Monday, May 15, 2017
အမျိုးသားတစ်ဦးဆွဲကြိုးချသေဆံဇုး
15.5.2017ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်ခန့် ပြည်ကြီတံခွန်မြို့နယ်နှင့် အမရပူရ မြို့နယ် အစပ်ကြား ရန်ကုန်မန်းလေးရထားသံလမ်းဘေး ဂိတ်စောင့်တဲနှင့် နှစ်ဖာလုံးကျော်ခန့်အကွာ ကန္တာရပင်ခြုံထဲ၌ ကြိုဆွဲချသေဆုံးနေသော အလောင်းတစ်လောင်းတွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် တံခွန်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှုး ၊ ပြည်ကြီးတံခွန် မြို့နယ် ရဲစခန်း မှ နယ်ထိန်းနှင့်အဖွဲ့ ၊ ပြည်ကြီးတံခွန်ကြက်ခြေနီ တံခွန်တိုင်တပ်ဖွဲ့ တို့မှ သွားရောက်စစ်ဆေးကြည့်ရှုပြီး အမရပူရမြို့နယ် အပိုင်အတွင်းကျရောက်နေသဖြင့် အမရပူရ မြို့နယ် ရဲစခန်းနှင့်ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် သေဆုံးသူတွင်ပါရှိသော သုံးဆင့်ဂျိုင့်တစ်လုံး လွယ်အိတ်တစ်လုံး တို့အား သက်သေများရှေ့မှောက်တွင် ဖွင့်လှစ်စစ်ဆေးရာ လိမ်စာကဒ်သုံးခု ငွေ သုံးထောင်ခြောက်ရာကျပ်နှင့် ဖုန်းနံပါတ်များရေးမှတ်ထားသော စာရွက်တစ်ရွက်တို့ပါရှိပြီး ၄င်းစာရွက်မှာဖုန်းနံပါတ်များကို ခေါ်ဆိုစုံစမ်းကြည့်ရာ သေဆုံးသူမှာ ထွန်းမင်းလတ် ၊ အသက် (၃၀) နှစ်ခန့် ဥယျာဉ်လေးကျေးရွာ ပုသိမ်ကြီးမြို့နယ် နေသူဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် အလောင်းအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် အမရပူရ မြို့နယ်ဆေးရုံသို့ အမရရွှေကူ နာရေးယာဉ်ဖြင့်တင်ပို့ပေးခဲ့ပြီး သေဆုံးသူ၏မိသားစုအား ကြက်ခြေနီတပ်ဖွဲ့မှ အကြောင်းကြားပေးခဲ့ပါသည် ။
posted from Bloggeroid
အမျိုးသားတစ်ဦးဆန္ဒဖော်ထုတ်
သပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးအားဒေသခံတစ်ဦးမှဆန္ဒဖော်ထုတ်
မေ ၁၅ သပိတ်ကျင်း
သပိတ်ကျင်းမြို့နယ် တကောင်းဒေသ မောင်းကုန်းကျေးရွာနေမနုနုခိုင်မှသပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးအောင်မိုးဦးအား (15.5.17)ရက်နေ့ နေ့လယ်တစ်နာရီအချိန်ကသပိတ်ကျင်းမြို့အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့တွင်ဆန္ဒဖော်ထုတ်ခဲ့သည်။
