Thursday, August 11, 2016

ရပ်ကျေးအုပ်ချုပ်ရေးပြင်ဆင်နိုင်ရန်

ရပ်/ကျေးဥပဒေပြင်ဆင်ရေး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ဆွေးနွေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီမိုကရေစီနည်းလမ်းကျသော ရပ်/ကျေးဥပဒေပြင်ဆင်နိုင်ရေးအတွက် ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းများမှ ဖွဲ့စည်းထားသော ရပ်/ကျေးဥပဒေပြင်ဆင်ရေးပူးပေါင်းအဖွဲ့ (WA-VTA Coalition) သည် (၂၀၁၆) ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့၊ မွန်းလွဲ (၁း၀၀) နာရီ၌ နေပြည်တော်ရှိ လွတ်တော်ဝင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ/ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၊ အဆောက်အဦးအမှတ် (I.2)၊ အစည်းအဝေးခန်းမတွင် ရပ်/ကျေးဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
.
အရပ်ဖက်ကိုယ်စားပြု ဦးဆောင်အဖွဲ့ဝင် (၈) ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မ တီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များဆိုင်ရာ ကော်မတီ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကာ၊ မိမိတို့အရပ်ဖက်ပူးပေါင်းအဖွဲ့မှ ကိုယ်စားလှယ် (၃) ဦးက ရပ်/ကျေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တင်ပြ၊ ဆွေးနွေးခဲ့ကြပါသည်။
.
အစည်းအဝေးတွင် မိမိတို့ပူးပေါင်းအဖွဲ့သည် အရပ်ဖက်အဖွဲ့အစည်း (၄၀) မှ ဆွေးနွေးခဲ့သော ဥပဒေပြင်ဆင်ရေး အချက်အလက်များ၊ ဦးစားပေးပြင်ဆင်လိုသော အချက် (၁၀) ချက်အား တင်ပြ၊ ဆွေးနွေးခဲ့သည်။ ထို့အပြင် မတူညီသော ဒေသများမှ အများပြည်သူတို့ တွေ့ကြုံရသော အခက်အခဲများ၊ သဘောထားဆန္ဒများအားလည်း ဆွေးနွေးတင်ပြခဲ့ကြသည်။ အစည်းအဝေးတက်ရောက်သူများမှ ရပ်/ကျေးဥပဒေပြင်ဆင်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များအား၊ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး၊ အရပ်ဖက်အဖွဲ့အစည်းများမှ (က) ဦးစားပေးပြင်ဆင်လိုသည့် အချက် (၁၀) ချက်အား ထောက်ခံခဲ့သော အဖွဲ့အစည်း (၆၀) ကျော်၏ လက်မှတ်စာရင်းများ၊ (ခ) ဦးစားပေးအချက်များအား ကြောင်း/ကျိုးဖော်ပြချက် အသေးစိတ် အချက်အလက်များ၊ (ဂ) ဧည့်စာရင်းပယ်ဖျက်ပေးသင့်ကြောင်း၊ ကြောင်း/ ကျိုးဖော်ပြချက် (၁၂) ချက်ပါ စာတမ်းငယ်တို့အား ဥပဒေကြမ်းကော်မတီ သို့ ပေးပို့နိုင်ခဲ့ပါသည်။
.
ထို့နောက် အစည်းအဝေးကို မွန်းလွဲ (၂) နာရှိ (၄၁) မိနစ်တွင် အောင်မြင်စွာ ရပ်နားခဲ့ပါသည်။ ပြည်သူ့လွှတ်တော်တွင် ရပ်/ကျေးဥပဒေပြင်ဆင်ရေးအဆို အား ဆွေးနွေးနေသည့်အချိန်တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ မိမိတို့ ရပ်/ကျေးဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့အား ဖိတ်ခေါ်ဆွေးနွေး ခဲ့ပြီး၊ ပြည်သူလူထု၏အသံအား ရယူခဲ့သည့်အတွက်၊ မိမိတို့ ပူးပေါင်းအဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ အဆိုပါအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ တက်ရောက်ဆွေးနွေးခဲ့သော ကော်မတီများမှ ကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလည်း ကျေးဇူးတင်ရှိပါကြောင်း အသိပေးအပ်ပါသည်။
.
ရပ်/ကျေးဥပဒေပြင်ဆင်ရေး ပူးပေါင်းအဖွဲ့
(WA-VTA Coalition)
.
---------------------------------------------------------------------------------
ပြည်သူ့လွှတော် ဥပဒေကြမ်းကော်မတီနှင့် အစည်းအဝေး၌ တင်သွင်းခဲ့သော ရပ်/ကျေးဥပဒေပြင်ဆင်ချက်များအား ထောက်ခံခဲ့သောအဖွဲ့အစည်းများစာရင်း
---------------------------------------------------------------------------------

၁ ။ ရွှေရောင်လက်ကမ်း ပရဟိတအသင်း (ရန်ကုန်)
၂ ။ Aciton Labor Rights
၃ ။ Action Committee for Democracy Development (ACDD)
၎ ။ Association of Human Rights Defenders and Promoters
၅ ။ Ayeyarwady MATA working group committees
၆ ။ Charity-Oriented Myanmar (COM)
၇ ။ Comprehensive Development Education Center (CDCE)
၈ ။ Construction Basic worker Union 1
၉ ။ Construction Basic worker Union 2
၁၀ ။ Coumminity Response Action Group (COMREG)
၁၁ ။ Democratic Force
၁၂ ။ Eden Centre for Disabled Children (ECDC)
၁၃ ။ Election Education and Observation Partners (EEOP) (အင်္ဂပူ)
၁၄ ။ Hotel Chit Thu Labor Orgnization Bagan
၁၅ ။ Independent Worker Unions Cooperative Program
၁၆ ။ Integrated Development Executive Association
၁၇ ။ Justic Drum Network
၁၈ ။ Justice and Peace Organization (JPC)
၁၉ ။ Kamma Youth Development Organization (KYDO)
၂၀ ။ KuKi Women's Center
၂၁ ။ Lets Help Each Others (LHEO)
၂၂ ။ Mon Women's Organization
၂၃ ။ Myanmar Pillars Institute (MPI)
၂၄ ။ New Day
၂၅ ။ New Myanmar Foundation (NMF)
၂၆ ။ Pace on Peaceful Pluralism (PoPP)
၂၇ ။ Peace and Youth (PAY)
၂၈ ။ Quranic Knowledge
၂၉ ။ Regional Development Organization
၃၀ ။ The Helpers for Perfect Democracy
၃၁ ။ The Seagull: Human Rights, Peace and Development
၃၂ ။ White Marker Group (Thazi, Mandalay)
၃၃ ။ Worker and Farmer Rights Defender
၃၄ ။ Yangon Watch
၃၅ ။ Yangon, Irrawaddy Farmer Institute (YIFI)
၃၆ ။ ကချင်ပြည်နယ်လူငယ်ပရဟိတအဖွဲ့ 
၃၇ ။ ကချင်လူငယ်ကွန်ယက် (Ramhkye) (မြစ်ကြီးနား)
၃၈ ။ ကွမ်းခြံကုန်းကွန်ယက် (KGG Network)
၃၉ ။ စိမ်းလန်းပြင်ဦးလွင်
၄၀ ။ ညီမျှခြင်းမြန်မာ (Equality Myanmar)
၄၁ ။ တွဲကူလက်များ လူငယ်ပရဟိတ (တိုက်ကြီး)
၄၂ ။ တီးတိန်လူငယ်အဖွဲ့ (Tedim Youth Fellowship) (TYF)
၄၃ ။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ပဲခူးကွန်ယက်)
၄၄ ။ ဒီမိုကရေစီအင်အားစု
၄၅ ။ ဘာသာပေါင်းစုံညီညွှတ်ရေးအဖွဲ့ (ပြင်ဦးလွင်)
၄၆ ။ ဘီးလင်းလူမှုကွန်ယက်
၄၇ ။ မွန်လူငယ်ကွန်ယက် (ရေး၊ လမိုင်း)
၄၈ ။ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ယက်
၄၉ ။ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ (Burma Partnership)
၅၀ ။ ရှမ်းမြောက်အမျိုးသမီးကွန်ယက်
၅၁ ။ ရှမ်းစာပေယဉ်ကျေးမှုအသင်း (ကျောက်မဲ)
၅၂ ။ ရှမ်းလူငယ်အဖွဲ့ (သီပေါ)
၅၃ ။ လူ့အခွင့်အရေး ကာကွယ်မြှင်တင်ရေးကွန်ယက် (HRD) (မြင်းခြံ)
၅၄ ။ လူ့အခွင့်အရေး ကာကွယ်မြှင်တင်ရေးကွန်ယက် (HRD) (ချောက်)
၅၅ ။ လူငယ်ကွန်ယက် (ဗဟန်း)
၅၆ ။ လူငယ်ကွန်ယက် (ဥသျှစ်ပင်)
၅၇ ။ လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ယက်
၅၈ ။ အလင်းအိမ် ဖွံ့ ဖြိုးရေးအသင်း
၅၉ ။ အလုပ်သမားနှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကွန်ယက် (ပဲခူး)
၆၀ ။ အသောကလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း
၆၁ ။ တောင်သူလယ်သမားကွန်ယက် (မြောက်ဦး)
၆၂ ။ တောင်သူလယ်သမားနှင့် ရေလုပ်သားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကွန်ယက် (မြစ်ကျိုး)
၆၃ ။ ပျှော်ရွှင်ကျန်းမာကူညီရေးအသင်း (Happy Healthy and Helping Society) (3H Society)
၆၄ ။ ပေါင်းကူး (Paung Kuu)
၆၅ ။ ရွှေခြံမြေကွန်ယက် (ကွမ်းခြံကုန်း)
.

