Tuesday, September 6, 2016

သဲလုပ်ငန်းရပ်နားထားသဖြင့်အလုပ်သမားများဒုက္ခတွေ့

"ဧရာဝတီမြစ်အတွင်းသဲလုပ်ငန်းများလုပ်ကိုင်ခွင့်မပြု
သည့်အတွက်အခြေခံနေ့စားအလုပ်သမားများစားဝတ်နေရေးအခတ်အခဲ့တွေ့ကြုံနေရဟုဆို"
===================================
မန္တလေး စတင်ဘာ ၇
မန္တလေး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအနီး ရတနာပုံတံတားနှင့်အင်ဝတံတားအနီး
ဧရာဝတီမြစ်အတွင်းက သဲစုပ်သည့်လုပ်ငန်းများတွင် နေ့စဥ့်

နေစားဝင်ငွေဖြစ်လုပ်ကိုင်လျှက်ရှိ
သောအခြေခံအလုပ်သမား ၁၀၀ ကျော်လောက်စာဝတ်နေရေးအခတ်အခဲများဖြင့်ရင်ဆိုင်နေရ
ကြောင်းဒေသခံတွေကပြောသည်။

"ကျွန်တော်တို့ကတစ်နေ့လုပ်မှတစ်နေ့စားရတဲ့အလုပ်သမားတွေပါ အခုအစိုးသစ်ကရတနာပုံ
တံတားနှင့်အင်ဝတံတးအနီး ပေ ၁၀၀၀အကွာသဲစုပ်ခွင့်မလုပ်ရန်တားမြှစ်ထားသဖြင့် ၁၇ ရက်
ရှိပြီးအလုပ်မလုပ်ရသဖြင့် ဒီလုပ်ငန်းကိုအမှီပြုလုပ်စားနေတဲ့ အလုပ်သမားတွေ အလုပ်မရှိသည့်
ဒုက္ခမိသားစုစားဝတ်နေရေးအတွက်တစ်ခြားအလုပ်ရှာလုပ်သူကလုပ်နေရတယ်အလုပ်မရှိသူက
မရှိဖြစ်နေပါတယ် သဲလုပ်ငန်းရှင်က ဒီအလုပ်မလုပ်ရလိုတစ်ခြားအလုပ် လုပ်လို့ရတယ်
နေ့စားအလုပ်သမားတွေအားလုံးဒုက္ခရောက်နေပါတယ်ဟုအလုပ်သမားခေါင်ဆောင်ကိုသိန်းက
ပြောသည်။

"ကျွန်မတို့အနေနဲ့ သဲစုပ်တယ်ဆိုတာ မြစ်ကြောင့်လည်းမထိခိုက်ပါဘူး တံတားနဲ့လည်းဝေးပါတယ် နိုင်ငံတော်ကိုလည်းတရားဝင်အခွန့်ပေးပြီးလုပ်တာဖြစ်ပါတယ်
အရင်အစိုးရလက်ထက်မှာလည်းဒီလိုဘဲလုပ်ကိုင်လာခဲ့တာပါ ကျွန်မတို့က ရပ်နားတာမဟုတ်ပါ
ဘူး သာဘာဝနဲ့သယံဇာတဝန်ကြီးဦးဇာနည်အောင်က တံတားအနီး သဲလုပ်ငန်းများမလုပ်ရဘူး
လို့လာရောက်တားသွားလို့ ရပ်ထားရတာ ကျွန်မတို့အနေဖြင့် ကိုယ်လုပ်ငန်းကိုဆက်လုပ်သွား
ချင်တာပေါ့ အလုပ်သမားတွေ စားဝတ်နေရေးအတွက် ထည့်ဆင်းစားပါတယ် ဒီနေရာမှာမလုပ်
ရရင်တစ်ခြားနေရာအစားပေးစေလိုပါတယ် မြစ်ကြောင်းပိတ်လို့ရင် ကျွန်မတို့သဲလုပ်ငန်းရှင်တွေ
ကဘဲ ကိုယ်စရိတ်ကိုယ်အလုပ်သမားနဲ့ကိုယ်ရှင်းပြီးလုပ်ပေးခဲ့ရတာ မြစ်ကြောင်းလည်းပွင့်သွား
ရော် ကျွန်မတို့ကို နှင်ထုတ်တယ် သေဘော်တွေတောင်ကပ်ခွင့်မပြုဘူးလိုပြောတယ်
ကျွန်မတို့သဲစုပ်လုပ်ငန်ူရှင်တွေလည်းအခတ်တွေ့နေပါတယ်ဟုသဲလုပ်ငန်းရှင်ဒေါ်သွယ်သွယ်က
ပြောသည်။

posted from Bloggeroid

ဒါးဖြင့်ထိုးကာဆွဲကြိုးနှင့်ဖုန်းလုပြေသူကာတိုက်မှု့ဖြစ်ကာဖမ်းမိ

အလုပ်ရှင်ကိုအကြွေးမပေးနိုင်တာနဲ့အကြွေးဆပ်မည်
ဟုဆိုကာ ရွှေဆွဲကြိုးလုကာဒါးဖြင့်ထိုးပြေးသူယာဉ်တိုင်မှု့ဖြစ်ပွားကာဖမ်းမိ"
==================================
မန္တလေးစတင်ဘာ ၆
မန္တလေးမြို့အောင်မြေသာစံမြို့နယ် ကျုံးအနောက်ဘက် လမ်း ၈၀×၈၁-လမ်း၊ ၁၃ ×၁၄
လမ်းကြား၊ ထီးရိုးဝင်းအတွင်းနေအိမ်တွင် စက်တင်ဘာ ၆-ရက်(ယနေ့) နံနက်
၁၁-နာရီခွဲခန့်က အိမ်ရှင်အမျိုးသမီးတစ်ဦးထဲရှိနေစဉ် လူငယ်နှစ်ဦးရောက်ရှိလာပြီး အကြွေးဆပ်မည်ဟုဆိုကာ ရွှေဆွဲကြိုး ၂ ကျပ်သားကုံး
နှင့် ဖုန်းတစ်လုံးယူရာ အိမ်ရှင်အမျိုးသမီးကအော်ဟစ်အကူအညီတောင်းရာ
ဓါးဖြင့်ထိုးကာထွက်ပြေးသွားသူ ၃၄လမ်း လမ်း၈၀အ
ရောက်ဆိုင်ကယ်နဲ့ကားတိုက်မိကာအရေးပေါ်ဌာန
အရောက်အဖမ်းခံရပြီးပါလာသည့်အဖေါ်နှင့်လုသွားသည့်သက်သေခံပစ္စည်းများပါပျောက်နေကြောင်းသိရ
သည်။

