Monday, May 15, 2017

အမျိုးသားတစ်​ဦးဆန္ဒ​ဖော်​ထုတ်

သပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးအားဒေသခံတစ်ဦးမှဆန္ဒဖော်ထုတ်
မေ ၁၅ သပိတ်ကျင်း

သပိတ်ကျင်းမြို့နယ် တကောင်းဒေသ မောင်းကုန်းကျေးရွာနေမနုနုခိုင်မှသပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးဦးအောင်မိုးဦးအား (15.5.17)ရက်နေ့ နေ့လယ်တစ်နာရီအချိန်ကသပိတ်ကျင်းမြို့အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့တွင်ဆန္ဒဖော်ထုတ်ခဲ့သည်။

၂၀၁၆ခုနှစ်က ဆန္ဒဖော်ထုတ်သူ မနုနုခိုင်နှင့်ကွဲနေယောက်ကျားဖြစ်သူတို့မှာမြေယာပြသနာတစ်ခုကြောင့်တရားရုံးတွင်အမှု့ရင်ဆိုင်နေရကြောင်းသိရသည်။

လင်မယားခြင်းမြေယာအငြင်းပွားမှု့ကြောင့်တရားရုံးတွင်အမှု့ရင်ဆိုင်နေရစဉ်မကျည်းကုန်းကျေးရွာအုပ်ချုပ်ရေးမှုးမှအိမ်ထဲထိလာရောက်ပီးပါးရိုက်မည်ဟုပြောဆိုသည့်အပေါ်တရားစွဲဆိုရာတွင် သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှုးမှတရားစွဲဆိုခွင့်မပြု၍ဆန္ဒဖော်ထုတ်ရကြောင်း မနုနုခိုင် ကပြောသည်။

"ကျမနဲ့ကွဲနေတဲ့ယောက်ကျားနဲ့မြေယာပြသနာဖြစ်ကြတာအဲ့ဒီအတွက်ကြောင့်အမှု့ရင်ဆိုင်နေရတာ ကျမအိမ်ကိုမကျည်းကုန်းရွာအုပ်ချုပ်ရေးမှုးကအိမ်ထဲထိလာပီးပါးရိုက်မယ်ပြောတာ ဒါကိုကျမကအမှု့ဖွင့်တယ်သု့းကြိမ်ဖွင့်တေှာ့ရဲစခန်းကလက်ခံပေးတယ် ဒါပေမဲ့မြို့နယ်အုပ်ချုပ်ရေးမှုးကတရားစွဲခွင့်မပေးဘူး ဒါ့ကြောင့်မို့လို့တစ်ဘက်သတ်တရားစွဲခံရမှု့ကြောင့်အခုလိုဆန္ဒဖော်ထုတ်တာပါဟုဆန္ဒဖော်ထုတ်သူမနုနုခိုင်ကပြောသည်။

ဆန္ဒဖော်ထုတ်မှု့ကိုတရားဝင်ခွင့်ပြုချက်ဖြင့်နေ့လယ်တစ်နာရီအချိန်မှစတင်ပီး ၃ နာရီအချိန်ထိသပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့တွင်ပြုလုပ်ခဲ့သည်။
စိုင်းထူးခန့်

posted from Bloggeroid

စစ်​ကိုင်​ည​ဈေးစတင်​ဖွင့်​လှစ်

"စစ်​ကိုမြို့တွင်​ ည​ဈေးတန်းကြီးစတင်​ဖွင်​လှစ်​"
=========================
စစ်​ကိုင်း ​မေ ၁၄
စစ်​ကိုင်​တိုင်း​ဒေသကြီး စစ်​ကိုင်​မြို့​ပေါ်မင်းလမ်း
ရပ်​ကွက်​ ​ဇေယျာသိရိ ရုပ်​ရှင်​ရုံအနီး မြို့အင်္ကာ
ရပ်​နဲ့အညီး ​မေလ ၁၄ ရက်​​နေ ည​နေ ၆း၃၀
အချိန်​က ည​ဈေးတန်းကြီးကို​အောင်​မြင်​စွာဖွင့်​လှစ်​နိုင်​ခဲ့​ကြောင်းသိရသည်​။

