Tuesday, October 18, 2016

ရှမ်းပြည်တောင်ပိုင်းက ဘိန်းစိုက်ရခြင်းအကြောင်း

"ဘိန်းမစိုက်ပါက ထောင်ဒဏ် ၁၀ နှစ် ဘိန်းစိုက်ပါက အရေးယူမည်"
-============================================

ရှမ်းပြည်နယ်တောင်ပိုင်း အောက်တိုဘာ ၁၉
ရှမ်း တောင် တောင်ပေါ်ဒေသဘိန်းစိုက်ပျိုးများနှင့်တွေ့ဆုံခြင်း

ဘိန်းစိုက်ပျိုးရေးလုပ်လာသော တောင်သူတွေ ဘာလုပ်ရမှာလည်း
ဘိန်းမစိုက်ပါက ထောင်ဒဏ် ၁၀ နှစ်ထက်မကသော ပြစ်ဒဏ်တွေ
မိသားစုစားဝတ်နေရေးတွေ ဘိန်းအစားထိုးစိုက်ပျိုးဖို့က သီနှံဈေးက
ဘယ်တော့မှဈေးကောင်းမရသလို စိုက်ခင်းရှိရာ ဘယ်သူမှလာမဝယ်
အခုဘိန်းအဆီဖမ်းစီမှု့များစွာရှိသဖြင့် စိုက်ပျိုးခလောက်ဘဲရနေတာ
အဆီတစ်ကိတ်သာကို အခုပေါက်ဈေး ၃ သိန်းဘဲရှိတာ ဘာကြောင့်
တောင်ပေါ်ဒေသ တိုင်းရင်းသားများဘိန်းစိုက်တယါဆိုတာ အများအနေနဲ့ပြောပြစရာမလိုအောင်သိကြပြီဖြစ်တယ်။

ဘိန်းဆိုသော အသံ ဘိန်းဟာလူကိုဒုက္ခပေးတယ်လို ပြောသံတွေနဲ့
မူးယစ်ဆေးဝါအန္တရာယ် တိုက်ဖျက်ရေးတွေ ဘယ်လောက်များများ
ဘိန်းစိုက်တောင်သူတွေ တစ်ခြားစီးပွားရေးနှင့် အခွင့်အရေးဘယ်အစိုး
ရကမှမပေးခဲ့ဘူး ဘိန်းအစားထိုးစိုက်ခင်းဆိုတာကလည်း ဟန်ပြတွေ
ပါ ဘိန်းနေရာ အစားထိုးစိုက်တဲ့ အသီး တစ်ဧက ၁၀ ဧကနဲ့ ဘိန်းတစ်
ဧက ငွေဘယ်လောက်ကွာလည်းဆိုတာ အစိုးရကလူကြီးတွေအသိပါ
တောတောင်အတွင်း ဘိန်းစိုက်ရသည့် အရင်းအနှီးက ဘယ်လောက်
ရှိတယ်ထင်လည်း ဘိန်းစိုက်သည့်ဒေသ ဘိန်းမရှိလိုမဖြစ်ဘူး ဒါကို
နိုင်ငံအတွက်အကျိုးရှိစွာ တရားဝင်ဘိန်းစိုက်ခွင့်ပြုကာ ထိမ်းသိမ်းမှု့
များ ဆေးဝါးထုတ်လုပ်မှု့များ ကောင်းကျိုးအတွက်အသုံးပြုသည့်နေရာ
အသုံးပြုသွားမယ်ဆို ပို့ကောင်းပါလိပ်မယ် အခု အဖမ်းအဆီးများလေ
လေ ဘိန်းက ပို၍ဈေးကျတယ် ဈေးပေါ်းပေါ်းနဲ့ဆိုတော့ လူငယ်တွေ
ကြား မူးယစ်သုံးစွဲနေသူများကတစ်ဆင့် ပို့၍ပြန်သွားနိုင်တယ် အခု
မြန်မာနိုင်ငံအနှံ မူးယစ်ဆေးပြားတွေ အဖမ်းများလေ မူယစ်ဆေးဝါ ပို
ပေါ်းလေလေပါဘဲ ဘာကြောင့်လည်းဆိုတော့ အမျှစ်မဖျက်နိုင်သ၍
ဘယ်အလုပ်မှမလုပ်တာအကောင်းဆုံးပါ ဘယ်အစိုးတက်တက်
နယ်မြေဒေသအစိုးရအသီအသီ ဒေသအလိုက် ဘိန်းစိုက်နေတာတွေ
က ကမ္ဘာအသိအမှတ်ပြု မြန်မာနိုင်ငံဟာ ဘိန်းနိုင်ငံဆိုတာ မမှားဘူး
ဘာကြောင့်လည်းဆို ဘယ်အစိုးရကမှ ဘိန်းစိုက်ခင်းရပ်တန်အောင်
ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးစရိတ် မချပေးခဲ့ဘူး တစ်ခြားစီးပွာရေးဆို
တာမရှိဘူး ဘိန်းမစိုက်ရ ရင် အငတ်တောမခံဘူး လမ်းပေါ်တက်ဓါးပြ
တိုက်မယ် တိုက်မယ် ခိုက်မယ်ဆိုတာတွေကများတယ်ဗျာ ခင်ဗျာ သေ
ခြာ ကြည့်လိုက်ပါ ဒါတွေက စစ်တပ်တွေ သူနောက် မြင်နေရသော
အစိမ်းရောင်းတွေဟာ ဘိန်းစိုက်ခင်းတွေ ဒီနေရာ ဒီဒေသတစ်ခုတည်း
မဟုတ်ဘူး မြန်မာနိုင်ငံ တောင်ပေါ်ဒေသ ဘိန်းစိုက်ပျိုးလို ရသည့်နေရာ
အားလုံဘိန်းစိုက်ကြတယ်ဟု ဒေသခံ ဘိန်းစိုက်ပျိုးနေသူတစ်ဦးက
ပြောသည်။