အိမ်ရှင်အမျိုးသမီးမှာ ဒေါ်နီနီအောင်(၅၅-နှစ်)ဖြစ်ပြီး စားပွဲတွင် ထိုင်ကာ
စာအုပ်ဖတ်နေစဉ် ကျူးလွန်သူက နားရွက်မှ နားကပ်ကို ဖြုတ်ယူရာ ပါရှိမသွားဘဲ
နားတွင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့အပြင် ဒါးဖြင့်အထိုးခံရ သည့်
ဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး၊၂ -ကျပ်သားခန့်ရွှေဆွဲကြိုးကိုလုယက်ထွက်ပြေးသွားခဲ့ကြောင်း
သိရသည်။

“ကျူးလွန်သူက သူတို့ရဲ့ အလုပ်ရုံမှာ ရက် ၂၀-ခန့်အလုပ်လုပ်ခဲ့ပြီး သူဆီက
အကြွေး တစ်သိန်းခွဲလောက်ရ စရာရှိလို့ ပုသိမ်ကြီးရပ်ကွက်ရုံးမှာ
တစ်လအတွင်း ပေးမယ်လို့ဝန်ခံချက်ထိုးထားတယ်။တကယ်မပေးခဲ့လို့
တရားစွဲမယ်လို့ ပြောခဲ့တယ်။ဒီနေ့မှာ တော့ အဲဒီကလေးက ဒေါ်နီနီခင်ပွန်းဆီ
ဖုန်းဆက်ပြီး ခင်ဗျားအိမ်ရောက် နေပြီ လာခဲ့လို့ ပြောခဲ့တယ်။”ဟု အမှတ်
၎-ရဲစခန်း စခန်းမှူး မြတ်ကျော်သူက ပြောသည်။

အခင်းဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နှစ်ဖွဲ့ခွဲ့
ရပ်ကွက်ပြည်သူများနှင့် ကျူးလွန်သူများနောက်သို့ လိုက်လံဖမ်းဆီးခဲ့ရာ
ကျူးလွန်သူများသည် ၈၁-လမ်းအတိုင်း တောင်ဘက်သို့ ထွက်ပြေးခဲ့ရာ
၁၉-လမ်းအကျော် တွင်မျက်ခြေပြတ် သွားခဲ့ကြောင်း၊ လမ်း ၈၀-နှင့်
၃၄-လမ်းတွင် ထွက်ပြေးသူများသည့် ယာဉ်တိုက်မှုဖြစ်ပွားကာ အဓိက ဖြစ်သည့်
အလုပ်သမားဟောင်းဖြစ်သူ သူရိန်ခေါ်ကျော်မင်းအောင် ဒဏ်ရာများနှင့် ဖမ်းမိခဲ့ပြီး
ကျန်တစ်ဦးမှာထွက်ပြေး သွား ခဲ့ကြောင်းသိရသည်။

အလုပ်သမားဟောင်းဖြစ်သူ အဓိကကျူးလွန်သူမှာ သူရိန်မှာ ယာဉ်တိုက်မှု
ဒဏ်ရာဖြင့်ဆေးရုံတွင်ရောက်ရှိ ကာ သတိမရသေးကြောင်းနှင့် အိမ်ရှင်
ဒေါ်နီနီအောင်မှာ ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ထိခိုက်ရှနာ ဒဏ်ရာများ နှင့်
ဆေးရုံတွင် ကုသမှုခံယူလျက်ရှိရာ အခြေအနေကောင်းမွန်ကြောင်းနှင့်
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ် ၄-ရဲစခန်းမှ ပုဒ်မ ၃၉၄-ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။