posted from Bloggeroid

Wednesday, August 10, 2016

သတင်းစာဆရာ မြူငှက်ရဲ့နောက်ဆုံးခရီး

သတင်းသမားတစ်ယောက်ရဲ့နောက်ဆုံးခရီးမန္တလေးအခြေစိုက်သတင်းသမား
စည်းလုံးညိညွန်စွာ လိုက်လံပို့ဆောင်လျှက်ရှိ"

မန္တလေးအလင်းသတင်းထောက်ချုက် မြူငှက်(ခ)မျိုးမြင့်စံ ချမ်းအေးသာစံမြို့နယ်
လမ်း၃၀ နှင့် ၆၈လမ်းဒေါင့် သြဂုတ်လ ၆ နေုညက ကားဖြင့်ဆိုင်ကယ်ကိုအတိုက်
ခံရသဖြင့် သြဂုတ်လ ၉ နေ့ နေ့ခင်း ၁ နာရီအချိန်က မန္တလေးဆေးရုံကြီးတွင်
ဘဝတစ်ပါးပြောင်းသွားသဖြင့် သတင်းသမားညီအကိုမောင်နမများအားလုံးမိသားစုနဲ့အတူထပ်တူဝမ်းနည်း
ကြေကွဲရပြီး ယနေ့ သြဂုတ်လ ၁၀နေ့ နေ့ ၁၂ နာရီအချိန်က အမရပူရမြို့နယ်
တောင်အင်းမြောက်အင်းသုသာန့်သို့ သတင်းသမားများစည်းလုံးညီစွာ လိုက်လံ
ပို့ဆောင်ခဲ့သူကိုတွေ့ရသည်။

"ကျွန်တော်တို့သတင်းသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဘယ်ချစ်တယ်
ဘယ်လောက်စည်းလုံးတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်ဖြစ်သော
ဆရာမြူငှက်ရဲ့ နောက်ဆုံးခရီးကို နံနက်ပိုင်းမည်သူမှသတင်းမလိုက်ဘဲ လိုက်ပါ
ပို့ဆောင်ပေးတာတွေရတော့ ကျွန်တော်တို့သတင်းသမားအချင်းချင်းဘယ်လောက်ချစ်တယ်ဆိုတာ ဆရာမြူ
ငှက်ရဲ့နောက်ဆုံးခရီးကသက်သေပါဘဲဟု လိုက်ပါပို့ဆောင်သောသတင်းသမား
ထံကသိရသည်။

ဆရာမြူ ငှက်၏ Face Book မှာ ရေးထားသော ကဗျာလေးဟာ ကျန်ရစ်သူတွေ
ကို အမှတ်ရစေပါတယ် ကျွန်တော်တို့ လောက်ကထဲ့က သူထွက်သွားပေမယ်
ကျွန်တော်တို့ မန္တလေးအခြေစိုက် သတင်းလောကသားတွေအားလုံးက
ဘယ်တော့မှ မ မေ့တော့မှမဟုတ်ပါဘူး သူရေးထားတာလေးက "ကိုယ်ကိုသတိ
ရရင် ငှက်ကလေးတွေကို အစာကျွေးပါ ကမ္ဘာမြေကြီးငြမ်းချမ်းအောင်ဆုတောင်း
ပေးပါဟု ရေးထားတာဖြစ်ပါတယ် အမြဲတမ်းသတိရနေမှပါဟု မန္တလေးအခြေစိုက်
သတင်းထောက် ဒီလိုင်ဝင်း မန္တလေူကပြောသည်။

ဆရာ မျိုးမြင့်စံ(ခ) မြူ ငှက်ကို စလင်းမြို့နယ် သရက်တောကျေးရွာအုပ်စု အဖဦးတင်ဝင်း အထက်တန်းပြ ငြိမ် အမိဒေါ်လှတို့မှ ၁၉၈၄ ခုနှစ် မတ်လ ၃ ရက်နေ့တွင်း မွေးဖွားခဲ့ပြီး မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသားဖြစ်ပြီး
သရက်တောရွာ (အ.လ.က)ကျောင်းတွင် ၈ တန်းထိ ပညာသင်ယူခဲ့ကာ ဆင်ဖြူ
ကျွန်းမြို့ (အ.ထ.က.)ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်မြို့
ဒဂုံတက္ကသိုလ်တွင် စီးပွားရေး အဝေးသင် ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ
The Messenger Mediaက ထုတ်ဝေလျှက်ရှိသော The Mes senger Journal၌ ၂၀၁၂ ခုနှစ်တွင် သတင်းထောက်အဖြစ် စတင်တာဝန်ထမ်းခဲ့ပြီး
The Messenger သတင်းစာတွင်လည်း မန္တလေးတိုင်းဒေသကြီး သတင်းထောက် တာဝန်ထမ်းဆောင်ခဲ့ကာ The Messenger
က ၂၀၁၅ ခုနှစ် ဇန်နဝါရီလ မှ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ထိ ထုတ်ဝေခဲ့
သော မန္တလေး အလင်းနေ့စင်သတင်းစာတွင် သတင်းထောက်ချုပ်အဖြစ်တာဝန်
ထမ်းဆောင်ကာ သတင်းစား ရပ်နားထားသည့်ကာလအတွင်း အခုလို ယဉ်တိုက်
မှုဖြစ်၍သေဆုံးခဲ့တာဖြစ်ပါတယ်။
သတင်းစာဆရာ မျိုးမြင့်စံ(ခ)မြူငှက် ဟာ သတင်းဆောင်းပါးများ နိုင်ငံဆောင်းပါး
များ ဘဝသရုပ်ဖော်ဆောင်းပါူများနှင့်အတူ ကဗျာ များရေးသားခဲပြီး သတင်းဓာက်
ပုံများလည်း ရိုက်ကူခဲ့သည့် သတင်းသမားကောင်းတစ်ယောက်ဖြစ်ကြောင်းသိရ
သည်။
စိုင်းထူးခန့်

posted from Bloggeroid

Tuesday, August 9, 2016

အထူးဝမ်းနည်းကြေးကွဲခြင်း

မန္တလေးအခြေစိုက်သတင်းထောက်တစ်ဦးမတော်တဆမှု့ဖြစ်ကွယ်လွန်"