၂၀၁၆ခုနှစ်က ဆန္ဒဖော်ထုတ်သူ မနုနုခိုင်နှင့်ကွဲနေယောက်ကျားဖြစ်သူတို့မှာမြေယာပြသနာတစ်ခုကြောင့်တရားရုံးတွင်အမှု့ရင်ဆိုင်နေရကြောင်းသိရသည်။
လင်မယားခြင်းမြေယာအငြင်းပွားမှု့ကြောင့်တရားရုံးတွင်အမှု့ရင်ဆိုင်နေရစဉ်မကျည်းကုန်းကျေးရွာအုပ်ချုပ်ရေးမှုးမှအိမ်ထဲထိလာရောက်ပီးပါးရိုက်မည်ဟုပြောဆိုသည့်အပေါ်တရားစွဲဆိုရာတွင် သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှုးမှတရားစွဲဆိုခွင့်မပြု၍ဆန္ဒဖော်ထုတ်ရကြောင်း မနုနုခိုင် ကပြောသည်။
"ကျမနဲ့ကွဲနေတဲ့ယောက်ကျားနဲ့မြေယာပြသနာဖြစ်ကြတာအဲ့ဒီအတွက်ကြောင့်အမှု့ရင်ဆိုင်နေရတာ ကျမအိမ်ကိုမကျည်းကုန်းရွာအုပ်ချုပ်ရေးမှုးကအိမ်ထဲထိလာပီးပါးရိုက်မယ်ပြောတာ ဒါကိုကျမကအမှု့ဖွင့်တယ်သု့းကြိမ်ဖွင့်တေှာ့ရဲစခန်းကလက်ခံပေးတယ် ဒါပေမဲ့မြို့နယ်အုပ်ချုပ်ရေးမှုးကတရားစွဲခွင့်မပေးဘူး ဒါ့ကြောင့်မို့လို့တစ်ဘက်သတ်တရားစွဲခံရမှု့ကြောင့်အခုလိုဆန္ဒဖော်ထုတ်တာပါဟုဆန္ဒဖော်ထုတ်သူမနုနုခိုင်ကပြောသည်။
ဆန္ဒဖော်ထုတ်မှု့ကိုတရားဝင်ခွင့်ပြုချက်ဖြင့်နေ့လယ်တစ်နာရီအချိန်မှစတင်ပီး ၃ နာရီအချိန်ထိသပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့တွင်ပြုလုပ်ခဲ့သည်။
စိုင်းထူးခန့် 

စစ်ကိုင်ညဈေးစတင်ဖွင့်လှစ်
"စစ်ကိုမြို့တွင် ညဈေးတန်းကြီးစတင်ဖွင်လှစ်"
=========================
စစ်ကိုင်း မေ ၁၄
စစ်ကိုင်တိုင်းဒေသကြီး စစ်ကိုင်မြို့ပေါ်မင်းလမ်း
ရပ်ကွက် ဇေယျာသိရိ ရုပ်ရှင်ရုံအနီး မြို့အင်္ကာ
ရပ်နဲ့အညီး မေလ ၁၄ ရက်နေ ညနေ ၆း၃၀
အချိန်က ညဈေးတန်းကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်မြို့တော်ဟာ လူစည်းကားသောမြို့တစ်
မြို့ဖြစ်ပြီး ညဈေးတန်းမရှိသဖြင့် လူသွားနည်း
ပါးသလိုဖြစ်နေခြင်း ဗုဒ္ဓဘာသာထွန်းကား
သောတရားဓမ္မမွေ့လျှော်သောရိပ်သာ ဘုန်တော်ကြီးကျောင်းများ သာသနာထွန်းကားရာနယ်
မြေတစ်ခုဖြစ်ပြီး စိတ်ငြိမ်းသာယာသောမြို့တော်
တစ်ခုဆိုလျှင်မမှားပါဘူး ညအခါ အနယ်နယ်
အရပ်ရပ်က ဧည်သည်တော်တွေ ညအခါ အစား
သောက်တွေအစဉ်ပြေစေရန်ရည်ရွယ်ပြီး ညဈေး
တန်ဖွင့်လှစ်နိုင်ရန် လက်ရှိအစိုးရ၏ခွင့်ပြုချက်
အရ ယနေ့စတင်ဖွင့်လှစ်ဖြင့်ကြောင်းတာဝန်ရှိ