posted from Bloggeroid

Monday, September 5, 2016

အခြေခံဘဝကနေ ကုမ္ပံဏီပိုင်ရှင်ဖြစ်လာသူတစ်ဦး

လွန်ခဲ့သော နှစ် ၃၀ ခန့်က မန္တလေးမြို့ထွန်တုံး ကျူးကျော်ရပ်ကွက်အတွင်းနေထိုင်ကာ မန္တလေးမြို့၏ ဈေးချိုအနီး ကျောင်းမနေခဲ့ရဘဲ ပလတ်စတစ်များ လိုက်လံကောက်ယူ၍ အသက်မွေးဝမ်းကျောင်းခဲ့ရသူ မောင်ဝင်းနိုင်ဆိုသူ တစ်ဦးရှိခဲ့သည်။ ၎င်း၏ မိဘများက ချမ်းသာခဲ့သော်လည်း မန္တလေးမြို့တွင်၏ အထင်အရ ၁၇ လမ်း ဦးကျားကြီးမီးလောင်မှုတွင် ကံဇာတ်ဆရာ၏လှည့်ဖျားမှုကြောင့် မိသားစုလိုက်ဆင်းရဲတွင်းနက်ခဲ့ရခြင်းဖြစ်သည်။
မွေးခြင်း ၉ ယောက် အနက် ပဉ္စမမြောက်သားတစ်ဦးဖြစ်သော မောင်ဝင်းနိုင်သည် မိသားစုဆင်းရဲမှုဒဏ်ကိုခံစားရင်း အတန်းပညာကို လုံးဝသင်ကြားခြင်းမပြုခဲ့ရသော်လည်း အသက် ၁၃ နှစ်အရွယ်တွင် ရရာအလုပ်များလုပ်ကိုင်ကာ မိသားစုကို ထောက်ပံ့ပေးခဲ့ရသည်လည်းဖြစ်သည်။
“ကျွန်တော်က လမ်းဘေးအမှိုက်ပုံတွေကို ပလပ်စတစ်လိုက်ကောက်ပြီးခုလို ကုမ္ပဏီပိုင်ရှင်တစ်ဦးအဖြစ်ဘဝကိုရပ်တည်နေတာလို့ ပြောရင် ဘယ်သူမှ လက်ခံမယ်မထင်ဘူး။”ဟု အသက် ၄၂ နှစ်အရွယ် တည်ငြိမ်ရင့်ကျက်၍ တောက်ပြောင်သားနားစွာဝတ်ဆင်ထားသော ဦးဝင်းနိုင်ကပြောသည်။
မောင်ဝင်းနိုင်၏ဘ၀အလှည့်အပြောင်းက မောင်ဝင်နိုင် ဖခင်ဖြစ်သူ ကွယ်လွန်ရာမှ စခဲ့သည်။ ငွေကြေးအဆင်ပြေရာမှ ရုတ်တရက်မီးလောင်၍ မွဲခဲ့ရသူ မောင်ဝင်းနိုင်အဖေသည် လောက ကိုစိတ်နာသည်လားမသိ အရက်များသာသောက်ခဲ့ပြီး ကျန်းမာရေးချို့ယွင်းကာ ကွယ်လွန်ခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကိုယ်ပိုင်မြေမဟုတ်သော ကျူးကျော်နယ်မြေတွင် နေထိုင်နေရသော မောင်ဝင်းနိုင်တို့အတွက် ဖခင်၏ အသုဘ အခမ်းအနားပြင်ထားသော အိမ်စုတ်စုတ် လေးကို သက်ဆိုင်ရာက ဖျက်သိမ်းပေးရန်ပြောလာသည်။ ပြေးစရာမြေမရှိသော မောင်ဝင်းနိုင်က အသုဘလေးပြီးအောင်စောင့်ပေးစေလို့ကြောင်း သက်ဆိုင်ရာကို တောင်းပန်ခဲ့သော်လည်း နောက်ဆုံးရလဒ်က လက်ထိပ်နောက်ပြန်ခတ်၍ ရဲစခန်းသို့ ပါသွား၍ အချုပ်ထဲအိပ်လိုက်ရခြင်းပင်ဖြစ်သည်။ အေးအေးဆေးဆေးအိပ်စက်ရသည်မဟုတ်ဘဲ အထုအထောင်းခံခဲ့ရသော မောင်ဝင်နိုင်ရဲစခန်းမှ ပြန်ထွက်လာချိန်တွင် လမ်းပင်မလျောက်နိုင်ဘဲ လိုင်းကားပေါ်တင်ပေးခံလိုက်ရခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်များကပင် မြေပိုင်မရှိ၍ ဖခင် အသုဘပင် ကောင်းကောင်းမချလိုက်ရလေခြင်းဟူသော ဘ၀ကိုနာကျည်းစိတ်ဖြစ်ပေါ်လာခဲ့သည်ဟု ဦးဝင်နိုင်က ၎င်း၏ မိသားစု နှင့် ငယ်ဘ၀ခါးသီးမှုများကို ပြန်ပြောင်းပြောပြသည်။
မောင်ဝင်းနိုင်သည် အရွယ်နှင့် မမျှအောင် အလုပ်လုပ်ခဲ့ရသူဖြစ်သည်။ ကလေးငယ်နှင့် မဆန့်အောင်ခါးသီးသည့် လောကဓံကိုဖြတ်ကျော်ခဲ့ရသူဖြစ်သည်။ သူဘ၀တွင် စားစရာမရှိ၍ ဘုန်းကြီးကျောင်းများတွင်လှမ်းထားသည် ထမင်းခြောက်တောင်း၍ ဆန်ပြုတ်သဖွယ်ပြန်လုပ်၍ စားသောက်ခဲ့ဖူးသည်။ ဈေးချိုတွင် ပစ္စည်းများ ထည့်သော ဂုံနီအိတ်ကို ခြုံ၍ မန္တလေး၏အအေးဒဏ်ကို ခါးဆီးခံရင်း အိပ်ရာဝင်ခဲ့ရသည်။
မိသားစု၏ အခက်အခဲကို ကြည့်မနေနိုင်သော မောင်ဝင်းနိုင်အတွက် ငွေရဖို့အတွက်ဘာမဆိုလုပ်မည်ဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သောကြောင့် သမ္မာအာဇီဝကျသောအလုပ်ကိုသာလုပ်မည်ဟု ဆုံးဖြတ်သည်။ ပထမဆုံးစလုပ်သည့်အလုပ်က လက်ဝှေ့ပွဲ၊ ဘုရားပွဲများတွင် ပလတ်စတစ်လိုက်ကောက်ခြင်းဖြစ်သည်။ ဒိုင်ကိုပြန်သွင်းလျှင် ပိုက်ဆံရကြောင်း မောင်ဝင်းနိုင်သိသည်။ ထို့ကြောင့် ပလတ်စတစ်များကောက်ယူ၍ အဟောင်းဆိုင်များကိုရောင်းသည်။ ငယ်စဉ်ကတည်းက ကျောင်းမနေရသော မောင်ဝင်းနိုင်အတွက် ကျောင်းများက ဟစ်ကြွေးနေသော စာအံသံသည် ဘယ်တော့မှမမက်နိုင်သော အိပ်မက်သာဖြစ်ခဲ့ရသည်။

posted from Bloggeroid

ပြင်ဦးလွင်အုပ်ချုပ်ရေးမှူးလာဘ်စာမှု့ဖေါ်ထုတ်အရေးယူမည်

"ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးလာဘ်စား
သည့်ကိစ္စ စစ်ဆေးမှု့များပြုလုပ်လျှက်ရှိဟုဆို"
====================================
ပြင်ဦးလွင် စတင်ဘာ ၆
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် လွန်ကောင်းကျေးရွာ
အုပ်စု မန်ကျည်းအင်းကျေးရွာ ကိုပြည်ထဲရေးအမည်
ပေါက်တိုးချဲ ဂရံမြေချပေးမယ်ဟုဆိုကာ ဒေသခံရွာသားများထံ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးကတောင်းခိုင်သည့်ဟုဆိုကာ ငွေသိန်းပေါင်း ၃၉၅သိန်းထိ တောင်းယူပြီး
ယနေ့အချိန်ထိ တိုးတက်မှုဖြစ်မလာသဖြင့်ကျေနပ်မှု့
မရှိသဖြင့် အထက်အဆင့်ဆင့်ကိုတိုင်ကြားစာများပို့ခဲ့
သဖြင့် စတင်ဘာလ ၅ နေ့က အုပ်ချုပ်ရေးမှူးကိုသက်ဆိုင်ရာကလာရောက်စစ်ဆေး
ပြီး ယနေ့ ဒေသခံများထံ လာရောက်စစ်ဆေးမှု့များရှိ
ကြောင်းဒေသခံတွေကပြောသည်။

ကျွန်တော်တို့မန်ကျည်းအင်းကျေးရွာက ယခင်ထဲ့က
ပြည်ထဲ့ရေးအမည်ပေါက်ပြီသားပါ ရွာဟောင်းနေရာကဒုဌဝတီမြစ်ရေတိုက်စားမှု့ကို ရဲရွာ
ရေအားလျှပ်စစ်တည်ဆောက်ပြီးချိန်ကနေစတင်၍
ရေတိုက်စားမှု့ခံရသဖြင့် ဒေသခံရွာသားတွေက မိမိတို့
လုပ်ကိုင်စားနေသော ယာမြေအတွင်း အိမ်ဆောက်နေထိုင်တာ လာခဲ့သဖြင့် နေလာတာလည်း နှစ် ၂၀လောက်ရှိပါပြီး အိမ်ခြေပေါင်း ၁၅၀ ရှိသဖြင့် တိုးချဲကျေးရွာအဖြင့်သတ်
မှတ်ပေးရန်တောင်းဆိုရာကနေ ပြင်ဦးလွင်မြို့နယ်အုပ်
ချုပ်ရေးမှူးအဖွဲ့နှင့်ဌာနဆိုင်ရာများကွင်းဆင်းစစ်ဆေးပြီး
မြေပုံများရေးဆွဲကာ ကျေးရွာအနည်ပေါက်လုပ်ပေးမယ်ဟုဆိုကာ ငွေများကို တောင်းယူပြီ မြေ ဧရိယာ ၁၇၀ ဧကသတ်မှတ်ကာ ငွေ ၃၉၅သိန်းအထိတောင်းယူပြီး
ယနေ့အချိန်ထိမထူးခြားသဖြင့် ဒေသခံရွာသားများကတိုင်ကြားခဲ့ရာ အခုလာရောက်
စစ်ဆေးမှု့များရှိနေသည့်ဟု ဒေသခံဦးအေးကပြောသည်။