မန္တလေး သြဂုတ် ၉
မန္တလေး ချမ်းအေးသာစံမြို့နယ် ၆၈လမ်း ၆၉လမ်းကြားလမ်း၃၀လမ်းမကြီးပေါ်
ကားတစ်စီးက သြဂုတ်လ ၆ရက်နေ့ည ၁၁ အချိန်က နောက်ကနေဝင်တိုက်သွား
ရာ မန္တလေးပြည့်သူဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြော်အထူးကြပ်မက်ဆောင်
တွင်ကုသနေရာက ယနေ့ နေခင်း ၁ နာရီအချိန်ကဘဝတစ်ပါးသို့ပြောင်းလဲသွား
ကြောင်းသိရသည်။

သေဆုံးသူမှ မန္တလေးအလင်းသတင်းစာ၏ သတင်းထောက်ချုပ်အဖြစ်တာဝန်ယူ
ထားသူတစ်ယောက်ဖြစ်ပြီး ကလောင်အမည် မြူငှက်အမည်ဖြစ်စာရေသူတစ်ယောက်ဖြစ်ပြီး နံမည်အရင်မှာ မျိုးမြင့်စံဖြစ်ပါတယ်
ယနေ့နေခင်း ၁ နာရီအချိန်က ကွယ်လွန်သွားခဲ့ပါတယ် ၎င်း၏နောက်ဆုံးခရီအနေဖြင့် အမရပူရမြို့နယ် တောင်အင်းမြောက်အင်းသုသာန့်
သို့ သြဂုတ်လ ၁၀ နေ့ နေခင်း ၁၂ နာရီ ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရပ်တယ်
မန္တလေးအခြေစိုက် သတင်းတစ်ယောက်ဆုံးရှုံးရသည့်အတွက်အထူးဝမ်းနည်း
ကျေးကွဲရကြောင်း
စိုင်းထူးခန့်

posted from Bloggeroid

Monday, August 8, 2016

အစိုးရသစ်လက်ထက်နဲ့ ငွေကြေးအခတ်အခဲ

"အစိုးရသစ်လက်ထက်မြန်မာနိုင်ငံအတွင်းစီးပွားနှင့်ငွေကြေးပြသာနာများ"
====================================================
စာရေးသူတစ်ယောက်အနေဖြင့် လက်ရှိအစိုးသစ်လက်ထက် မြန်မာနိုင်ငံအတွင်း စီးပွားလုပ်ငန်းများနှင့် ငွေကြေးဖေါင်းပွမှု့ ပြသာနာများ
ဘာကြောင့် ဖြစ်ရတယ်ဆိုတာကိုလေ့လာကြည့်သည့်အခါမှာတော့...?

ကျွန်တော်တို့မြန်မာနိုင်ငံအတွင်း အစိုးသစ်ရဲ့ ရက် (၁၀၀)စီမံချက်နဲ့အပြောင်းအလဲတစ်ခုကြောင့် ငွေကြေးအခတ်အခဲများစွာနဲ့ များ
ဖြစ်ပေါ်လျှက်ရှိပါတယ် ခေတ်အဆက်ဆက် နေသားကြနေသောပြည်သူတွေနဲ့
အလောင်းကစားတွေကို နေ့စဉ်စီးပွားရေးအဖြစ်လုပ်ကိုင်နေကြသော သူများဟာ
ရက် (၁၀၀)စီမံချက်ကြောင့် သူတို့နေ့စဉ် အလောင်းအစားနှင့်စီးပွားရှာသူတွေ
နေတိုးနေ့ပြန် အိမ်ခြံမြေ ကားအစရှိသော ငွေကစားသောလုပ်ငန်းတွေ ထိုးရပ်
သွားတယ် လက်ဝယ်မှ မြေဈေးကြီးကြီး ဝယ်ထားသော နေရာတွေ ပြန်ရောင်းဖို့
ကြိုးစားတယ် မြေမထုတ်ဘူး ကားအရောင်းဈေးလျော့ရောင်းရတာတွေ အတူ
မသာမာသောနည်းလမ်းတွေနဲ့ အတူ စီးပွားရှာသူများ ရပ်သွားတာနဲ့ အဆင်မပြေ
မှု့တွေဖြစ်ပေါ်လျှက်ရှိပါတယ် ။

စာရေးသူတစ်ယောက်အနေနဲ့က စီးပွားရေးပြေလည်သူမဟုတ်ပါဘူး
ဒါပေမဲ့ မသာမာသောနည်လမ်းနဲ့ ငွေရှာစားသူတစ်ယောက်မဟုတ်တော့
အစိုးသစ်တက်လာတာနဲ့ မြန်မာနိုင်ငံက ပြည်သူတွေ စီးပွားရေး လူမှု့ရေးအလုံး
အဆင်ပြေဖို့ မျော်လင့်ခဲတာ အခုငွေကြေး အခတ်အခဲနဲ့  အကြပ်အတည်းတွေ
ရှိလာတော့ ညဏ်မှီသလောက် တွေးကြည့်တော့ အပြောင်းအလဲနဲ့အတူ
ငွေကြေး အကြပ်အတည်းတွေရှိရခြင်းဟာ မသာမာသော နည်လမ်းနဲ့မှောင်ခို
လုပ်ငန်းတွေ အလောင်းအစားတွေ အတုအပလုပ်ငန်းတွေ နေတိုးနေ့ပြန်ငွေချီး
စားသူတွေ ပြည်သူအချင်းချင်း လူမျိုးအချင်းချင်း အပေါ် လဘ်စားနေသောဝန်ထမ်း
တွေ လဘ်ပေးလဘ်ယူမှု့တွေ ကို ရက် ၁၀၀ စီမံချက်အတွင်း လျော့ချသွားမယ်
လိုထင်ရပေမယ် နောက်ကွယ်မှ စီးပွားရေးအဖြစ်လုပ်နေသူတွေ လဘ်စားနေသူ
တွေ ရှိနေတာကိုလေ့လာတွေ့ရှိရပါတယ်။