ကျွန်တော်တို့ဒေသတွေမှ ဘယ်အစိုးရတက်တက် နောက်တပ်မတော်
ကဖြစ်ဖြစ် ဘိန်းမစိုက်ရ ထောင်ဒဏ် ၁၀ နှစ်ဟု ဆိုင်ဘုတ်လာတပ်တယ်ဆိုရင် နောက်နေ့ ဘိန်းမစိုက်ပါက ထောင်ဒဏ် ၁၀ ဖြစ်သွားတယ် ဘိန်းမစိုက်ရင် အားလုံးက ဒီလိုအေး
ချမ်းသာယာမနေဘူး လွိုင်လင်တောင်တန်းတစ်လျှောက် တောင်ပေါ်
တွေအားလုံးဘိန်းခင်းတွေရှိတယ် ဘာသူမှလည်းလာမတားရဲဘူး
တားရဲဖို့နေနေသာ ဘိန်းစိုက်ခင်းများရှိရာ မည်သူမှမသွားရဲဘူး လူစိမ်း
မလာရဲဘူး "မစိုက်ပါက ထာင်ဒဏ် ၁၀ နှစ် စိုက်ပြန်တော့လည်းအရေး
ယူမယ် "မစိုက်ဘူးထား အဲဒီစိုက်ပျိုးတဲ့သူတွေအတွက်ဘာတစ်ခုမှ
အာမခံချက်ပေးမထေားကြောင်းဒေသခံတစ်ဦးကပြောသည်။




posted from Bloggeroid

တောင်သူတွေဆန္ဒဖော်ထုတ်မယ် လွိုင်လင်

"လွိုင်လွင်ခရိုင်အတွင်းမြို့နယ်များပူးပေါင်း၍မူလမြေပိုင်ရှင်များဆန္ဒဖော်
ထုတ်သွားမည်ဟုဆို"
=============================================
ရှမ်းပြည်နယ်တောင်းပိုင်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ပေါ်တွင် ဘိုးဘွား
ပိုင်မှုလတောင်သူများထံကသိမ်းဆည်းထားသည့်မြေယာများပြန်ရရှိ
ရေး တောင်သူအင်အား ၁၀၀ ဖြင့် အောက်တိုဘာလအတွင်းဆန္ဒဖော်
ထုတ်သွားမည်ဟုဒေသတောင်သူများကပြောသည်။

"ကျွန်တော် တောင်ယာမြေတွေကို ကိုယ်တိုင်ရှင်းလင်းခုတ်ထွင်းကာ
၁၉၉၀ ခုနှစ်အထိ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိသော မြေတွေကို ၁၉၉၅
ခုက တပ်မတော် သိမ်းယူပြီး တပ်တည်ဆောက်မည်ဟု အမည်ပြကာ
သိမ်းဆည်းသွားပြီး ယနေ့အချိန်ထိ တပ်လည်းမတည်ဆောက်ဖြစ်ပါ
မူလပိုင်များကိုလည်းပြန်မပေးဘဲ မြို့နယ် မြေစာရင်းဌာန အထွေထွေ
အုပ်ရေးတို့က အကွက်ရိုက်ရောင်းစားမှုများရှိသဖြင့်ဒေသခံ တောင်သူ
တွေစုပြီး ဒီလအတွင်းဆန္ဒဖော်ထုတ်သွားမည်ဟု ဦးစိုင်းမွန်းကပြော
သည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ ပင်လုံမြို့ နမ်းစန်မြို့
နယ်များအတွင်းဒေသခံတောင်သူ ၁၀၀၀ ကျော်ထံကမြေ တပ်မတော်
စစ်ဆေးကွတ်ကဲရေးဌနချုပ် က တပ်မတော်စိုက်ခင်းအတွက်မြေသိမ်း
ခြင်း တပ်တည်ဆောက်ရန်အတွက်မြေသိမ်းယူခြင်းများနှင့် ဘိုးဘွားပိုင်
မူလပိုင်ရှင်းရှိသော မြေများအပေါ် မြို့နယ်ရှိမြေစာရင်းဌာနများနှင့်
အထွေထွေအုပ်ချုပ်ရေးဌာနတို့က အစိုးရသစ်လက်ထက်တွင်အကွက်
ရိုက်ရောင်းစားခြင်းများရှိသဖြင့် ဒေသခံတောင်သူတွေ အောက်တိုဘာ
လအတွင်းဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျွန်မတို့အဖိုးလက်ထက်ကနေ ယနေအချိန်ထိ လုပ်ကိုင်စားနေသော
မြေဧကပေါင်း ၃၀ ကျော်ပေါ်တွင် ပင်လုံမြို့နယ်မြေစာရင်းဌာနက
အကွက်ရောင်းစားတဲ့အထိ ကျွန်မတို့မသိရဘူး ကျွန်မတို့မြေထဲ့ကိုဝယ်
ယူထားသူတွေက အထောက်အထားမြေပိုင်ဆိုင်ခွင်တွေနဲ့ လာရောက်
ဝင်ခတ်တော့မှသိရတာ ရှေ့မျက်နာသာ အားလုံးကို ပင်လုံမြို့နယ် မြေ
စာရင်းဌာနက ရောင်းထာတာကို အထက်အဆင့်ဆင့်တိုင်ကြားခဲ့တာ
ဘယ်သူမှအရေးဆောင်ပေးခြင်းမရှိဘူး ကျွန်မလို့ခံရသူတွေအများကြီး
ရှိတယ်ဒါကြောင့် လွိုင်လင်မြို့ရယ် နမ့်စန်ရယ် ကျွန်မတို့ပင်လုံမြို့ ၃ မြ်ု့
ကမြေသိမ်းခံတောင်သူတွေ စုပြီး လွိုင်လင် မြို့ပေါ်ဆန္ဒဖော်ထုတ်သွား
မည်ဟုမနန်းဥမ္မာမြင့်ကပြောသည်။