မန်ကျည်းအင်းကျေးရွာတိုးချဲ့ကွက်သစ်အတွက်ဂရံချပေးမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများထံက
သိန်း ၃၉၅သိန်းအထိ တောင်းယူထားသည့်ကိစ္စများကို မြင်ဦးလွင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့
ဝင်များနှင့်အတူ အမျိုးသားလွတ်တော် သတ္ထုသံယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်ရေးဥက္ကဌဦးကျော်သိဟအပါဝင် ဒေသခံရွာသားများကို
စတင်ဘာလ ၄ နေက လာရောက်စစ်ဆေးမှုများပြုလုပ်ကာ လွတ်တော်သို့တင်ပြပေးမည်ဖြစ်ကြောင်း ယခင်ထဲ့က
ပြည်ထဲရေးအမည်ပေါက်ထားပြီးသားရွာဖြစ်သဖြင့်
ရွာ၏ပတ်ဝန်ကျင်တွင်တိုးချဲ့နေထိုင်သည့်အတွက်မည်
သူမှငွေပေးစရာမလိုကြောင်း အုပ်ချုပ်ရေးမှူးဖြုတ်ခိုင်
သည့်ဆိုင်ဘုတ်များပြန်တပ်လိုရကြောင်းပြောသွား
သည်ဟုဒေသခံတွေကပြောသည်။

"ကျွန်တော်တို့လက်ရှိနေထိုင်နေသောအိမ်များဖျက်ပေးရမယ်ဆိုပြီး ပြင်ဦးလွင်အုပ်ရေးမှူး ဦးတင်နိုင်ဆိုက တစ်ဧကကိုတစ်သိန်းနှုံန်းဖြင့်တောင်းလို့  ကျေးရွာအမည်ပေါက်အောင်လုပ်ပေးမယ်ဆိုတော့ ကျွန်တော်တို့ရွာသားတွေက ငွေမရှိတော့ ကိုထွန်းနိုင်ထံက သိန်း၁၂၅သိန်းယူပြီး အဖွဲ့စည်ပေါင်းစုံလာစစ်ဆေးစဉ်က ဒုဦးစီးမှူး ကိုကျော်ကျော်နိုင်ထံ ငွေပေးခဲပါတယ် ဒုတိယအကြိမ် က မုံရွာရေဘေးဒုက္ခသည်များအတွက် သိန်း၅၀လောက် ကိုထွန်းနိုင်ကိုလှူခိုင်တယ် နောက်သူငွေမရလိုဆိုပြီး ဦးတင်နိုင်စိုး၏စာရေးမ ကလာတောင်းလို့  ဦးတင်နိုင်စိုး၏အိမ်ကို ရွာသား ၇ ယောက် သိန်း၃၀ သွားပေးခဲရပါတယ်
ကျန်သိန်း၂၀၀က အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးစာရေးမ ဒေါ်ကြူကြူ အေး ကရွာကိုလာတောင်းသဖြင့် မန္တလေးက ကိုထွန်းနိုင်ထံ ရွာသား၂ရှေ့တွင် ဒေါ်ကြူကြူအေး၏အမျိုးသား ဦးမျိုးနှင့် ချမ်းမြသာစည်မြို့ပြည်ခိုင်ဖြိုးပါတီက အတွင်းရေးမှူး ဟောင်း ဦးမြင့်ဦးတို့ရှေ့ စာရေးမထံ သိန်း၂၀၀ ကိုထွန်းနိုင်ပေးလိုက်တာကို ကျွန်တော်မြင်ပါတယ် အဲဒီပိုက်ဆံကလည်း ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးဦးတင်နိုင်စိုးက ရွာမြေဂရံဖေါက်ပေးမယ်ဆိုပြီး တောင်းခိုင်တာဟုဒေသခံရွာသား ဦးချစ်စံကပြောသည်။

အဆိုပါမန်ကျည်းအင်းတိုးချဲမည်နယ်နိမိတ်ကို များပြကာ ပိုက်ဆံတောင်းခံသည်မှ အရှေ့လားသော် ခုနန်းရှင်တောင်တန်း
အနောက်လားသော် ဒုဌဝတီမြစ် တောင်လားသော် စစ္စရာချောင်း
မြောက်လားသော် ဝက်ကားချောင်းအဖြစ်ချပေးမယ်ဆိုပြီး ငွေများကို ရွာသားများထံကတောင်းယူခဲကြောင်းသိရသည်။

စတင်ဘာလ ၆ နေ့မှတော့ မန်ကျည်းအင်းကျေးရွာကို
နေ့ခင်း ၁၂ နာရီအချိန်က

နေပြည်တော်ကတိုင်ကြား
စာများအရဟုဆိုကာ စရခ အဖွဲ့က အရာရှိတစ်ဦးရောက်လာကာ ဒေသခံရွာသားများထံ
ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးထံငွေ
ဘယ်လိုတောင်ခံခဲ့သည့်ကိစ္စများ ဆုံစမ်းစစ်ဆေးမှု့များ
လာရောက်၍လုပ်သွားသည်ကိုတွေ့ရသည်။

posted from Bloggeroid

သပိတ်ကျင်းမြို့နယ်ကမတရားမှု့များနဲ့တရားစွဲခံရသူများရှိ


"တရားမဝင်"ကျွဲ နွား"မှောင်ခိုသမားများကြောင့်တရားဝင် နိုင်ငံတော်အခွန်သွင်းထားသူ "ကျွဲ နွား" ဈေး
လေလံရရှိသူမတရားအမှု့ဆင်ကာ တရားစွဲအဖမ်းခံထားရသည်ဟုဆို"
==================================================================

သပိတ်ကျင်း စတင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိတရားဝင်
"ကျွဲ နွား ဈေးဖွင့်ကာ ၂၀၁၃ ခုနှစ်ကနေ ယနေ့အချိန်ထိ လုပ်ကိုင်စားသောက်နေသူကိုသောင်းပိုင်(ခ)
ဖိုးပြားကို နွားမှောင်ခိုသမားများကို ဝင်ရောက်ဖမ်းဆီးပေးခဲ့ရာက ကားအတွင်းငွေ သိန်း ၅၀ ပါတယ်ဆို
ပြီး ၇ မေ ကဖြစ်ပွားခဲပြီး ကျွဲ နွား ဈေးအတွင်း ၁၂ ဇူလိုင်လက ရဲတပ်ဖွဲ့ဝင်အင်အားဖြင့် သေနတ်ဖြစ်ပြစ်
၍ဖမ်းဆီးခဲရာ ကိုဖိုးပြား၏ကားရှေ့မှန် ကျည်ဆံထိမှန်ပြီး အခင်းဖြစ်ပွားညကနေ ဖမ်းဆီးခံရကာ ယနေ့
စတင်ဘာလ ၅ ရက်နေ့ထိ ရုံချိန် ၈ ကြိမ်မြောက်အထိ မတရား တရားစွဲခံရမှု့ထူးခြားမှု့မရှိသေကြောင်း
အစွပ်အစွဲခံရသူ ကိုသောင်းပိုင်ခေါ် ကိုဖိုးပြားကပြောသည်။


