Thursday, November 3, 2016

ရှောင်လင်ပြကွက်များ

ရှောင်လင်သင်တန်းသားများမှ အံ့မခန်း စွမ်းရည်များ ထုတ်ဖေါ်ပြသ
http://www.tachileik.net/2016/10/Zhengzhou.html
***




Ref; CCTVNews

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~

တရုတ်နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ်က နိုင်ငံတကာရှောင်လင်သိုင်းစွမ်းရည်ပြိုင်ပွဲမှာ သောင်းနဲ့ချီတဲ့ ရှောင်လင်သိုင်းသင်တန်းသားတွေက အံ့သြစရာ စတန့်ပြကွက်တွေကို ပြသခဲ့ကြပါတယ်။

ရှောင်လင်ကွန်ဖူး ဒါမှမဟုတ် ဝူရှူးသိုင်းဟာ တရုတ်သိုင်းစွမ်းရည်ထဲမှာ ရှေးအကျဆုံး ကိုယ်ခံပညာတွေထဲမှာ ပါပါတယ်။

ဟေနန်ပြည်နယ် ရှောင်လင်ကျောင်းတော်ကနေ အေဒီ ၄၉၅ လောက်ကတည်းက ဒီပညာရပ်တွေ ရှိနေခဲ့တာပါ။

ဘာသာပြန် - #ဇာနှင်းထိုက်
Ref; CCTVNews
⊰❂ #TachileikNewsAgency #TachileikOnlineNews www.tachileik.net ❂⊱

posted from Bloggeroid

လူဘဝဆိုတာ အရှုံးပေးစရာမဟုတ်ဘူး

"စိတ်ကူးအကောင်အထည့်ဖော်တည်ဆောက်ထားသည့်"အိမ်"
ရိုးရှင်းစွာ ဘဝကိုဖြက်သန်း မြန်မာနိုင်ငံကစံပြ "လူးသားတစ်ဦး"
===========================================

"ငယ်စဉ်ထဲ့က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ပေမယ်
ဘဝကို အရှုံးမပေး အလုပ်ဟုသမျှ ဂုဏ်ရှိစွာ လုပ်ပြီး မိသားစုစား
ဝတ်နေရေးအတွက် ငွေ ၅ိ/ကျပ်ယူကာ လက်ဝှေ့တက်ထိုးခဲ့သူ
သူရဲလက်က ဒဏ်ရာအမာရွတ်တွေ မပျောက်ပေမယ် စိတ်ကူးထဲ့
က
အကောင်အထည်ဖော်တည်ဆောက်ထားသော် သစ်ပင်အိမ်လေး
မြန်မာနိုင်ငံရဲ့ စံပြလူးသား တစ်ဦးလို့ တင်စားလောက်တဲ့ သူ
အာဏာရှင် အစိုးရ လက်ကိုင်ဒုတ်အဖြစ်မခံ ခရိုနီ အလုပ်ဘယ်
တော့မှမလုပ် ကျွန်တော်က မရှိဘဝ က လာသူမို့ အမှန်တရားကို
မြတ်နိုးတယ် လူတိုင် ကျွန်တော်လို့ ကြိုးစားကာ စီးပွားဖြစ်စေရန်
ပိုက်ဆံဆုပါ ဝင်ငွေ ကို တစ်ဝှက်ရအောင်သုံး မြန်မာပြည်မှ သူဋ္ဌေး
ဖြစ်ကိုဖြစ်ရမယ်"ဟုပြောသူ

"၀"ဘဝက လာတာကျွန်တော် "၀" ဘဝ ပြန်ရောက်သွားရင်တောင်
အရင်းပါ မန္တလေးမြို့သစ် ထွန်တုံးရပ်ကွက် "ကျူး" အိမ်မှနေပြီ
အလုပ်မရှိလို့ လမ်းဘေး အဟောင်းပစ္စည်းကောက် ကိုယ်ဘဝ
ဖြက်သန်းခဲ့တာ ရှက်စရာမဟုတ်ဘူး တရုတ် ကုလား ကျွန်မလုပ်
ဘူး မြန်မာနိုင်ငံမှ ကျွန်တော်လို့လူ တွေရှိတယ် ဘဝကိုအရှုံးမပေး
စေလိုဘူး ဘဝဟာ အကြိမ်ကြိမ် လှဲကျခဲ့ဘူးတယ် စာမတက်လို့
အလိမ်ခံရတယ် အခုလဲ အာဏာအလွဲသုံးစားပြု အနိုင်ကျင်တာ
တွေ လက်တွေ့ခံရလို စိတ်ဒက်မကျဘူး မတရားမှု မှန်သမျှ ဖော်
ထုတ်မယ် ကျွန်တော် လူတိုင်အပေါ် စိတ်ကောင်းထားနိုင်ပေမယ်
လူတွေက ကျွန်တော်ကို သူတို့ကိုယ်တိုင် မြေလာရောင်းတယ်
သူတို့ဒေသ ဖွံဖြိုးအတွက် အဲဒီမြေ ဝယ်တယ် အကောင်အထည်
ဖော်တာကိုအာဏာအလွဲသုံးစာပြု သူတစ်ဦးကြောင့် ရပ်ထားရတာ
တွေ ကျေးရွာတွေက မြေတွေဝယ်ထားတယ် သူတို့ဘဲ ကျွန်တော်ကို
အသုံးချ ငွေတွေတောင်းတယ် အဂတိတိုက်ဖျက်ရေးတိုင်ကြားလို့
အစစ်ခံရတဲ့ အရာရှိတွေ က ကျွန်တော်ကို စိန်ခေါ်လို့ လုပ်ရတာ
ဘယ်သူတစ်ဦးတစ်ယောက်ဒုက္ခရောက်ပါစေဆိုသော စိတ် ကျွန်တော်မှမရှိဘူး မတရားမှု့ဖော်ထုတ်ရတာ မြန်မာနိုင်ငံတစ်ယော
က်အနေဖြင့် တာဝန်တစ်ခုဖြစ်တယ် ကျွန်တော်က ဗုဒ္ဓဘာသာ
တစ်ယောက် ကံတူအကျိုးပေး ဆိုတာယုံကြည်တယ် မရှိ ဘဝထဲက
ဆုလို့ရသည့် ပိုက်ဆံထဲ့က ဘုရားပြုပြင်တယ် ဘုရားတည်တယ်
အခု ဘုရားတည်တာ ၁၀၁ ဆူမျောက်ရောက်မှ ဌာနဆိုင်ရာ တွေနဲ့
လူလိမ်တွေကြောင့် တရားရုံတွေရောက်တယ် အမှုတွေရင်ဆိုင်ရ
တဲ့ဘဝ ရောက်လာကြောင်း ကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်ကပြောပြချက်များအရသိရပါတယ်။