ကျွန်တော်တို့ရပ်ကွက်အတွင်းအပေါင်းအသင်းတွေကြားကိုဘဲ လေ့လာကြည့်ရ
သလောက်ဆို နေ့စဉ် ၂ လုံးထီး ထိုးနေကြသူတွေက ယနေ့အချိန်ထိ မပြောင်းလဲ
ဘူး ရက်(၁၀၀)ကျော်သွားတယ် နေရာအနှံ့ ဒိုင်တွေထိုးသားတွေမပပျောက်သလို
ရဲဝန်ထမ်းတွေ လိုင်ကြေးယူနေတာတွေ လဲ မပပျောက်ဘူး မိတ်ဆွေတစ်ယောက်
ဆို နိုင်ငံခြားဘောလုံးပွဲတွေနဲ့ သိန်းပေါင်း ထောင်ချီတန်သော တိုက်ကြီးတွေ
တည်ဆောက်ထားတယ် အလောင်းကစားသမားဆိုတာသိတယ်မဟုတ်လား
ဆက်လောင်းတယ် အခုတိုက်ကြီးက အတိုးတွေနဲ့ပေါင်းထားတယ် ယနေအချိန်
ထိ ဘောလုံးပွဲရှိသောနေ့ သူပိုက်ဆံ လိုနေတယ် အနိုင်ရတဲ့နေ ရှိသလို ရှုံးတဲ့
နေတွေလည်း ရှိတယ် သူဒါနဲ့ဘဲ စီးပွားရှာတက်တယ်ပြောတယ် သူငယမချင်း
နောက်တစ်ယောက်က ကားပွဲစားလုပ်တယ် ကားဆိုအကုန်လုပ်တယ် ကား
ဝှတ်သောက်ကအစ လိုင်စင်ကား ဒါပေမယ် ကားဈေးကအေးတယ် အရောင်း
အပ်သူရှိတယ် အဝယ်နည်းသော ၁၀၀ လိုပြောတယ်ဗျာ နောက်မိတ်ဆွေတစ်
ယောက်ကတော့ နေတိုးနေပြန်ချီးစားတယ် ပစ္စည်းတွေအပေါင်ခံတယ် ကိုယ်
မျက်ရှေ့မှတင် သူငယ်ချင်းအပေါင်းအသင်းမျက်နာ ဘယ်သူမှမထောက်ဘူး
သူအတွက်အကျိုးအမြတ်မပါရင်ဘာတစ်ခုမှမလုပ်ဘူး အတိုးပေးတဲ့နေ့ KTV
ကောင်မလေးတွေထံ လိုက်ပို့ပေတယ် စာရေးသူလည်းအမြဲလိုလိုပါသွားနေကြ
ရက်ပိုင်နဲ့ အလောင်းစားသမားပွဲစားတွေထံကို ငွေချီးတယ် များများရသောနေ့
ဆို့ မြန်မာအမျိုးသမီးငယ်တွေ အများဆုံးစီးပွားရှာသော အနိုပ်ခန်းတွေ ဟိုတယ်
တွေ လိုက်ပို့တယ် နောက်တစ်ယောက်က သမလန်းသစ်မှောင်ခိုလုပ်တယ်
ကားသမားတွေပါတယ် ကားခေါက်ကြေးနဲဆို ငတ်သေတာကြပြီး ကလေးတွေ
ပညာရေးက ငွေနဲ့ ဝယ်ယူရသော ပြင်ဦးလွင် ကိုယ်ပိုင်ကျောင်းတွေပို့ထားရတာ
ကျွန်တော်လေ့လာခဲ့ရသူများထံကသိရပါတယ်။

အဆိုးဝါးဆုံးကတော့ ဘာသာရေးကိုခုတုံးလုပ် စီးပွားရှာနေသူတွေ အလွန်များ
တယ် ရပ်ကွက်ဘုံဆွမ်းလောင်းအသင်းတွေ ပရိဟိတာကျောင်းတွေ ဘုရားတည်
ကျောင်းဆောက်တာတွေ ပြပြီး မန္တလေးမြို့ နေရာအနှံ အလှူလိုက်ခံကာ ကိုယ်
ကျိုးစီးပွာရှာတယ် သက်ဆိုင်ရာ ကျောင်းတွေက ထောက်ခံပေးတယ် သူတို့အပ်
သလောက် ကျောင်းတွေ ပရဟိတ နေရာတွေက ရတာတွေ အချောင်လိုချင်းသောစိတ်ဒတ်တွေနဲ့ အများပြည်သူတွေ စီးပွားရှာနေတာတွေ
အခုဆို မြန်မာနိုင်ငံအနှံရေကြီးရေလျှံမှု့တွေကြောင့် အမှန်တကယ်ဒုက္ခရေားသူ
ပြည်သူတွေရှိသလို ၄ နှစ်တစ်ကြိမ် ရေဝင်ေုမအတွင်းနေထိုင်သူ ပိုက်ဆံရှိသူဌေး
တွေက ရေဘေးဒုက္ခသည်လုပ်ပြီး ပရဟိတအသင်းတွေ လူမှုရေးအဖွဲ့တွေလာ
လှူဒါန်းတာကို ချောင်းယူနေတာတွေကို တွေ့ရတော့ စေတနာသုံးတန်ပြက်သား
စွာ လှူနေသော ပြည်သူတွေ ကျောင်းသားတွေ အသင်းအဖွဲ့တွေရဲ့ပရဟိတစိတ်
တွေကိုလေးစားသောအားဖြင့် လိုအပ်သည့်ဒေသတွေကိုသွားလှူပါ ကျွန်တော်
ကျွန်မတို့နယ်ကတော့ ရေအမြဲဝင်နေကြနေရာတွေပါ မလာလှူရန် မပြောကြဘူး
မရှိဆင်းရဲသားတွေအတွက်အမှန်တကယ်လိုအပ်သည့်နေရာမျးကို ဝေငှလှူပေး
စေလိုပါတယ် ဒေသခံရပ်ကွက် အုပ်ချုပ်ရေးကလူတွေအသိဆုံးဖြစ်ပါတယ်။

ပရဟိတအသင်းတွေက လူငယ်တွေ ကျောင်းသားတွေ ကရေဘေးအတွက်ဆို
အလှူခံပေးနေသောဒေသတစ်ချို့ ဒုက္ခသည်မဟုတ်သည့်နေရာ မြေတွေ သိန်း
သောင်းနဲ့ချီရောင်းထားပြီး မြို့ပေါ်မှာ ကားကြီးတွေစီးနေသူတွေက ရေဘေးဒုက္ခ
သည် စာရင်ထဲ့ပါနေတာတွေ နှစ်စဉ်ရေဝင်ဧရိယာအတွင်းက လူတွေက ရေဘေး
ဒုက္ခသည်မဟုတ်တာတွေတော့ သတိထား၍ လှူဒါန်းစေလိုပါတယ်။

ခိုစားတော့ခွေဟောင် လုပ်စားတော့ မိုးခေါင် ဆိုသောစကားပုံလေးကိုကြားတော့
ခိုးလည်းမစားဘူး လုပ်လည်းမစားဘူး အလောင်းစားနဲ့ အချောင်းစီးပွားရှာမယ်
နေပြန်တိုးပေးရင် တစ်လ ဘယ်လောက်မြတ်တယ်အပေါင်ခံမယ် အတိုးရတယ်
အရက် ဘီယာ ရောင်းစားမယ် လက္ဘ်ရည်ဆိုင်ဆို ထိုင်သူမရှိတော့သည့်ခေတ်
ဆန္ဒပြမယ် အလုပ်သမားတွေ မျှောက်ပင်ပေးမယ် IGO CSO အဖွဲ့တွေ ဖိတ်
မယ် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ ပါဝင်လာရင် နိုင်ငံ ဖိုယ်ဒယ်တင်ပြီး
ပိုက်ဆံတောင်းမယ် အများပြည်သူတွေအနေနဲ့ တိုင်ပြည့်တစ်ပြည့် နိုင်ငံတစ်
နိုင်ငံ ဗုဒ္ဓဘာသာမြန်မာနိုင်ငံအတွင်း အမှန်တကယ်ခေတ်မှီဖွံဖြိုးတိုးတက်ဖို့
အတွက်ချောင်နေအချောင်စား ကျွန်တော်တို့လူမျိုးဘဝတွေ မပါရအောင် ပြုပြင်
နိုင်ရန်အတွက် ကျွန်တော်သိသလောက်လေးနဲ့ ရေးသားလိုက်ရပါတယ်။
အားလုံးကိုလေးစားစွာဖြင့်
စိုင်းထူးခန့် 





posted from Bloggeroid

Sunday, August 7, 2016

ကြော်ငြာသတင်း

Vietjet ၏ ဒုတိယဥက္ကဌဖြစ်သူ Mdm Thuy Binh နှင့်
မြန်မာပြည် ပြည်ပခရီးသွားလုပ်ငန်းလိုင်စင်များ
ထပ်မံထုတ်ပေးခြင်းအကြောင်း မေးမြန်းခြင်း

