Monday, October 17, 2016

ထူးခြားသောသစ်ပင်မှလာဘ်ဘမုနိဗုဒ္ဓရုပ်ပွားတော်ပုံဖြစ်ပေါ်

"တောင်သူတွေရဲ့ယာမြေအတွင်းထူးခြားသောသစ်ပင်ကဗုဒ္ဓရုပ်ပွား
တော်ပုံဖြစ်ပေါ်လျှာက်ရှိဟုဆို"
===========================================
နမ့်စန် အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်စွယ်ကျေးရွာ တောင်သူတွေ
၏တောင်ယာမြေအတွင်း ဧကရဇ်ပန်းပင်ကနေ ထူခြားသော လာဘ်ဘ
မုနိရုပ်ပွားတော် ပုံဖြစ်ပေါ်လျှာက်ရှိသည်ကို အောက်တိုဘာလ ၁၇ ရက်
နေ့က ထူခြားသောသစ်ပင်ကိုတွေ့မြင့်ခဲရသည်။

"ကျွန်တော်တို့ နမ့်စန်မြို့နဲ ၇ မိုင်အကွာ နမ့်စွယ်ကျေးရွာနဲ့ ၂ မိုင်ခန့်အကွာ တောင်သူတစ်ဦးရဲ့ တောင်ယာမြေအတွင်းရှိ ဧကရစ်ပန်း
ပင်ကြီးက လာဘ်ဘမုနိဗုဒ္ဓရုပ်ပွားတော်ပုံအဝေးကနေမြင်ရသဖြင့်
ဒေသခံတွေ ပြောပြချက်ကြောင့် ကျွန်တော် အဲဒီဗုဒ္ဓမြတ်စွာဘုရားပုံဖြစ်
ပေါ်နေသော သစ်ပင်ရှိရာသွားရောက်ဗူးမျော်ခဲ့ပါတယ် အနီးရောက်မှ
ဧကရဇ်ပန်းပင်ဆိုတာသိရတာ အပင်က အလွန်ကြီးတယ်တစ်ပင်တည်
းယာကွင်းထဲမှ ဗုဒ္ဓပုံဖြစ်နေတာတွေ့ရတယ် စတင်သိတာက ဒေသခံ
တောင်သူတွေ တောင်ယာသိမ်းအပြန် လွင်ပြင်ထီးထီးကြီးမှ အဝေက
လှမ်းကြည့်တော့ လာဘာမုနိမြတ်စွာဘုရားရုပ်ပွားတော်ပုံမြင်ရလို့
အဲဒီနေရာကိုသွားရောက်ဖူးမျော်ရာကနေလူသိများလာတာပါ အနား
ရောက်တော့မှဧကရဇ်ပန်းပင်ဖြစ်နေတာ တွေ့ရကြောင်းဒေသခံကိုပိမွန်
းကပြောသည်။

သစ်ပင်ကနေ ဗုဒ္ဓရုပ်ပွားတော်ပုံပေါ်နေတယ်လို သြဂုတ်လအတွင်းက
စတင်သိရတာ ဒီနယ်ကလူတွေ ယနေ့အချိန်ထိ သွားရောက်ဖူးမျော်ခဲ
ကြတာများတာ နမ့်စွယ်ကျေးရွာအတွင်းမှရှိတာကြောင့် အဲဒီရွာက
လူကြီးတွေက ဘုရားဖူးလာရောက်သူတွေကိုမည်သူမဆို သားသတ်
လွတ်ထမင်းဟင်းတွေကျွေးပြီး သစ်ပင်ကိုထိမ်းသိမ်းကာ ဘုရားဖူးများ
အတွက် ဇရပ်တည်ဆောက်ပေးကာ ဧည့်ခံလျှက်ရှိပါတယ် အဲဒီအပင်
နားကို ရောက်လာသော အရက်သမားမှန်သမျှ အားလုံး အမှူးပြေသွာ
တယ် တောင်သူတွေရဲ့  သီးနှံအထွက်တိုးအောင်ဆုတောင်းရင်ပြည်
တယ် ထူးခြားတာက ယုံကြည်မှု့အပြည့်နဲ့ လိုရာဆုတောင်းပြည်တယ်
ဆိုလို့ ဘုရားဖူးလာသူတွေ တစ်နေ့ထက်တစ်နေ့ပိုများလာကြောင်း
ဒေသခံ မနန်းဥမ္မာမြင့်ကပြောသည်။