ကျွန်မတို နမ့်စန်မြို့ ဖွံဖြိုးတိုးတက်ရေးအတွက်ဆိုကာ မြေကွက်တွေချ
ပေးတယ် အဲဒီမြေကွက်မြေပြင်အကွက်မရိုက်ခင် တပ်မတော်ကသိမ်း
တယ် စိုက်ပျိုးခြင်းမရှိဘူး အဲဒီတပ်ပြောင်းသွားတယ် မူလပိုင်ရှင်အဖြစ်
ကျွန်မတို့ကို ပြန်မပေးဘဲ မြို့နယ်မြေစညဌာနက တစ်ခြားသူတွေရောင်း
စားထားတယ် လက်ရှိအစိုးလက်ထက်ကျွန်မကိုယ်တိုင်မဲပေးထားသူတွေကရောင်းစာ
တယ် မြို့နယ်စည်ပင်လည်းပါတယ် ဒါတွေမကျေနပ်လို့ လွိုင်လင်မြို့ပေါ်
ဆန္ဒဖော်ထုတ်ပွဲပါဝင်သွားမည်ဟု နမ့်စန်မြို့က ဒေါ်ခင်စုကပြောသည်။
အဆိုရှမ်းပြည်နယ်တောင်ပိုင်းဒေသ မြေယာမတရားမှုများကို အောက်
တိုဘာလ မကုန်ခင်တရားဝင်ခွင့်ပြုချက်ယူကာ ဒေသခံတောင်သုများ
မြေယာကိစ္စဖြစ်လွိုင်လင်မြို့ပေါ်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း
ဒေသခံများထံကသိရသည်။

posted from Bloggeroid

လွိုင်လင်ဒေသမူလပိုင်ရှင်များမြေပြန်ရရှိရေးဆန္ဒပြမည်

"တပ်တည်မယ်ဆို" မြို့ဖယ်ပေးမယ်"မြို့ရှိစေလိုလျှာင် မြေထက်မသိမ်း
ရန် နှင့် ပိုလျှံမြေများကိုမူလတောင်သူ ပိုင်အဖြစ်တရားဝင်ပြန်ပေးဟုဆို"
=============================================
လျွိုင်လင် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း လျွိုင်လင် ခရိုင် လျွိုင်လင်မြို့ ပင်လုံဒေသရှိ
ဒေသခံတောင်ယာလုပ်ကိုင်စားသူများ ဓါးမဦးချမြေများကို ခေတ်အဆ
က်ဆက် သိမ်းယူထားပြီး တပ်မတော် ထွေအုပ် ဌာနဆိုင်ရာပေါင်းစုံ
အတွက် လိုသလိုအသုံးပြုကာ ပိုလျှံမြေများစွာရှိပြီ တောင်သူတွေစိုက်
ပျိုးခွင့်တော့ရှိသော်လည်း ပိုင်ဆိုင်ခွင့်ပြုမထားခြင်း မြေများပေါ်တွင်
အကွက်ရိုက်ရောင်းစားခြင်း ဓာက်ဆီဆိုင်တည်ခြင်း မြို့နယ်မြေစာရင်း
ဌာန၏ လိုသလို စီးပွားရေးလုပ်နေခြင်းများ ကြောင့် ပြည်သူလွှတ်တော်
အမတ်ကတင်ပေးခဲ့သော်လည်း တပ်မတော်ဘက်က အဆိုပါနေရာ
များတွင်တိုင်ကြားသူ ၁၅ ယောက်မရှိ မြေလွတ်မြေရိုင်ပါဟုတင်တာကို
သူကိုယ်တိုင် တင်ပေးသည့် ဟာကိုထမကန့်ကွက်သော လွတ်တော်ကို
စားလှယ်အလိမ်နှင့် အစိုးဌာနအလိမ်တွေမယုံကြည်သဖြင့် မူလတောင်
သူများအမည်ပေါက်ဖြစ် မြေယာများပြန်ရရှိရေး ဒေသခံများစုပေါင်း၍
တောင်းဆိုပွဲကြီး ကိုပင်လုံဒေသတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ပြောသည်။