မြန်မာအစိုးရက ရက်ပိုင်းအတွင်းတုန်းက မြန်မာခရီးသွားလုပ်ငန်းကုမ္ပဏီတွေအတွက် ပြည်ပခရီးသွားလုပ်ငန်း လိုင်စင်တွေ ထပ်ပြီးခွင့်ပြုမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်ပါသလဲ။
မြန်မာအစိုးရအနေနဲ့ ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် ၂၅၀ ထပ်ပြီးထုတ်ပေးလိုက်ပြီ ဆိုတော့ မြန်မာလူမျိုးတွေရော နိုင်ငံရဲ့ခရီးသွားကဏ္ဍအတွက်ပါ ကောင်းတဲ့အလားအလာ တစ်ခုအဖြစ် ယူဆ ပါတယ်။ ခရီးသွားလုပ်ငန်းအေဂျင်စီတွေကို လုပ်ငန်းလိုင်စင် ၂၅၀ ထပ်တိုးထုတ်ပေးလိုက်ပြီဆိုတော့ မြန်မာ ခရီးသွားတွေအနေနဲ့ ပြည်ပခရီးဝန်ဆောင်မှုတွေကို ပိုပြီးရရှိလာတော့မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှု ဆိုရာမှာ ဈေးသက်သက်သာသာ လွယ်ကူစွာနဲ့ လေယာဉ်လက်မှတ်တွေဝယ်ယူနိုင်တာလည်း ပါပါတယ်။ ဒီလိုထုတ်ပေး ခြင်းက နိုင်ငံရဲ့ ခရီးသွားကဏ္ဍ တိုးတက်မှုကို အထောက်အကူပေးနိုင်မှာဖြစ်ပြီး အထူးသဖြင့် လေကြောင်း ခရီးသွားကဏ္ဍကို တိုးတက်စေမှာပါ။
အားလုံးလည်းသိတဲ့အတိုင်း ဗီယက်နမ်နဲ့ မြန်မာဟာ စီးပွားရေးအရရော ယဉ်ကျေးမှုအရပါ တူညီတဲ့အရာတွေ အများကြီးရှိပါတယ်။ ဗီယက်နမ်ကို လာရောက်လည်ပတ်တဲ့ မြန်မာခရီးသွားတွေ ပိုပိုများလာသလိုပဲ မြန်မာကို လည်ပတ်ကြတဲ့ ဗီယက်နမ်ခရီးသွားတွေလည်း များပြားလာပါတယ်။ ၂ နိုင်ငံအကြား ခရီးသွားလာသူ များပြားလာတာနဲ့အမျှ ဒီဈေးကွက်မှာ တိုးတက်မှုတွေရှိလာမယ်ဆိုတာ အခိုင်အမာယုံကြည်ထားပါတယ်။
ဒီနေ့ခေတ်ရဲ့ လေကြောင်းလိုင်းတစ်ခုအနေနဲ့ ဒီလိုမျိုး လိုင်စင်တွေထပ်မံထုတ်ပေးတာကို တကယ်ကို ကြိုဆို ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တန်ဖိုးထားရတဲ့ ခရီးသည်တွေကို ပိုမိုဝန်ဆောင်မှုပေးနိုင်တော့မှာ ကြောင့် ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့ ကျွန်မတို့ရဲ့ ကျယ်ပြန့်တဲ့ချိတ်ဆက်မှုတွေကြောင့် ခရီးသွားဧည့်သည် တွေလိုအပ်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ခရီးသွားအေဂျင်စီတွေ ဒီ ပြည်ပခရီးသွားလုပ်ငန်းလိုင်စင်တွေ ရတဲ့အတွက် မြန်မာခရီးသည်တွေမှာ ဘယ်လိုအကျိုးကျေးဇူးရှိလာမယ်လို့ ထင်ပါသလဲ။
သေချာတာတစ်ခုကတော့ ဒီလိုလုပ်ငန်းလိုင်စင်ရှိတဲ့ အေဂျင်စီတွေပိုများလာတာဟာ ခရီးသွားမယ့်သူတွေ အတွက် ခရီးစီစဉ်ရတဲ့အခါ အချိန်ကုန်သက်သာပြီး ဈေးလည်းပိုသက်သာမယ် ဆိုတာပါပဲ။ ဗီယက်နမ်လိုနေရာမျိုးကို လည်ပတ်မယ်ဆိုရင် မြို့တော်ဟိုချီမင်းကနေပြီးတော့ တခြားဗီယက်နမ်ရဲ့မြို့တွေကို လည်း ချိတ်ဆက်လည်ပတ်နိုင်မယ့်အပြင် ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းတို့ဆီကိုလည်း ထပ်ပြီး ချိတ်ဆက်လည်ပတ်နိုင်ပါသေးတယ်။ ပြည်ပခရီးစဉ်ကို ပထမဆုံးသွားမယ့် ခရီးသွားတွေအတွက် ဒီလိုမျိုး နေရာအနှံ့အပြားလည်ပတ်မယ့် ခရီးစဉ်တွေဆိုရင် အေဂျင်စီတွေကတဆင့် သွားလာတာဟာ ပိုပြီး အဆင်ပြေလွယ်ကူစေမှာပါ။
ဒီလိုင်စင်ရှိထားတဲ့ ခရီးသွားကုမ္ပဏီ တွေနဲ့ Vietjet က ဘယ်လိုမျိုး အတူတကွလက်တွဲလုပ်ဆောင်မှာပါလဲ။
ခရီးသွားကုမ္ပဏီတွေကနေတဆင့် Vietjet က ဗီယက်နမ်မှာ ရှိတဲ့ သွားလာလည်ပတ်လို့ကောင်းတဲ့နေရာတွေကို ညွှန်းပေးနိုင်ပါတယ်။ ခရီးသွားကုမ္ပဏီတွေအနေနဲ့ ခရီးသွားတွေ စိတ်ကြိုက်ရွေးချယ်ထားတဲ့နေရာတွေကို ခရီးစီစဉ်ပေးနိုင်အောင်လည်း ဈေးနှုန်းသက်သာတဲ့ လေယာဉ်ခရီးစဉ် တွေကို ပေးထားပါတယ်။ ဒါ့အပြင် မြန်မာအေဂျင်စီနဲ့ ဗီယက်နမ်က အေဂျင်စီချိတ်ဆက်ပြီး ခရီးစဉ် စီစဉ်တဲ့အခါ ပြည်တွင်းမှာ သွားလာမှုတွေအတွက်လည်း သွားလာရေးစီစဉ်ပေးပါတယ်။
ခရီးသည်တွေအနေနဲ့ Vietjet နဲ့ ပျံသန်းခြင်းကြောင့် ဘယ်လို ထူးခြားကောင်းမွန်ချက်မျိုး ရရှိနိုင်မလဲ။
Vietjet နဲ့ပျံသန်းတာကြောင့် ခရီးသည်တွေ အနေနဲ့ အရည်အသွေးမြင့်လေယာဉ်တွေကို ဈေးသက်သက်သာသာနဲ့ စီးနင်းရပြီး ပျံသန်းစဉ် အချိန်မှာလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ မြန်မာအပါအဝင် တခြားသော အာရှ-ပစိဖိတ် နိုင်ငံများစွာကနေ လာတဲ့ လေ့ကျင့်သင်ကြားထားတဲ့ Vietjet ရဲ့ လေယာဉ်မောင်မယ်တွေရှိနေပါတယ်။ လေယာဉ်ပျံသန်းနေချိန် စီးနေချိန်တွေမှာ ပိုပြီးအရည်အသွေးမြင့်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ လေယာဉ်ပေါ်မှာ တည်ခင်းတဲ့အစားအသောက်တွေရဲ့ အရည်အသွေးကိုလည်း မြှင့်တင်ထားပါတယ်။ ခရီးသွားတိုင်းအကြိုက်ဖြစ်စေဖို့ စီမံထားတဲ့ အာရှရဲ့ တမူထူးခြားတဲ့အရသာကိုပေးနိုင်တဲ့ ဟင်းလျာတွေ ဖြစ်ပါတယ်။
လက်ရှိမှာ Vietjet က A320s and A321s အပါအဝင် လေယာဉ်အစင်းပေါင်း ၄၀ နဲ့ တစ်နေ့ကို ခရီးစဉ်ပေါင်း ၃၀၀ ပျံသန်း နေပါတယ်။ ဗီယက်နမ်ကနေပြီးတော့ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်နဲ့ မြန်မာတို့ဆီကို ပျံသန်းနေတဲ့ခရီးစဉ်ပေါင်း ၅၃ ခုရှိနေပါပြီ။