ထူးခြားသော လယ်ယာမြေအတွင်းက သစ်ပင်တစ်ပင်က ဗုဒ္ဓရုပ်ပွား
တော်ဖြစ်ပေါ်လျှက်ရှိသောသတင်းကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း
တောင်ကြီးမြို့ လျွိင်လင်မြို့နယ် မိုင်းပွန်းမြို့ ဟိုးပုံမြို့နယ် ပင်လုံမြို့နယ်
လျိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများကလူများ
နေစဉ်လိုလိုလာရောက်ဖူးမျော်ခြင်းကြောင့် သစ်ပင်ဘုရားဟု၍နံမည်
စတင်ထွက်ပေါ်လာခဲ့သည်မှာ ၂၀၁၆ခုနှစ် ၈ လပိုင်းကလူသိများလာ
ပြီး နမ့်စန်မြို့နဲ့ ၉ မိုင်ခန့်အကွာ နမ့်စွယ်ကျေးရွာ၏တောင်ဘက်တွင်တည်ရှိပြီး ဗုဒ္ဒဘာသာဝင်များလာ
ရောက်ဆုတောင်းခြင်းဖူးမျော်ခြင်းများကြောင့် အဆိုပါသစ်ပင်အား
ကျေးရွာကတာဝန်ရှိသူများက ဆောင့်လျှောက်ထားကာ ဘုရားဖူးလာ
သူများကို့ နေစဉ်သားသတ်လွတ်ထမင်းဖြင့်ဧည်ခံကျွေးမွေးလျှက်ရှိသ
ည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

Sunday, October 16, 2016

လျွိုင်လင်မြို့ သတင်းကျွတ်ပွဲတော်

"ရှမ်းပြည်နယ်တောင်ပိုင်းလျွိင်လင်မြို့တွင် သတင်းကျတ်လပြည်နေ့
ပန်းခင်းလမ်းဆွမ်းလောင်းပွဲတော်နှင့်ရိုးရာမီး ဗုံးပျံလွှတ်ပွဲကျင်းပ"
============================================
လျွိုင်လင် အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း လျွိုင်လင်ခရိုင် လျွိုင်လင်မြို့တွင် သတင်းကျွတ်
လပြည့်နေ့ ည ပန်းခင်းလမ်း မီးပူဇော်ပွဲနှင့် ရိုးရာ မီးဗုံးပျံစေလွှတ်ခြင်း
နှင့် လပြည်ကျော်တစ်ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကျင်းပ
တာဖြစ်ကြောင်းဒေသခံတွေကပြောသည်။

"ကျွန်တော် လျွိုင်လင်ဒေသက ပွဲဆိုတာ သတင်းကျွတ်လပြည့်နေ့ပွဲဘဲ
ရှိတာ မြို့ကလည်းကျင်းတယ် ရပ်ကွက် ၄ ခုဘဲရှိတာ ရပ်ကွက် ၁၂၃၄
လိုဘဲခေါ်ကြတာ ဒီနေ့ညမို့လို့ အခုလိုည လူတွေမြင်ရတာ ကျန်ညတွေ
ဆို ည ၇ နာရီလောက်ဆို လမ်းပေါ်သိပ်မထွက်ကြတော့ဘူး ယနေ့
ကျင်းပတဲ့ ဆွမ်းဆန်စိမ်းလောင်းပွဲက ၈၉ ကြိမ်မြောက် ပွဲဖြစ်ပါတယ်
နှစ်ရက်ကျင်းပတာ အခုည သန်းခေါင်ယံအချိန်ထိ လူငယ်တွေ မီးဗုံး
ပျံလွတ်မယ်မနက်ဖြန်လဲ ထက်လွတ်မယ် နေခင်းဘက် ရဲလောင်းအတွင်း ဆွမ်းဆန်စိမ်းဆလာင်းမယ်ဟုဒေသခံ ကိုမျိုးကပြော
သည်။

