Sunday, July 24, 2016

နိုင်ငံခြားရောက်မြန်မာလုပ်သားဒုက္ခသည်များ


မလေးရှားတွင်အကျဉ်းကျပြီးအလုပ်သမား၁၀၉၁၄ဦးကို မြန်မာအစိုးရက ပြန်လည်ခေါ်ယူ
---- ------- ------- ------- -----

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျပြီး မလေးရှားထိန်းသိမ်းရေးစခန်းများတွင် သောင်တင်နေကြသော
နိုင်ငံသားများကို မြန်မာအစိုးရအနေဖြင့်သော်လည်းကောင်း၊ အလှူရှင်များ၏ အကူအညီဖြင့်သော်လည်းကောင်း ပြန်လည်ခေါ်ယူခဲ့ရာ ၂၀၁၅ခုနှစ် ဇန်န၀ါရီမှ ၂၀၁၆ခုနှစ် ဇွန်လအထိ ၁၀၉၁၄ ဦး ရှိပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံမြန်မာသံရုံးမှ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အတွင်းဝန် ဦးတင်ဝင်းအောင်က News Watch သို့ ဇူလိုင်လ၂၂ရက်နေ့တွင် ပြောကြားသည်။

‘’ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့တရားဝင်လမ်းကြောင်းကမလာပဲ ကော့သောင်းမှတဆင့်ထိုင်းနိုင်ငံကိုဖြတ်တယ် မလေးရှားကို လာတာများပါတယ် ၊ဒီလိုအောက်လမ်းကလာတဲ့သူတွေ တော်တော်များများ အဖမ်းခံရတယ်။ သူတို့ကို ထိုင်းနယ်စပ်နားက မလေးရှားအပိုင် အလော်စတားမြို့ ထိန်းသိမ်းရေးစခန်း ထားပါတယ်။

ကျွန်တော်တို့သံအမတ်ကြီးအသစ်က တော်တော်အလုပ်လုပ်ပါတယ။ အခုလည်း ဖမ်းဆီးခံရွှေ့ပြောင်းလုပ်သားတွေကို ဆက်တိုက်ပြန်ပို့ပေးနေပါတယ် ‘’ဟု ၄င်းက ပြောပြသည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများ၏ အရည်အတွက်ကို အတိအကျပြောဆိုဖို့ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သူများသူအများအပြားရှိသော်လည်း ထပ်မံအဖမ်းခံရသူဖြင့် မူလအရည်အတွက်ရှိသည့်အတိုင်း လျော့နည်းသွားခြင်း မရှိကြောင်းနှင့် တရားမ၀င်လုပ်သားများ ဖမ်းဆီးခံရခြင်း လျော့နည်းသွားစေရန် တရာမ၀င်လမ်းကြောင်းများကို ပိတ်ဆို့တားဆီးရန်သာ အဓိကဖြစ်ကြောင်း ၄င်းကသုံးသပ်ပြောဆိုသည်။


စောကျော်ဝင်း

posted from Bloggeroid

ဒေါ်စုပြောပြသည့် ရာမာယဏဇာတ်တော်

ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့် ရာမာယဏ
---- ------ ------ ------ ------ ----

ချစ်စွာသော
စာဖတ်ပရိသတ်များခင်ဗျား-

အရှေ့တောင်အာရှနှင့် ကမ္ဘာမှာပါ ထင်ရှားသည့် ဇာတ်လမ်းတခုဖြစ်သည့် ရာမာယဏ မူရင်း အိန္ဒိယဇာတ်တော်ကိုအရှေ့တေ

ာင်အာရှ
နိုင်ငံအသီးသီးတွင် ကိုယ့်မူနှင့်ကိုယ်၊ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် တင်ဆက်နေကြ။

စွဲလမ်းနှစ်သက်နေကြဆဲဖြစ်သည်။ ဤဇာတ်လမ်းပါ ရာမ၊ လက္ခဏ၊ သီတာဒေ၀ီနှင့် ဒဿဂီရိတို့ကိုလည်း အားလုံးသိပြီး ဖြစ်ပါသည်။

သို့သော် အားလုံးသိပြီးဖြစ်သော ဤ ''ရာ မာယဏ''ကို ပရိသတ်များက ထပ်မံတောင်းဆိုနေကြပါသည်။ ဇာတ်လမ်းကိုသိချင်၍ ဟုတ်မည်မထင်ပါ။

ဇာတ်ကောင်ကို သိချင်၍လည်း ဟုတ်မည်မထင်ပါ။ ဤဓမ္မနှင့်အဓမ္မ အားပြိုင်ပွဲဇာတ်လမ်း၊ နောက်ဆုံး ဓမ္မကသာ အနိုင်ရအောင်ပွဲဆင်နိုင်သည့် ဇာတ်လမ်းအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုရှုမြင်သလဲ။ ဘယ်လိုသုံးသပ်ဝေဖန်သလဲ။

ဘယ်လိုတန်ဖိုးထားသလဲ ဆိုသည်ကို သိလိုကြ၍ဖြစ်သည်။
ထို့ကြောင့် အရှေ့တိုင်း၏ တန်ဖိုး သို့မဟုတ် ရာမာယဏဇာတ်တော်ကို
ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သမျှကို ပရိသတ်များ၏ တောင်းဆိုမှုအရ ယခုလို ထပ်မံတင်ပြလိုက်ရပါသည်ခင်ဗျား။
(အယ်ဒီတာ)
------