Vietjet နဲ့ခရီးသွားရတာ တခြားလေကြောင်းလိုင်းတွေနဲ့ ဘာများ ကွာခြားမှု ရှိသလဲ။
စတင်ခဲ့တဲ့နေ့ကတည်းက ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ဟာ ခရီးသွားတွေအတွက် အကောင်းဆုံး ပျံသန်းမှု အတွေ့အကြုံကိုပေးချင်တာပါ။ ကျွန်မတို့က ခေတ်မီလေယာဉ်သစ်တွေ ဝယ်ယူမှုမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အများအပြားလုပ်ပါတယ်။ ဒီလေယာဉ်သစ်တွေက အကောင်းဆုံးအတွေ့အကြုံကိုပေးနိုင်တဲ့အပြင် ဆီစားလည်း သက်သာစေပါတယ်။ Vietjet က ပြောင်းလဲလို့လွယ်ကူတဲ့ လက်မှတ်ဝယ်ယူခြင်း သတ်မှတ်ချက်တွေ၊ ဝန်ဆောင်မှုတွေ၊ လေယာဉ်ပျံချိန်မှာ လုပ်ဆောင်ပေးတဲ့ ဖျော်ဖြေမှုတွေကို အမြဲဆန်းသစ်အောင် လုပ်ဆောင်ရင်း ခရီးသွားတွေရဲ့ လိုအပ်မှုတွေ လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားနေတာပါ။ ခရီးသည်တွေကို လိုရာခရီးပို့ပေးရုံသက်သက်မဟုတ်ဘဲ မမေ့နိုင်တဲ့ အကောင်းဆုံး ခရီးစဉ်ဖြစ်အောင် စီစဉ်ပေးနေပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ အစားအသောက်တွေ ယဉ်ကျေးမှုတွေကို လေ့လာ ပြီးတော့မှ လေယာဉ်တွင်းအစားအသောက်ကို စီစဉ်ထားတာဖြစ်ပါတယ်။ လေယာဉ်မောင်မယ်တွေကလည်း ဖော်ရွေပျူငှာပြီး ပျော်စရာအစီစဉ်လေးတွေနဲ့ ဝန်ဆောင်ပေးဖို့ အမြဲအသင့်ရှိနေတာပါ။ ကျွန်မတို့ လေယာဉ်ခရီး စဉ်တွေမှာဆိုရင် မွေးနေ့ရှင်ကို မွေးနေ့လက်ဆောင်ပေးတာတို့၊ ချစ်သူတွေ ဇနီးမောင်နှံတွေအတွက် အထူး လက်ဆောင်တွေ စီစဉ်ပေးတာတို့က အမြဲလုပ်ပေးနေတဲ့အရာတွေပါ။
ဈေးနှုန်းသက်သာတဲ့ လက်မှတ်တွေအပြင် အချိန်ကုန်သက်သာပြီး ကောင်တာမှာတန်းမစီချင်သူတွေ၊ နေရာထိုင်ခုံရွေးချယ်ချင်သူတွေ၊ VIP နားနေခန်းသုံးချင်သူတွေ၊ လေယာဉ်အချိန်နဲ့ခရီးစဉ်ကို မကြာခဏပြောင်းလဲချင်သူတွေ၊ ကီလို ၃၀ အိတ်သယ်ချင်သူတွေနဲ့ ဂေါက်ရိုက်တံအိတ်ကိုပါ သယ်ယူချင်သူတွေအတွက်လည်း SkyBoss ဆိုတဲ့ ဝန်ဆောင်မှုလက်မှတ်တွေရောင်းချစီစဉ်ပေးနေပါသေးတယ်။



posted from Bloggeroid

Sunday, July 31, 2016

ပြင်ဦးလွင် ဆေးတစ်လုံးကျေးရွာမြေသိမ်းတိုက်ပွဲကျင်ပ


"ပြင်ဦးလွင် ဆေးတစ်လုံးကျေးရွာ ဒေသခံတောင်သူများ၏မြေယာများကိုကုမ္ပံဏီ
များကကော်ဖီစိုက်ခင်းဘန်းပြပြီးသိမ်းယူထားသဖြင့်ထွန်တုံးတိုက်ပွဲလုပ်၍မြေ
ပြန်ရရှိရေးတိုက်ပွဲဝင်"

====================================================
ပြင်ဦးလွင် သြဂုတ် ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဆေးတစ်လုံးကျေးရွာဒေသခံတောင်သူ
များ ဓါးမဦးချ လုပ်ကိုင်လျှက်ရှိသော မြေဧကပေါင်း ၁၂၀၄ ဧကကို ကော်ဖီစိုက်
ခင်းဘန်းပြကာ ကုမ္ပံဏီကြီး ၁၃ ခုက ၁၉၉၈ခုနှစ်ကသိမ်းယူသွားကာ ယနေ့အချိန်
ထိစီမံကိန်အကောင်းအထည်မဖော်သည့် မြေနေရာများကို သြဂုတ်လ ၁ရက်
နေ့ နံနက် ၁၀ နာရီအချိန်က မြေသိမ်းခံတောင်သူအင်အား ၅၀၀ခန့်ဖြင့်ထွန်တုံး
တိုက်ပွဲပြုလုပ်ကာ မိမိတို့မြေပြန်ရရှိရေး မြေသိမ်းတိုက်ပွဲ ကျင်းပခဲ့သည်ကိုတွေ့
ရသည်။

"ကျွန်တော်တို့ ဆေးတစ်လုံးကျေးရွာ ဒေသခံတောင်သူတွေ လုပ်ကိုင်စားနေကြ
သော တောင်ယာမြေတွေကို ကော်ဖီစိုက်ခင်းဘန်းပြကာ မြန်မာနိုင်ငံကော်ဖီ
အသင်းဥက္ကဌ ဦးရဲမြင့်က သိမ်းယူကာ ကုမ္ပံဏီကြီး ၁၃ ခုကနှင့်အတူ ၁၉၉၈ခု
နှစ်က စတင်လုပ်ကိုင်ခွင်ယူပြီး အမှန်တစ်ကယ် ကော်ဖီစိုက်ခင်း မလုပ်ခဲ့သည့်
ပိုလျှမြေများ ပြန်ရရှိရေး ၂၀၁၃ခုနှစ်က မန္တလေးတိုင်းဒေသကြီးအစိုးရဦးရဲမြင့်ထံ
နှင့် ပြင်ဦးလွင်မြို့နယ် ဌာနဆိုင်ရာများကိုအသားနားခံစာတင်ကာတောင်းခံခဲ့
သော်လည်း ဖြေရှင်းပေးခြင်းမရှိခဲ့ပါဘူး လက်ရှိအစိုးရသစ်လက်ထက်၂၀၁၆ခု
မတ်လ ၁၈ နှင့် ၂၀ ရက်နေ့တို့က တောင်းခံစာများတင်ပြပြီးအမှန်တကယ်စိုက်
ပျိုးမထားသည့် မြေနေရာများကို ဒေသခံတွေ ပြန်လှည်ရရှိရေးအတွက် ထွန်တုံး
တိုက်ပွဲပြုလုပ်ကာ မြေပြန်သိမ်းယူတာဖြစ်တယ်ဟု ဒေသခံတောင်သူဦးသန်းဋ္ဌေး
ကပြောသည်။