ကျွန်တော်တို့ လူငယ်တွေအနေနဲ့ မီးဗုံးပျံလွတ်တာအလွန်ပျော်တယ်
တောင်ကြီး တန်ဆောင်တိုင်လည် ဒီကလူငယ်တွေ သွားရောက်လွတ်
ပါတယ် ဒီနှစ်တော့ ပြိုင်ပွဲဝင်အဖွဲ့နဲ့ တောင်ကြီးမြို့တန်ဆောင်တိုင်ကို
ဝင်ပြိုင်မယ် နှစ်တိုင်တော မပြိုင်ဖြစ်ဘူး ပိုက်ဆံအရမ်းကုန်တာ တစ်နှစ်
ယှဉ်ပြိုင်ဆိုတာ မလွယ်ဘူးဘု ဒေသခံလူငယ်တစ်ဦးကပြောသည်။

အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း လျွိုင်လင်ခရိုင် လျွိုင်လင်မြို့ဟာ
တောင်ပေါ်ဒေသ တိုင်းရင်းသားများနေထိုင်ကြကာ လမ်းပန်းဆက်
သွယ်ရေး အခတ်အခဲများရှိပြီ ယခင် နယ်မြေ အေးချမ်းမှုမရှိခြင်းတွေ
ကြောင့် အခတ်အခဲတွေရှိခဲ့သောကြောင့် တစ်ခြားမြို့များကဲသို့ ပွဲတော်
ကိုစည်းကားစွာ မကျင်းပနိုင်ခဲတာတွေရှိကြောင်း တိုင်းရင်းသားလက်
နတ်ကိုင်းများအနေဖြစ် ငြိမ်းချမ်းရေးယူထားပြီးကာလမို့ ယနေ့ခေတ်
အရောက်မှ လွတ်လပ်စွာ နေထိုင်သွားလာခွင့်ရှိသောနယ်မြေအဖြစ်
ပန်းခင်းလမ်းမီးထွန်းပွဲ မီးဗုံးပျံလွတ်တင်ခြင်း ဆွမ်းဆန်စိမ်းလောင်းလှူ
ပွဲကျင်းပနိုင်ကြောင်းဒေသခံများ၏ပြောချက်အရသိရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

Thursday, October 13, 2016

မြေယာအနိုင်ကျင့်ခံရ

"လက်ရှိနေထိုင်လျှက်ရှိသောမြေပေါ်တွင် ဥပဒေမဲ့အကြမ်းဖက်ခံရသ
ဖြင့်နှစ်ပေါင်းများစွာနေထိုင်လျှက်ရှိသူမိသားစုမှဆန္ဒဖော်ထုတ်မည်ဟုဆို
"
==============================================
နေပြည်တော် အောက်တိုဘာ ၁
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျန်စစ်သား
လမ်းတောင်ဘက် ရန်ကုန် မန္တလေးလမ်းကြီးဘေးရှိ လမင်းသာစား
သောက်ဆိုင်တွင် နေပြည်တော် တပ်ကုန်းမြို့ ဒဏ္ခိဏသီရိအမှတ်(၈)
နယ်မြေ မြဝတီရပ်ကွက်အတွင်းရှိ မြေကွက်ပေါ် ၂၀၀၈ခုနှစ်ထဲက
မူလမြေပိုင်ရှင်ထံကနေ တရားဝင်ဝယ်ယူနေထိုင်သူမိသားစု ဘုရားဖူး
သွားနေစဉ် ခြံအတွင်း ခြံစည်းရိုးများဖျက်ကာ ယာယီအိမ်တည်ဆောင်
ထားသဖြင့် တပ်ကုန်မြို့မ ရဲစန်းကို တိုင်ကြားခဲသော်လည်း အမှုမဖွင့်ပေး
ဘဲ ကျူးကျော်လာသူက အမှု့ဖွင့်တိုင်ကြားတာကိုလာဘ်ယူပြီး အိမ်ရှင်ကို
တရားစွဲခဲ့သဖြင့် ကျေနပ်မှု့မရှိသဖြင့် ရဲတပ်ဖွဲ့နှင့်တရားရုံကိုဆန္ဒဖော်သွာ
းမည်ဟုအောက်တိုဘာလ ၁ ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်၍ပြောသည်။