"၁၉၉၀ ခုနှစ်ကသိမ်းကျွန်တော်ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်းစိုက်ပျိုးလုပ်
ကိုင်လျှက်ရှိသော မြေဧက (၁၃.၂)ဧက သီနှံအခွန်ပေးသွင်းထားတာ
တွေရှိပါလျှက်နဲ့ သိမ်းဆည်းခံရတာပါ သက်ဆိုင်ရာဌာနဆိုင်ရာတွေ
အနေဖြင့် နိုင်ငံတော်အတွက် အကျိုးရှိစွာသိမ်းတာကိုလက်ခံပါတယ်
ကျွန်တော်တို့ကိုယ်တိုင်ကြည်ကြည်ဖြူဖြူပေးတယ် စီမံကိန်းအကောင်
အထည်ဖော်ပြီ ပိုလျှံမြေတွေအများကြီးရှိတယ် ယခင်အစိုးရလက်ထက်
ကနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင်က စီမံကိန်ပို့လျှံမြေများ
မူလတောင်သူများပြန်ပေးခိုင်သော်လည်း ကျွန်တော်တို့အနေဖြင့်
သက်ဆိုင်ရာ ဌာနဆိုင်ရာအားလုံးကိုအသနားခံစာတွေ အကြိမ်ကြိမ်
တင်ခဲ့တယ် ဘာတစ်ခုမှအကြောင်းပြန်စာ မရဘူး စီမံကိန်လည်း
မဖြစ်ဘူး မူလပိုင်ရှင်းလည်း ပြန်မပေး မြေဧကပေါင်း ၂ သောင်းကျော်
အထိသိမ်းထားတယ် ဘာတစ်မှအကောင်းအထည်ဖော်တည်မဆော
က်ခြင်းမရှိ ဒီအတိုင်းထား တာတွေကို ပြည်နယ်အစိုးရထံတင်ပြတော့
ပြန်ပေးမယ်လို ပြည်နယ်အစိုးရကနေ ပြန်ပေးရန်အတွက် ဆောင်ရွက်
ပေးမယ်လိုပြောတယ် ဒါပေမဲ့ ပြန်မပေးသေဘူး ဘယ်ဌာနကမှအလုပ်
မလုပ်ဘူး တိုင်ပြည်ရဲ့ လိုအပ်ချက်တွေကြောင့် လုပ်ခဲရတဲ့နေရာမရှိ
အမှားအယွင်းတွေရှိကြောင်း လျွိုင်လင်ဒေသခံတောင်သူကြီးဦးစိုင်းညွန့်
တင်ကပြောသည်။

လျွိုင်လင်မြို့နယ်အတွင်း ဒေသခံတောင်သူများတင်ပြချက်များကို လာ
ရောက်စီစစ်တာ ၅ ကြိမ်ရှိပြီ ဓါက်ပုံမှတ်တမ်းရိုက်တာတွေတော့ရှိပြီ
သိရှိကြောင်းအဆန်းတက်လက်မှတ်ထိုးခိုင်တာတွေရှိပြီး ဒီမြေတွေကို
မူလတောင်သူများစွန့်လွတ်ကြောင်းခေါင်စဉ်ဖြစ် ပြန်တင်တာတွေရှိ
တယ် မြေစာလိမ်တင်တယ်အမှန်တကယ်က ပြည်နယ်အစိုးရမှတာဝန်
ရှိတယ် လျွိင်လင်မြိုနယ် သစ်တော မြေစာရင်း ထွေအုပ်တွေရဲ့လုပ်ရက်
တွေက ကျွန်တော်တို့ဒေသ တောင်ဟာတွေကို နစ်နာကြေးလျှော်ကြေး
မပေးဘူး စီမံကိန်လည်းအကောင်းအထည်မဖော်ဘူး ဒါကြောင့်ကိုယ်
မြေယာကို အဘကတော့ပြန်ဝင် စိုက်ပျိုးလုပ်ကိုင်နေတာ လရခကဗိုလ်
ကြီးကလာတားပါတယ် အဘမြေဆိုတာကျွန်တောလည်းသိတယ်
အဆောက်အဦးကြီးကြီးမားမားတော့မတည်ဆောက်ပါနဲ့လိုပြောတယ်
အဘအဲဒီမြေပေါ်နေကြောင်း ၎င်းကဆက်ပြောသည်။

ကျွန်မ ဘိုးဘွားပိုင်မြေယာတွေကို ပင်လုံမြို့ မြေစာရင်ဌာနက မတရား
အနိုင်ကျင့်ကာလအကွက်ရိုက်ရောင်းစားနေတာပါ ဧက ၃၀ ရှိတယ်
လမ်းဘေးတစ်လျှောက်အကွက်ရိုက်ပြီရောင်းစားတော့မှကျွန်မသိရ
တာ ဝယ်တယ်သူတွေက ခြံလာခတ်တော့မှ သိရတာ အဲဒီကိစ္စကို
အထက်အဆင့်ဆင့်တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်ပေး
ခြင်းမရှိဘူး ဘယ်လောက်ထိဆိုသလည်းဆိုရင် ပင်လုံမြို့အများပိုင်
သာရေးနာရေးကွင်းဘောလုံးကွင်းကြီးတောင်အဖွဲ့အစည်ကိုရောင်း
စားတယ် အခုဆိုအဆောက်အဦးအခိုင်အမာတွေတည်ဆောက်ပြီးပြီ
ကျွန်မတို့ဒေသတစ်ခုလုံးတောင်သူတွေ မတရားခံနေရကြောင်းမနန်း
ဥမ္မာမြင့်ကပြောသည်။