အဆိုပါထွန်တုံးတိုက်ပွဲပြုလုပ်ပြီး မြေယာပြန်ရရှိရေးအတွက် ဒေသခံတောင်သူ
များမြေ မကျူးကျော်ရ တောင်သူပိုင်ဓါမဦးချမြေ ငါတို့မြေ တောင်သူလယ်သမား
ကိုယ်စားပြုအလံများ ဆရာစံပုံပါ ဗီနိုင်းဆိုင်ဘုတ်များ စိုက်ထူးကာ ထွန်စက် ၈ စီး
ဖြင့် ထွန်ယက်ကာ ကောက်ပဲသီးနှံများ ဝင်ရောက်စိုက်ပျိုးခြင်းများကို ပြုလုပ်ခဲကြ
သည်ကိုတွေ့ရသည်။

"ဆေးတစ်လုံးကျေးရွာအုပ်စု ဆေးတစ်လုံးရွာက ကျွန်တော်တို့ ဒေသခံတွေက
တောင်ယာစိုက်ခင်းကို အားပြုပြီး အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်စား
နေသူများဖြစ်ပါတယ် ဒါတွေကို လုံးဝမငဲဘဲ ကော်ဖီစိုက်ခင်းဥက္ကဌကိုယ်တိုင်က
နစ်နာကြေး လျှော်ကြေး လုံးဝ မပေးဘဲ သိမ်းယူသွားတယ် ကုမ္ပံဏီ ၁၃ ခုကို
ကော်ဖီစိုက်ခွင့်အေးကာ ရှေ့ပိုင်းတွေမှတော့ ကော်ဖီပင်တွေ အစိုက်ပြပြီး
နောက်ပိုင်းတွေမှတော့ ကိုယ်ကျိုးအတွက် မြေကွက်များရိုက်ကာ တစ်ခြားသူများ
ကိုတစ်ဆင့်ရောင်းစားမှု့များပြုလုပ်နေပါတယ် ကြရင် ကျွန်တော်တို့ဒေသခံတောင်
သူတွေ လုံးဝ လုပ်ကိုင်စားစရာ ဘာမြေ ကျန်ရှိမှမဟုတ်တော့ဘူး ဒါကြောင့်
ကုမ္ပံဏီတွေ ဘာတစ်ခုမှ စိုက်ပျိုးထားခြင်းမရှိသည့် ပိုလျှံမြေ နေရာများကို လုပ်စား
ခွင့်ရရှိရေး အတွက် ကိုယ်မြေကို ပြန်သိမ်းယူပြီး ထွန်တုံးတိုက်ပွဲကျင်ပတာဟု
ဒေသခံတောင်သူ ကိုဇော်ထွေးကပြောသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူတွေက တောင်သူလယ်သမားဆိုသော
ပြည်သူတွေက ၇၅%လောက်ပါဝင်ပါတယ် မြန်မာပြည်သူတွေ အတွက်ကုန်
ဈေးနှုံန်းကျဆင်းဖို့နှင့် ငွေကြေး အဆင့်မြင့်တင်တိုင်ရေးတွင်လည်း တောင်သူ
လယ်သမား တွေက အခမ်းကဏ္ဍာတစ်ခုအဖြစ်ပါဝင်ပါတယ် နိုင်ငံတစ်နိုင်ငံရဲ့
စားနဲရိက္ခာဖူလုံးရေးအတွက် စီမံကိန်းအဖြစ်အကောင်အထည်မဖော်ဖြစ်သည့်
မြေယာတွေကို အမှန်တကယ် စိုက်ပျိုးပေးမယ်တောင်သူတွေကို ပြန်ပေးသင့်
ပါတယ် ကုမ္ပံဏီတွေက သိမ်းယူထားပြီး အများပြည်သူလည်း အကျိုးမရှိ ဒေသခံ
တောင်သူအတွက်လည်းအကျိုးမရှိ မြေတွေက ပလပ်ပြီး ပိုလျှံလျှက်ရှိပါတယ်
ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်ကနေ ပွဲကောက်ရွာ ပင်လိမ်ကျေးရွာဘက်တွေ
ကနေစပြီး ကုမ္ပံဏီ စိုက်ခင်းကြီးတွေ သိမ်းထားတာ ပြင်ဦးလွင်ကနေ ၈မိုင်ကျော်
လောက်ထိဝေကွာသည့်နေရာဒေသက တောင်သူတွေကို အစိုးအဆက်ဆက်က
မတရားသိမ်းထားပြီး အမှန်တကယ် သူတို့လည်အသုံးမပြုဘဲ ကော်ဖီစိုက်ခင်း
အမည်တက်ပြီး မြေကွက်များရိုက်ရောင်းနေလို ကျွန်တော်တို့ မန္တလေးတောင်သူ
လယ်သမားအလုပ်သမားရေးကူညီချတ်ဆက်ဆောင်ရွက်ပေးနေသော (FNIFL)
ရုံကို ဆေးတစ်လုံးကျေးရွာက ဒေသခံတောင်သူတွေက မိမိတို့ဓါးမဦးချလုပ်ကိုင်
စားနေသော မြေများ ပြန်ရရှိရေးအတွက်လအကူအညီတောင်းသဖြင့် ကျွန်တော်
တို့အဖွဲ့က လာရောက် ကူညီပေးတာပါ ယခင်အစိုးရလက်ထက်က ခရိုနီတွေ
နဲ့ အာဏာရှင်အစိုးရတို့ပေါင်းကာ မတရားသိမ်းယူသွားတို့ ဒေသခံရွာသူရွာသား
တွေ နစ်နာဆုံးရှုံးမှု့တွေကြောင့် ယနေ့ ကိုယ်မြေကိုယ်ယာလုပ်စားပိုင်ခွင့်ပြန်ရရှိ
စေရေးအတွက် ဒေသခံတောင်သူအင်အား ၅၀၀ဖြင့် ထွန်တုံးတိုက်ပွဲပြုလုပ်၍
မြေပြန်ရရှိနိုင်ရန်အတွက်ပြုလုပ်တာကို လာရောက်ဝိုင်းရံပေးတာဟုမန္တလေး
(FNIFL)ကဗဟိုကော်မတီဝင် ဦးလင်းလင်းကပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid

ဆေးတစ်လုံးကျေးရွာမြေသိမ်းတိုက်ပွဲကျင်ပ

"ပြင်ဦးလွင် ဆေးတစ်လုံးကျေးရွာ ဒေသခံတောင်သူများ၏မြေယာများကိုကုမ္ပံဏီ
များကကော်ဖီစိုက်ခင်းဘန်းပြပြီးသိမ်းယူထားသဖြင့်ထွန်တုံးတိုက်ပွဲလုပ်၍မြေ
ပြန်ရရှိရေးတိုက်ပွဲဝင်"

====================================================
ပြင်ဦးလွင် သြဂုတ် ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဆေးတစ်လုံးကျေးရွာဒေသခံတောင်သူ
များ ဓါးမဦးချ လုပ်ကိုင်လျှက်ရှိသော မြေဧကပေါင်း ၁၂၀၄ ဧကကို ကော်ဖီစိုက်
ခင်းဘန်းပြကာ ကုမ္ပံဏီကြီး ၁၃ ခုက ၁၉၉၈ခုနှစ်ကသိမ်းယူသွားကာ ယနေ့အချိန်
ထိစီမံကိန်အကောင်းအထည်မဖော်သည့် မြေနေရာများကို သြဂုတ်လ ၁ရက်
နေ့ နံနက် ၁၀ နာရီအချိန်က မြေသိမ်းခံတောင်သူအင်အား ၅၀၀ခန့်ဖြင့်ထွန်တုံး
တိုက်ပွဲပြုလုပ်ကာ မိမိတို့မြေပြန်ရရှိရေး မြေသိမ်းတိုက်ပွဲ ကျင်းပခဲ့သည်ကိုတွေ့
ရသည်။