ကျွန်မတို့ အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်းယဉ်ကျေးမှုအရ ပြည် သူလူထုဟာ မိမိတို့ကိုယ် မိမိတို့အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးတို့ ဒီလိုပြောတာတွေရှိခဲ့ပါတယ်။
အရင်အပတ်ကဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီးနှစ်ခုဖြစ်တဲ့ မဟာဘာရတနဲ့ ရာမာယဏကို အခြေခံပြီးတော့ အရှေ့တိုင်းယဉ်ကျေးမှုဟာ လူထုရဲ့အခွင့်အရေးတွေ၊ လူထုရဲ့လုပ်ပိုင်ခွင့်တွေ၊ လူထုရဲ့အင်အားတွေကို ဘယ် လောက် အလေးထားတယ်ဆိုတာကို ဖော်ပြသွားချင်တယ်လို့ ကျွန်မပြောခဲ့ပါတယ်။

အရင်အပတ်ကတော့ မဟာဘာရတ ဇာတ်တော်ကြီးအကြောင်း ကျွန်မပြောခဲ့ပါတယ်။ဒီအပတ်မှာတော့ရာမာယဏဇာတ်တော်ကြီး အကြောင်း ပြောပါမယ်။ ရာမာယဏဇာတ်တော်ကြီးဆိုတော့ ကျွန်မတို့ရဲ့ ရာမဇာတ်ပေါ့လေ။ ရာမဇာတ်ဆိုတာဟာ သူတို့အိန္ဒိယမှာ ရာမာယဏလို့ ခေါ်ပါတယ်။ရာမဇာတ်တော်ကြီးဟာ
မြန်မာနိုင်ငံတင်မကပါဘူး။ အင်ဒိုနီးရှားနိုင်ငံတို့၊ ထိုင်းနိုင်ငံတို့အထိ ပျံ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံယဉ်ကျေးမှုတွေအပေါ်မှာ အင်မတန်မှ သြဇာလွှမ်းမိုးမှုရှိတဲ့ ဇာတ်ကြီးတခု ဖြစ်ပါတယ်။ ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့ အရှေ့တိုင်းနိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှုရှိသလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဓိကကတော့ ရာမဇာတ်တော်ကြီးဆိုတာ မင်းကောင်းအကြောင်းပဲလို့ ဒီလိုပဲ ကျွန်မ မြင်တယ်။ ကောင်းတဲ့ မင်းများ၊ မြင့်မြတ်တဲ့မင်းများဟာ ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်၊ ဘယ်လိုဆက် ဆံတယ်၊ ဒါနိုင်ငံရေးဘက်ကကြည့်ရင် ဒါတွေ အများကြီးမြင်ပါတယ်။ ဘာသာရေးအမြင်နဲ့ပြောမှာ မဟုတ်ဘူး။ လောကီအမြင်နဲ့ ပြောမှာဖြစ်ပါတယ်။

ပထမစပြီးတော့ ဇာတ်ကြောင်းဆင်လိုက်တဲ့အခါကျတော့ ရာမမင်းသားဟာ ရာမမင်းသားရဲ့ အပြစ်ကြောင့်ပဲ ဆိုပါတော့ တောထွက်သွားရတာဖြစ်တယ်။ ဒါကတော့ ကျွန်မတို့ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင် ၀ဋ်လိုက်တာပေါ့လေ။ ကံကံ၏အကျိုး၊ ကိုယ်လုပ်သလိုကိုယ်ဖြစ်တာ ၀ဋ်လိုက်တဲ့အကျိုးပေါ့။ ဒီရာမ မင်းသားရဲ့ ခမည်းတော်ကြီးဟာ မင်းသား ဘ၀တုန်း က (ဒါ ဟိန္ဒူဇာတ်တော်ကြီးထဲက ကျွန်မပြောတာနော်။

ဟိန္ဒူဇာတ်တော်ကြီးထဲကဆိုတော့ မြန်မာများသိတဲ့ ရာမဇာတ်ထက် ပိုပြီးတော့ အသေးစိတ်ပါတယ်ပေါ့လေ။ အကြောင်းအရာ အသေးစိတ်ပါ ပါတယ်။) သူအရင်မင်းသားဘ၀တုန်းက တစ်ခါကျတော့ သူ တောလိုက်ထွက် တယ်တဲ့။ တောလိုက်ထွက်တဲ့အခါမှာ သူက တောတိရစ္ဆာန်တကောင် ထင်ပြီး တော့ ချိန်ပြီးတော့ ပစ်လိုက်တာ ပါ။ ပစ်လိုက်တော့ တကယ်တမ်း သွားကြည့်တဲ့အခါကျတော့ တိရစ္ဆာန် မဟုတ်ဘဲနဲ့ လူဖြစ်နေတယ်။

အဲဒီလူဟာလည်း ရသေ့လေးပေါ့လေ။ ရသေ့လေးက(ကျွန်မတို့ သုဝဏ္ဏ သာမဇာတ်နဲ့ နည်းနည်းဆင်တယ်) ရသေ့ငယ်လေးဟာ သူ့ရဲ့မျက်မမြင်တဲ့ မိဘအိုကြီးနှစ်ပါးကို လုပ်ကျွေးနေတဲ့ ရသေ့လေး ဖြစ်တယ်။ ရသေ့လေးက သူ့ရဲ့မိဘနှစ်ပါးထံ ခေါ်သွားပါဆိုပြီးတော့ ကွယ်လွန်သွားတယ်။