"ကျွန်မတို့ မိသားစု နေပြည်တော် ဒဏ္ခိဏသီရီမြို့နယ် နယ်မြေ(၈)မြဝတီ
ရပ်ကွက် ၂၀၀၈ ခုနှစ်ထဲ့က ကျွန်မတို့မိသားစုက တရားဝင်မူလပိုင်ရှင်
ထံကနေ အရောင်အဝယ်ခွန် တံဆိပ်ခေါင်ခွန်တွေ ဆောင်ထားပြီးဝယ်
ယူနေထိုင်နေသော မြေနေရာအား တပ်ကုန်မြို့ နေ ဒေါ်မူမူဆိုသူက
၂၀၁၁ခုနှစ်ကျွန်မတို့မိသားစု ဘုရားဖူးသွားနေစဉ် ခြံစည်းရိုးများဖျက်ကာ
ကျွန်မတို့ခြံအတွင်း ယာယီ အိမ်တည်ဆောက်ကာ တရားမဝင် ကျူးကျော်
ခဲ့သဖြင့် တပ်ကုန်မြို့မ ရဲစခန်းကို သွားရောက်တိုင်းတန်းခဲ့သော်လည်း
အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး ကျွန်မတို့မြေထဲလည်းကျူးကျော်
သေတယ် ဒေါ်မူမူဆိုသူက သူမြေပါဆိုပြီး အကြမ်းဖက်သူ အထောက်
အထားမရှိသူကို ရဲစခန်းက ကျွန်မတို့မိသားစုကို ပြန်အမှု့ဖွင့်ပေးပြီး
ဒေါ်မူမူကို မြေယာ ယာယီမှတ်ပုံတင်ပေးရန်လုပ်ဆောင်ပေးကာ
ရဲတပ်ဖွဲ့ကကူညီပေးပြီး မမှန်မကန် လုပ်ဆောင်ပေးကာ ၂၀၁၅ခုနှစ်
ဒုတိယအကြိမ် အကြမ်းဖက်ထက်မံကျူးကျော်တယ် ၂၀၁၆ခုနှစ်ဇွန်လ
၂၆ ရက်နေ့က လူအင်အား ၁၅ ရောက်ဖြင့် တတိယအကြိမ် ထပ်မံ
ဥပဒေမဲ အကြမ်းဖက်ကျူးကျော်တာမှုများလုပ်တာကို ရဲအုပ် ခင်လိုင်နှင့်
မြို့နယ်တရားသူကြီးတွေ၏ အထောက်အထားမရှိသူ ကျူးကျော်သူ
ဘက်ကလိုက်ကာ ကျွန်မတို့မိသားစုကို ပုဒ်မ ၄၄၇ ဖြင့်တရားစွဲထား
သဖြင့် ကျေနပ်မှုမရှိလို မန္တလေးကိုလာရောက်သတင်းစာရှင်းပွဲလုပ်
ုပြီး တပ်ကုန်မြို့မရဲစန်းနှင့် တရားရေးကို ဆန္ဒဖော်ထုတ်သွားမည်ဟု
လက်ရှိနေထိုင်သူဦးမောင်စိုးသမီးကြီးဖြစ်သူဒေါ်ခင်မျိုးသက်ကပြော
သည်။

"ကျွန်မတို့က ရဲစခန်းသို့ အကြိမ်ကြိမ်သွားရောက်ပြီး ခိုင်လုံသောအထောက်အထား များဖြင့် အမူဖွင့်သော်လည်း ဥပဒေ
အကြံပေးထံတင်ထားပါတယ် မကျသေလိုပါလုပ်တယ် ခိုင်လုံသော
အထောက်အထား မရှိသူ ကျွန်မတို့ မိသားစု တရားဝင်ဝယ်ယူနေလာ
သူတွေကျတော့ ပုဒ်မတွေတပ်ပြီး အမူဖွင့်ပေးတယ် မမှန်မကတ်လုပ်
ဆောင်ရွက်ချက်တွေရှိနေတာပါ ကျွန်မတို့အဖေ မူလမြေပိုင်ရှင် ထံက
တရားဝင်ဝယ်ယူထားတယ်ဆိုတာလည်း တစ်မြို့လုံးအသိပါ အဲဒါကို
မြို့နယ် ရဲတပ်ဖွဲ့နဲ့ တရားရုံးတို့က မတရားအကြမ်းဖက်သူကိုအားပေး
အားမြောက်လုပ်တယ် လာဘ်စားတယ် ဥပဒေဘောင်းအတွင်းက
လူတွေပါဝင်ပြီး မိသားစု အေးချမ်းစွာနေထိုင်နေတာကို လာရောက်
အကြမ်းဖက်တာခံနေရလို ဆန္ဒဖော်ထုတ်သွားဖို့အတွက် မန္တလေးက
သတင်းမီဒီယာတွေ လာဖိတ်ရင် သတင်းစာရှင်ပွဲပြုလုပ်၍ပြောတာဟု
ဒေါ်မြင့်မြင့်မွန်ကပြောသည်။

