအဝင်အထွက်လမ်းများ ပိတ်ဆိုခြင်းများ ဖြစ်ပွားနိုင်သဖြင့်ဒေသခံ
များဆွေးနွေးတိုင်မြင်ကာ ယနေ့ဆန္ဒဖော်ထုတ်ကြကြောင်းသိရသည်။
စိုင်းထူးခန့် 


posted from Bloggeroid