"ကျွန်တော် စာရေးသူတစ်ယောက်အနေဖြင့် ကမ္ဘာမြေအောင်
ကုမ္ပံဏီ ပိုင်ရှင် သူဋ္ဌေ တစ်ရောက်၏ အကြောင်းကို ရေးသားရခြင်း
ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများဘဝ လမ်းဘေးကလူဖြစ်ဖြစ် တိုက်ပေါ်က လူဖြစ်ဖြစ် လူကို လူလို
တန်ဖိုးထားတက်လာစေရန် မြန်မာနိုင်ငံက ဘွဲရပညာတက် မျိုးဆက်သစ် လူငယ်တွေ အတုယူစေရန် ဘဝကို ရိုးရှင်းစွားဖြက်
သန်းကာ အောင်မြင်မှုများ ရရှိစေရန်အတွက် လမ်းဘေးကနေ
ကုမ္ပံဏီပိုင်ရှင် ဖြစ်လာသူ သူရ"ဲ စိတ်ကူးထဲက သစ်ပင်အိမ်လေး
ဘဝကို ရိုးသားစွာဖြက်သန်းခဲ့သည့် လက်တွေ့ ဖြစ်စဉ်တွေကို
ပညာပေး အဖြစ် ရေးသားဖော်ပြ လိုက်ရတာဖြစ်ပါတယ်"။

လူတစ်ယောက်ရဲ့  ဘုန်းတစ်ခိုးဟာ အလုပ်လုပ်ချင်းဘဲ ကလေး
ဘဝက လမ်းဘေး ပလပ်စတစ်လိုက်ကောက်ခဲ့ဘူးသူ ၁၄ အရွယ်
မြို့သစ် ဘုရားပွဲတစ်ခု လက်ဝှေ့ ထိုးမယ်သူ တစ်ယောက်မလာသ
ဖြင့် မိသားစု စားစရာမရှိလို့ ငွေ ၅ိ/ကျပ်ယူကာ ညီဖြစ်သူကို အိမ်
ပေးခိုင်ပြီး လက်ဝှေ့ တက်ထိုးခဲ့ရာ ဆင်ပေါ်မတက်မှီ ကောက်မှာ
ရှိသော ဒိုင်များက ထိုးနည်များခေတ္တ ပြတာကြည့်ထိုးပြီး ဘယ်လို့
ထိုးလိုက်တယ်မသိ ကိုထွန်းနိုင်တစ်ယောက်လှဲကျသွားရာကနေ
ပြန်အထ တစ်ဘက် ကစားသမားသတိမေ့သွားသဖြင့် လက်ဝှေ့
ပွဲအနိုင်ရခဲ့ရာ ကိုထွန်းနိုင် အရမ်းပြောခဲ့ပြီး လက်ဝှေ့ထိုးရင် အဲဒီ
ခေတ်က ၅ိ/ကျပ်ကရတယ် ဆန်တစ်ပြည် ၃ိ/ကျပ်ဘဲရှိတာဒီလိုနဲ့
လက်ဝှေ့ပွဲ ၇ ပွဲလောက်အထိ လက်သီထိုးနည်များကျင့်ကာ ထိုးခဲ
ဘူးသူ လမ်းဘေးအဟောင်းပစ္စည်းများ လိုက်လံဝယ်ယူကာ
ဘဝကိုအရှုံးမပေး လုပ်ကိုင်ရင်က စက္ကူ ဖြက်စတွေ ဝယ်ရာရင်
စက္ကူ သတင်းစားအဟောင်း ဒိုင်အဖြစ်ကနေ မြေလောကထဲရောက်
လာခဲ့ပါတော့တယ်။