အဆိုကိစ္စများနှင့်ပတ်သက်၍ဒေသခံတောင်သူ ၁၀၀ကျော်ဖြင့် အောက်တိုဘာလအတွင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့ပေါ်ရုံးများတည်
ရှိရာနေရာအား ဆန္ဒဖောမထုတ်ကာ မိမိတို့မြေများ မူလပိုင်ရှင်အမည်
ဖြစ်ပိုင်ဆိုင်ခွင်ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဟုသိရသည်။

posted from Bloggeroid

ထမ်းစမ့်ဂူ


"ရှေးဟောင်းသမိုင်ဝင် ထမ်းဆန်းလိုဏ်ဂူတော်ကြီးဟုဆို"
======================================
ရှမ်းပြည်နယ် တောင်ပိုင်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နှင့် ၂၂ မိုင်ခန့်အကွာ ဟိုပုံမြို့
ပအိုင်းတိုင်းရင်းသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံမြို့နဲ့ ၁၀ ခန့်
အကွာတွင်တည်ရှိသော ရှေးဟောင်းသမိုင်ဝင် ထမ်းဆန်းလိုဏ်ဂူတော်
ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်များဖူးမျော်ကာ ထမ့်ဆန်းလိုဏ်ဂူတော်ဘုန်းဘုန်း ဟိုပုံကိုရင်လေး ရှင်ပေါရိဿ
၏နေစဉ့် ဘုရားဖူးလာရောက်သူများကို သားသတ်လွတ်ထမင်းများ
ကျွေးလျှက်ရှိသောနေရာကိုအောက်တိုဘာလ ၁၉ ရက်နေ့ကတွေရ
သည်။

"ပအိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လည်းဖြစ်သော ဟိုပုံးမြို့နယ်
ထမ်းဆန်းဂူစတင်နံမည်ကြီးလာတာ ၁၀ ကျော်လောက်ရှိပြီး ဟိုပုံ
ကိုရင်လေး အရင်က တရားကျင့်ခဲ့သောနေရာလိုသိရတယ် ကျွန်တော်
သိရ ၅ နှစ်လောက်ရှိပြီ ဒီနေရာကနေ ဖြက်သန်းသွားလာနေကြပါဘဲ
လိုဏ်ဂူအတွင်း မဝင်ဖြစ်ဘူး အခုမှမိသားစုနဲ့ဘုရားဖူးရင်လာဖြစ်တာ
ဒီလောက်အတွင်းပိုင်းမှ ထူးခြားစွာဖြစ်ပေါ်နေသောကျောက်စွယါတွေ
ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်တွေရှိတာ ဆိုတာသိရတာ
မြန်မာနိုင်ငံအတွင်း ဒီလောက်လှပတယ်နေရာ ရှိမယ်မထင်ဘူးလို့ဘုရားဖူးလာသူ ကားသမားဦးမျိုးတင့်ကပြောသည်။

အဆိုပါ ထမ်းဆန် လိုဏ်ဂူတော်ကို မြန်မာနိုင်ငံအနှံက ဘုရားဖူးများ
လာရောက်ဖူးမျော်လျှာက်ရှိပြီး ဘုရားဖူးဧည့်သည်များကို ဟိုပုံးကိုရင်
ရှင်ပေါရိသာ က အရုပ်အလှအမြတ်မရွေး မည်သူမဆိုသားသတ်လွတ်
ထမင်းများဖြင့်ဧည့်ခံကျွေးမွေးနေသည်များကိုတွေ့ရသည်။

ဒီဒေသက ပအိုင်းတိုင်းရင်းသားများကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်တာ
ကြောင့် ပအိုင်းတပ်မတော်က လုံခြုံရေးယူပေးထားပါတယ် အခါကြီး
ရက်ကြီးတွေဆို အလွန်စည်ကားတာ ဘာတစ်ခုမှပြသာနာမဖြစ်ဘူး
ထူးခြားတာက ဟိုပုံးကိုရင်လေးကို တိုင်းရင်းသားတွေက ချစ်လည်း
ချစ်တယ် အကာအကွယ်ပေးသလို့ ဟိုပုံးကိုရင်လေးက ဘုရားတည်
စဉ်က ဘုရားတည်ရာ မိုးသည်းထန်စွားရွာခြင်းများကြောင့်လက်တစ်
စစ်ဖြက်ကာ အဓိဠါန်းပြုပြီး ဘုရားဠာပဏာထဲ့ကာ မိုးများမရွာစေဘဲ
ဘုရားတည်ခွင့်တောင်ခဲ့တယ်လို့ သိရပါတယ် အဲဒီနောက် ဘုရားတွေ
တည်တယ် ပအိုင်းဒေသမှဆို တောင်တန်းများအပေါ် ကိုရင်လေးတည်
ထားသောဘုရားတွေများတယ် ထူးခြားတာက ရေမရှိသောဒေသတွေ
ရေကန်ကြီးတွေထိ သူအလိုလိုပေါ်လာတော့ ထူးခြားသည့်ကိုရင်လေး
ကို ကိုးကွယ်ကြသူတွေ စီးပွားတက်လာတာတွေ နောက်သံဃာတော်
ကြီးတွေက ကိုရင်လေးခေါ် ရှင်ပေါရိသာကို ရဟန်ဘောင်းဝင်ခိုင်တာ
ကိုရင်းလေးက ရဟန်းဝတ်နည်းဂုံဏ်သိက္ခာတွေ များတော့ ဘုရားသာ
သနာအတွက် လုပ်လိုမရတာတွေရှိလို့  ရဟန်မပြုဘဲ ကိုရင်ကြီးဘဝ
ဖြစ် ဟိုပုံးကိုရင်လေးအမည်ဖြစ်ယခုလိုသာသနာပြုနေတာဟု ဒေသခံ
ပအိုင်းတိုင်းရင်းသားတစ်ဦးကပြောသည်။

ထူးအောင်ခန့် 

posted from Bloggeroid

Monday, October 17, 2016

ဒုတိယကမ္ဘာစစ်လေယာဉ်နုတ်ဆက်ပျံသန်း

C-47 လေယာဉ်သည် မန္တလေးမြို့ကောင်းကင်ယံတွင် နုတ်ဆက်ပျံသန်းမည်
---- ------ ------ ------ ----