ကွယ်လွန်သွားတော့ မင်းသား က ရသေ့လေးရဲ့ မိဘနှစ်ပါးထံသွားပြီးတော့ ဒီလိုပဲ သူဟာမှားပြီးတော့ မြားနဲ့ပစ်လိုက်တာမို့ သူတို့သားဟာ ကွယ်လွန်သွားပြီလို့ပြောတော့ မိဘများက သူ့ကိုကျိန်ဆဲလိုက်တယ်တဲ့ ''သူတို့မှာ အားကိုးရာဆိုလို့ ဒီသားပဲရှိတယ်။

ဒါကြောင့်မို့လို့ ဒီလိုလုပ်ခဲ့တဲ့သူဟာ အသက်ကြီးလာတဲ့အခါကျရင် အားကိုးစရာ သားမရှိဘဲနဲ့ စိတ်ဆင်းဆင်းရဲရဲနဲ့ သေပါစေသောဝ်'' ဆိုပြီးတော့ ကျိန်ဆဲလိုက်တယ်လို့ ဒီလိုအပြောရှိတယ်။ နောက်ကျတော့ ဘုရင်ဖြစ်လာပြီး ရာမမင်းသားနဲ့တကွ တခြားသား တော်သုံးပါး ဖွားမြင်တော်မူတယ်။

ဖွားမြင်တော်မူပြီး ရာမမင်းသားဟာ အဘက်ဘက်က တော်တယ်။ မင်းကျင့် တရားဆယ်ပါးနဲ့ အုပ်ချုပ်မယ့်မင်းသားဆိုတဲ့ လက္ခဏာဟာ အားလုံးရှိပြီးသားဖြစ်တယ်။ ရာမ မင်းသားကို ပြည်သူလူထုကလည်း သိပ်ပြီးတော့ ချစ်တယ်။ မိမိတို့ကိုတနေ့ကျရင် ကောင်းကောင်းမွန်မွန် အုပ်စိုးသွားမယ့် ဘုရင်ကောင်းတပါးဖြစ်လာမယ်ဆိုတာ လက်ခံ ထားပြီးသား ဖြစ်တယ်။

ဒါပေမယ့် ဒီလိုအားလုံးက လက်ခံထားသော်လည်း ရာမမင်းသားရဲ့ ညီတော်ဘာရတရဲ့ မိခင်ဖြစ်တဲ့ မိဖုရားဟာ သူ့ရဲ့သားကို ဘုရင်ဖြစ်စေချင်လို့ ခမည်းတော်ကြီးကို ပြောတယ်ပေါ့လေ။ ''အရင်တုန်းက ပေးထားတဲ့ ကတိ အတိုင်း၊ သူတောင်းထားတဲ့ ဆုနှစ်ခုကိုပေးမယ်ဆိုတဲ့ ကတိအတိုင်း၊ သူ့သားကို ဘုရင်မြှောက်ပြီးတော့ ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်သွားပါစေ'' ဆိုပြီးတော့
သူ ဒီလို တောင်းဆိုတယ်။ တောင်းဆို တော့ ဘုရင်ကြီးကနေပြီးတော့ ဒါကတော့သူမလုပ်သင့်တဲ့ကိစ္စဆိုပြီးသူမလုပ်ဘူးဆိုပြီး ငြင်းတယ်။
ငြင်းပေမယ့်လည်း သူကတိမတည်ရာ ရောက်တာပေါ့။

အစတုန်းကတော့ဆုနှစ်ခုတောင်းနိုင်တယ်။ တောင်းတာပေးမယ်လို့
ပြောထားပြီးမှ အခုတော့ မပေးတော့ဘူးဆိုတော့ သူဟာ ''ကတိပျက်တဲ့မင်း'' ကတိပျက်တဲ့ဘုရင်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတဲ့မင်းပဲ။ ဒီတော့ သူသိပ်ပြီး ရှက်တော့သူမျက်နှာ မသာဘူး။

မျက်နှာမသာတော့ သူ့သားတော် လာတဲ့အခါကျတော့ မေးတယ်တဲ့ ဘာဖြစ်လို့ဒီလောက်တောင်မှ မျက်နှာ မသာသလဲဆိုတော့ သူက ဘုရင်ကြီးက ဘာမှမပြောခင် ဟိုမိဖုရားက ၀င်ပြီးတော့ ပြောလိုက်တယ်။
''သူ့ကို ဒီလိုကတိပေးခဲ့တယ်။

အခု ဒီလို တောင်းတဲ့အခါကျတော့ ဒီကတိကို မတည်ပါဘူး'' ဆိုပြီးတော့ ၀င်ပြောတော့ ရာမမင်းသားက (သားကောင်းများဆိုတာ ဖခင်များရဲ့ကတိတည်ရေးအတွက် ဦးတည်ပြီးတော့လုပ်ဆောင်ရမယ်) ဒါကြောင့်မို့ ခမည်းတော်ပေးခဲ့တဲ့ကတိကို တည်ပါစေ။ သားတော် တောထွက်ပါ့မယ်လို့ ဒီလိုဝန်ခံပြီးတော့ တောထွက်ခဲ့တယ်။

ဒီဇာတ်ဟာ ဘာဖြစ်လို့ လူအများကြိုက်ခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာပါတဲ့ မင်းညီမင်းသား တော်တော် များများဟာ မင်းကောင်းပီသတယ်။ ရာမ မင်းသားဟာလည်း မင်းကောင်းဖြစ်မယ့် မင်းသား တစ်ပါးပီသတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့အပြစ်တော့ သူရှိတာပေါ့လေ။