၁၉၉၉ခုနှစ် မန္တလေးမြို့သစ် မြေကွက်တွေ ဝယ်ယူကာ မြေကိုပြုပြင်
အကွက်ရိုက် အရောင်းဝယ်လုပ်ရင်းကနေ"လှိုင်"မြေအကျိုးဆောင်
လုပ်ငန်းဖြစ် စီးပွားဖြစ်လာကာ ဘာသာသာသနာကိုတန်ဖိုးထား
ယုံကြည်မြိတ်နိတက်လာသူ တစ်ယောက်ဖြစ်တာကြောင့် စစ်ကိုင်း
မင်းကွန်းတောင်ရိုးရှိ စေတီပုထိုးအဟောင်းတွေပြုပြင်ရင် မင်းကွန်း
တိပိဋကဆရာတော်များနဲ့ရင်းနှီးကာ မင်းကွန်းတောင်ရိုးအသွား
လမ်းရှိ လမ်းကျင်လေးကို ချဲပေးခြင်း ဘုရားတည် ကျောင်းဆောက်
သိမ်ဆောက် သာသနာပြုလုပ်ငန်းများ လုပ်ရင် မင်းကွန်းတောင်ရိုး
အသွားလမ်း ခိုတောင် ကျေးရွာအနီ ခြံလေးဝယ်ယူကာ စိတ်ကူရင်
သစ်ပေါ်က အိမ်လေးတစ်လုံးတည်ဆောက်ကာ အပန်းဖြေနေစရာ
တစ်ခုဖန်တီထားတာကို ယနေ့တိုင်တွေ့ခဲ့ရပါတယ်။

စစ်ကိုင်း မင်းကွန်းတောင်ရိုးအသွားလမ်းတစ်လျှောက် မြေဧက
ပေါင်း ၅၀ ခန့် ဝယ်ယူထားကာ မြေများတန်ဖိုးထားသူပိပိ မြေများ
ကိုပြုပြင်ခြင်းဒေသ ကျေးရွာများဖွံဖြိုးတိုးတက်ရေးမျော်ကိုးကာ
စေတနာထားဆောင်ရွက်နေပါလျှက်နဲ့ ဒေသခံတွေက ၎င်းဝယ်
ယူထားသည့်မြေများကို ကာလ တန်ဖိုးမြင့်လာသည့်အခါ ပိုက်ဆံ
ထပ်မှန်တောင်းခံခြင်းများရှိခြင်း အာဏာပိုင်တွေက မြေညှိသော
နေရာတွေ ရပ်ဆိုင်းခိုင်ခြင်းများ ကမ္ဘာမြေအောင်ကုမ္ပံဏီကိုသိက္ခာ
ကျစေရန် ခရိုနီဟု ပြောသံတွေ ပြန်ကြားခဲ့ရသဖြင့် စိတ်မကောင်း
ဖြစ်ကာ အရက်သောက်နေရခြင်း လူတွေက သူစေတနာထားသလို့
သူအပေါ်စေတနာပြန်မထားခြင်း ရှိတာကြောင့် သစ်ပေါ်ဆောက်
ထားသည့်အိမ်ကလေးအတွင်း နောက်ဆုံးပေါ် ကိုယ်ပိုင်ကားကြီး
နဲ့ တစ်ယောက်တည် လာလာနေတာရခြင်း စိတ်ကူးရင်သစ်ပင်
ပေါ်က အိမ်လေးဟာ အေးချမ်းသာယာစွာရှိပြီ လူသူအသွား
အလာနည်းပါးသောနေရာတစ်ခုကို တွေ့ခဲ့ရပါတယ် ခြံဝင်အကျယ်
ပေ ၁၀၀ ပတ်လည် အတွင်းရှိ မန်ကျည်းပင် ၂ ပင် သစ်ပုတ်ပင်၁
ပင်ယှဉ်လျှက်အနေအထားပေါ်တွင်သံဖတိမ်များဖြင့် အခိုင်အမာ
တည်ဆောက်ထားသော အိမ်လေးဟာ ကိုထွန်းနိုင်အတွက်အမှတ်
တရဖြစ်စေမယ် "စိတ်ကူးအကောင်အထည့်ဖော်တည်ဆောက်ထားသည့်"အိမ်"
ရိုးရှင်းစွာ ဘဝကိုဖြက်သန်း မြန်မာနိုင်ငံကစံပြ "လူးသားတစ်ဦး"
အဖြစ် ဘဝ မှတ်တမ်းတစ်ခုဖြစ်ပေါ်လာနိုင်ပါတယ်။