သူတစ်ဦးကပြောသည်။
ဒီနေ့စတင်ပြီးညဈေးတန်းကျွန်မတို့ကလာရောင်း
ချတာဖြစ်ပါတယ် စာရင်းပေးထားသည့်ဆိုင်တွေ
အများကြီးရှိသေတယ် ဒီနေ့ရောင်းကောင်းပါတယ် အစုံပါဘဲ အဝတ်အထည်ကကင်မျိုးစုံထမင်း
ဟင် အစားအစာအစုံပါတယ်ဟု ကင်ရောင်သူ
တစ်ဦးကပြောသည်။
အဆိုပါ ညဈေးတန်းကို စာရင်ူပေးထားသော
ဆိုင်ခန်းပေါင်း ၁၀၀ ရှိပြီး ယနေ့ည စတင်ဖွင့်
လှစ်ခဲ့ရာ ဆိုင်ခန်းပေါင်း ၅၀ ခန့်လာရောက်ဖွင့်
လှစ်ရောင်းချလျှက်ရှိပြီး ပြည်သူလွတ်တော်ကိုယ်
စားလှယ်ဦးခင်မောင်သိန်း တိုင်းဒေသကြီးလွတ်
တော်ကိုယ်စာလှယ်(၂)ဒေါ် စုမြတ်ထက် မြို့နယ်
အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့်
စစ်ကိုင်မြို့တော်စည်ပင်သာယာရေးအဖွဲ့မှတာ
ဝန်ရှိသူများတက်ရောက်ကာ စတင်ဖွင့်လှစ်ခဲ့သည်ကိုတွေ့ရသည်။
စိုင်ူထူးခန့် 

မဖြစ်နိုင်တာချင်းအတူတူသင်ရက်တစ်ရာမျှော်လင့်စရာမလိုပါ ဒီလူချောက်ကလေးရှယ်ကြည့်ပါ့လားသင်ကံကောင်းရင်တစ်ရက် နှစ်ရက် နဲ့ ထူးခြားလာလိမ့်မည်
posted from Bloggeroid
Saturday, May 13, 2017
"အခန်းငယ်တစ်ခုတည်းမှလူအယောက်၄၀
ခန့်ပြည်ညပ်နေလျှက်ရှိပါတယ်။
မထင်မှတ်ဘဲ အဲဒီအခန်းထဲ့ကိုရောက်သွား
တာ သွားဖို့လည်း ရည်ရွယ်မထားဘူး
မသွားဘဲနဲ့ဘာကြောင့်ရောက်သလည်းဆို
မတရားမှု စွပ်စွဲခံရမှု ဖိအားတွေကြောင့်
ဘဝတစ်ခုလုံး ပျက်စီးသွားသလိုခံစားရတာ"
မြို့နယ်အုပ်ချုပ်ရေးမှူးနဲဒုဦးစီးတို့နှစ်ဦးကို
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင်က တရားစွဲတင်ထားသောအမှု
တွင်ပါဝင်ပါတ်သက်နေသော အကြီးတန်း
စာရေးကြီးကို ရုံထုတ်စစ်ဆေးခဲ့ရာ အစိုးရ
လိုပြသက်သေအဖြစ် ပြင်ဦးလွင်မြို့နယ်
တရားရုံတော်တွင် အစိုးရလိုပြသက်သေအဖြစ် ထွက်ဆိုပြီ အထွက် ညနေ ၃း၃၀
အချိန်ခန့်မှ အကို ကျွန်တော်တို့ထံကို စစ်ကိုင်
ရဲတပ်ဖွဲ့ကသတင်းပို့ထားလိုပါ စစ်ဆေးစရာ
လေးရှိလို ပြင်ဦးလွင်မြို့မ ရဲစခန်းကို ခဏ
လိုက်ခဲ့ပါဘူး ဒုရဲအုပ်တစ်ယောက်လာခေါ်
သဖြင့် လူကြီးလူကောင်းဆန်ဆန် လိုက်ပါ
သွားခဲ့ပါတယ်။
စစ်ကိုင်မြို့နယ် မင်းကွန်းတောင်ရိုး မင်းဝံ
တောင်နယ်မြေတွင် လွန်ခဲ့သော ၃ နှစ်ခန့်က
ဒေသခံ လက်ပံကျေးရွားသားများက ဝယ်ယူ