ဒါပေမယ့် သူတတ်နိုင်သမျှ၊ သူ့တိုင်းပြည်ကို တတ်နိုင်သမျှ သူ့တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်တယ်။ သူ့တိုင်းပြည်ဟာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာအင်မတန်မှ အေးအေးချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင်ရှိတယ်လို့ဆိုတယ်။

ရာမမင်းသားရဲ့ညီတော်ကလည်း သူ့ကို နန်းပေးမယ်ဆိုတော့ သူကလက်မခံဘူး။ သူ့ရဲ့''နောင်တော်သာလျှင် ဘုရင်ဖြစ်ထိုက်တယ်။ သူဟာ သူ့နောင်တော်လောက်လည်း အရည်အချင်းမရှိပါဘူး'' ဆိုပြီးတော့ သူက လက်မခံဘူး။ ဟာ-ငါရရင်တော့ ယူလိုက်မယ်ဆိုတဲ့စိတ်လုံးလုံးမရှိဘူးနော်။ ဒါတောင် တရားဝင်ပေးတာ။ လုပြီးတော့ မခွဲနိုင်မခွာနိုင်တွယ်တာနေတာ မဟုတ်ဘူး။အဲဒီအချိန်မှာ ရာမမင်းသားဟာ တောထွက်သွားရှာပြီ။

ဒေါ်အောင်ဆန်းစုကြည်

အပိုင်း(၂)အားဆက်လက်ဖော်ပြပါမည်။

posted from Bloggeroid

ဒေါ်စုပြောပြသည့် ရာမာယဏ

ဒေါ်အောင်ဆန်းစုကြည်ပြောပြသည့် ရာမာယဏ(၂)
---- ------ ------ ------ ------ ----
တောထွက်သွားတော့ သူ့ရဲ့ညီတော် ဘာရတက ''နောင်တော်ပြန်လာပါ။ ညီတော်အနေနဲ့ ဒီလိုအုပ်ချုပ်နိုင်တဲ့ အရည်အချင်းလည်းမရှိဘူး။
အုပ် ချုပ်သင့်တာ လည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ကြွလာတော်မူပါ'' ဆိုတော့ ဟိုကငြင်းတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ''သားကောင်းများဟာ

ဖခင်များ ကတိတည်ရေးအတွက် လုပ်ပေးရမယ်။ ဖခင်များ ဟာ အထူးသဖြင့် မင်းဆိုလို့ရှိရင် ကတိတည်ရတယ်။

ဒါကြောင့်မို့ ၁၄ နှစ် တိုင်တိုင်တော့ သူပြန်မလာဘူး'' ဆိုပြီးတော့
နေတဲ့အခါကျတော့ အဲဒီအချိန်မှာ ညီတော်က ''သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့ တကယ့်တရားဝင် စစ်မှန်တဲ့ဘုရင်ဟာ
ရာမ မင်းသားဖြစ်ပါတယ်'' ဆိုပြီးတော့ ပလ္လင်ပေါ်မှာ ဘယ် တော့မှ မထိုင်ဘူးလို့ ဒီလိုပဲပြောတယ်။

ပလ္လင်ပေါ်မှာ ရာမမင်းသားရဲ့ ဖိနပ်တစ်ရံကို တင်ထားပြီးတော့ ဒီမင်းသားဟာ ပလ္လင်အောက်ကနေထိုင်ပြီးတော့ တိုင်းရေးပြည်ရေးကို စီရင်တော်မူတယ်လို့ ဒီလိုပဲအဆိုရှိတယ်။ အဲဒီလောက် သူကလည်း မင်းသားကောင်းများရဲ့ အရည်အချင်းနဲ့ပြည့်စုံတယ်။

သူ့ခမည်းတော်ကြီးခမျာတော့ နတ်ရွာစံသွားရှာတယ်။ စိတ်မကောင်းဖြစ်
ပြီးတော့ ဟိုတုန်းက သူ ကျိန်ဆဲခံထားရတဲ့ အတိုင်းပဲပေါ့။ သူ့သားတော်ဟာ သူ့အတွက်ကြောင့် တောထွက်သွားရတယ်ဆိုတဲ့ စိတ်နဲ့ ၀မ်းနည်းပက်လက်နဲ့ပဲ နတ်ရွာစံသွားတယ်။

နောက်ပိုင်းဇာတ်လမ်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက သိကြပါတယ်။
တောထွက်သွားတဲ့အချိန်မှာ ရာမမင်းသားနဲ့ သီတာမင်းသမီးနဲ့ ပါသွားတာ
က ရာမမင်းသားရဲ့ညီတော် လက္ခဏ၊ ညီတော် လက္ခဏ ဆိုတာလည်း မင်းသားကောင်းများရဲ့ အရည်အချင်းနဲ့ အင်မတန်မှ ပြည့်ဝတယ်။

သူ့ရဲ့နောင်တော်နဲ့ နောင်တော်ရဲ့ ကြင်ယာကို သူဟာ ဘယ်လောက်ကျိုးကျိုးနွံနွံ၊ကြည်ကြည်ညိုညို၊ လေးလေးစားစားနဲ့
ပြုစုစောင့်ရှောက်တယ်ဆိုတာ မှတ်တမ်းတင်လောက်တယ်။