"ကျွန်တော်တို့ ဆေးတစ်လုံးကျေးရွာ ဒေသခံတောင်သူတွေ လုပ်ကိုင်စားနေကြ
သော တောင်ယာမြေတွေကို ကော်ဖီစိုက်ခင်းဘန်းပြကာ မြန်မာနိုင်ငံကော်ဖီ
အသင်းဥက္ကဌ ဦးရဲမြင့်က သိမ်းယူကာ ကုမ္ပံဏီကြီး ၁၃ ခုကနှင့်အတူ ၁၉၉၈ခု
နှစ်က စတင်လုပ်ကိုင်ခွင်ယူပြီး အမှန်တစ်ကယ် ကော်ဖီစိုက်ခင်း မလုပ်ခဲ့သည့်
ပိုလျှမြေများ ပြန်ရရှိရေး ၂၀၁၃ခုနှစ်က မန္တလေးတိုင်းဒေသကြီးအစိုးရဦးရဲမြင့်ထံ
နှင့် ပြင်ဦးလွင်မြို့နယ် ဌာနဆိုင်ရာများကိုအသားနားခံစာတင်ကာတောင်းခံခဲ့
သော်လည်း ဖြေရှင်းပေးခြင်းမရှိခဲ့ပါဘူး လက်ရှိအစိုးရသစ်လက်ထက်၂၀၁၆ခု
မတ်လ ၁၈ နှင့် ၂၀ ရက်နေ့တို့က တောင်းခံစာများတင်ပြပြီးအမှန်တကယ်စိုက်
ပျိုးမထားသည့် မြေနေရာများကို ဒေသခံတွေ ပြန်လှည်ရရှိရေးအတွက် ထွန်တုံး
တိုက်ပွဲပြုလုပ်ကာ မြေပြန်သိမ်းယူတာဖြစ်တယ်ဟု ဒေသခံတောင်သူဦးသန်းဋ္ဌေး
ကပြောသည်။

အဆိုပါထွန်တုံးတိုက်ပွဲပြုလုပ်ပြီး မြေယာပြန်ရရှိရေးအတွက် ဒေသခံတောင်သူ
များမြေ မကျူးကျော်ရ တောင်သူပိုင်ဓါမဦးချမြေ ငါတို့မြေ တောင်သူလယ်သမား
ကိုယ်စားပြုအလံများ ဆရာစံပုံပါ ဗီနိုင်းဆိုင်ဘုတ်များ စိုက်ထူးကာ ထွန်စက် ၈ စီး
ဖြင့် ထွန်ယက်ကာ ကောက်ပဲသီးနှံများ ဝင်ရောက်စိုက်ပျိုးခြင်းများကို ပြုလုပ်ခဲကြ
သည်ကိုတွေ့ရသည်။

"ဆေးတစ်လုံးကျေးရွာအုပ်စု ဆေးတစ်လုံးရွာက ကျွန်တော်တို့ ဒေသခံတွေက
တောင်ယာစိုက်ခင်းကို အားပြုပြီး အသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကိုင်စား
နေသူများဖြစ်ပါတယ် ဒါတွေကို လုံးဝမငဲဘဲ ကော်ဖီစိုက်ခင်းဥက္ကဌကိုယ်တိုင်က
နစ်နာကြေး လျှော်ကြေး လုံးဝ မပေးဘဲ သိမ်းယူသွားတယ် ကုမ္ပံဏီ ၁၃ ခုကို
ကော်ဖီစိုက်ခွင့်အေးကာ ရှေ့ပိုင်းတွေမှတော့ ကော်ဖီပင်တွေ အစိုက်ပြပြီး
နောက်ပိုင်းတွေမှတော့ ကိုယ်ကျိုးအတွက် မြေကွက်များရိုက်ကာ တစ်ခြားသူများ
ကိုတစ်ဆင့်ရောင်းစားမှု့များပြုလုပ်နေပါတယ် ကြရင် ကျွန်တော်တို့ဒေသခံတောင်
သူတွေ လုံးဝ လုပ်ကိုင်စားစရာ ဘာမြေ ကျန်ရှိမှမဟုတ်တော့ဘူး ဒါကြောင့်
ကုမ္ပံဏီတွေ ဘာတစ်ခုမှ စိုက်ပျိုးထားခြင်းမရှိသည့် ပိုလျှံမြေ နေရာများကို လုပ်စား
ခွင့်ရရှိရေး အတွက် ကိုယ်မြေကို ပြန်သိမ်းယူပြီး ထွန်တုံးတိုက်ပွဲကျင်ပတာဟု
ဒေသခံတောင်သူ ကိုဇော်ထွေးကပြောသည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူတွေက တောင်သူလယ်သမားဆိုသော
ပြည်သူတွေက ၇၅%လောက်ပါဝင်ပါတယ် မြန်မာပြည်သူတွေ အတွက်ကုန်
ဈေးနှုံန်းကျဆင်းဖို့နှင့် ငွေကြေး အဆင့်မြင့်တင်တိုင်ရေးတွင်လည်း တောင်သူ
လယ်သမား တွေက အခမ်းကဏ္ဍာတစ်ခုအဖြစ်ပါဝင်ပါတယ် နိုင်ငံတစ်နိုင်ငံရဲ့
စားနဲရိက္ခာဖူလုံးရေးအတွက် စီမံကိန်းအဖြစ်အကောင်အထည်မဖော်ဖြစ်သည့်
မြေယာတွေကို အမှန်တကယ် စိုက်ပျိုးပေးမယ်တောင်သူတွေကို ပြန်ပေးသင့်
ပါတယ် ကုမ္ပံဏီတွေက သိမ်းယူထားပြီး အများပြည်သူလည်း အကျိုးမရှိ ဒေသခံ
တောင်သူအတွက်လည်းအကျိုးမရှိ မြေတွေက ပလပ်ပြီး ပိုလျှံလျှက်ရှိပါတယ်
ပြင်ဦးလွင်မြို့ ပွဲကောက်ရေတံခွန်ကနေ ပွဲကောက်ရွာ ပင်လိမ်ကျေးရွာဘက်တွေ
ကနေစပြီး ကုမ္ပံဏီ စိုက်ခင်းကြီးတွေ သိမ်းထားတာ ပြင်ဦးလွင်ကနေ ၈မိုင်ကျော်
လောက်ထိဝေကွာသည့်နေရာဒေသက တောင်သူတွေကို အစိုးအဆက်ဆက်က
မတရားသိမ်းထားပြီး အမှန်တကယ် သူတို့လည်အသုံးမပြုဘဲ ကော်ဖီစိုက်ခင်း
အမည်တက်ပြီး မြေကွက်များရိုက်ရောင်းနေလို ကျွန်တော်တို့ မန္တလေးတောင်သူ
လယ်သမားအလုပ်သမားရေးကူညီချတ်ဆက်ဆောင်ရွက်ပေးနေသော (FNIFL)
ရုံကို ဆေးတစ်လုံးကျေးရွာက ဒေသခံတောင်သူတွေက မိမိတို့ဓါးမဦးချလုပ်ကိုင်
စားနေသော မြေများ ပြန်ရရှိရေးအတွက်လအကူအညီတောင်းသဖြင့် ကျွန်တော်
တို့အဖွဲ့က လာရောက် ကူညီပေးတာပါ ယခင်အစိုးရလက်ထက်က ခရိုနီတွေ
နဲ့ အာဏာရှင်အစိုးရတို့ပေါင်းကာ မတရားသိမ်းယူသွားတို့ ဒေသခံရွာသူရွာသား
တွေ နစ်နာဆုံးရှုံးမှု့တွေကြောင့် ယနေ့ ကိုယ်မြေကိုယ်ယာလုပ်စားပိုင်ခွင့်ပြန်ရရှိ
စေရေးအတွက် ဒေသခံတောင်သူအင်အား ၅၀၀ဖြင့် ထွန်တုံးတိုက်ပွဲပြုလုပ်၍
မြေပြန်ရရှိနိုင်ရန်အတွက်ပြုလုပ်တာကို လာရောက်ဝိုင်းရံပေးတာဟုမန္တလေး
(FNIFL)ကဗဟိုကော်မတီဝင် ဦးလင်းလင်းကပြောသည်။
စိုင်းထူးခန့် 

posted from Bloggeroid