သူတော်ကောင်းနဲ့ပေါင်းသောသူသည် ဂုဏ်သတင်းကျော်ဇော
သကဲ့သို့ ပန်းထုတ်သော ဖက်သည် မွေး၏ဟု ဗုဒ္ဓမြတ်စွာဘုရာ
ဆုံးမစကားရှိသလို့ စိတ်ကောင်းရှိဖို့က ပထမ အရားအားလုံးကို
မာန်တက်နေသော ဘဝတွေ လူသားအချင်းချင်း နာလည်ခွင့်လွှတ်
တက်နိုင်ဖို့က အရေးကြီးဆုံး လူသားဘဝကို အောင်မြင်စွာနဲ့
လက်ရှိ နေထိုင်ကျသော ဘဝကနေ အောင်မြင်ကျော်ကြားသူများ
ဖြစ်လာဖို့အတွက် ကမ္ဘာမြေအောင် ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်
က သူရဲ အလုပ်သမား များကိုအမြဲတမ်း သူဘဝ သူအကြောင်း
စံနမူနာပြကာ မကောင်းတာရှောင် ကောင်းတာဆောင် စိတ်ကို
ဖြူအောင်ထား ဟု၍ စာမတက်ပေမယ် အသိပညာရ ရှိစေရန်
ဆုံးလျှက်ရှိသည်ကို လေ့လာတွေရှိရပါတယ်။

ယနေ့ခေတ် ကမ္ဘာမြေအောင် မြေအကျိုးဆောင်ကုမ္ပံဏီပိုင်ရှင်
တစ်ယောက်အနေဖြင့် ဘဝကို ရပ်တည်နေသော ဦးထွန်းနိုင်
တစ်ချိန်က လမ်းဘေးက အမှိုက်ကောက်သမားတစ်ယောက်
မြန်မာနိုင်ငံရဲ့ အတန်းပညာ လုံးဝ မတက်ခဲဘူးသူတစ်ယောက်
လင်မယား နှစ်ယောက်ပေါင်းလို့  တစ်တန်းမအောင်ဘူး သူဘဝ
အစ စက်ဘီးလေးကို ကမ္ဘာမြေအောင် ကုမ္ပံဏီ တည်ရှိရာ
မန္တလေးမြို့ မြိုသစ် မနော်ဟယ်ရီလမ်း ၅၆ လမ်းက ဘုရားအတွင်း
ထားကာ ဘဝမမေ့ကြောင်း သက်သေပြထားသူ စီးပွားရေးအရ
အလုပ် လုပ်ရာ စာရွက်စာတမ်း များကို ဘေးလူကိုဖက်ခိုင်ကာ
နိုင်တစ်လုံးတည် လက်မှတ်ထိုးပေးကာ အရောင်းအဝယ်လုပ်သူ
စီးပွားရေးနဲ့ ပတ်သက်လာလျှင် လူလည်ကျတာရှိတယ် ဘယ်တော့
မှမရုပ်မာတက်သူတစ်အနေဖြစ် ရပ်တည်လာသော သူဘဝ
ဒါပေမယ် သူများတွေ ရုပ်မာတာတော့ခံရတယ် ဒါပေမဲ့ဘဝကို
အရှုံးမပေးဘူးဟုကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်
အကြောင်းများကို အနီကပ်လေ့လာကာ မြန်မာပြည်သူပြည်သား
အားလုံး အတုယုဗဟုသုတရရှိစေရန် ရေးသားဖော်ပြလိုက်ရပါ
သည်။
စိုင်းထူးခန့် 


ကမ္ဘာမြေအောင်ကုမ္ပံဏီက မြေယာအလွဲသုံးစားပြုထားခြင်းမရှိဟုဆို

"ကမ္ဘာမြေအောင်ကုမ္ပံဏီ မှဝယ်ယူထားသည့်မြေများဟာဒေသ
အကျိုးအတွက်ရည်ရွယ်၍ဝယ်ထားကာ သိမ်းမြေမပါဟုဆို"
===========================================
စစ်ကိုင်း နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးအသွား
လမ်းတစ်လျှောက် ဒေသဖွံဖြိုးရေးအတွက် ကာလပေါက်ဈေးများဖြင့်
ဝယ်ယူထားသည့် မြေများကို ပြုပြင်ခဲ့ရာက ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးဦးက ဒေသခံတွေ တိုင်ကြားချက်အရ လာရောက်တားမြှစ်ခဲ့
တာဟာ မှားယွင်းနေသဖြင့် ဒေသခံရွားသားများနှင့် ကုမ္ပံဏီပိုင်ရှင်
က သိမ်းဆည်းထားသည့်မြေ မပါရှိသလို့ ကန့်ကွက်သူများဟာ
တရားပြုကျင့် ငွေလိမ်တောင်းသူများပါဟု သတင်းစာရှင်းလင်းပွဲ
လုပ်၍ပြောသည်။