စစ်​ကိုင်​မြို့​တော်​ဟာ လူစည်းကား​သောမြို့တစ်
မြို့ဖြစ်​ပြီး ည​ဈေးတန်းမရှိသဖြင့်​ လူသွားနည်း
ပါးသလိုဖြစ်​​နေခြင်း ဗုဒ္ဓဘာသာထွန်းကား
သောတရားဓမ္မ​မွေ့​လျှော်​​သောရိပ်​သာ ဘုန်​​တော်​ကြီး​ကျောင်းများ သာသနာထွန်းကားရာနယ်
မြေတစ်​ခုဖြစ်​ပြီး စိတ်​ငြိမ်းသာယာ​သောမြို့​တော်
တစ်​ခုဆိုလျှင်​မမှားပါဘူး ညအခါ အနယ်​နယ်
အရပ်​ရပ်​က ဧည်​သည်​​တော်​​တွေ ညအခါ အစား
သောက်​​တွေအစဉ်​​ပြေ​စေရန်​ရည်​ရွယ်​ပြီး ည​ဈေး
တန်​ဖွင့်​လှစ်​နိုင်​ရန်​ လက်​ရှိအစိုးရ၏ခွင့်​ပြုချက်
အရ ယ​နေ့စတင်​ဖွင့်​လှစ်​ဖြင့်​​ကြောင်းတာဝန်​ရှိ
သူတစ်​ဦးက​ပြောသည်​။

ဒီ​နေ့စတင်​ပြီးည​ဈေးတန်းကျွန်​မတို့ကလာ​ရောင်း
ချတာဖြစ်​ပါတယ်​ စာရင်း​ပေးထားသည့်​ဆိုင်​​တွေ
အများကြီးရှိ​သေတယ်​ ​ဒီ​နေ့​ရောင်း​ကောင်းပါတယ်​ အစုံပါဘဲ အဝတ်​အထည်​ကကင်​မျိုးစုံထမင်း
ဟင်​ အစားအစာအစုံပါတယ်​ဟု ကင်​​ရောင်​သူ
တစ်​ဦးက​ပြောသည်​။

အဆိုပါ ည​ဈေးတန်းကို စာရင်ူ​ပေးထား​သော
ဆိုင်​ခန်း​ပေါင်း ၁၀၀ ရှိပြီး ယ​နေ့ည စတင်​ဖွင့်
လှစ်​ခဲ့ရာ ဆိုင်​ခန်း​ပေါင်း ၅၀ ခန့်​လာ​ရောက်​ဖွင့်
လှစ်​​ရောင်းချလျှက်​ရှိပြီး ပြည်​သူလွတ်​​တော်​ကိုယ်
စားလှယ်​ဦးခင်​​မောင်​သိန်း တိုင်း​ဒေသကြီးလွတ်
တော်​ကိုယ်​စာလှယ်​​(၂)​ဒေါ် စုမြတ်​ထက်​ မြို့နယ်
အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးမှူး ဦးလှမျိုးထွန်းနှင့်
စစ်​ကိုင်​မြို့​တော်​စည်​ပင်​သာယာ​ရေး​အဖွဲ့မှတာ
ဝန်​ရှိသူများတက်​​ရောက်​ကာ စတင်​ဖွင့်​လှစ်​ခဲ့သည်​ကို​တွေ့ရသည်​။

စိုင်ူထူးခန့်

posted from Bloggeroid

မဖြစ်နိုင်တာချင်းအတူတူသင်ရက်တစ်ရာမျှော်လင့်စရာမလိုပါ ဒီလူချောက်ကလေးရှယ်ကြည့်ပါ့လားသင်ကံကောင်းရင်တစ်ရက် နှစ်ရက် နဲ့ ထူးခြားလာလိမ့်မည်

posted from Bloggeroid

Saturday, May 13, 2017

"အခန်းငယ်​တစ်​ခုတည်းမှလူအ​ယောက်​၄၀
ခန့်​ပြည်​ညပ်​​နေလျှက်​ရှိပါတယ်​။

မထင်​မှတ်​ဘဲ အဲဒီအခန်းထဲ့ကို​ရောက်​သွား
တာ သွားဖို့လည်း ရည်​ရွယ်​မထားဘူး
မသွားဘဲနဲ့ဘာ​ကြောင့်​​ရောက်​သလည်းဆို
မတရားမှု စွပ်​စွဲခံရမှု ဖိအား​တွေ​ကြောင့်
ဘဝတစ်​ခုလုံး ပျက်​စီးသွားသလိုခံစားရတာ"

မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနဲဒုဦးစီးတို့နှစ်​ဦးကို
မြန်​မာနိုင်​ငံအဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး
ကော်​မရှင်​က တရားစွဲတင်​ထား​သောအမှု
တွင်​ပါဝင်​ပါတ်​သက်​​နေ​သော အကြီးတန်း
စာ​ရေးကြီးကို ရုံထုတ်​စစ်​​ဆေးခဲ့ရာ အစိုးရ
လိုပြသက်​​သေအဖြစ်​ ပြင်​ဦးလွင်​မြို့နယ်
တရားရုံ​တော်​တွင်​ အစိုးရလိုပြသက်​​သေအဖြစ်​ ထွက်​ဆိုပြီ အထွက်​ ည​နေ ၃း၃၀
အချိန်​ခန့်​မှ အကို ကျွန်​​တော်​တို့ထံကို စစ်​ကိုင်
ရဲတပ်​ဖွဲ့ကသတင်းပို့ထားလိုပါ စစ်​​ဆေးစရာ
လေးရှိလို ပြင်​ဦးလွင်​မြို့မ ရဲစခန်းကို ခဏ
လိုက်​ခဲ့ပါဘူး ဒုရဲအုပ်​တစ်​​ယောက်​လာ​ခေါ်
သဖြင့်​ လူကြီးလူ​ကောင်းဆန်​ဆန်​ လိုက်​ပါ
သွားခဲ့ပါတယ်​။

စစ်​ကိုင်​မြို့နယ်​ မင်းကွန်း​တောင်​ရိုး မင်းဝံ
တောင်​နယ်​​မြေတွင်​ လွန်​ခဲ့​သော ၃ နှစ်​ခန့်​က
ဒေသခံ လက်​ပံ​ကျေးရွားသားများက ဝယ်​ယူ
ပေးရန်​ လာ​ရောက်​​ရောင်းချခဲ့သဖြင့်​ ​မြေဧက
၂၄ .၄ဧကကို ဝယ်​ယူကာ တရားဝင်​စစ်​ကိုင်​မြို့နယ်​ ​မြေစာရင်းဦးစီးဌာနတွင်​ ကျွန်​​တော်
၏အနည်​ဖြစ်​ ​မြေယာပိုင်​ဆိုင်​ခွင့်​ ပုစံ(၇)၁၀၅
ဖောက်​ပြီး ၎င်း​မြေယာအတွင်းမှ မင်းကွန်းတိပိဋကဓမ္မနဒ​ရွှေစင်​​ကျောင်းတိုက်​ဆရာ
တော်​ဖြစ်​​သော ဦးဂန္ဓမာလင်္ကာရထံ ​မြေ ၁၀
ဧက ​ရပ်​သာတည်​​ဆောက်​ရန်​လှူဒါန်းဖြစ်​ခဲ့
ပါတယ်​ အဲဒီ​မြေ​နေရာများကို ဆရာ​တော်​အတွက်​ ​မြေညှိ​ပေး​နေစဉ်​ ​မြေ​ရောင်းချသူ
ရွားသားတစ်​ချို့က ၎င်း​မြေ​နေရာမပါရှိဘူးဟု
ဆိုကာ ​ငွေကျက်​ ၁၅ သိန်းတိတိ ကျွန်​​တော်​ထံ​တောင်းခံခဲ့ပါတယ်​ ကျွန်​​တော်​ဝယ်​စဉ်​က
ပါရှိသဖြင့်​ ​ငွေမ​ပေးရာက စတင်​ခဲ့​သောပြသာနာဖြစ်​ပါတယ်​ဗျာ.....?cxdr

posted from Bloggeroid

Saturday, March 4, 2017

တောင်​သူလယ်​သမားအသိပညာ​ဟော​ပြောပွဲ ရှမ်း​မြောက်​ ကျင်းပ


"ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​ကျောက်​မဲမြို့နယ်
အတွင်း ​တောင်​ယာ​မြေများအသိမ်းခံရသည်
တောင်​သူများအားအသိပညာ​ဟော​ပြောပွဲကျင်းပ"
==============================
ရှမ်း​မြောက်​ မတ်​ ၅