"ကျွန်တော် လုပ်ငန်းကိုက ကျွဲ နွားဈေး တရားဝင် နိုင်ငံတော်ကိုအခွန်သွင်းပြီး လုပ်ရသည့်အလုပ်ပါ
နွားမှောင်ခိုလုပ်သူများက နယ်မြေခံ ရဲတွေနဲ့ပေါင်းပြီး သားသတ်လိုင်စင်ဘန်းပြကာ ကျွန်တော်တို့
တရားဈေးကို အခွန်မပေးဘဲ နွားမှောင်ခိုလုပ်စားနေတာကို ကျွန်တော်ကိုယ်တိုင်ဖမ်းကား နယ်မြေခံရဲကို
အကြောင်းကြားတာကို မလာသဖြင့် ကျေးရွာအုပ်ချုပ်ရေးဦးအောင်ဆွေထွန်းနဲ့အတူ ကျွဲမှောင်ခို
သယ်ဆောင်လာသော ၄ ကောင်းကို တွင်းငယ် ရဲစခန်းကိုအပ်ခဲ့ပါတယ် အဲဒါတွေကို
မကျေနပ်သဖြင့် ကားအတွင်းမှ သိန်း ၅၀ ပါသွားတယ်ဟုစွပ်စွဲကာ ပုဒ်မ ၃၄၁ /၃၇၉/၁၁၄/၁၉
(င)/၁၅ မူးယစ်နှင့် ၃၅၃ဟု ပုဒ်မ ၆ ခုတက်ကာ မတရား တရားစွဲခံရပါတယ် ကျွန်တော်တို့အနေ
ဖြင့် ဓါး ဆောင်ထားရတယ်ဆိုတာ တောထဲတောင်ထဲမှ ကျွဲ နွားအရောင်းအဝယ်လုပ်နေသူဖြစ်
လို့ ကားအတွင်းဓါးဆောင်ထားရတာဖြစ်ပါတယ် ကျွန်တော် ကျွဲ နွားဈေးအတွင်း ဇူလိုင်လ ၁၂
ရက်နေ့ ညနေ ၅ နာရီ အချိန်က ကားမောင်းထွက်လာတာကို တွင်းငယ် ရဲစခန်းက ရဲတပ်ဖွဲ့ဝင်
၈ ယောက် စခန်းမှူး ရဲအုပ်အောင်ကျော်မိုးပါ ကျွန်တော်ကားကို သေနတ်ဖြင့် ပြစ်၍ဖမ်းဆီးကာ
ကားအတွင်း ဓါးတွေ့သွားသဖြင့် အခုလို အမှု့တွေတက်ကာ မတရားတရားစွဲခံထားရတာဟု
ကိုဖိုးပြားကပြောသည်။

"" နွားအရောင်းအဝယ် လုပ်ငန်း တရားဝင်ခွင့်ပြု ဖို့ ဆိုရင် သက်ဆိုင်တဲ့ စည်ပင်သာ
ယာကနေထုတ်ပြန်ပေးတဲ့ ဒေသန္တရ အမိန့်ထုတ်ပြန်ပေးဖို့လိုပါတယ်။အဲဒီကျမှ အခွန်
ကောက်လို့ရတယ်။ နောက်ပြီး ဒေသဆိုင်ရာ ထောက်ခံ ချက် တွေလည်းပါမယ်
ဆိုရင် ဒီနွားဝယ်ရောင်း လုပ်ငန်းကနေဘာအခွန်မှ ပေးစရာမလိုပါဘူး။ ဒီနွားဝယ်
ရောင်းလုပ်ငန်းက နိုင်ငံတော်ရဲ့ တရားဝင်ကုန်ပစ္စည်း ဖြစ်သည့်အတွက် နိုင်ငံတော်က
နေ မူဝါဒအသစ် တစ်ခု ကို ပြန်လည်ချ မှတ်ပေးဖို့လိုပါတယ်" ဟု သပိတ်ကျင်းမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦး ကပြောသည်။

"ကျွန်တော်တို့ ရဲ့တပ်ဖွဲ့အနေနဲ့ ကြားညပ်တာဗျာ အခုလို ကိစ္စတွေဖြစ်ပွားရတာဟာ ကျွန်တော်တို့
ရဲတပ်ဖွဲ့ဝင်တွေကိုအသိမပေးဘဲ ကျွဲ နွား တွေကိုဖမ်းတာလည်းပါတယ် အဓိကဖြစ်ပွားရတာဟာ
ကျွဲ နွားဈေးလိုင်စင်နဲ့ သားသတ်လိုင်စင်သမားတွေ စီးပွားရေးအားပြိုင်တာကနေ ဖြစ်ပွားတာ
ကို ကားပေါ်မှ ငွေ သိန်ူ ၅၀ ဆယ် ပျောက်သွားမှု့နဲ့ တရားစွဲထားတာကို သတင်းရလို တရားရုံ၏
ဖမ်းဝရမ်းဖြင့်သွားရောက်ဖမ်ူတာကို ကားမောင်းထွက်ပြေးသဖြင့် သေနတ်ဖြင့်ပြစ်၍ဖမ်းဆီးခဲ့
ရတာကို ပြန်ခုခံမယ်လုပ်လို ဝင်လုံးပြီး ဓါးသိမ်းခဲ့ရပါတယ်ဟု တွင်းငယ်စခန်းမှူးရဲအုပ်အောင်ကျော်မိုးကပြောသည်"။

အဆိုပါကိစ္စနှင့်ပါက်သက်၍ သပိတ်ကျင်းမြို့နယ်အတွင်း ကျွဲ နွားအရောင်အဝယ်လုပ်သူများထံ
နယ်မြေခံ ဌာနဆိုင်ရာ တာဝန်ရှိသူများက နယ်မြေခံသတင်းပေးများလွတ်ထားကာ လိုင်ကြေး
ငွေတောင်းခံခြင်းများရှိနေပြီ အဲဒီသတင်းများရေးသားသူThe Voice Dailyနယ်မြေခံသတင်း
ထောက်ကိုတင်ဇော်ဦးကမိမိ၏Face Bookတွင် အိမ်ရှေ့အိမ်က ၂လုံးထီရောင်းလို့ ထိုးမိပါတယ်
ဟု သြဂုတ်လ ၂ နေ့က လိုင်ပေါ်တင်ခဲ့သဖြင့် သြဂုတ်လ ၉ နေ့က လက်ထနက်ဥပဒေဖြစ်သပိတ်
ကျင်းတရားရုံတွင်လည်းတရားစွဲဆိုထားပြီး မြို့နယ်အတွင်း မှောင်ခိုအလောင်းစားမတရားမူများကို
အရေးယူဆောင်ရွက်ခြင်းမရှိဘဲ မြို့နယ်တရားရုံးတွင် မတရားမူများဖြင့်တရားစွဲခံရသူများရှိကြောင်းနယ်မြေခံများ၏ပြောပြချက်များအရသိရသည်။




posted from Bloggeroid

ရဲနှင့်တရားရေးမဏ္ဍိုင် ကိုသပိတ်ကျင်းမြို့ပေါ်ဆန္ဒပြ


သပိတ်ကျင်းတွင် တရားရေးနှင့် ရဲကိုမကျေနပ်၍ ဆန္ဒပြ
====== ====== ====== ====== ======