"ကမ္ဘာမြေအောင်ကုမ္ပံဏီက ဦးထွန်းနိုင်က ကျွန်တော်တို့ဒေသ
လက်ပန်ကျေးရွာ အနောက်ရှိ တောင်ကုန်ပေါ်ရှိမြေဧရိယာ ဧက
၂၅ ဧကကို ကိုထွန်းနိုင်ရှိရာကို ဝယ်ယူပေးရန် လာရောက် ရောင်း
ချခဲ့သဖြင့် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က အပြီးအပိုင်လွဲ
ပြောင်းဝယ်ယူကာ ၂၀၁၅ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် မင်းကွန်း တောင်ရိုး တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက် ပဓန
နယကဆရာတော် ဥုံးဂန္ဓမာလာလင်္ကာလာရအား ကျောင်းသစ်
အတွက် ၁၀-ဧက လက်ပန်းကျေးရွာ ကျေးလက်ဆေးပေးခန်း
တည်ဆောက်ရန် မြေနေရာ (ပေ ၈၀ ပေ ၁၂၀)ကိုလည်း ရပ်မိရပ်
ဖများက ထပ်မံအလှူခံခဲ့သဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်
နေ့ကလွဲပြောင်း လှူဒါန်းပြီး ကျောင်းနေရာအတွက် မြေညှိ မြေဖို့
ခြင်း လုပ်ငန်း အလုပ်သမား လုပ်ကိုင်ဆောင်ရွက်နေတာကို
မူလ မြေရောင်းထားသူများက ကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင်ထံ
ငွေ ၁၅ သိန်း ထပ်မံတောင်းခံရာ ကျွန်တော် ဝယ်ယူစဉ်က ဒီမြေ
တွေပါတယ် အခုမပါဘူးဆို မြေစာရင်းဌာနနဲ့ရှင်းရန်ပြောခဲ့တာကို
ို မကျေနပ်လို့  မြေရောင်းချထားသူ တစ်ဦးက
သွားရောက်တိုင်ကြားချက်တစ်ခုတည်းကိုကြည်ကာ ဒေသခံတွေ
စုံစမ်းမေးမြန်ခြင်းမရှိ ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးထံတိုင်ကြားတာကို
စုံစမ်းမေးခြင်းမရှိဘဲ ဝန်ကြီးက သွားရောက်တားဆီးရာက ကုမ္ပံဏီ
ပိုင်ရှင်ဦးထွန်းနိုင်က အထက်အဆင့်ဆင့်ကို တိုင်ကြားခဲတာနဲ့
ပတ်သက်လို့ ဒေသခံရွာသားတွေကို နိုဝင်ဘာလ ၂ နေ့ကခေါ်ယူ
တွေဆုံးကာ ဒေသခံတွေမကျေနပ်လို့ သူအနေနဲ့ဝင်ရောက်တား
ရကြောင်း အစိုးရအဖွဲ့ဝင်များနဲ့အတူ လာရောက်ခဲ့တာကို ကျေးရွာ
အသိပေးခြင်းမရှိဘဲ သူလူတွေသူခေါ်ယူဆွေးနွေးသွားကြောင်း
လက်ပန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင်စိန်ကပြောသည်။

"ကျွန်တော်ထံ ဆက်သွယ်မေးမြန်းခြင်းမရှိဘဲ
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေတွင် ကျွန်တော်ဝယ်ယူ
ထားသည့် မြေဧရိယာအတွင်းကို ယခင် စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် လက်ရှိ
တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး
က ၎င်းနှင့်မသက်ဆိုင်သောနေရာ ကို အာဏာအလွဲသုံးစာပြုလုပ်
ကာ လုပ်ငန်းခွင်အတွင်းဝင်ရောက်လာကာ လုပ်ငန်းများကို ဟန့်
တားခြင်း ရပ်ဆိုင်းရန်ပြောဆိုကာ ထွက်သွားကြောင်း ကျွန်တော်
အလုပ်သမား ဖုန်းဆက်ပြောလို့သိရပါတယ်။
သူအနေနဲ့ လူကြီးတစ်ယောက်လည်းဖြစ်တယ် ကျွန်တော်ဝယ်ထား
သည့်မြေ သစ်တောမြေပါဆို မြေစာရင်း မြေယာပိုင်းဆိုင်ခွင့် ပုံစံ
၁၀၅ မြေယာပိုင်ဆိုင်ခွင့် ပုံစံ(၇)ကျွန်တော်အမည်ပေါက်တွေရှိပါ
လျှက်နဲ့ ကျွန်တော်ကို ဂုဏ်သိက္ခကျဆင်းအောင်လုပ်သွားလို့
အထက်အဆင့်ဆင့်ကို တိုင်ကြားခဲ့တာပါ သူကိုတရားစွဲမယ်ဆို
တာ ကျွန်တော်မစွဲဖြစ်ပါဘူး မတရားအနိုင်ကျင့် ဆုံးဖြက်သွားလို့
ကျွန်တော်လုပ်ငန်းတွေ ရပ်ဆိုင်ပေးခဲရလိုပြောခဲတာ မနေ့က
ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးအပါဝင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး
ဥပဒေချုပ် မြေစာရင်းတိုင်းဦးစီးမှူးတို့နှင့်အဖွဲ့ အယောက် ၄၀ ခန့် 
လာရောက်ပြီး ကျွန်တော်ကို ခရိုနီတစ်ယောက်လို မြေယာမတရား
ယူထားသူလို့ မတရားအနိုင်ကျင့်ရန်အတွက် မလိုလားသူများနဲ့ပူ
ပေါင်းဆောင်ရွက်မှုများ ပြောသွားကြောင်း ရွာသားများထံကသိရလို
ယနေ့ စာနယ်ဇင်းရှင်းလင်းပွဲလုပ်၍ပြောရတာဟု ကမ္ဘာမြေအောင်
ကုမ္ပံဏီပိုင်ရှင် ဦးထွန်းနိုင်ကပြောသည်။
စိုင်းထူးခန့် 