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​ကျောက်​မဲခရိုင်
ကျောက်​မဲမြို့နယ်​​ကောင်းအက်​​ကျေးရွာ ​ကျောက်​မဲကြီး​ကျေးရွာ ပိန္နဲကုန်း​ကျေးရွာ
ပန်း​မောန်း​ကျွေးရွာ မှန်​​ကောင်းမှူး​ကျေးရွာ မှိုင်းတပ်​​ကျေးရွာ များက ​မြေသိမ်းခံ​တောင်​သူ
များကိုအသိပညာ​ပေး​ဟော​ပြောပွဲကို ​ခမ်းအုံးကြီး​ကျေးရွာ ​ဇေယျသိဒ္ဓိလာဘမုနိ နှီးဘုရားကြီး ဘုရားဓမ္မရုံကြီးတွင်​ မတ်​လ ၅
ရက်​​နေ့က ​​မြေသိမ်းခံ​တောင်​သူများ ၂၀၀ ​ကျော်​တက်​​ရောက်​ကာ ကျင်းပခဲ့သည်​ကို​တွေ့
ရသည်​။

အဆိုပါ​​မြေသိမ်းခံ​တောင်​သူများမူလ​တောင်
သူများ၏​​တောင်​ယာ​မြေများပြန်​လှည်​လုပ်​ကိုင်​ခွင့်​ရ​ရှိ​ရေး အသိပညာ​ပေး​ဟောပွဲခြင်း
တောင်​သူလယ်​သမားသမဂ္ဂဖွဲ့စည်းခြင်းများ
ကို မြန်​မာတစ်​နိုင်​ငံလုံးဆိုင်​ရာ တံခွန်​​တောင်
သူလယ်​သမားအဖွဲ့ချုပ်​ ဗဟိုက အထက်​မြန်
မာပြည်​မန္တ​လေးတိုင်းဥက္ကဌဖြစ်​သူ ဦးလင်းထင်​စိုးနှင့်​အဖွဲ့က လာ​ရောက်​ဖွဲ့စည်​​ပေးကာ ခမ်းအုံးကြီး​ကျေးရွာ ရွာဦး​ကျောင်း
ဆရာ​တော်​ဘဒ္ဒန္တဝဏ္ဏထံ ၅ ပါးသီလခံယူပြီး
အသိပညာ​ပေးအခမ်းအနားကိုစတင်​ဖွင့်​လှစ်
ခဲ့သည်​ကို​တွေ့ရသည်​။

တက်​​ရောက်​လာ​သော​ရှမ်းပြည်​နယ်​​မြောက်
ပိုင်း ​တောင်​ယာစိုက်​ပျိုးလျှက်​ရှိ​သော​ဒေသခံ
တောင်​သူ ၂၀၀ ခန့်ထံက ​ခေတ်​အဆက်​ဆက်​ အ​ကြောင်းအမျိုးမျိုး ​မြေယာများသိမ်း
ဆည်းခံရခြင်းများတင်​ပြခြင်း လယ်​ယာ​မြေ
နှင့်​နည်​ဥပ​ဒေများကို မြန်​မာနိုင်​ငံတံခွန်​​တောင်​သူလယ်​သမားအဖွဲ့ချုပ်​ဗဟို အထက်
မြန်​မာပြည်​ မန္တ​လေးတိုင်းဥက္ကဌနှင့်​အဖွဲ့က
ရှင်းလင်း​ကာ အသိပညာ​ပေး​ဟော​ပြောခဲ
ကြပါတယ်​။