အဆိုပါကိစ္စနှင့်ပါတ်သက်၍ ဒုရဲမှူးကြီး ခင်လိုင်ကိုဆက်သွယ်မေးမြန်ခဲ့
ရာ ကျူးကျော်သူက ပုဒ်မ ၄၄၇ နဲ့ပြန်တရားစွဲတာကို ကျွန်တော်တို့အနေ
ဖြင့် အမှု့ဖွင့်ပေးတာမဟုတ်ပါဘူး သူကမူလမြေပိုင်ရှင်ပါလို ပြောလို့
အမှုဖွင့်ပေးခဲ့တာပါ ဒေါ်မူမူက သူမှအထောက်အထားရှိတယ်ဆိုလို့
ဦးမောင်စိုးတို့ မိသားစုက ဖွင့်တလည်းလက်ခံ ဖွင့်ပေးထားပါတယ်
ဥပဒေအရာသူတို့ တရားရုံမှဖြေရှင်ရမယ်ကိစ္စဖြစ်ပါတယ် ဟုဒုရဲမှူး
ခင်လိုင်ကဖြေးကြားခဲ့သည်။

ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင်ကြီးဘူမိဘော နတ်ရွာစံ

ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒေ့ခ်ျ သက်တော် ၈၈ နှစ်ဟာ ဒီကနေ့ ညနေ ၃ နာ၇ီ ၅၂ မိနစ်က နတ်ရွာစံကွယ်လွန်သွားပြီလို့ ဘုရင့်နန်းတော်က အတည်ပြုသတင်း ထုတ်ပြန်ပါတယ်။

သက်တော်ကြီးရင့်ပြီး ကာလရှည်ကြာ နာမကျန်းဖြစ်နေတဲ့ ထိုင်းဘုရင်ဟာ ပြီးခဲ့ရက်ပိုင်းက သွေးဆိပ်ကို သန့်စင်ဖို့ ကုသမှုခံယူအပြီး ကျန်းမာရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတယ်လို့ ဘုရင့် နန်းတော်က ထူးထူးခြားခြားသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗုဒဟူးနေ့ညနေပိုင်းမှာလည်း ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေ ဆက်လက် မတည်ငြိမ် ဖြစ်နေပြီး အသည်းဟာပုံမှန်အလုပ်မလုပ်တော့သလို သွေးပေါင်ကျပြီး အသက်ရှူမြန်နေတယ်လို့ နန်းတော်ကထပ်မံသတင်း ထုတ်ပြန်ခဲ့တာပါ။

ဘုရင်ကြီး အသည်းအသန်းဖြစ်နေတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက ထိုင်းပြည်သူတွေက တော့ ထိုင်းဘုရင် တက်ရောက်ဆေးကုသမှုခံယူနေတဲ့ နေတဲ့ ဘန်ကောက်မြို့က စီရီရတ် ဆေးရုံကို

သွားရောက်ပြီး ဘုရင်ရဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဆုတောင်းပေးခဲ့ကြ ပါတယ်။