ဒါကြောင့်တချို့ကဆိုရင် နောက်လိုက်ကောင်း ပေါ့လေ။ နောက်လိုက်ကောင်း
ဆိုရင် လက္ခဏမင်းသားလိုဖြစ်သင့်တယ်လို့ ဒီလိုပဲပြောတယ်။
နောက်လိုက် ကောင်းဆိုရင်ကိုယ့်ရဲ့ခေါင်းဆောင်အပေါ်မှာအင်မတန်မှ
သစ္စာရှိတယ်။ ရဲရဲရင့်ရင့်နဲ့ ကိုယ့်ရဲ့ခေါင်းဆောင်ကို အကာအကွယ်ပေးတယ်။ သူ့ရဲ့နောင်တော်ကို ချစ်သလိုပဲ။

သူ့ရဲ့ မရီးကိုလည်း အင်မတန်မှ လေးစားတယ်။ အမေတယောက်လို သူဆက်ဆံတယ်။ ဒီလိုပြုစုဆက်ဆံပြီးတော့အရာရာမှာညာလက်ရုံးသဖွယ်
နေခဲ့ပြီးတော့ ရာမမင်းသားနဲ့ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးတို့နဲ့ စစ်တွေ ဘာတွေဖြစ်တဲ့ အခါမှာလည်း ရာမမင်းသားရဲ့ ဘေးကနေပြီးတော့ တချိန်လုံးတိုက်ခဲ့တယ်။

ဒဿဂီရိ ဘီလူးနဲ့ ရာမမင်းသားတို့ စစ်ဖြစ်ရတဲ့အကြောင်းကလည်း အများသိပြီးသားဖြစ်ပါတယ်။ ဒဿဂီရိက သီတာမင်းသမီးကို ခိုးသွားတယ်။ ခိုးသွားပြီးတော့ ဟာနုမာန်မင်းတို့နဲ့လိုက်ပြီးတော့ တိုက်ကြတယ်။ တိုက်ကြ ပြီးတော့ အများအားဖြင့် ကျွန်မတို့ သိတဲ့ ပုံပြင်တွေမှာဆိုရင် ဒဿဂီရိအပေါ်မှာ အနိုင်ယူ ပြီးတဲ့အခါကျတော့ ရာမမင်းသားတို့၊ သီတာမင်းသမီးတို့၊ လက္ခဏမင်းသားတို့ ပြန်လာပြီး ရာမမင်းကနေ နန်းပြန်ယူပြီး အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားတယ်ဆိုတဲ့သဘောမျိုး ကျွန်မတို့ ဒီလောက်ပဲသိကြရတယ်။

ဒါပေမယ့် ဟိန္ဒူဇာတ်တော်ကြီးမှာက အဲဒီလောက်နဲ့မပြီးသေးဘူး။ ရာမမင်းသားဟာ သူ့ရဲ့နေပြည်တော်ကို ပြန်ရောက်သွားပြီးတော့ပြန်ပြီး နန်းတက်တဲ့အခါကျတော့ (မင်းကောင်းများဆိုတာက ပြည်သူလူထုရဲ့ စိတ်ထားက ဘယ်လိုရှိတယ်။ ပြည်သူ လူထုထဲမှာ ဘာတွေပြောနေတယ် ဆိုတာကို အမြဲနား စွင့်နားထောင်နေရတယ်)နားစွင့်၊ နားထောင်
နေတော့ ဘယ်လိုအသံတွေထွက်လာသလဲဆိုတော့ သီတာမိဖုရားဟာ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးနဲ့နန်းတော်မှာဘယ်လောက်ကြာကြာ နေခဲ့သလဲတဲ့။

ဒီလို တခြားသူရဲ့ နန်းတော်မှာနေခဲ့တဲ့ မိဖုရားဟာ သန့်စင်တယ်လို သူတို့မယူဆနိုင်ဘူးလို့ ဒီလိုပြောလာတော့ မင်းကောင်းမင်းမြတ်များဆိုတာ
ပြည်သူလူထုပြောတာကို လျစ်လျူမရှုထားရဘူး။ ဒီတော့ ဘယ်လိုလုပ်ရလဲ ဆိုတော့ ပထမတော့သူက၊မိဖုရားကလည်းသူဟာအင်မတန်မှ
ဖြူစင်သန့်ရှင်းပါတယ်။ သူမ ကြောက်ဘူး။ ဒါကို ပြရဲပါတယ်ဆိုပြီးတော့ မီးပုံထဲကို ဆင်းပြတယ်။ မီးပုံထဲကို ဆင်းပြီးတော့ ပြသော်ငြားလည်း
မီးက သူ့ကို မလောင်ဘူးပေါ့လေ။

သူ့ရဲ့ ဖြူစင်သန့်ရှင်းမှုကြောင့် မီးကလည်း အန္တရာယ် မပြုနိုင်ဘူးလို့
ပြလိုက်တဲ့အခါကျတော့လည်း အားလုံးကောင်းသွားပြီလို့ ဒီလိုပဲ ထင်ရတာပေါ့လေ။ ထင်ရပေမယ့်လည်း ဒီကောလာဟလတွေက မငြိမ်းသွား ဘူး။ မငြိမ်းသွားတာတော့ မဟုတ်ဘူး။

ဒီလိုပေါ့လေ သန့်ရှင်းရင်တောင်မှ ဒဿဂီရိရဲ့ နန်းတော်ထဲမှာနေမိတဲ့မိဖုရားကို
ပြန်ပြီးတော့ ကောက်သင့်သလား၊ မကောက်သင့်ဘူးလား။ အချီအချပြောတာဆိုတာတွေက ဆက်ပြီးတော့ ရှိနေတယ်။