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့တွင် တရားရေးမဏ္ဍိုလ် ယိမ်းယိုင်နေခြင်းနှင့် ဥပဒေကိုမျက်ကွယ်ပြုပြီး ရဲတပ်ဖွဲ့ဝင်အချို့က ပြည်သူကို
အနိုင်ကျင့်နေသည်ဟုဆိုကာ ဒေသခံဦးမောင်ကြီးနှင့် နန္ဒတစ်ကိုယ်တော်ဆိုသူ
၂ ဦးက စက်တင်ဘာ ၄ မွန်းလွဲပိုင်းက လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"ကျွန်တော်တို့ဒေသမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေရှိပါတယ်။ တရားမဝင်ရွှေတူးဖော်မှုတွေရှိတယ်။ လူမျိုးခြားတွေပါတယ်။ ဒေသခံတွေက တိုင်ကြားတယ်အရေးယူဆောင်ရွက်ပေးခြင်းမရှိဘူး။ နွားမှောင်ခိုတွေရှိတယ်။ မှန်မှန်ကန်ကန်လုပ်စားသူတွေ အရေးယူခံရတယ်။ နယ်မြေခံအဖွဲ့အစည်း
များနဲ့ပေါင်းပြီ တရားဝင် နွားမှောင်ခိုလုပ်ငန်းလုပ်နေတာတွေရှိတယ်။ သစ်မှောင်ခိုလုပ်ငန်းတွေရှိတယ်။ လိုင်ကြေးမပေးသူဆို ဒေသခံနွားကအစ ဖမ်းတယ်။ ဖမ်းတဲ့နွားတွေကို မှောင်ခိုသမားတွေနဲ့ပူးပေါင်ပြီး ရောင်းစား
တာတွေရှိတယ်။ ဒါကြောင့်သပိတ်ကျင်းမြို့နယ်တမြို့နယ်လုံးရဲ့ကိုယ်စား ဆန္ဒ
ဖော်ထုတ်တာပါ”ဟု ကိုမောင်ကြီးကပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုနှင့်ပါက်သက်၍ မြို့နယ်အထွေထွေအုပ်ရေးမှူးထံ
သွားရောက်မေးမြန်ခဲ့ရာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်က“ကျွန်တော်တို့
အနေနဲ့ပြည်သူတွေသူတို့ဆန္ဒအရ ဆန္ဒဖော်ထုတ်တဲ့အတွက် ဘာမှပြော စရာမရှိပါဘူး။အခု သူတို့ဆန္ဒပြတယ်ဆိုတာလည်း ယခင်အုပ်ချုပ်ရေး လက်ထက်ကဖြစ်ခဲ့တဲ့အမှုတွေဖြစ်လို့ ကျွန်တော် တို့လည်း မသိပါဘူး”ဟု
ပြေကြားသည်။

စိုင်းထူးခန့်

posted from Bloggeroid

Thursday, September 1, 2016

အောက်ခြေဘဝနဲ့ကျိုးစားလာသူကုမ္ပံဏီပိုင်တစ်ဦ

"အခြေခံလမ်းဘေးအမှိုက်ကောက်သမားဘဝကနေ ကုမ္ပံဏီပိုင်ရှင်တစ်ဦးအဖြစ်
မန္တလေးမြို့သူဌေးစာရင်လာသူတစ်ယောက်နဲ့တွေ့ဆုံခြင်း"
====================================================

မန္တလေးမြို့ ထွန်တုံး ကျူးကျော်ရပ်ကွက်အတွင်းနေထိုင်ကာ အတန်းပညာကျောင်း
ကိုတက်ရောက်ခဲ့ခြင်း လုံးဝမရှိသူ စာ လုံးဝ မရေးတက်မဖက်တက်သူဖြစ်ပြီး
လမ်းဘေးအမှိုက်ပုံတွင် ပလပ်စတစ်ငောက်ကာ ယနေ့ မန္တလေး မြို့မျက်နှာဖုံး
တစ်ဦးဖြစ်လာ ကမ္ဘာမြေအောင်ကုမ္ပံဏီ လီမိတက်ပိုင်ရှင် ဦးထွန်းနိုင်နှင့်တွေဆုံ
မေးမြန်ခဲပါသည်။

မေး=မင်္ဂလာပါ ဦးထွန်းနိုင်
ဦးထွန်းနိုင်ရဲ့ ဘဝအကြောင်းလေးနဲ့ ယနေ့ကုမ္ပံဏီပိုင်တစ်ယောက်ဖြစ်လာတွေ
ဖြေပေးပါလား