"ကျွန်​​တော်​ ရှမ်းရွာ​တွေမှ ​တောင်​ယာခုတ်​ထွင်​ရှင်းလင်းလုပ်​ကိုင်​​စား​သောက်​​နေသူများ
ထံက​နေ ၁၉၉၇/၁၉၉၈ ခုနှစ်​က တပ်​မ​တော်
ကသိမ်းယူကာ ၂၀၁၄ ခုနှစ်​က နိုင်​ငံ​တော်
အစိုးရက ဧက​ပေါင်း ၃၀၀ ​ကျော်​ကို မှုလ
တောင်​သူထံပြန်​လှည်​​ပေးအပ်​ပွဲလုပ်​ကာ
ပေးခဲ့​သော်​လည်း မတ်​လ ၂ ရက်​​နေ့ ၂၀၁၇
က စိုက်​ပျိုးထားသည့်​ ​မြေများအ​ပေါ် (စ ခ ခ)
လက်​​အောက်​ခံ (ခ မ ရ )၅၀၁ တပ်​က တိုင်​များလာစိုက်​ကာ ပုံစံ(၇ )ကျပြီးသား​မြေများ
လာ​ရောက်​လုခြင်းခံရပါတယ်​ နိုင်​ငံ​တော်
အစိုးရက ဧက​ကောင်း ၃၀၀ စွန့်​လွတ်​​ပေး
သော်​လည်း ကျွန်​​တော်​တို့အပြည့်​အဝ မရရှိ
လို့ နိုင်​ငံ​တော်​အစိုးရသိရှိ​တောင်​ ကျွန်​​တော်
တို့​ကျေးရွာ​တွေ​ပေါင်းကာ အများပြည်​သူသိရှိ
စေရန်​ ​တွေ့ဆုံပွဲလုပ်​ရတာဟု ​​ကောင်းအက်
ကျေးရွားက ဦးစိုင်းလှ​မောင်​က​ပြောသည်​။

"ကျွန်​​တော်​တို့ မြန်​မာနိုင်​ငံအတွင်းမှ ၇၀ရာခိုင်​နှုန်းရှိသည့်​ ​တောင်​သူလယ်​သမား
တွေကို ​ခေတ်​အဆက်​ဆက်​က အ​ကြောင်း
အမျိုးမျိုးနဲ့ မသိနားလည်​သည့်​ ​တောင်​သူ​တွေ
ကိုမတရားသိမ်းတယ်​ နိုင်​ငံ​တော်​က စီမံကိန်း​ဖော်​​ဆောင်​ခြင်းမရှိတာ​တွေကို မူလ ​တောင်
သူ​တွေ ပြန်​​ပေးခဲ့​သောလည်း မူလ​တောင်​သူ
များပြန်​မ​ရောက်​တာ​တွေ ကုမ္ပဏီ​တွေချ​ပေး
တာ​တွေ ​တောင်​သူများ၏စားဝတ်​​နေ​ရေး
နေစရာ လုပ်​စရားမရှိ​လောက်​ဖြစ်​​နေသည့်
ဒေသခံ​တောင်​သူများအ​ပေါ် မတရားမှုများ
မရှိ​စေရန်​ အတွက်​ အခုလို ​တောင်​သူများထံ
လာ​ရောက်​၍ အသိပညာ​ပေး​ဟော​ပြောပွဲလုပ်​ကာ ​တောင်​သူများပူး​ပေါင်းကာ
တောင်​သူလယ်​သမားသမဂ္ဂဖွဲ့စည်း​ပေးခြင်း
လုပ်​​ပေးတာဟု မြန်​မာတစ်​နိုင်​ငံလုံးဆိုင်​ရာ
တောင်​သူလယ်​သမားအဖွဲ့ချုပ်​ မန္တ​လေးတိုင်းဥက္ကဌဦးလင်းထင်​စိုးက​ပြောသည်​။

Sunday, February 19, 2017

ကြော်​ငြာသတင်း


"Hotel Sakura Pnncess အမည်​ဖြင့်
မန္တ​လေးမြို့တွင်​စတင်​ဖွင့်​လှစ်​"
=============================
မန္တ​လေး ​ဖေ​ဖော်​ဝါရီ ၁၉