ထိုင်းဘုရင်ရဲ့ ရင်သွေးတော် လေးပါးထဲက အိမ်ရှေ့စံမင်းသားအပါအဝင် ရင်သွေး ၃ ပါး ဟာလည်း ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ စီရီရတ် ဆေးရုံကို ရောက်လာခဲ့တယ်လို့ ဆေးရုံမှာ စောင့်နေတဲ့ ရိုက်တာသတင်းထောက်ကပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ အိမ်ရှေ့စံ မင်းသား ဗဂျီရာလောင်ကွန်းကို ဗုဒ္ဓဟူး မွန်းလွဲပိုင်းမှာ အခစား ဝင်ဖို့ ချုံဘူရီက အစည်းအဝေးကို သူ့ကိုယ်စား ဒုဝန်ကြီးချုပ် တက်ရောက်ဖို့ လွှဲပေးခဲ့သလို အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့ ကျင်းပမယ့် ထိပ်သီး အစည်း အဝေးပွဲတွေ တက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းထားလိုက်ပါတယ်။

၁၉၂၇ ခု ဒီဇင်ဘာ ၅ ရက်မှာ မွေးဖွားခဲ့ပြီး တိုင်းပြည်ကို နှစ်ပေါင်း ၇၀ ကျော် ဘုရင်အဖြစ်အုပ်စိုးခဲ့တဲ့ ထိုင်းဘုရင်ကြီးဟာ လူထုအကျိုးပြု လုပ်ငန်းတွေဆောင်ရွက်ခဲ့သလို ထိုင်းပြည်သူတွေအတွက် စည်းလုံးခြင်း ပြယုဂ်လည်းဖြစ်ခဲ့ပါတယ်။ စည်းမျဉ်းခံဘုရင်ဖြစ်ပေမယ့် ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတိုင်းမှာ အကျပ်အတည်းတွေကို ကြားဝင် ဖြေရှင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

ထိုင်းဘုရင်ကြီးဟာ ချက်ကရီမင်းဆက်ရဲ့ န၀မမြောက်ဘုရင်ဖြစ်တာကြောင့် ရာမ ၉ ဘုရင်အဖြစ် လူသိများပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝချမ်းသာမှု အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံလောက် ရှိမယ်ခန့်မှန်းပြီး ၂၀၀၈ ကနေ ၂၀၁၀ အထိ ကမ္ဘာ့အချမ်းသာဆုံး တော်ဝင် မိသားစုအဖြစ် Forbes မဂ္ဂဇင်းရဲ့ သတ်မှတ်ခံထားရပါတယ်။

ထိုင်းဘုရင်ကြီးကွယ်လွန်ချိန်မှာ ဘုရင်မကြီး သီရိခေတ်၊ သမီးတော် ရာဇကညာ၊ သားတော် မဟာဗဂျီရာလောင်ကွန်း၊ သမီးတော် မဟာချက်ကရီ သီရိဒုံနဲ့ သမီးတော် ချူလာဘွန်ဝါလိုင်လတ် နဲ့ မြေးတော်တွေ ကျန်ရစ်ပါတယ်။

posted from Bloggeroid

မန္တလေးတိုင်းဒေသကြီးအစိုးရရုံးရှေ့တစ်ကိုယ်တော်ဆန္ဒပြ

"သပိတ်ကျင်းမြို့နယ်မှ အကျင့်ပျက်ဝန်ထမ်းများနှင့်တရားမဝင်လုပ်ငန်း
ရှင်းများကိုဥပဒေအရ အရေးယူခြင်းမရှိဘဲသတင်းမီဒီယာအပေါ်ခြမ်း
ခြောက်လာသည်ကိစ္စများတိုင်းဒေသကြီးအစိုးခြေရှင်းပေးရန် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်"
============================================
မန္တလေး အောက်တိုဘာ ၁၃
မန္တလေး အောင်မြေသာဇံမြို့နယ် မဟာဇေယျာဘုံရပ်ကွက် ၆၄လမ်း
၂၄လမ်း၂၅လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးအစိုးရရုံရှေတွင်
သပိတ်ကျင်းမြို့နယ်အတွင်းအကျင့်ပျက်ဝန်ထမ်းများနှင့်တရားမဝင်လုပ်
ငန်းရှင်းများကိုဥပဒေအရအရေးယူခြင်းမရှိဘဲသတင်းရေးသားသူနယ်
မြေခံသတင်းထောက်ကိုအသက်အန္တရာယ်ခြိမ်းခြောက်မှုများအရေးယူ
ဆောင်ရွကပေးရန် အောက်တိုဘာလ ၁၃ နေ့  နေခင်း ၂ နာရီအချိန်က
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သည်ကိုတွေ့ရသည်။