ဖြေ=ကျွန်တော်က လမ်းဘေးအမှိုက်ပုံတွေကို ပလပ်စတစ်လိုက်ကောက်ပြီး
ပိုက်ဆံများဆုကာ ယနေ့ ကုမ္ပံဏီပိုင်ရှင်တစ်ဦးအဖြစ်ဘဝကိုရပ်တည်နေတာလို
ပြောရင် ဘယ်သူမှ လက်ခံမယ်မထင်ဘူး ကျွန်တော်ဟာ မန္တလေးမြို့ ၁၇ လမ်း
ဦးကျားကြီး ဝင်အတွင်း မီးလောင်ခဲ့စဉ်က ကျွန်တော်တို့မိသားစု နေစရာနေရာမရှိ
သည့်အထိ ဘဝပျက်ခဲ့ပြီး မြို့သစ် ထွန်တုံးရပ်ကွက် ကျူးမြေအတွင်း အိမ်ဆောက်
ကာနေခဲ့ရပါတယ် အဒီအချိန်က ကျွန်တော်အသက်က ၇ နှစ်ဟောက်ရှိပြီး သူများ
တွေ ကျောင်းနေတော့ နေချင်ပါတယ် ဒါပေမဲ့မနေခဲ့ရဘူး မိသားစုက ၁၁ယောက်
ရှိတယ် မွေးခြင်းက ၉ ယောက် အနက် ကျွန်တော်က အလယ်လူပါ စီးပွားရေး
ဆိုတာ မရှိ မိဘကလဲ ဆင်းရဲ တော့ အဲဒီအရွယ်မှာဘဲ လမ်းဘေးအမှိုက်ပုံတွေ
ပလပ်စတစ်လိုက်ကောက်တယ် ဒိုင်ကိုသွင်းတယ် ၁၃ နှစ်သားလောက်ထိ ပလပ်
စတစ်ကောက်ခဲ့တယ်"
မေး= ဦးထွန်းနိုင် အဲဒီနောက်ဘာတွေ ဆက်ဖြစ်ခဲ့လည်း မှတ်မိသလောက်လေး
ပြောပေးပါလား ...?
ဖြေ= ကျွန်တော်ဘဝမမေ့တက်ပါဘူး အဲဒီနောက် ကျွန်တော် ဈေးချီ အမှိုက်ပုံရောက်သွားတယ် ဂျပ်စက္ကူ သံတို သံဆ ဗူးအခွန်များအားလုံးကောက်တယ် နောက် ပိုက်ဆံလေးနည်းနည်းဆုမိကာ
လိုက်ကောက်တဲ့သူတွေအချင်းချင်း ထံကပြန်ကောက်ယူတယ် ပြီးဒိုင်ခွဲအနေနဲ့
လုပ်ကိုင်ခဲ့ပါတယ် အဲဒီအချိန်မှ ကျွန်တော်အဖေ ဆုံးသွားပါတယ် အဖေဆုံးတော့
ထွန်တုံးရပ်ကလူကြီးက ကျွန်တော်တို့ မိသားစုကို အဖေတောင်မြေမချရသေဘူး
ကျွန်တော်တို့ မိသားစုကို လက်ရှိနေထိုင်တဲ့နေရာက ချက်ချင်းဖယ်ရှားခိုင်တယ်
ဖယ်ရှားပေးပါမယ် အဖေအားသုဘလေးအပြီးထိဆောင့်ပေးပါလိုတောင်းပန်ပြီး
အဖေနာရေးအတွက် ချက်ပြုတ်ရန် အဖေစိုက်ထားသည့် သစ်ပင်တွေခိုတ်ခဲ့သဖြင့်
အဖေနာရေးမချခင်ကျွန်တော်ကို လက်ထိပ်နောင်ပြန်ခတ်ကာ တစ်ညလုံးအဖမ်း
ထားတယ် ထိပ်တုံးခတ်ထားတယ် အဖေနာရေး ရာတော်တောင်မြင်ချတော့
ကျွန်တော် တစ်ညလုံးထိပ်တုံးခတ်ခံထားရသဖြင့် လမ်းတောင်မလျှောက်နိုင်ခဲ့ပါ
ဘူး ကားပေါ်ကိုကျွန်တော်ကိုပွေ့တင်ခဲ့ရတယ် အဲဒီနောက် မိသားစုလိုက် အဖေ
ရက်လည့်တောင် မလုပ်ခဲ့ရဘူး အိမ်ဌားနေခဲ့ရတယ် ကျွန်တော်အသက် ၁၈ နှစ်
လောက်ထိ ဒုက္ခမျိုးစုံခံခဲရပါတယ်။

မေး=အဲဒီနောက် ဦးထွန်းနိုင် ဘဝ အခု ကမ္ဘာအောင်မြေ ကုမ္ပံဏီ ဘဝအထိ ဖြက်
သန့်ခဲ့ရတာတွေ ဘယ်အရွယ်မှာ အိမ်ထောင်ကျခဲ့တယ်ဆိုတာလေး ဖြေပေးပါလား

ဖြေ= နေစရာအိမ်မရှိတဲ့ဘဝကိုစိတ်နာသွားတယ် ပညာမတက်သည့်ဘဝဆိုတော့
တစ်ခြားအလုပ်တွေလဲ ဝင်လုပ်ဖို့က ကျွန်တော်အနေနဲ့မဖြစ်နိုင်ဘူး အဲဒီအချိန်မှ
ကျွန်တော် အဖိုးက ကျွန်တော်ကို အားပေးစကားပြောတယ် ငါမြေး မင်းကခြေသန်
လက်သန်ကြီးကွာ အဖိုးတို့ ငယ်စဉ်က အဖိုးတို့ နေသည့်နေရာမှာ ရေထမ်းရောင်း
သည့် ကုလားလေးတစ်ယောက်ရှိတယ် ငါးကန်တွေလည်းရှိတယ် ရေထမ်းရောင်း
သည့် ကုလားလေးက သူရဲ့ခါးမှာ ပိုက်ဆံကို ရေထမ်းခရတာလေးကို ကျစ်ကျစ်ပါ
အောင်ဆုတယ် သုရဲ့ခါကြားမှအိပ်လုပ်ပြီးဆုတယ် သူများကျွေးတာစာတယ်
နောက် သူဆုထားတဲ့ငွေတွေများလာတေား ငါးဒိုင်ရောင်းတဲ့သူထံကနေ ဝယ်ပြီး
နောက်တော့ သူအပိုင် ငါးကန်တွေဖြစ်သွားတာကို အဖိုးကပြောပြခဲ့သဖြင့်
ကျွန်တော် ရသမျှပိုက်ဆံကို ဆုခဲ့ပါတယ်။