ဒုတိယကမ္ဘာစစ်အတွင်းမှ C-47 လေယာဉ်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ အောက်တိုဘာ ၁၄-ရက်၊ မွန်းလွဲ ၃-နာရီက ဆင်းသက်ရောက်ရှိခဲ့ပြီး ၁၅-ရက်နေ့နံနက်တွင် မန္တလေးမြို့ ကောင်းကင်ယံတွင် ၀ဲပျံပြီးနောက် တရုတ်နိုင်ငံသို့

ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

သြစတေးလျနိုင်ငံမှ ထွက်ခွာလာကာ စကာင်္ပူ၊အင်ဒိုနီးရှား(ဘာလီ)၊ထိုင်းနိုင်ငံ(ချင်းမိုင်)မှ တဆင့် ရောက်ရှိခဲ့၍ တစ်ညတာရပ်နားကာ ၁၅-ရက်နံနက်ပိုင်းတွင် မန္တလေးမြို့ ကောင်းကင်ယံ ပျံသန်းပြီး တရုတ်နိုင်ငံ၊ဟန့်တောင် တန်းသို့ ပျံသန်းထွက်ခွာမည်ဖြစ်သည်။

" လေယဉ်ရဲ့သက်တမ်းက ၇၂နှစ်ရှိပါပြီတရုတ်ပြည်ကွေလင်ပြတိုက်မှာထားရှိမှာဖြစ်ပါတယ်။ လေယဉ်အင်ဂျင် အဆင်မပြေလို့ ကြားထဲမှာတစ်လခွဲလောက်ရပ်နားခဲ့ရတယ်။ လေယာဉ်မှူးလေးဦးနဲ့ အကူတစ်ဦး ပါဝင်တယ် ။မြန်မာပြည်သူတွေကို နုတ်ဆက်တဲ့အနေနဲ့မန္တလေးမြို့ ကောင်းကင်ယံမှာ တစ်ပတ်ပျံသန်းမယ်။” လေယာဉ် မှူး-Tom Claytorပြောသည်။

မန္တလေးမြို့တွင် တညအိပ်ရပ်နား၍ ဟမ့်တောင်ကုန်းတစ်လျှောက်ပေါ်ဖြတ်သန်းမောင်းနင်ကာတရုတ်နိုင်ငံ၊ ကွေ့လင်မြို့ (Guilin) ရှိ ကျားပျံအမွေအနှစ်ပြတိုက် (Flying Tiger Heritage Museum)တွင် ထားရှိပြသသွား မည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံနှင့် အမေရိကန်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ပျံသန်းရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ခိုင်ဆက်ဝေ

posted from Bloggeroid

နမ့်စန်မြို့က မူလမြေပိုင်ရှင်များ၏မြေကွက်များမြေစာရင်းဌာနရောင်းစားနေသည်ဟုဆို


"နမ့်စန်မြို့တွင်မူလမြေပိုင်ရှင်းရှိပါလျှာက်နဲ့ မြေစာရင်းဌာနကနောက်လူ
ကိုမြေယာပိုင်ဆိုင်မှုများထပ်မှန်ထုတ်မှု့များနှင့်မြေယာမတရားမှု့များစွာရှိ
ဟုဆို"
=============================================
ရှမ်းတောင် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း လျွိင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်းမြေယာ
မတရားမှု့များနှင့် မူလအမည်ပေါက်မြေကွက်များအပေါ်မြို့နယ်မြေစာ
ရင်းဌာနက နောက်လူများကို လာဘ်စားကာ မြေပိုင်ဆိုင်ခွင့်များထုတ်
ပေးလျှာက်ရှိကြောင်း ဒေသခံမူလ မြေပိုင်ဆိုင်ခွင့်လက်ဝယ်ရှိသူများက
ပြောသည်။

"ကျွန်မတို့ နမ့်စန်မြို့နယ်မှ မတရားမှုတွေအများကြီးပါ ကျွန်မဆို မြို့မိ
မြို့ဖ ဒေသခံတစ်ဦးပါ အခုအသက် ၆၅ နှစ်ရှိသည့် မုတ်ဆိုးမတစ်ဦးပါ
ဝမ်ပုံကျေးရွာအုပ်စု ထင်းရှုးမြိုင်ကျေးရွာ ရှိမြေများကို ၁၉၉၅ ခုနှစ်က
ကျွန်မအား မြို့ရွာဖွံဖြိုးတိုးတက်ရေးအဖြစ် နမ့်စန်မြို့နယ်အထွေထွေအုပ်
ချုပ် အကွက်ရိုက်ချထားပေးထားသောစာရွက်တွေပါ နောက်နိုင်ငံတော်
တရားဝင်ဝယ်ယူငွေသွင်းထားသောစာချုပ်စာတမ်း နောက်မြို့နယ်မြေ
စာရင်းဌာနက ချပေးထားသော ပုံစံ ၁၀၅ မြေကိုင်ဆိုင်ခွင့်အထောက်
အထားအပြည့်စုံ ယနေအချိန်ထိ ဒီမှပါကျွန်မရှိပါတယ် အဲဒီအချိန်မှ
စစ်အစိုးရ က အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တပ်ပိုင်မြေ
အဖြစ်သိမ်းဆည်းသည့်အထဲ ပါသွားခဲ့ပါတယ် နောက်အဲဒီတပ်မရှိ
တော့ဘူး ၂၀၁၀ နိုင်ငံတော်အစိုးရသမ္မတကြီး ဦးသိန်းစိန်တက်လာ
တော့ ကျွန်မ မြေအားပြန်လည်ရရှိရေး အသနားခံစာတင်ပြခဲ့တာ
သမ္မတကြီးကိုယ်တိုင်းက တပ်မတော်မှအသုံးမပြုသည့်သိမ်းဆည်း
ထားသောမြေများမှုလပိုင်ရှင်းတွေပြန်ပေးရန်ညွန်ကြားခဲ့တော့
ကျွန်မတို့ အထက်အဆင့်ဆင့်ကိုပြန်လျှောက်ထားခဲ့တာကို မြို့နယ်
မြေစာရင်းဌာနလည်းအသိပါ နောက်မူလက ကျွန်မပိုင်ဆိုင်ခဲ့ကြောင်း
အထောက်အထားတွေ ပိုင်ဆိုင်မှုတွေ ကျွန်မအမည်ပေါက်ရှိပါလျှက်
နဲ့ ကျွန်မကိုပြန်မပေးဘဲ တစ်ခြားသူများ၏အမည်ပိုင်ဆိုင်ခွင့်ထုတ်ပေး
ကာ မြေစာရင်းဌာနကတာဝန်ရှိသူတွေမတရားပြုလုပ်နေတာအများသိ
ရှိစေလိုပါတယ် လက်ရှိအစိုးရသစ်ကတက်လာသည့် နမ့်စန်မြို့နယ်
စည်ပင်လူကြီးသိပါလျှာက်နဲ့ မတရားမှုတွေဆောင်ရွက်ပေးနေကြောင်း
ဒေသခံဒေါ်ခင်စုကပြောသည်။

"ကျွန်တော်က ဒုအရာခံဗိုလ် စိန်ထွန်းပါ လေကြောင်းရန်ကာကွယ်ရေး
တပ်ရင်းကနေ ၂၀၁၃ခုနှစ်က လုပ်သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူ
ခဲသူပါ နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု ထင်းရှူးမြိုင်ကျေးရွာ တွင်
တပ်မတော်ဝန်ထမ်းအဖြစ် ၁၉၉၅ ခုနှစ်က တရားဝင်ချပေးထားသော
မြေကွက်ကို အမှတ်၂ စ က ခ တပ်ပိုင်မြေအဖြစ်သိမ်းဆည်းသည့်အထဲ
တွင်ပါသွားခဲ့တာ ကျွန်တော်အနေဖြင့် တပ်မတော်သားတစ်ယောက်
လည်းဖြစ် နိုင်ငံတော်အတွက်အကျိုးရှိလိုသိမ်းဆည်းတာကိုမပြောပါ
ဘူး အဲဒီမြေ တရားဝင်ပိုင်ဆိုင်သောစာရွက်တွေကျွန်တော်ထံယနေ့
အထိရှိနေပါလျှာက်နဲ့ စ က ခ တပ်လည်းမရှိတောဘူး ၂၀၁၄ ခုနှစ်
တပ်မတော်က သိမ်းဆည်းထားသည့်မြေများအသုံးမပြုပါက မူလပိုင်
ရှင်းပြန်ပေးခိုင်သော်လည်း ကျွန်တော်မူလ ပိုင်ရှင် ပြန်မရဘဲ မြို့နယ်
မြေစာရင်းဌာနက တစ်ခြားသူများရောင်းစာကာ မူလပိုင်ရှင်အမည်
ပေါက်ရှိပါလျှက်နဲ့ အမည်ပေါက်ဖေါက်တာတွေရှိကြောင်း ဦးစိန်ထွန်းက
ပြောသည်။

ကျွန်မတို့မိသားစု မိဘနှစ်ဦးကွယ်လွန်သွားပြီ မောင်နှမ ၄ ယောက်ကျန်
ခဲ့တာပါ နေစရာအိုးပိုင်အိမ်ပိုင်မရှိလို အိမ်ငှားနေထိုင်ရသူတွေပါ
ကျွန်မတို့အဖေ ဦးဘိုဌေးအမည်ပေါက်နဲ့ နမ်းစန်မြို့နယ် ဝမ်ပုံကျေးရွာ
အုပ်စု ထင်းရှူးမြိုင်ကျေးရွာတွင် ကျွန်မတို့တရားဝင်ချမှတ်ပေးထားသော
မြေကွက်ကို စ က ခ (၂) သိမ်းပြီ ယနေအချိန်အဲဒီတပ်မရှိတော့ဘူး
ဒါကြောင့် ကျွန်မအဖေပိုင်သော မြေကွက်တွင် မိသားစုနေထိုင်ရန်
အတွက်လိုအပ်သဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အသနားခံ
စာအမျိုးမျိုးသော်လည်း ယနေအချိန်ထိပြန်မရကြောင်းဒေါ်ရီရီဌေးက
ပြောသည်။
အဆိုပါမြေများသည် နမ့်စန်မြို့နယ် ထင်းရှူးမြိုင်ကျေးရွာရှိ စိုက်ခင်းအဖြ
စ် ထူထောင်စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီ ၎င်း မြေဟာ နမ့်စန်မြို့နယ် အိမ်ရာ
မြေကွက်များကို မြို့တော် စည်ပင်သာယာရေးအတွက် မြေပေးမိန့်ဖြင့်
သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ချထားပေးခဲ့ပြီ
မြေကွက်များကို အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကသိမ်းယူ၍
စိုက်ခင်း အဖြစ်လုပ်ကိုင်ခဲ့ခြင်း မြေကွက်ပိုင်ရှင်များကိုလည်း ခေါ်ယူ
တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းမရှိဘူး သိမ်းဆည်း ပြေစာများနှင့်ပတ်
သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှမပေးခဲ့ကြောင်း ပိုင်ရှင်များက
ခြံကွက်များအားခြံစည်းရိုးခတ်ရန် မြေစာရင်းဌာနသို့ ခြံစည်းရိုးခတ်ရန်
အတွက် သွားရောက်မေးမြန်းမှသာ တပ်က သိမ်းသွားကြောင်းသိရပြီ
အဆိုမြေအတွင်း နှစ်ရှာ်ပင်များစိုက်ပျိုးထားခြင်းမရှိ မြေလွတ်များအဖြစ်
သာတွေ့ရသဖြင့် မူလပိုင်ရှင်းများထံပြန်မပေးဘဲ မြို့နယ်မြေစာရင်းဌာန
က တစ်ခြားသူများကို မြေယာပိုင်ဆိုင်ခွင့်များချပေးကာ ရောင်းစားလျှက်
ရှိကြောင်း ဒေသခံမူလမြေကွက်ပိုင်ရှင်များကပြောသည်။