"ကျွန်တော်အခုတစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရတာဟာ သပိတ်ကျင်း
မြို့နယ်အတွင်း အကျင့်ပျာက်ဝန်ထမ်းတွေနဲ့ တရားမဝင် သစ်လုပ်ငန်း
များ နွားမှောင်ခိုများ မူးယစ်ဆေးဝါးများနှင့်အလောင်းကစားများကို
သတင်းရေးသားသူ နယ်မြေခံသတင်းထောက် ကိုမိသားစုလိုက်
အသက်အန္တရာယ် ခြိမ်းခြောက်နေခြင်းတွေကို အရေးယူပေးရန်
အတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးရှေ့ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုမိန့်ကို
ချမ်းအေးသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းခံတာ
မပေးသဖြင့် တိုင်းဒေသကြီးအစိုးရသိရှိစေရန်အတွက်လာရောက်ဆန္ဒ
ပြတာဟု တစ်ကိုယ်သတင်းသမားဖြစ်သူကိုနန္ဒကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်နေချိန်တွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များရောက်ရှိ
လာကာ တိုင်းဒေသကြီးရုံးရှေ့ဆန္ဒဖော်ထုတ်တာ ဥပဒေနဲ့ညီသဖြင့်
ရဲစခန်းသို့လိုက်ပါရန်ခေါ်ခဲ့သော်လည်း ဥပဒေအရ ငြိမ်စုစည်ဖြစ်တစ်
ကိုယ်ပြရခြင်းဟာ ဥပဒေနဲ့အညီ ချမပေးလို့ တိုင်းဒေသကြီးအစိုးရသိ
ရှိစေရန် လာရောက်ဆန္ဒပြရကြောင်း ဆန္ဒဖော်ထုတ်သူကပြန်ပြောကာ
၎င်းနေရာကနေထွက်ခွာသွားခဲ့သည်ကိုတွေ့ရသည်။
စိုင်းထူးခန့် 

posted from Bloggeroid

Wednesday, October 12, 2016

သတင်းထောက်တစ်ဦးအသက်အန္တရာယ်ခြိမ်းခြောက်ခံရ

"သစ်မှောင်ခိုလုပ်သူများသတင်းရေးသားခဲ့သောသတင်းထောက်
အသက်အန္တရယ် ခြိမ်းခြောက်ခံမှု့များကြုံတွေ့နေရဟုဆို"
============================================
မန္တလေး အောက်တိုဘာ ၁၃
မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် အတွင်း သစ်မှောင်ခို
လုပ်ငန်းနှင့် လာဘ်ပေးလာဘ်ယူခဲ့သူများသတင်းကိုရေးသားခဲ့သော
နယ်သတင်းထောက်တစ်ဦးကို အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု့
တွေ ကြုံတွေ့နေရပါသဖြင့် ချမ်အေးသာဇံမြို့နယ် မီဒီယာစင်တာ မန္တလေ
းတွင် အောက်တိုဘာလ ၁၃ နေ့ က သတင်းစာရှင်းလင်းပွဲလုပ်၍ပြော
သည်။

"ကျွန်တော်ဟာ The Voice Daily သတင်းစာတွင် သပိတ်ကျင်းမြို့နယ်
တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိတာကိုဖော်ထုတ်
ရေးသားခဲ့သဖြင့် တရားမဝင်မှောင်ခိုလုပ်ငန်းများလုပ်ကိုင်နေသူများက
လူမိုက်များစေလွတ်ကာ အသက်အန္တရယ် ခြိမ်းခြောက်သကဲသို့ 
ကျွန်တော် သွားရာနောက် လူစိမ်းများလိုက်လာခြင်း ကျွန်တော်အိမ်
အနီးတစ်ဝှိက်တွင် ချောင်းမြောင်းလျှက်ရှိကာ အန္တရာယ်ပေးမယ်သူများ
ရှိနေပါသဖြင့် လုပ်တူကိုင်ဖက် သတင်းဆရာ ဆရာမများသိစေရန်
မီဒီစင်တာ မန္တလေးကို လာရောက် ရှင်းပြတာဖြစ်ပါတယ်။