မေး။အဲဒီလိုကြိုးစားခဲ့တဲ့ ဦးထွန်းနိုင်ရဲ့ အခတ်အခဲတွေပြောပြပေးပါလား ..?
ဖြေ= အခတ်အခဲကတော့ အများကြီးပါ အဖိုးပြောခဲ့သည့်အတိုင် ကျွန်တော်
ကျိုးစားလုပ်ကိုင်ခဲ့တာ မြေမရှိသည့်ဘဝ နေစရာမရှိသည့်ဘဝအတွက် အခတ်အခဲ
ဆိုတာ ကျွန်တော်အတွက် အသေလေးဖြစ်သွားတယ် ရသမျှပိုက်ဆံဆုတယ်
ဘာမှာမစားဘူး ဘုန်းကြီးကျောင်းတွေကလှန်ထားသည့် ထမင်းခြောက်ကိုတောင်း
တယ် ပြီးတော့ အဲဒီအတိုင်စားတယ် အိမ်ကို ထမင်းစားခဲ့ပြီ ပြောတယ် အိမ်လဲ
ပိုက်ဆံ မအပ်ဘူး ငွေ ၂ သောင်းလောက် လက်ထဲ့ဆုမိတယ် အဲဒီမှာ ၄ သောင်း
တန်မြေကွက်တစ်ကွက်ဝယ်တယ် တစ်ဝှက်ခြေပြီး အပေါင်းသဘေားနဲ့ မြေရှင်ထံ
ထားတယ် နောက် အလုပ်ဆက်ကျိုးစားတယ် ပထမ စက်ဘီးဌားစီးတယ် အဲဒီစက်
ဘီးနဲ့ ပုံနိုပ်စက်တွေက စက္ကူ ဖြက်စတွေဝယ်တယ် သတင်းစာအဟောင်းဝယ်တယ်
အဲဒီမှ စက်ဘီးလေးကိုယ်ပိုင်ဖြစ်လာတယ် ကျယ်ပြန်လာတယ် လားရှိုးအထိတက်
ဝယ်တယ် ကံကောင်းလာတော့ ကျွန်တော်ဝယ်ထားတဲ့နေရာက မြေဈေးတွေထိုး
တက်လာတယ် ၅၀လောက်ထိရလာတယ် အဲဒီနားကိုရောင်းချပြီး ကျန်ဈေးပေါးတဲ့
၅သိန်းတန် ၁၀ သိန်းတန်တွေဝယ်ထားတယ် စက္ကူ ဖြက်စ ဘားဖြူ ဘားပြာတွေနဲ့
သတင်းစာဟောင်းဝယ်အားကောင်းလာတော့ သတင်းစာတိုက် ပုံနိပ့်တိုက်တွေ
က ကျွန်တော်နဲ့ မိတ်ဆွေတွေဖြစ်လာတယ် ၁၀ ကျော်အတွင်း လုပ်ငန်းကတိုးတက်
မှု့အားကောင်းလာတော့ ကျွန်တော် ဘုရားဒါကာအဖြစ်စတင်၍ဖြစ်လာခဲ့တာ
လားရှိုးက သတင်းစာတိုက်က ဗိုလ်မှူးထံ လမ်းမှ ဒုက္ခရောက်နေသည့် အမျိုးသမီး
တစ်ယောက်ကို သတင်းစာခေါက်ရန်အပ်ပေးခဲ့ရာက နောက်တော့ ဗိုလ်မှူးက
ကိုထွန်းနိုင် ခင်ဗျာအလုပ်အပ်ပေးတဲ့အမျိုးသမီးက စာတက်တယ်ခင်ဗျာအတွက်
အသုံးဝင်တယ် သချာင်္တွေလည်းကျွမ်းတယ် သူကိုခင်ဗျာလူရုံစာရင်းကိုင်အဖြစ်
ခေါ်ထားဆိုတာနဲ့ သူကို ကျွန်တော် စာရင်းကိုင်လူယုံအဖြစ် အတူလက်တွဲခဲ့ရာက
စီးပွားရေးက ကိုယ်လုပ်ရင်လုပ်သလောက်အောင်မြင်လာတော့ လုပ်တူကိုင်ဖက်
တွေက ခင်ဗျာတို့နှစ်ယောက် အတူလက်တွဲလက်ပါဟု ပြောကြသဖြင့် ကျွန်တော်
အသက် ၃၀ လောက်မှာ မိန်မရခဲ့ပါတယ် သူနဲ့ပေါင်းသည့်အချိန်မှ ကျွန်တော်
ဘုရားစေတီပေါင်း ၁၀၀ထိ လှူဒါန်းခဲ့ပါတယ်။
မေး=အဲဒီမိန်မနဲ့က ဘယ်လိုဖြစ်လိုကွဲခဲ့တာလဲ မြေကမ္ဘာအောင်ကုမ္ပံဏီ ကဘယ်လိုဖြစ်လာတာလဲ...?
ဖြေ= ကျွန်တော်ကစာမတက်လို အလိမ်ခံရတာတွေအများကြီးဗျာ ကျွန်တော်က
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ကံတရားနဲ့ ဘာသာရေးကိုကိုးကွယ်သူပါ
စီးပွားတိုင် ဘုရားတည်တယ် ဘုရားတည်တဲ့နေရာ တောတွေထဲ့သွားတည်တယ်
ကျေးလက်ဒေသတွေ ဘုရားပျက်တွေ ကိုအများဆုံးပြုပြင်တာ အဆူ ၁၀၀ထိစီးပွား
ရေးကဖြစ်တယ် လှိုင် မြေအကျိုးဆောင်လုပ်ငန်ဆိုပြီးအမည်ပေးကာ မြိုသစ်နေရာ
တွေမှာ အရောင်အဝယ်လုပ်လာရာက ကျွန်တော်မိန်မနဲ့ကျွန်တော်ကမကွဲသေဘူး
နောက်ဆုံးဘုရား တည်တော့ ၁၀၁ဆူမြောက်မှာ ကျွန်တော်မိန်မက ကျွန်တော်
တပည်နဲ့လိုက်ပြေးသွားတယ် အဲဒီမှာ ဆုထားသမျှ ရွှေ တွေ ငွေတွေ အကုန်သူ
တို့ယူသွားတယ် သိန်းတစ်သောင်းကျော်လောက်ပါသွားတယ် စာရင်းတွေလည်
ကိုယ်ကမသိ တော့ စာတက်သူတွေကိုကျွန်တော်ကြောက်လာတယ် မြေကွက်
ဝယ်ထားတာလေးတွေဘဲကျွန်တော်ကျန်ခဲ့တာ အဲဒီနောက် ဆက်ပြီး မြေတွေ
ကျန်တာတွေရောင်းတယ် နယ်ဘက်တွေ ပြန်ဝယ်တယ် အဲဒီအချိန်က ကျွန်တော်
လက်ထဲ့ ငွေ သိန်းသိန်ဘဲ အိပ်ထဲကျန်ခဲ့တာ လှိုင် မြေအကျိုဆောင်ကနေနံမည်
ပြောင်းပြီး ကုမ္ပံဏီလျှောက်ထားဖို့ ဆရာတစ်ယောက်အကြံညဏ်ပေးသဖြင့်
ကမ္ဘာမြေအောင်ကုမ္ပံဏီ လီမိတက်ဟုကျွန်တော်ဟာကျွန်တော်အမည်ပေးတယ်
စာမတက်သည့်ကျွန်တော်လို့ ဘဝတူ မိန်မကိုဘဝလက်တွဲဖော်အဖြစ်ယူတယ်
အခုလက်ရှိကျွန်တော်မိန်မလည်း စာမတက်ဘူး ကျွန်တော်လည်းစာမတက်ဘူး
စီးပွားရေးကို ခတော်စဉ် ကန့်လန်ဖြက်လုပ်ပြီး မြေတွေဘယ်ရအောင်ဝယ်တယ်
အခုမြို့ပေါ်အလွတ် နယ်တွေမှာ ဧက ၂၀၀ကျော်အထိရှိပြီး ပိုက်ဆံလိုရင် မြို့ပေါ်
ရှိ သိန်း သောင်းချီသော မြေတွေ ရောင်းတယ်ဟု အခြေခံအမှိုက်ကောက်သမား
ဘဝကနေ ကမ္ဘာမြေအောင်ကုမ္ပံဏီ ပိုင်ရှင်ဖြစ်လာသူဦးထွန်းနိုင်ကဖြေကြားခဲ့ပါ
သည်။

စိုင်းထူးခန့်


posted from Bloggeroid