မင်းကွန်းဆရာတော်ဘုရားကြီးမွေးနေ့ကျင်းပမည်

"မင်းကွန်းတိပိဋကဓရဆရာတော်ကြီး၏မွေးနေ့အထိမ်းအမှတ်
တန်ဆောင်မုန်းလ္ဆန်း ၁၁ ရက်နေ့ မင်းကွန်းတောင်ရိုးဓမ္မနာဒ
ကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပလျှက်ရှိဟုဆို"
==========================================
စစ်ကိုင်း နိုဝင်ဘာ ၃
စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက်အတွင်းကျင်းပ ပြုလုပ်သွားမယ် တောင်ရိုးတစ်လျှောက်သတင်းသုံးစာအောင်သံဃာနဲ့ သီလရှင်အပါးတစ်ရာကျော်အတွက် ဆုနှင်းသဘင်ပြုလုပ် သွားမှာဖြစ်ပြီး ဆရာတော်ဘ၀နတ်ထံပျံလွန်တော်မူပြီး ၂၅ နှစ် နောက်ပိုင်းနှစ်ကျင်းပပြုလုပ်နေကျဖြစ်တယ်လို့ ကျောင်းတိုက်တာဝန်ရှိဆရာတော်ဦးကေသရက မိန့်ကြားခဲသည်။

မြန်မာနိုင်ငံ ထေရ၀ါဒဗုဒ္ဓသာသနာမှာ ဆဌသင်္ဂါယနာတင် သံဃာ့ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တော်မူတဲ့ တိပိဋကဓရအရှင်မြတ်များရဲ့ဖခင် ကျေးဇူးတော်ရှင် ပထမတိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးဦးဝိစိတ္တသာရာဘိဝံသဟာ ၁၃၅၄ ခုနှစ် တပို့တွဲလပြည့်ကျော် ၃ ရက် ညနေ ၄ နာရီ ၄၄ မိနစ် သက်တော် ၈၂ နှစ်အရွယ်မှာ ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့တာဖြစ်ပြီး ပရိယတ္တိစာပေ ရေးသားခြင်း၊ လောကီလောကုတ္တရာအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်ခြင်းတို့လုပ်ဆောင်တော်မူရင်း သာသနာတော်ဆိုင်ရာထိပ်ဆုံးဘွဲ့တစ်ခုဖြစ်တဲ့တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်ဆက်ကပ်ခံခဲ့ရပါတယ်။
ဆရာတော်ဘုရားကြီးကို ၁၂၇၃ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ ခရစ်နှစ် ၁၉၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်
ကျည်းပင်ရွာမှာ ခမည်းတော်ဦးဆုံ၊ မယ်တော်ဒေါ်ဆင်တို့က ဖွားမြင်တော်မူတာဖြစ်ပြီး မွေးချင်း ၃ ယောက်ထဲက ဒုတိယသားဖြစ်ပါတယ်။
ဆရာတော်ပျံလွန်တော်မူသည်အထိ သတင်းသုံးတော်မူခဲ့ တဲ့ အဲဒီကျောင်းတိုက်မှာ ဆရာတော်ပြတိုက်ကြီးတစ်ခုလည်းရှိပြီး ဘယ်သယမဆို ၀င်ရောက်လေ့လာဖူးမျှော်နိုင်အောင်လည်းစီစဉ်ပေးထားသည်ကို
တွေ့ရသည်။

အနယ်နယ်အရပ်ရပ်ကပါဝင်လှူဒါန်းလိုသူတွေကိုလည်း ဖိတ်ခေါ်ထားတဲ့အတွက် လှူဒါန်းလိုသူတွေဟာ မင်းကွန်း တောင်ရိုး တိပိဋကဓမ္မနာဒ ရေ ဆွမ်း ဆေးအလှူတော်အဖွဲ့ ဖုန်းနံပါတ် ၀၉၆၈၀၄၆၀၆ ဆီဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရပါတယ်။


မန္တလေးအုပ်စုဖွဲရိုက်ပွဲဖြစ်ပွား

"ဘဏ္ဍာရေးဝန်ကြီး တစ်ယောက်အနေဖြင့် သာသနာကိုဝယ်၍
လှူဒါန်းထားသောမြေကို့ ဟန့်တားခြင်းမလုပ်သင့်ဟုဆို"
===========================================
စစ်ကိုင်း နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်မြို့နယ် လက်ပံကျေးရွာနေဒေသခံ
တောင်သူများထံက ကာလပေါက်ဈေးဖြစ် ဝယ်ယူကာ သာသနာ
မြေအဖြစ် မင်းကွန်းတိပိဋဓမ္မနာဒပရိယတ္တိစာသင်တိုက် ပဓာနနာယကကဆရာတော် ဥုးဂန္ဓမာလာလင်္ကာလာရကို လှူထားသောမြေ ၁၀ ဧက
အပေါ်မြေညှိနေစဉ် ဆက်မလုပ်ရန်တားခဲ့သော ဘဏ္ဍာရေးဝန်ကြီး
ဦးစိုးဦး ကိုမြေအလှူ ရှင်တရားစွဲတိုင်ကြားမည်ဟုပြောသဖြင့်
ဒေသခံရွာသားများထံ မြေအလှူ ရှင်ကိုမကျေနပ်ကြောင်းထွက်ဆိုပေးရန်ရွာသားများထံ
နိုဝင်ဘာလ ၂ နေ့က လာရောက်ဆွေးနွေးမှုရှိကြောင်းဒေသခံ
တွေကပြောသည်။