မန္တ​လေး ချမ်း​အေးသာဇံမြို့နယ်​ ၆၇လမ်း၃၂
လမ်း၃၃လမ်းကြား အကွက်​အမှတ်​(၇၆၁)
အောင်​မင်္ဂလာလာလမ်း ပါတ်​ကုန်း​ပျော်​သွယ်
ရပ်​ကွက်​ ဟိုတယ်​​မြေ ဧရိယာ အကျယ်​အဝန်း(၀.၂၈၅ ဧက) နှစ်​ဘက်​မျက်​နှာဖွင့်​ အ​နေထားဖြင့်​ ​မြေညီထပ်​အပါဝင်​(၈)ထက်​အ​ဆောက်​အဦးဖြစ်​ဟိုတယ်​သစ်​ဖွင့်​လှစ်​ပွဲကို
ဖေ​ဖော်​ဝါရီလ ၁၉ ရက်​​နေ့ ည​နေ ၆နာရီမှ
ည၈း၃၀ထိကျင်းပခဲ့သည်​ကို​တွေရသည်​။

မြေညီထပ်​၌ ဧည့်​ကြို​ကောင်​တာ Lobby
Dining Hall Main Kitchen Main Store
Office Room များဖြင့်​ဖွဲ့စည်းတည်​​ဆောက်
ထားကာ ပထမထပ်​မှပဉ္ဇမထပ်​အထိ အိမ်​ခန်းများဖြင့်​ ဖွဲ့စည်းထားပြီး တစ်​ထပ်​လျှင်​ အခန်း
ပေါင်း(၁၆)ခန်း အခန်း အမျိုးအစား(၄)မျိုးပါရှိ
ကြောင်းသိရသည်​။

မန္တ​လေးမြို့တွင်​ အရည်​အ​သွေးပြည့်​ ဟိုတယ်​​ပေါင်း​မြောက်​များစွာရှိသည့်​အနက်
ဟိုတယ်​ Sakura Princess သည်​လည်း
နိုင်​ငံ​တော်​၏ ဟိုတယ်​ခရီးသွားလုပ်​ငန်းကို
တစ်​​ထောင့်​တစ်​​နေရာမှ ​ထောက်​ပံ့အားဖြည့်
နိုက်​ရန်​ရည်​ရွယ်​၍ အရည်​အ​သွေးပြည့်​စံချိန်
မှီ ဟိုတယ်​တစ်​ခုအဖြစ်​ အ​ကောင်းဆုံးကြိုးစားပြီး အ​ရွေးချယ်​ခံဝင်​​ရောက်​လာမည်​ဟိုတယ်​တစ်​ခုဖြစ်​ပြီး ​ဈေးနှုံန်းမှ ၃၅၀၀၀ခွဲမှ ၁၂၀၀၀၀ထိ သက်​မှတ်​​ဈေးများဖြင့်​ နိုင်​ငံခြားသား ပြည်​တွင်းဧည်​သည်
များအားလုံးစိတ်​တိုင်းကြစီမံ​ထားကာ ​နေစဉ်
ဝန်​ထမ်း​ပေါင်း ၉၀ ဖြင့်​ ဟိုတယ်​သစ်​ကြီးကို
ယ​နေ့စတင်​ဖွင့်​လှစ်​ခဲ့​ကြောင်းသိရသည်​။

Monday, February 13, 2017

မီး​ဘေးသင့်​မန္တ​လေးမင်္ဂလာ​ဈေးတင်​ဒါ​ခေါ်ယူ

မီးဘေးသင့်မင်္ဂလာဈေးအား အဆင့်မြင့်ဈေးအဆောက်အအုံတည်ဆောက်ခွင့်တင်ဒါခေါ်ယူမှု ရပ်နားထားပြီး တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်း