ဆက်ပြီးတော့ ရှိနေတဲ့အခါကျတော့ ရာမမင်းသားက သီတာမိဖုရားကို
ပြည်နှင်ဒဏ်ပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သံသယရှိပြီဆိုမှဖြင့် သူဘယ်လိုပဲ သူ့စိတ်ထဲမှာရှိရှိ ပြည်သူလူထုရဲ့ အလိုကို မဆန့်ကျင်ရဘူးတဲ့။ ဒါမင်းကျင့် တရားထဲမှာ တခုပါတယ်မဟုတ်လား။
ပြည်သူလူထုရဲ့အလိုကိုမဆန့်ကျင်ရဘူးဆိုပြီးသီတာမိဖုရားကို
ပြည်နှင်ဒဏ်ပေးလိုက်တယ်။

ပြည်နှင်ဒဏ်ပေးလိုက်တော့သီတာမိဖုရားကြီးဟာ တောထဲမှာနေရတယ်။
တောထဲမှာနေရစဉ်မှာပဲသူ့ရဲ့အမြွှာပူးသားတော်နှစ်ပါးကိုဖွားမြင်တော်မူတယ်။ နှစ်ပေါင်းအတော်ကြာတဲ့အခါကျမှ(ကျွန်မ သေသေချာချာ မမှတ်မိဘူး)
တောလိုက်ရင်းနဲ့လား၊ ဘယ်လိုလားတော့ မသိဘူး။ ရာမမင်းသားရဲ့ အမတ် ကြီးများဟာ ဒီသားတော်လေးနှစ်ပါးကိုအကြောင်းပြုပြီးတော့
ပြန်ခေါ်တာပေါ့လေ။

မိဖုရားကြီးကို ပြန်ပြီး တော့ခေါ်တယ်။ပြန်ပြီးတော့ ခေါ်ပေမယ့် မိဖုရားကြီး အင်မတန်မှစိတ်နာတယ်လို့ ပြောရမလားမသိဘူး။ သူဟာ ဒီ လောက်တောင်မှ
ဖြူစင်သန့်ရှင်းရက်နဲ့ မီးထဲဝင် ပြီးတော့ ဖြူစင်သန့်ရှင်းပါတယ်ဆိုတာကို
ပြနိုင်ခဲ့ရက်နဲ့ ရာမမင်းသားဟာ သူ့ဘက်ကနေ မရပ်တည်ခဲ့ဘူး။
ပြည်သူလူထုတချို့က ဝေဖန်တာကို လက်ခံပြီးတော့ သူ့အပေါ်မှာ ဆက်ဆံတာ မတရားခဲ့ဘူးလို့ သူမြင်တယ်။

အဲဒီတော့ သူဘယ်တော့မှ မိဖုရားပြန်မလုပ် ချင်တော့ဘူး။
အဲဒီတော့ သူဟာ ဒီလိုပဲ ဖြူစင်တယ်ဆိုတာ မှန်ရင် သူ့ရဲ့ဖခင်ဖြစ်တဲ့
မြေကြီးဟာ သူ့ကိုပြန်ပြီးတော့ သိမ်းပိုက်ပါဆိုပြီးတော့ အဓိဋ္ဌာန်လုပ်တဲ့ အခါကျတော့ (ကျွန်မတို့ကတော့ မြေမျိုတယ်၊ မကောင်းဘူးလို့ ထင်တယ်နော်။ ဒီလိုအဓိပ္ပာယ်နဲ့ မဟုတ်ပါဘူး) မြေကြီးကနေပြီးတော့ ပြန်ပြီးတော့ သိမ်းပိုက်တယ်ဆိုတာ နည်းနည်းပြန်ရှင်းပြရမယ်ဆိုရင် ကျွန်မတို့က ဗမာဆိုတော့ သီတာဟာ ''ရေ'' ဒါကြောင့် ရေနဲ့ ဆက်နွှယ်နေတယ်။

တကယ်တော့ သူတို့ (SANSKRIT) စကားအရ SITA ဆိုတာက ရေ ဆိုတဲ့ အဓိပ္ပာယ် မရောက်ပါဘူး။ SITA (သီတာ)ဆိုတဲ့ အဓိပ္ပာယ်ဟာ သီတာရဲ့
ခမည်းတော်ကြီးဖြစ်တဲ့ ဇနက္ကမင်းကြီးဟာ လယ်ထွန်မင်္ဂလာလုပ်နေတုန်းမှာ လယ်ထဲကနေ ဒီကလေးငယ်ငယ်လေးဟာ ထွက်လာလို့၊ အဲဒါကြောင့်မို့လို့ လယ်ထွန်နေရင်းကနေထွက်လာတာမို့ ထွန်ကြောင်းပေါ့လေ။

ထွန်ကြောင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ SITA ဟာ ''ပထ၀ီမြေကြီးနတ်ရဲ့ သမီးတော်''လို့ ဒီလို သူတို့အယူရှိပါတယ်။

ဒါကြောင့်မို့သူ့ဖခင်ပထ၀ီမြေကြီးဟာ သူ့ကိုပြန်ပြီးတော့ လက်ခံတော်မူပါ
ဆိုတာ ကျွန်မတို့အမြင်နဲ့ဆိုးလို့ မြေမျိုတာ မျိုးမဟုတ်ပါဘူးဆိုတာ နားလည်အောင် ကျွန်မရှင်းပြတာပါ။