"မြေ သိမ်းဆည်းပြီး ကျောင်းအတွက် လှူတာမဟုတ်ဘူး ကျွန်တော်
တို့ ရွာသားတွေထံက မြေယာပိုင်ဆိုင်ခွင့်အထောက်အထားတွေနဲ့
တရားဝင်ဝယ်ယူကာ မင်းကွန်း တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်
ဥုးဂန္ဓမာလာလင်္ကာလာရ ကို သာသနာ
အတွက်လိုအပ်သော မြေနေရာလှူ ဒါန်းထားတာကို ဘဏ္ဍာရေး
ဝန်ကြီးဖြစ်သူဦးစိုးဦး က သစ်တောမြေဟု
ဆိုကာ ဟန့်တားတယ် မြေယာမူလပိုင်ရှင်တွေက ရောင်းပြီသား
မြေယာ ငွေတိုးကောက်ခံရာမှ မြေဝယ်ထားသူကမ္ဘာမြေအောင်ကုမ္ပံဏီပိုင်ရှင် ဦးထွန်းနင်က မပေး
သဖြင့် ဒေသခံတွေကို ဝန်ကြီးကအားပေးအားမြောက်လုပ်ပေးလျှက်
ရှိတယ် သူကတာဝန်ယူတာက ဘဏ္ဍာရေးဝန်ကြီး သစ်တောမြေ
လိုပြောကာ မြေညှိသောအရာများရပ်ဆိုင်းခိုင်ခဲတာ
ယနေ့က ရွာကို စိုက်ပျိုးရေးနှင့်မွေးမြူရေး
ဝန်ကြီး ဘဏ္ဍာရေးဝန်ကြီး ဥပဒေချုပ် မြေစာရင်းတိုင်းဦးစီးမှူးတို့
လာရောက်ကာ ရွာသားတွေကိုခေါ်ယူ၍ ဦးထွန်နိုင်ကိုမကျေနပ်သူ
တွေ ထောက်ခံကြောင်းလုပ်သွားတယ်လိုသိရတယ် အမှန်က
ဦးထွန်းနိုင်ဝယ်ထားသည့်မြေတွေဟာ ဘာမှ သုံးမရဘူး သစ်တော
လည်းမရှိဘူး ကျေးရွာဖွံဖြိုးရေးအတွက် ဘယ်ရွားသားမှမလုပ်ဘူး
ဟုဒေသခံတစ်ဦးကပြောသည်။

"အထောက်အထားနဲ့ ကမ္ဘာမြေအောင်ကုမ္ပံဏီက ဝယ်ထားတာ
ရွာအတွက် မြေညှိပေးတာကို ဆေးပေးခန်းအတွက်ပေ ၁၂၀နဲ့
ပေ၈၀ လှူဒါန်းတယ် ကျောင်းဆောက်ဖို့အတွက် ၁၀ ဧကလှူတာ
အရှုပ်အရှင်းဖြစ်တာက မြေရောင်ူထားသူက ညစ်တာ ကိုထွန်းနိုင်
ထံ ပိုက်ဆံ ထပ်တောင်းတာ မပေူလို ဝန်ကြီးဦးစိုးဦးကိုတိုင်ကြား
ရာကနေ ကိုထွန်းနိုင်ကိုတားတာ အားလုံးက မြေရိုင်တွေပါ
ကျေးရွာဖွံဖြိုးတိုးတက်ဖို့အတွက် လာလုပ်တဲ့သူကိုကန့်ကွက်ကြတာ
ဧကပေါင်း ၂၅ ဧကဝယ်တယ် ကာလပေါက်ဈေး နဲ့ဝယ်ပြီး မင်းကွန်း
တိပိဋကဓမ္မနာဒပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်
ဥုံးဂန္ဓမာလာလင်္ကာလာရအား ကျောင်းရပ်သာတည်ဆောက်ရန်
အတွက်တရား ဝင်လှူဒါန်းထားသည့်နေရာတွေပါ ကျေးရွာကိုအသိ
ပေးပြီး လာရောက်တွေ့ဆုံတာမဟုတ်ပါဘူး ကျွန်တော်အုပ်ချုပ်ရေးယမှူးတစ်ယောက်အနေတောင်မသိရဘူး
ဝန်ကြီးဦးစိုးဦးအနေဖြင့် သူအားတိုင်ကြားထားသူမိသားစုများသာ
ခေါ်ယူ၍ကိုထွန်းနိုင်ကိုမကျေနပ်ကြောင်းပြောရွာသားတွေကိုပြော
ခိုင်ဖို့လာရောက်တာထင်တယ်ဟုကျေူရွာအုပ်ချုပ်ရေးမှူးဦးမြင့်စိန်
ကပြောသည်။

"ကျွန်တော်မှားရင် ကျွန်တော်ခံပါမယ် ကြိုက်ရောင်းကြိုက်ဝယ်
တွေနဲ့ သူတို့ရွားသားတွေကိုယ်တိုင် ဒီမြေတွေဝယ်ပါဆိုပြီးလာ
ရောင်လို့ ဝယ်ယူကာ မြေယာပိုင်ဆိုင်ခွင့် ပုံစံ ၇ ကျွန်တော်အမည်
ပေါက်ပြောင်းကာ မြေညှိတာကို ဝန်ကြီးက လာတားတယ်
ကျွန်တော်ဂုဏ်သိက္ခာကျတယ် ကျွန်တော်က သိမ်းဆည်းထားတဲ့
မြေ မဟုတ်ဘူး ဘယ်အစိုးရနဲ့မှပေါင်းပြီး လုပ်မစားဘူး
ဒါကြောင့် အထက်ဌာနဆိုင်ရာတွေ တိုင်ကြားတာ အခု သူကို
တရားစွဲမယ်လို ပြောတော့ အခုလို ရွာသားတွေနဲ့ ကျွန်တော်ကြား
ဝန်ကြီးတစ်ယောက်အမေဖြင့် ရန်တိုက်ပေးနေတာ သူတို့တားစဉ်
ထဲ့က အဲဒီမြေတွေ ဘာမှ မလုပ်တော့ဘူး ရပ်ထားတယ် အဲဒီက
ကတော့ အစိုးရအဖွဲ့ကို မဖားလို့ မကပ်လို့ သက်သက် လုပ်နေတာ
ဟု ကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင် ဦးထွန်းနိုင်ကပြောသည်။

အဆိုပါမြေကွက်များကိုသွားရောက်ကြည့်ရှုခဲ့ရာ သစ်ကြီးပင်များ
မရှိခြင်း စိုက်ပျိုးစားလိုရသည့် မြေများမဟုတ်ခြင်း ကြောင့်သာသနာ
အတွက်အကျိုးရှိစွာအသုံးပြုရန်နှင့်ကျေးရွာဖွံဖြိုးရေးအတွက်ဆေးခန်းတည်ဆောက်ပေးရန်အတွက် မြေညှိထားသည့်နေရာကို နိုဝင်ဘာ
လ ၃ နေ့ က တွေရသည်။
စိုင်းထူးခန့် 


စစ်ကိုင် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးနဲ့မသက်ဆိုင်သောကိစ္စတွေကြောင့် ကုမ္ပံဏီဆုံးရူံးမှု့ရှိဟုဆို

မန္တလေးမြို့တွင်ညအချိန်အုပ်စုဖွဲ့ဝိုင်းရိုက်နက်ခဲ့သဖြင့်ဓါးဒဏ်ရာ
များဖြင့် လူ ၃ ဦးပြည်သူဆေးရုံးကြီးကိုအတွင်းလူနာအဖြစ်ရောက်"
===========================================
မန္တလေး နိုဝင်ဘာ ၁
မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် မင်းတဲအီကင်းရပ်ကွက်အကွက်
(၈၂) ၁၄x၁၅ကြားတွင်း နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ
အချိန်ခန့်က လူများအုပ်စုဖွဲ့ရိုက်နက်မှု့ဖြစ်ပွားခဲ့သဖြင့် ဓါးဒဏ်ရာ
များနဲ့လူ ၃ ဦးမန္တလေးပြည်သူဆေးရုံးကြီးရေပေါ်ဌာနအတွင်းလူ
နာအဖြစ်ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ ရိုက်မှုဖြစ်ပွားခဲ့မှု့နှစ်ပတ်သက်၍ နာကျင်ရိုးရိုး(၁)ဖြင့်အရေး
ယူဆောင်ရွက်ပေးရန် အမှု့ဖွင့်တိုင်ကြား အောင်မြေသာဇံမြို့နယ်
အမှတ် ၅ နယ်မြေရဲစခန်း (ပ)၃၈၃/၂၀၁၆ ရာဇာသတ်ကြီး ပုဒ်မ
၃၂၆/၃၂၅/၁၁၄ /၂၀၁၆ နိဝင်ဘာလ ၁ ရက်နေ့ နံနက် ၃း၃း
အချိန်က တရားလို ဒေါ်ဟေမာ မင်းတဲအီကင်းရပ်က လာရောက်
တိုင်းကြားအဖွင့်ခဲ့ခဲရာ တရားခံ ဒေါ်ညှိမိထွန်း သားဖြစ်သူ မှုံကြီး
နှင့် အမည်မသိ လူတစ်စုံ ညီမဖြစ်သူ ငှားအိမ်ယာ နှင်းဆီးတိုက်ခန်း
တံခါးမှန်များအားရိုက်ခွဲဖျက်ဆီး ခဲများဖြင့်ထုခြင်းများပြုလုပ်သဖြင့်
ရဲစခန်းသို့တိုင်ကြားရန် အသွားလမ်းတွင် မှုံကြီးနှင့်အတူ အမည်
မသိ လူတစ်စုက ဝိုင်းဝန်တိုက်ခိုက်သဖြင့် ဆေးရုံးရောက်သူ
ဓါးဒဏ်ရာ ကိုဝင်းဆွေး ကိုထွန်းမြင့် ကိုသိန်းထွန်းအောင် ဓါးဒဏ်
ရများရရှိ၍မန္တလေးဆေးရုံကြီး အတွင်းလူနာဆောင်ပို့သကုသလျှက်
ရှိကြောင်းသိရသည်။
စိုင်းထူးခန့် 