ပေးရန် လာရောက်ရောင်းချခဲ့သဖြင့် မြေဧက
၂၄ .၄ဧကကို ဝယ်ယူကာ တရားဝင်စစ်ကိုင်မြို့နယ် မြေစာရင်းဦးစီးဌာနတွင် ကျွန်တော်
၏အနည်ဖြစ် မြေယာပိုင်ဆိုင်ခွင့် ပုစံ(၇)၁၀၅
ဖောက်ပြီး ၎င်းမြေယာအတွင်းမှ မင်းကွန်းတိပိဋကဓမ္မနဒရွှေစင်ကျောင်းတိုက်ဆရာ
တော်ဖြစ်သော ဦးဂန္ဓမာလင်္ကာရထံ မြေ ၁၀
ဧက ရပ်သာတည်ဆောက်ရန်လှူဒါန်းဖြစ်ခဲ့
ပါတယ် အဲဒီမြေနေရာများကို ဆရာတော်အတွက် မြေညှိပေးနေစဉ် မြေရောင်းချသူ
ရွားသားတစ်ချို့က ၎င်းမြေနေရာမပါရှိဘူးဟု
ဆိုကာ ငွေကျက် ၁၅ သိန်းတိတိ ကျွန်တော်ထံတောင်းခံခဲ့ပါတယ် ကျွန်တော်ဝယ်စဉ်က
ပါရှိသဖြင့် ငွေမပေးရာက စတင်ခဲ့သောပြသာနာဖြစ်ပါတယ်ဗျာ.....?cxdr

Saturday, March 4, 2017
တောင်သူလယ်သမားအသိပညာဟောပြောပွဲ ရှမ်းမြောက် ကျင်းပ

"ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်
အတွင်း တောင်ယာမြေများအသိမ်းခံရသည်
တောင်သူများအားအသိပညာဟောပြောပွဲကျင်းပ"
==============================
ရှမ်းမြောက် မတ် ၅
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်
ကျောက်မဲမြို့နယ်ကောင်းအက်ကျေးရွာ ကျောက်မဲကြီးကျေးရွာ ပိန္နဲကုန်းကျေးရွာ
ပန်းမောန်းကျွေးရွာ မှန်ကောင်းမှူးကျေးရွာ မှိုင်းတပ်ကျေးရွာ များက မြေသိမ်းခံတောင်သူ
များကိုအသိပညာပေးဟောပြောပွဲကို ခမ်းအုံးကြီးကျေးရွာ ဇေယျသိဒ္ဓိလာဘမုနိ နှီးဘုရားကြီး ဘုရားဓမ္မရုံကြီးတွင် မတ်လ ၅
ရက်နေ့က မြေသိမ်းခံတောင်သူများ ၂၀၀ ကျော်တက်ရောက်ကာ ကျင်းပခဲ့သည်ကိုတွေ့
ရသည်။
အဆိုပါမြေသိမ်းခံတောင်သူများမူလတောင်
သူများ၏တောင်ယာမြေများပြန်လှည်လုပ်ကိုင်ခွင့်ရရှိရေး အသိပညာပေးဟောပွဲခြင်း
တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းခြင်းများ
ကို မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ တံခွန်တောင်
သူလယ်သမားအဖွဲ့ချုပ် ဗဟိုက အထက်မြန်
မာပြည်မန္တလေးတိုင်းဥက္ကဌဖြစ်သူ ဦးလင်းထင်စိုးနှင့်အဖွဲ့က လာရောက်ဖွဲ့စည်ပေးကာ ခမ်းအုံးကြီးကျေးရွာ ရွာဦးကျောင်း
ဆရာတော်ဘဒ္ဒန္တဝဏ္ဏထံ ၅ ပါးသီလခံယူပြီး
အသိပညာပေးအခမ်းအနားကိုစတင်ဖွင့်လှစ်
ခဲ့သည်ကိုတွေ့ရသည်။
တက်ရောက်လာသောရှမ်းပြည်နယ်မြောက်