posted from Bloggeroid

အမည်မသိအမျိုးသမီးတစ်ဦးသေဆုံးလျှက်တွေရ

"မန္တလေးတွင် မြေကွက်အလွတ်အတွင်းအမည်မသိအမျိုးသမီးတစ်ဦး
ဒဏ်ရာ ၉ ချက်ဖြင့်သေဆုံး"

မန္တ​လေး မြို့ (၁၇.၁၀.၂၀၁၆) ၀၈၃၀အချိန့်ခန့်တွင်

ချမ်း​​အေးသာစံမြိုနယ်​ ၃၄လမ်း ၅၃_၅၄ကြား ကန်​​ကောက်​ရပ်​ကွက်
မြေကွက်အလွတ်တစ်ခုတွင်အမည်​မသိ အမျိုးသမီးအ​လောင်းတစ်​​လောင်း​တွေရှိ၍၎င်းအမျိုးသမီးတွင်​ဘယ်​ညာလက်​နှစ်​ဘက်​စလုံးတွင်​ တက်တူးများပါရှိုပြီး ထိုးသွင်းဒဏ်ရာ ၉ ချက် ​ဖြစ်သေဆုံးနေလျှာက်ရှိကြောင်းသိရသည်။

"ကန်ကောက်သစ်ရပ် ကန်ကောက်ရပ်ကွက်အတွင်းB-22 ပေ ၂၀၀ခန့်
ပတ်လည်ရှိ ပိုင်ရှင်ဦးလှမြင့်ပိုင်ရှင်းပိုင်မြေကွက်အလွတ်ပေါ်တွင်
အောက်တိုဘာလ ၁၇ ရက်နေ့က အမည်မသိအမျိုးသမီးတစ်ဦး ဒဏ်ရာ
များဖြင့် သေဆုံနေကြောင်းသတင်းအရ အမှတ်(၃)နယ်မြေရဲစခန်းမှ
ဒုရဲအုပ် ထိုက်လင်းစိုးနှင့်အဖွဲ့သွားရောက်စစ်ဆေးခဲရာ အသက် ၂၅နှစ်
အရွယ်ခန့်အမည်မသိရအမျိုးသမီးတစ်ဦး ခန္ဓာကိုယ်ဝဲဘက်နားရွက်
အောက်ထိုးသွင်းဒဏ်(၁)ချက် ဝဲဘက်ခါး ထိုးသွင်းဒဏ်ရာ(၁)ချက် ဝဲဘက်လက်မောင်းထိုးသွင်းဒဏ်ရာ(၁)ချက် ဝဲဘက်ကျိုင်းအောက်ထိုး
သွင်းဒဏ်ရာ(၁)ချက် ချက်ထိုးသွင်းဒဏ်ရာ(၁)ချက်စုစုပေါင်းထိုးသွင်း
ဒဏ်ရာ ၉ ချက်နှင် ယာဘက်ဖမိုးနှင့်လက်ဖျံတွင် မူယစ်ဆေးဝါးသုံးစွဲ
ထားသည်ဟုယူဆရသော ဆေးထိုးအပ်ရာများဖြင့်သေဆုံးလျှက်ရှိပြီ
၎င်း၏အိပ်အတွင် အင်္ကျီတစ်ထည့် ဘောင်ဘီအတိုတစ်ထည်နှင့်ကွန်ဒုံး
၂ ခု New Land KTV ၅၅လမ်း ၄၁လမ်း ၄၂ လမ်းဟုရေးသားထားသည့် စာတမ်းပါ စာရွက်အပိုင်းတစ်ခု အင်္ဂလိပ်
သောက်ဆေး ရောစပ်ထားသည့်တစ်ထုတ် ငွေ ၅၀၀၀ ကျော်ပါရှိပြီး
၎င်းနေရာတွင်သေဆုံးလျှက်ရှိကြောင်း ရဲကြေးနံစာများအရသိရသည်။

အဆိုပါအမည်မသိအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ မန္တလေးခရိုင်
ရဲတပ်ဖွဲ့နှင့်နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အမှုအမှန်ပေါ်ပေါက်
ရေး ဆောင်ရွာကာ သေမှုသေခင်းဖြင့် အမှတ်(၃)နယ်မြေရဲစခန်းတွင်
အမှုဖွင့်ထားလျှာက်ရှိကြောင်းသိရသည်။
စိုင်းထူးခန့် 



posted from Bloggeroid