မြက်သစ်ခိုင်

မီးဘေးသင့်မင်္ဂလာဈေးကို အဆင့်မြင့်ဈေးအဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်ခွင့်တင်ဒါ အား ၂၀၁၆ခုနှစ်နှစ်ကုန်ပိုင်းကခေါ်ယူခဲ့သော်လည်း တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့မှ ထပ်မံဖွဲ့စည်းခဲ့သဖြင့် တင်ဒါခေါ်ယူမှုကို ရပ်နားထားခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“ဈေးဟောင်းကိုဖြိုဖျက်ဖို့တင်ဒါခေါ်ယူတဲ့အပေါ်မှာ စည်ပင်ကသတ်မှတ်ထားတဲ့လေလံကြေးမရရှိခဲ့လို့ တင်ဒါကိုဖျက်သိမ်းခဲ့တယ်။ ဒီနောက်မှာဈေးကိုအသစ်တည်ဆောက်ဖို့ဆိုပြီးဈေးသစ်တည်ဆောက်ခွင့် တင်ဒါကိုခေါ်ခဲ့တယ်။ဒါပေမယ့်အစိုးရအဖွဲ့က ၀န်ကြီးဦးဆောင်တဲ့တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ထပ်ဖွဲ့တော့ တင်ဒါခေါ်ယူမှုအပိုင်းကိုရပ်နားခဲ့ရတယ်။ အခုချိန်ထိတော့ တင်ဒါရွေးချယ်စိစစ်ရေး ကော်မတီ ကနေ ဈေးနဲ့ပတ်သက်ပြီးဆောင်ရွက်ဖို့ညွှန်ကြားထားတာတော့မရှိသေးဘူး။”ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ၊အဆောက်အအုံနှင့်ကုန်ရုံဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဈေးသစ်တည်ဆောက်ခွင့်တင်ဒါကို နိုဝင်ဘာ(၂၈)ရက်ကကြေညာခဲ့ပြီး ဒီဇင်ဘာ(၂၈)ရက်တွင် တင်ဒါ စတင်ရောင်းချမည်ဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည့်အတွက် တင်ဒါခေါ်ယူမှုရပ်ဆိုင်းထားခဲ့ရသည်။

“မီးဘေးသင့်မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်တဲ့ တင်ဒါရွေးချယ်စိစစ်ရေးကော်မတီကို ပြီးခဲ့တဲ့လပိုင်းမှာဖွဲ့စည်းခဲ့တယ်။ အခုချိန်မှာဖွဲ့စည်းတာပဲရှိသေး တယ်။ ကော်မတီအနေနဲ့သွားရမှာဆိုတော့ ဆွေးနွေးမှုတွေတော့မလုပ်ရသေးဘူး။ ကော်မတီအစည်း အဝေးပြီးမှသာ ဘာဆက်လုပ်မလဲဆိုတာသိရမှာပါ။”ဟု တင်ဒါရွေးချယ်စိစစ်ရေးကော်မတီအဖွဲ့ ခေါင်းဆောင်၊ တိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးမြို့ မင်္ဂလာဈေးကြီှးမှာ ပြီးခဲ့သည့် မတ်လ(၂၂)ရက်က မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်းမှု ကြောင့် ငွေကျပ်သိန်းပေါင်းတစ်သောင်းကျော်ဆုံးရှုံးခဲ့ကာ မီးဘေးသင့်မင်္ဂလာဈေး အသစ်ပြန်လည် တည်ဆောက်ရန်အတွက် ဈေးအဆောက်အအုံဖျက်သိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရန် ဇူလိုင်(၁) ရက်တွင်တင်ဒါခေါ်ယူခဲ့သော်လည်း မအောင်မြင်သဖြင့် ယခုလိုအဆင့်မြင့်ဈေး အဆောက်အအုံအဖြစ် ပြန်လည်တည်ဆောက်ခွင့်တင်ဒါကိုခေါ်ယူခြင်းဖြစ်သည်။

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေး အသစ်တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ပါက တင်ဒါရရှိသည့်သူမှာ ဈေးဟောင်းအားဖြိုဖျက်ရန်ကိုပါ တစ်ပါတည်းလုပ်ဆောင်သွားရမည်ဖြစ်ပြီး ဖြိုဖျက်သည့်အတွက် တန်ဖိုးသတ်မှတ်ချက်အတိုင်း ငွေပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

MTK