ပိုင်း တောင်ယာစိုက်ပျိုးလျှက်ရှိသောဒေသခံ
တောင်သူ ၂၀၀ ခန့် ထံက ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုး မြေယာများသိမ်း
ဆည်းခံရခြင်းများတင်ပြခြင်း လယ်ယာမြေ
နှင့်နည်ဥပဒေများကို မြန်မာနိုင်ငံတံခွန်တောင်သူလယ်သမားအဖွဲ့ချုပ်ဗဟို အထက်
မြန်မာပြည် မန္တလေးတိုင်းဥက္ကဌနှင့်အဖွဲ့က
ရှင်းလင်းကာ အသိပညာပေးဟောပြောခဲ
ကြပါတယ်။
"ကျွန်တော် ရှမ်းရွာတွေမှ တောင်ယာခုတ်ထွင်ရှင်းလင်းလုပ်ကိုင်စားသောက်နေသူများ
ထံကနေ ၁၉၉၇/၁၉၉၈ ခုနှစ်က တပ်မတော်
ကသိမ်းယူကာ ၂၀၁၄ ခုနှစ်က နိုင်ငံတော်
အစိုးရက ဧကပေါင်း ၃၀၀ ကျော်ကို မှုလ
တောင်သူထံပြန်လှည်ပေးအပ်ပွဲလုပ်ကာ
ပေးခဲ့သော်လည်း မတ်လ ၂ ရက်နေ့ ၂၀၁၇
က စိုက်ပျိုးထားသည့် မြေများအပေါ် (စ ခ ခ)
လက်အောက်ခံ (ခ မ ရ )၅၀၁ တပ်က တိုင်များလာစိုက်ကာ ပုံစံ(၇ )ကျပြီးသားမြေများ
လာရောက်လုခြင်းခံရပါတယ် နိုင်ငံတော်
အစိုးရက ဧကကောင်း ၃၀၀ စွန့်လွတ်ပေး
သော်လည်း ကျွန်တော်တို့အပြည့်အဝ မရရှိ
လို့ နိုင်ငံတော်အစိုးရသိရှိတောင် ကျွန်တော်
တို့ကျေးရွာတွေပေါင်းကာ အများပြည်သူသိရှိ
စေရန် တွေ့ဆုံပွဲလုပ်ရတာဟု ကောင်းအက်
ကျေးရွားက ဦးစိုင်းလှမောင်ကပြောသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှ ၇၀ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမား
တွေကို ခေတ်အဆက်ဆက်က အကြောင်း
အမျိုးမျိုးနဲ့ မသိနားလည်သည့် တောင်သူတွေ
ကိုမတရားသိမ်းတယ် နိုင်ငံတော်က စီမံကိန်းဖော်ဆောင်ခြင်းမရှိတာတွေကို မူလ တောင်
သူတွေ ပြန်ပေးခဲ့သောလည်း မူလတောင်သူ
များပြန်မရောက်တာတွေ ကုမ္ပဏီတွေချပေး
တာတွေ တောင်သူများ၏စားဝတ်နေရေး
နေစရာ လုပ်စရားမရှိလောက်ဖြစ်နေသည့်
ဒေသခံတောင်သူများအပေါ် မတရားမှုများ
မရှိစေရန် အတွက် အခုလို တောင်သူများထံ
လာရောက်၍ အသိပညာပေးဟောပြောပွဲလုပ်ကာ တောင်သူများပူးပေါင်းကာ
တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းပေးခြင်း
လုပ်ပေးတာဟု မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ
တောင်သူလယ်သမားအဖွဲ့ချုပ် မန္တလေးတိုင်းဥက္ကဌဦးလင်းထင်စိုးကပြောသည်။

Subscribe to:
Posts (Atom)