ဒေါ်အောင်ဆန်းစုကြည်

အပိုင်း (၃) အားဆက်လက်ဖော်ပြပါမည်။

posted from Bloggeroid

မန္တလေး စက်ဘီးစီးပြိုင်ပွဲကျင်ပ



မန္တလေးမြို့တွင် ရေတံခွန်တောင်စက်ဘီးပြိုင်ပွဲကျင်းပ


မန္တလေး ဇူလိုင် ၂၄

မန္တလေးမြို့ပုသိမ်ကြီးမြို့နယ်တွင် ပထမဆုံးအကြိမ် ရေတံခွန်တောင် စက်ဘီးပြိုင်ပွဲ နှင့် Down Hill ပြိုင်ပွဲ WATERFALL HILL BIKE CHALLENGE (2016) ကို ဒီကနေ့ ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဓာတ်ပုံ-ဇော်ဇော်/ဧရာဝတီ

posted from Bloggeroid

၂၀၁၂က မန္တလေးကျောက်ဝိုင်းအတွင်းဆန္ဒထုတ်ဖော်



မန်းကျောက်မျက်ဈေး လူခွန်ကောက်ခံမှုကို ငြိမ်းချမ်းစွာ ဆန္ဒထုပ်ဖေါ်မှု . ၂၀၁၂ က မန်းကျောက်မျက်ဈေးမှာ ၅၀၀၀တန် လူဝင်ခွင့်ကဒ်ပြုလုပ်ရမည်။ ထို၅၀၀၀ တန်လူဝင်ခွင့်ကဒ်မပြုလုပ်သူတွေ ဈေးထည်းမ၀င်ရပါ။ ၀င်ရောက်မည်ဆိုရင် တစ်ခါဝင်ရောက် တိုင်း ၁၀၀ ကျပ်ပေးဆောင်ရမည်ဟု မန်းစည်ပင်က ဈေးထည်းမှာ ကြေညာခဲ့ပါသည်။ . မန်းကျောက်မျက်ဈေးသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းဝယ် လုပ်ကိုင် စားသောက်ရောင်းချသူတို့ တွင် ပြေလယ်ကြသူများရှိသလို မပြေလယ်သူများလည်း များစွာရှိပါ သည်။ . ဈေးသူဈေးသားကျောက်သမားတို့ သည် ထိုလူဝင်ခွင့်ကဒ်၅၀၀၀ကျပ်ကိုပေးနိုင်ပါ .သော်လည်း မန်းစည်ပင်က မန်းကျောက်မျက်ဈေးအတွင်း တစ်လတစ်လ အခွန်သိန်ထောင်ချီသာ .ကောက်ခံယူဆောင်သွားပြီး ဈေး၏အကြိုးကို ဘယ်လိုမှ ကူညီဆောင်ရွက်ပေးတာမရှိသလို . ဈေးအတွင်းဖြစ်ပြက်သောကိတ်စများတွင် တာဝန်ယူမှု၊တာဝန်ခံမှုများလည်း တစ်ကြိမ် တစ်ခါမျှ .ပြုလုပ်ဆောင်ရွက်ဖြေရှင်းတာမျိုးမရှိခဲ့ပါ။ ထို့ ကြောင့် မတရားအနိုင်ကြင့်သောလူဝင် ခွင့်ကောက် ခံခြင်းကိုလက်မခံပဲ မန်းကျောက်ဝိုင်းက ကုန်သည်ပွဲစား အလွှာစုံရောင်းဝယ်သူတို့ သည် ၂၀၁၂ မေ ၂၈၊၂၉၊၃၀ တို့ တွင် လက်မခံကြောင်း လက်မှတ်ကောက်ခံခြင်း ငြိမ်းချမ်းစွာ ဆနဒ ထုပ်ဖေါ်တောင်းဆိုမှုကြောင့် ၂၀၁၂ ဇွန်၁ရက်နေ့ ညနေမှာ မန်းစည်ပင်က ကော်မတီဝင်(၁) ကိုယ်တိုင် မန်းကျောက်မျက်ဈေးအတွင်းဈေးသူဈေးသားသဘောမတူပါက လူဝင်ခွင့်ကောက်ခံ ခြင်းကို မပြုလုပ်တော့ပါဘူးဟု တရားဝန်လာပြောခဲ့ရတဲ့အထိ မန်းကျောက်ဝိုင်း၏အောင်ပွဲကို အမှတ်တရ ကျောက်သမားအားလုံးရဲ့ ညီညွတ်မှုကြောင့်ရရှိခဲ့သောအောင်ပွဲကို ဓါတ်ပုံတိုင် မဖေါ်ပြ .ပေးနိုင်နိုင်တာကို နားလယ်ပေးပါ။ . မန်းကျောက်ဝိုင်းက ကုန်သည်ပွဲစား အလွှာစုံမှ မိတ်ဆွေအပေါင်းအား သတိရ လေးစားလျှက်.....