"ဝါသနာအရ နယ်သတင်းထောက်အဖြစ်လုပ်ကိုင်ကာ သပိတ်ကျင်း
နယ်တစ်ဝှိက် မတရားမှုများဖော်ထုတ်သင်းရေးသားကာ အများပြည်
သူသိရှိစေလို၍ လည်းကောင်း သပ်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူ
သိစေလို၍လည်းကောင်း အောက်ခြေ ဝန်ထိမ်းများနှင့်တရားမဝင်သစ်
အပါဝင် မှောင်ခိုလုပ်ငန်းများ အလောင်းကစားကြောင့် သပိတ်ကျင်းမြို့
နယ် အေးချမ်းသာယာ ဖွံဖြိုးတိုးတက်ရေးအတွက် လာဘ်ပေလာဘ်ယူ
မှုများမရှိစေရန် သတင်းသမားတစ်ယောက်အနေဖြစ်ရေးသားခဲ့တာကို
မလိုမုန်းတီးသူများက လူမိုက်များစေလွှတ်ကာ အသက်အန္တရယ်လုပ်
ကြုံမည် လက္ခဏာ ပေါ်ပေါက်နေသဖြင့် နယ်သတင်းသမားတစ်ယောက် တွေ့ကြုံမှုများကို ရှင်းပြတာဟုကိုတင်
ဇော်ဦးကပြောသည်။

The Voice Daily သတင်းစာ နယ်သတင်းထောက် ကိုတင်ဇော်ဦးကို
မိမိ ရဲ့ ကိုယ်ပိုင် Face Book တွင် လွန်ခဲ့သော ၃ လခန့်က အိမ်ရှေ့အိမ်
က ၂ လုံးရောင်းလို့ ထိုးမိတာပါလို့ ရေးသားခဲ့မှု့ဖြင့် အီလက်ထနစ်
ဥပဒဖြစ် သပိတ်ကျင်းမြို့နယ် မြို့နယ်တရားရုံတွင် ရဲတပ်ဖွဲ့ဝင်များလိုင်
ကြေးယူထားပြီး ကာကွယ်ပေးထားသော အလောင်ကစားအိမ်ဖြစ်၍
နယ်သတင်းထောက် ကိုတင်ဇော်ဦးကို တရားစွဲထားဖြင့် လက်ရှိတရား
ရုံတွင် အမှုရင်နေရသဖြင့် တစ်ခြားတစ်နေရာသို့ သွားမရသည့်က
တစ်ကြောင်း သစ်မှောင်ခိုးသမားများ၏ လူမိုက်များ လုပ်ကြံမှု့များရှိ
နေခြင်းတွေ အခုဆို ကျွန်တော်မိသားစုလိုက် မန္တလေးမှာလာရှောင်
နေရပါတယ် ဘာကြောင့်လာရှောင်နေရတယ်ဆို ကျွန်တော်အိမ်အထိ
လူ ၆ ယောက်လာတယ် တင်ဇော်ဦးဆိုတာ မင်းလား နံမည်ကြီးနေလို့
ငါတို့က တောထဲ့ကနေလာကြည့်တာ စကားပြောရအောင် သူတို့ခေါ်
တယ် ကျွန်တောင် သတင်းရေးနေလိုမအားဘူးလိုပြောပြီး သက်ဆိုင်
ရာကိုအကြောင်းကြားခဲသောလည်းဘယ်သူမှရောက်မလာပါဘူး
ကံကောင်ချင်တော့ အသိ ရဲဝန်ထမ်းတစ်ဦးကျွန်တော်ထံ လာတာနဲ
အဲဒီလူတွေပြန်သွားပါတယ် ကျွန်တော်ရေးလိုက်တော သစ်တွေကို
ပိုင်ရှင်းမဲ အဖြစ်ဖမ်းသွားတယ် သူတို့လာတာ ကျွန်တော်အသက်အန္တရာယ်ပေးဖို့ပါ သူတို့က သစ်လုပ်ငန်းပိုင်ရှင်းများ
ရှိသဖြင့် သတင်းသမားအချင်းချင်း သက်ဆိုင်ရာတာရှိသူ
များသိရှိစေရန် ရေးသားဖော်ပြစေလိုကြောင်းရှင်းပြခဲသည်။

posted from Bloggeroid