ကိုသိန်းအောင်မြင့်

posted from Bloggeroid

အမေရိကန်သံရုံးအတွင်းမျက်ရည်ယိုဗုံတစ်လုံးပေါက်ကွဲ


ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးဝင်းအတွင်း မျက်ရည်ယိုဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂၄

ယနေ့ည ၈ နာရီအချိန်ခန့်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံး ၀င်းအတွင်းဝယ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ ယင်းပေါက်ကွဲမှုမှာ မျက်ရည်ယိုဗုံးတစ်လုံးပေါက်ကွဲမှုသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်

ဝန်ကြီးတစ်ဦးက အတည်ပြုပြောကြားသည်။

"ဒီကိစ္စကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်သွားရမှာပါ"ဟု သူကပြောပါသည်။

ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းသိရပါသည်။

PN 051

posted from Bloggeroid

Saturday, July 23, 2016

ရွှေဆိုင်းလုပ်ငန်းများပျောက်တော့မည်

"မြန်မာရွှေဈေးတက်သဖြင့် ရွှေဆိုင်းလုပ်ငန်းများအရှုံးပေါ်လျှက်ရှိဟုဆို"
==================================================
မန္တလေး ဇူလိုင်
မန္တလေးမြို့ မဟာအောင်မြေမြိုနယ် မျက်ပါးရပ်ကွက်အတွင်း ရွှေဆိုင်းလက်မှု့ပညာ လုပ်ငန်းများရွှေဈေးတက်လာသည့်အတွက် အရှုံးများပေါ်လာကာ ရပ်ဆိုင်းရတော့မည်ဖြစ်ကြောင်း ရွှေဆိုင်းလုပ်ငန်းရှင်များကပြောသည်။

"ကျွန်တော်တို့ရွှေဆိုင်းလုပ်ငန်းတွေက စေတီပုထိုးဘုရားတွေကိုမှီခိုပြီးလုပ်
စားရသောလုပ်ငန်းဖြစ်ပါတယ် မျက်ပါးရပ်မှဆို ရွှေဆိုင်းလုပ်ငန်ရှင် ၁၀၀ခန့်
ရှိပါတယ် ဘုရာတွေကို လေလံဆွဲပြီး ကြိုတင်လုပ်ရသောလုပ်ငန်းဖြစ်ပါတယ်
ရွှေးဈေးက အရင်လက်ခံစဉ်က ၆ သိန်းကျော်ကနေ ၈ သိန်းကျော်အထိမြင့်
တက်လာတာရယ် မြန်မာလက်မှု့ပညာကို တရုပ်ကနေစက်ကြီးတွေနဲ့ဝင်လာ
ပြီး လေလံဆွဲတော့ ထိခိုက်မှု့တွေအများကြီးရှိပါတယ်ဟု ရွှေနှင်းဆီရွှေဆိုင်း
လုပ်ငန်က ကိုအောင်ကျော်မြင့်ကပြောသည်။

မြန်မာနိုင်ငံရဲ အများဆုံးရွှေဆိုင်းအသုံးပြုသော ရွှေတီဂုံစေတီတော်ကြီးကို
ယခင်အစိုးရလက်ထက်က တရုတ်နိုင်ငံက စက်ကြီးများဖြင့်ပြုလုပ်သော
ရွှေဆိုင်ူများကို လေလံဖြစ်ပေးလိုက်ရာ မြန်မာလက်မှု့ အနုပညာရွှေဆိုင်း
လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် နစ်နာဆုံးရှုံးမှု့များရှိနေချိန်မျိုးတွင် မြန်မာ
ရွှေဈေးက အဆမတန်းထိုးတက်လာသဖြင့် တစ်ပိုင်းတစ်နိုင်ရွှေဆိုင်းလုပ်သူ
များရပ်ထားရသည့်အထိ ရှိပြီး လုပ်ငန်းကြီးသမားများအနေဖြင့်အရှုံးပေါ်ကာ
ရွှေဆိုင်ူအလုပ်သမားများအနေဖြင့် စားဝတ်နေရေးအခတ်အခဲများရှိကြောင်း
၎င်းတို့ထံကနေသိရသည်။

အဆိုပါရွှေဆိုင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ရွှေဆိုင်း တစ်ကျပ်သားကို
၆ သိန်းဈေးပေါက်ခဲ့စဉ်က တစ်ကျပ်သားကို ၆သိန်းခွဲနှုံန်းထားဖြင့် ကြိုတင်
ပါယူထားသော ကုန်သည်များထံက လက်ခံကာ ရွှေများဝယ်ယူ၍ အချိန်ပေး
ကာလုပ်ကိုင်ရသော မလုပ်ဖြစ်ပြီး ယခုအခါ မြန်မာရွှေဈေးကွက် ထိုးတက်
လာရာ ခြင်းကြောင့် အရှုံးပေါ်ကာ အလုပ်သမားစရိတ်များကပါ ထက်မံရှုံး
ရပြီး မကိုက်သဖြင့် ရပ်ထားသူများရှိကြောင်း တရုတ်နိုင်ငံက ရွှေဆိုင်းကို
ဆက်၍ဘုရားစေတီ များတွင် လေလံပေးခြင်းများရှိသွားမယ်ဆိုရင် မြန်မာ
လက်မှု့ပညာ ရွှေဆိုင်းလုပ်ငန်းများပျောက်ကွယ်သွားဖို့ရှိနိုင်ကြောင်း
ယခင်ကဆိုရင်လမြန်မာနိုင်ငံအနှံ့တွင် မန္တလေးမြို့ မျက်ပါးရပ်တစ်ခုတည်းက
နေ တစ်နိုင်ငံအတွက် ရွှေဆိုင်းများထုတ်လုပ်၍ဖြန်ဖြူးရောင်းချခဲသဖြင့်အလုပ်
သမားများစွာ ရွှေဆိုင်း လုပ်ငန်ူရှင်များနှင့် နိုင်ငံအတွင်းတင်မဟုတ်ဘဲ
နိုင်ငံခြားခရီးသွားဧည့်သည်များကပါစိတ်ဝင်စားစွာ ဝယ်ယူသဖြင့် မြန်မာရွှေ
ဆိုင်းအနုပညာကို ကမ္ဘာအသိအမှတ်ပြုခံခဲရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း
သိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid