Tuesday, April 5, 2016

ကျောင်းသားအတွက် ဆုတောင်းသူထံ

လက်ပံတန်း ဖမ်းဆီးခံကျောင်းသားများ ပြန်လည်လွှတ်မြောက်ရေးအတွက် ဆုတောင်းပွဲပြုလုပ်သူများနေအိမ်အပေါက်ဝနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများရှေ့သို့ တရားရုံးမှ ဆင့်စာများ လာရောက်ကပ်ထား
----------------------------------------------------------------------------------
လက်ပံတန်းတွင် ဖမ်းဆီးခံရသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလုပ်သူ (၆)ဦး၏ နေအိမ်ပေါက်ဝတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မှာ မုံရွာမြို့နယ်တရားရုံးမှ ဆင့်ခေါ်စာများအား လာရောက်ကပ်သွားတယ်လို့ သိရပါတယ်။

ဆုတောင်းပွဲကို (၂၀၁၅)ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့ညက မုံရွာမြို့ ရွှေစည်းခုံဘုရားပေါ်မှာ ပြုလုပ်ရာတွင် မင်းဆိုးမင်းညစ်များကျဆုံးပါစေ ။မတရားဖမ်းဆီးထားတဲ့ ကျောင်းသားများနဲ့ ထောင်တွင်းအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးကျန်းမာပါစေဟု ဆုတောင်းရာမှာ နိုင်ငံတော်အားအကြည်ညိုပျက်စေသည်ဟုဆိုကာ ထိုစဉ်အချိန်က မုံရွာမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက မုံရွာမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ပါတယ်။

တရားစွဲထားသည့် ၅၀၅ (ခ) ပုဒ်မဟာ ရဲရေးမပိုင်သည့် ပုဒ်မဖြစ်သည့်အတွက် မြို့နယ်အုပ်ချုပ်ရေးမှုးက တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲဆိုခဲ့တာလို့လဲ သိရပါတယ်။
ဒါကြောင့် မုံရွာမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (ခ) ဖြင့် ဧပြီလ (၁)ရက်နေ့ရက်စွဲပါ ဆင့်ခေါ်ဝရမ်းများအား ထုတ်ပြန်ရာမှာ ဧပြီလ (၅)ရက်နေ့ နေ့လည်မှာတော့ အဆိုပါ စွတ်စွဲခံရသူ (၆)ဦး၏နေအိမ်များ အပေါက်ဝနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ ယခုလို လာရောက်ကပ်ခဲ့တာလဲ ဖြစ်ပါတယ်။

တရားစွဲဆိုခံရတဲ့သူတွေကတော့ ကျောင်း သားသမဂ္ဂအဖွဲ့ဝင် မှုံကြီး (ခ) ဖြိုး ဇော်ဦး၊ လက် ပံတောင်းတောင် ကယ် တင်ရေးကော်မတီမှ ဦးမြင့်အောင်၊ အထက် မြန်မာပြည်ကျောင်းသားသမဂ္ဂ ဒု ဥက္ကဋ္ဌ နွေ ဦး ကို၊ မုံရွာခရိုင် ဦးသန်းအေး၊ နိုင်ငံရေး တက်ကြွလှုပ် ရှားသူများဖြစ်သော ကိုရာဇာနှင့် ကိုနိုင်ထွဋ်ဦးတို့ဖြစ်ကြပါတယ်။

ဆင့်ခေါ်ဝရမ်းစာတွင် တရားစွဲဆိုခံရသည့်သူ (၆)ဦးကို ဧပြီလ (၈)ရက်နေ့မှာ လောက်ေ၇ာက်ဖြေရှင်းရန်အတွက် မုံရွာမြို့နယ်တရားသူကြီးက ထုတ်ပြန်ထားတာကိုတွေ့ရပြီး ယခုလို ပြောင်းလဲလာသည့် ခေတ်အခြေမှာ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရသူများ၏ အမှုများကို ပြန်လည်ရုပ်သိမ်းပေးစေလိုကြောင်း တရားစွဲဆိုခံရသူ၏ မိခင်တစ်ဦးမှ ဆိုပါတယ်။

လက်ပံတန်းကျောင်းသားများပြန်လည်လွတ်မြောက်ရေးဆုတောင်းပွဲကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့က စတင်ပြီး ဒီဇင်ဘာလအထိ ညစဉ်ညတိုင်းရက်တန်ကြာ ပြုလုပ်ခဲ့ကြကြောင်းလဲ သိရပါတယ်။

ရန်နိုင်စိုး
09400466087
Video files တွေထပ်မံပေးပို့ပါမည်

posted from Bloggeroid

အသိတရားရှိသော နွားနဲ့ဝက်

အံဖွယ်သံယောစဉ်
~~~~~~~~~~~~

ဒီနွားလေးက ကျုံပျော်ဇရစ်ရိုးက
နွားဦးတိုက်ဆရာတော်ရဲ့ နွားလေးပါ
ဆရာတော်တရားပွဲသွားတိုင်း
ဆရာတော်နောက်လိုက်ပြီးသာသနာပြုတယ်
တရားပွဲပြီးတိုင်းဆရာတော်ကိုဦးတိုက်လေ့ရှိတယ်

ဝက်ကလေးကတော့မကြာသေးခင်ကမှ တရားပွဲတစ်ခုမှာ နွားဦးတိုက်တာမြင်တော့ သူလည်းလိုက်ဦးတိုက်တယ်
ဆရာတော်လည်းအဲ့ ဒီ့ ဝက်ကလေးကို ပိုင်ရှင်ဆီကအလှူခံလာခဲ့တာ

တော်တော်ထူးဆန်းပါတယ်
ဒီနွားနဲ့ ဝက် ကလေးကအတူတူနေတယ်
အတူတူစားတယ်
ထူးခြားတာအများကြီးရှိပါတယ်
ရေစက်လို့ ပဲပြောရမလား?

နွားလေးကတော့သာသနာပြုရင်း
ပြီးခဲ့တယ့်လေးငါးရက်ကမှ အသက်၂၀မှာသေဆုံးခဲ့တယ်
ဒီနွားလေးသေတော့ဝက်ကလေးလည်း တော်တော်ခံစားရတယ်

နွားလည်ပင်းကြိုးကိုဆွဲပြီး နွားကိုနှိုးလိုက်
နွားကိုယ်ပေါ်တတ်လိုက်
မြေပြင်မှာလှိမ့်လိုက်နဲ့ မျက်ရည်တောက်တောက်ကျပြီးငိုလိုက်
ဆရာတော်ဆီပြေးသွားလိုက်နဲ့ တော်တော်သနားဖို့ ကောင်းပါတယ်

နွားကိုဂူသွင်းမယ့်ကွန်ကရစ် ပေါ်မှာလဲပြီး မျက်ရည်ကျလိုက်နဲ့ သတ္တဝါတွေရဲ့ ချစ်ခြင်းမေတ္တာကို သူတော်ကောင်းတို့ မြင်တွေ့ ရအောင် မျှဝေပေးလိုက်ပါတယ်
ပြန်လည်လည်းမျှဝေပေးပါ

ရတနာသုံးပါးဦးထိပ်ထားလျက်

credit-ပရလောကမှရှားပါးမှတ်တမ်းများ

May Thandar Kyaw Facebook မှ

posted from Bloggeroid

ဆိုင်ကယ်စီလုယက်သူများဖမ်းမိ


မန္တလေးမြီု့ညအချိန်ဆိုင်ကယ်ရိုက်လုတဲ့အဖွဲ့ထဲကလူတခို့ဖမ်းမိ
့
မန္တလေးမှာအဖွဲ့လိုက်ဆိုင်ကယ်လုယက်ပြီးလူကိုအသေသတ်ဒုက္ခပေးနေတဲ့အဖွဲ့.......
မန္တလေး၃၅လမ်း၆၇×၆၈ကြားမနေ့ကည၁၂နာရီလောက်ကကျွန်မယောင်္ကျားနဲ့သူ့သူငယ်ချင်းဆိုင်ကယ်တစီးစီ
စီးလာတာကိုအဖွဲ့လိုက်ရပ်နေတဲ့လူ၇ယောက်ကကျွန်မယောကျာင်္းရဲ့ဆိုင်ကယ်ကိုခဲတွေနဲ့ဝိုင်းထုပါတယ်ဆိုင်ကယ်ရဲ့ဘီးကိုအဓိကထားထုတာပါဆိုင်ကယ်လည်းလဲရောလူကိုလည်းအသေသတ်ဖို့ခဲတွေ၊ခါးပတ်တွေ၊ကျောက်လှည့်တွေကိုင်ပြီးလိုက်လာပါတယ်...ကျွန်မယောင်္ကျားလည်းဆိုင်ကယ်လဲတဲ့ဒဏ်ရာတွေရောခဲနဲ့ထုတဲ့ဒဏ်ရာတွေရောရထားတဲ့ကြားကအသေသတ်ဖို့လိုက်လာတဲ့အဖွဲ့ကိုကြောက်လွန်းလို့မနည်းအသက်လုပြေးခဲ့ရပါတယ်..အရမ်းကြောက်ဖို့ကောင်းပါတယ်..😨😨😨အဲ့အချိန်မှာလှည့်ကင်းကရဲတွေရောက်လာပြီးဝိုင်းဖမ်းတော့မှ၁ယောက်ကိုမိပါတယ်...ရဲတွေအရောက်မြန်လို့အသက်ဘေးကလွတ်ခဲ့ရတာပါ..အဲ့အဖွဲ့ကလူကိုအသေသတ်ပြီးဆိုင်ကယ်လုတာပါ...လက်စဖျောက်ပြီးလုချင်ပုံရပါတယ်...ရဲတွေသာအချိန်မှီရောက်မလာခဲ့ရင်ကျွန်မယောင်္ကျားဘဝမတွေးဝံ့စရာပါ..😢😢😢😢
သူ့သူငယ်ချင်းကတော့ရိုးရိုးဆိုင်ကယ်ဆိုတာ့ဘာမှမဖြစ်ခဲ့ပါ...ယောင်္ကျားမှာသာHonda click စီးပြီးအလုခံခဲ့ရတာပါ..လုတဲ့အဖွဲ့တွေကဆိုင်ကယ်အကောင်းစီးလာသူတွေကိုပဲအဓိကပစ်မှတ်ထားတာပါ..ဆိုင်ကယ်အကောင်းစီးသူများသတိထားကြပါအရမ်းကြောက်ဖို့ကောင်းပါတယ်...မန္တလေးမှာလူကိုအသေသတ်ပြီးဆိုင်ကယ်လုတဲ့အဖွဲ့က groupလိုက်လှုပ်ရှားနေတာပါ..ခုရဲကစစ်မေးလိုက်တော့၇ယောက်မှာ၃ယောက်တော့မိသွားပါပြီ..ဆက်စစ်နေတုန်းပါ...အောင်ပင်လယ်ကပါတဲ့...အများသတိထားနိုင်အောင်သူခိုး၂ယောက်ရဲ့ပုံကိုတင်ပေးလိုက်ပါတယ်..နောက်၁ယောက်ပုံကိုတော့ရိ

ုက်ထားတဲ့ပုံမရှိလို့နောက်မှတင်ပေးပါ့မယ်...ကျွန်မကတော့သူတို့အားလုံးကိုလုံးဝမကျေနပ်ပါ...ပြစ်ဒဏ်အကြီးကြီးကျအောင်တရားစွဲဆိုသွားမှာပါ...ကျွန်မယောင်္ကျားကခုဆိုဆိုင်ကယ်မှောက်ထားပြီးဝိုင်းထုခံရတဲ့ဒဏ်ရာတွေတော်တော်များပါတယ်..ရှေ့သွား၂ချောင်းလည်းကျိုးသွားပါတယ်..လက်တဖက်ကလည်းကောင်းကောင်းမလှုပ်နှိုင်ပါ...မျက်နှာမှာလည်းဒဏ်ရာတွေနဲ့ပါ...သူတပါးကိုအနာတရဖြစ်အောင်လုပ်တဲ့အဖွဲ့မြန်မြန်ဖမ်းမိအောင်သိတဲ့သူများပါရင်ကူညီပေးကြပါ..😂😂😂😂😂😂ဂူးဂူး

posted from Bloggeroid

မန် မြို့တော်ကိုပြင်ပကရွေးချယ်

မန္တလေးမြို့တော်ဝန်အဖြစ် ဒေါက်တာရဲလွင်အား ရွေးချယ်
---- ------ ------ ------ ----
မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ဧပြီလ ၅ ရက်နေ့  နဝမအကြိမ် ဒုတိယနေ့ ပထမအကြိမ် ဒုတိယနေ့
လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာရဲလွင်ကို မန္တလေးမြို့တော်ဝန်အဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

"မန္တလေးမြို့တော်ဝန်အဖြစ် အများက ဘယ်သူဖြစ်လာမယ်ဆိုတာ အရမ်းသိချင်ကြတာ။ ထင်ထားတဲ့လူ မဖြစ်လာဘူး။ ဒီနေ့ လွှတ်တော်က ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ ဒေါက်တာရဲလွင်ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်။ မန္တလေးပြည်သူတွေမျော်လင့်နေတဲ့ မြို့တော်ဝန်အသစ် ဒေါက်တာရဲလွင်ကို တောင်းဆိုချင်တာက အများပြည်သူ လူတိုင်းရေကစားနိုင်တဲ့သင်္ကြန်မျိုးဖြစ်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မန္တလေးက စီးပွားရေးလုပ်ငန်းရှင်းတွေ မဏ္ဍပ်တွေနဲ့ သင်္ကြန်ကျခဲ့တာ ကြာပါပြီ။ ဒီနှစ် မြန်မာ့ရိုးရားသင်္ကြန်ကို အစိုးရသစ်လက်ထက် ပြည်
တော်ဝင်သင်္ကြန်နဲ့အတူ အားလုံး ပါဝင်ဆင်နွှဲနိုင်ပါစေ”ဟု လွှတ်တော်လေ့လာလာသူ ဒေသခံ ကိုစိုးသိန်းက ပြောသည်။

ဝန်ကြီးဌာန ၇ ခုအတွက် ဝန်ကြီးများခန့်အပ်နိုင်ရန် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင် ချမ်းအေးသာစံ မဲဆန္ဒနယ် အမှတ် ၂ မှ ဦးစိုးသန်း၊ မဟာအောင်မြေ မဲဆန္ဒနယ်အမှတ် ၁ မှ ဦးဇာနည်အောင်၊ မိုးကုတ်မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမျိုးသစ်၊ ပြင်ပ ပညာရှင် ဦးမြတ်သူနှင့် ဦးရဲလွင်၊ ရှမ်းတိုင်းရင်းသားဝန်ကြီးအဖြစ် ဦးစိုင်းကျော်ဇောအပါအဝင် ၇ ဦးကို နာမည်စာရင်း တင်သွင်းခဲ့သည်။

အဆိုပါ ဝန်ကြီးဌာ ဆိုင်ရာ ၇ နေရာအတွက် ဒေါက်တာစိုးသန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဇာနည်အောင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးမျိုးသစ်၊ သယံဇာတနှင့် သာဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ဦးမြတ်သူ၊ စီမံကိန် ဘဏ္ဍာရေးဝန်ကြီး ဦးရဲလွင်၊ စည်ပင်သာယာရေးဝန်ကြီးနှင့် မြို့တော်ဝန်ကြီး ဦးအောင်ဝင်း၊ ဥပဒေချုပ် ဒေါ်ခင်အေးဆွေ၊ စာရင်းစစ်ချုပ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးများအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

စိုင်းထူးခန့် 

posted from Bloggeroid

Monday, April 4, 2016

မန္တလေး မြို့တော်ဝန်

ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ မန္တလေးမြို့တော်ဝန်ရွေးချယ်လိုက်ပြီဟုဆို

မန္တလေး ဧပြီ ၅
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကနေ ပြည်တော်ဝင်သင်္ကြန်းနဲအတူ
ဧပြီလ ၅ ရက်နေ့  နဝမအကြိမ် ဒုတိယနေ့ ပထမအကြိမ် ဒုတိယနေ့
လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာရဲလွင်ကိုမန္တလေးမြို့တော်ဝန်
အဖြစ်ရွေးချယ်လိုက်ကြောင်းသိရသည်။

"မန္တလေးမြို့တော်အဖြစ်အများက ဘယ်သူဖြစ်လာမယ်ဆိုတာအရမ်းသိချင်
ကြတာ ထင်ထားသည့်လူ မဖြစ်လာဘူး ယနေ့ လွှတ်တော်က ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ ဒေါက်တာရဲလွင်ကိုရွေးချယ်လိုက်တာဖြစ်
ပါတယ် မန္တလေးပြည်သူတွေမျော်လင့်နေသည့် ပြည်တော်ဝင်သင်္ကြန်
မြို့တော်ဝန်အသစ် ဒေါက်တာရဲလွင်ကို တောင်ဆိုချင်တာက အများပြည်
သူလူတိုင်ရေစကားရသည် သင်္ကြန်မျိုး တောင်းဆိုပါတယ် မန္တလေးက
စီးပွားရေး လုပ်ငန်းရှင်းတွေမဏ္ဍာပ်တွေနဲ့ သင်္ကြန်းကြခဲတာကြပါပြီး
ဒီနှစ်မြန်မာနိုင်ငံ မြန်မာ့ရိုးရား သင်္ကြန်းကို အစိုးရသစ်လက်ထက် ပြည်
တော်ဝင်သင်္ကြန်နဲ့အတူ အလုံးပါဝင်ဆင်နွဲနိုင်ပါစေဟု လွှတ်တော်လေ့လာ
ရေးလာသူ ဒေသခံကိုစိုးသိန်းကပြောသည်။


ဝန်ကြီးဌာန ၇ ခုအတွက်ဝန်ကြီး များခန့်အပ်နိုင်ရန် မန္တလေးတိုင်းဝန်ကြီး
ချုပ် ဒေါက်တာဇော်မြင့်မောင် အဆိုတင်သွင်းထားသည် အမည်စာရင်းက
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး မျိုးမင်းအောင် ချမ်းအေးသာစံ
မဲဆန္ဒနယ် အမှတ် ၂ က ဦးစိုးသန်း မဟာအောင်မြေ မဲဆန္ဒနယ်အမှတ် ၁
က ဦးဇာနည်အောင် မိုးကုတ်မဲဆန္ဒနယ်အမှတ် ၂ က ဦးမျိုးသစ်နှင့်ပြင်ပ
ပညာရှင် ဦးမြတ်သူနှင့် ဦးရဲလွင် ရှမ်းတိုင်းရင်းသားဝန်ကြီးအဖြစ် ဦးစိုင်း
ကျော်ဇော တိုင်းရင်းသားရေးရာ အပါအဝင် ၇ ဦးတင်သွင်းခဲသည်။

စာရင်းစစ်ချုပ်အဖြစ် ဦးအောင်လွင် ရုံးအဖွဲမှူး ဒုတိယညွန့်ကြားရေးချုပ်
အဖြစ်ခန့်အပ်ကာ စာရင်းစစ်ရုံးချုပ် တိုင်းဒေသကြီးအဖြစ် ဒေါ်ခင်အေးဆွေ
တို့ ၂ ဦးကို ခန်အပ်လိုက်ကြောင်းသိရသည်။

အဆိုပါ ဝန်ကြီးဌာ ဆိုင်ရာ ၇ နေရာအတွက်မန္တလေးတိုင်းဒေသကြီး လွှတ်
တော်ကနေ ဧပြီလ ၅ နေ့အတည်ပြုခန်အပ်လိုက်သည့် နေရာတွေကတော့
ဒေါက်တာစိုးသန်း စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဇာနည်အောင် လျှပ်စစ်နှင့် စက်မှု့ဝန်ကြီး ဦးမျိုးသစ် သယံဇာတနှင် သာဘာဝပတ်ဝန်ကျင်
ဆိုင်ရာဝန်ကြီး ဦးမြတ်သူ စီမံကိန် ဘဏ္ဍာရေးဝန်ကြီး ဦးရဲလွင် စည်ပင်
မြို့တော်ဝန်ကြီး ဦးအောင်ဝင် ဥပဒေချုပ် ဒေါ်ခင်အေးဆွေ စာရင်းစစ်ချုပ်
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး မျိုးမင်းအောင် နယ်စပ်ရေရာနှင်
လုံခြုံရေးဝန်ကြီးများအဖြင့် ပြည်တော်ဝင်သင်္ကြန်းနဲ့အတူ ယနေ့ခန့်အပ်လိုက်ကြောင်းသိရသည်။

posted from Bloggeroid

လာဘ်စားမှုပပျောက်ရေး



လာဘ်စားမှုပပျောက်ရေး သမ္မတရုံးညွှန်ကြားချက်အပေါ် အမြင်တချို့

05.04.2016 08:22



ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ အစိုးရ၀န်ထမ်းတွေ ကျပ်ငွေနှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်မယူဖို့ တားမြစ်လိုက် ပါတယ်။ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်ဟာ နှစ်ပေါင်းများစွာ ယိုယွင်းနေတဲ့ အစိုးရယန္တယားကို ပြင်ဆင်ဖို့ ရည်ရွယ်တာမှန်ပေမဲ့ အကျင့်ပျက်ခြစားမှုတွေ အမြစ်ပြတ်ဖို့ အတွက်ကတော့ ဒီထက်ပိုဆောင်ရွက်ဖို့ လိုမယ်လို့လည်း သုံးသပ်သူတွေက ထောက်ပြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့အတွက် အဂတိလိုက်စားမှု နဲ့ အကျင့်စာရိတ္တ ပျက်ပြားမှု အချိန်တိုတွင်း လုံးဝပျောက်သွားစေ ဖို့ဆိုပြီးမြန်မာငွေ နှစ်သောင်းခွဲထက်ပိုပြီး လက်ဆောင်ပစ္စည်း မယူရဆိုတဲ့ လမ်းညွှန်ချက် ကို နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံး လက်မှတ်ထိုးပြီး ဧပြီလ ၁ရက်နေ့မှာ ဗဟိုရုံးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ပြည်နယ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အကျင့်ပျက်ခြစားမှုကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်ဆိုတဲ့ ကြွေးကြော်ထားတဲ့ ဒ်ါအောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ခြေလှမ်းသစ်အဖြစ် ကြိုဆိုပေမဲ့လို့ ဒီလိုလက်ဆောင် ပစ္စည်းတွေကို ကန့်သတ်တာ ထက် နိုင်ငံတော်အဆင့် စီမံကိန်း၊ စီမံချက်တွေမှာ လုပ်ပိုင်ခွင့်တွေကို ဥပေဒေနဲ့ လက်တလုံးခြားဆောင်ရွက်နေတာတွေကို အဓိကထားဖော်ထုတ်သင့်တယ်လို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“ဒီဝန်ထမ်းတွေလဘ်စားတယ်ပေါ့နော်။ အခု လက်ဆောင် ပစ္စည်းဆိုင်ရာ မူဝါဒပေါ့။ အဲဒါကို ကျွန်တော်တို့ ခေါ်တာက petty correction လို့ ခေါ်ပါတယ်။ ဆိုလိုတာက အသေးစား လာဘ်စားမှုပေါ့နော်။ တကယ့်တကာယ် လာဘ်စားမှု ဖြစ်တာက အကြီးကြီး ဒီမူဝါဒ ပိုင်းဆိုင်ရာမှာ ဖြစ်တာပါ။ တချို့တွေက အစိုးရ မူဝါဒကို ပါးပါးလေးလှည့်လိုက်တယ်။ ဆိုတော့ အဲဒီအပေါ်မှာ အကြီးကြီးစားသွားတာမျိုးပေါ့။ အဲဒါမျိုးတွေက ပိုအရေးကြီးပါတယ်။ အဲဒီလိုမျိုး မူဝါဒအပေါ်မှ လာဘ်စားတဲ့ ဟာမျိုးကို ဆက်ပြီးတော့ ကိုင်တွယ်ဖို့ လိုမယ် ထင်တယ် ခင်ဗျ။”

အစိုးရသစ်ကိုဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မြန်မာနိုင်ငံတွင်း အကျင့်ပျက်ခြစားမှုလုံးဝကင်းစင်အောင် ပါတီဝင်တွေရော လွှတ်တော်ကိုယ်စားလှယ်တွေကိုရော အဂတိလိုက်စားရင် ထောင်ဒဏ်အထိ မှတ်လောက်အောင် အပြစ်ပေးမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပြီးနောက်မှာ အခု သူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဖြစ်လာခ်ျိန်မှာ ပြည်နယ်၊ တိုင်းဝန်ကြီးတွေဆီကို အခုလိုလမ်းညွှန်ချက် ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ဥပဒေပညာရှင် ဦးသိန်းသန်းဦးကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျင့်ပျက်ခြစားမှုကို အရေးတကြီး တိုက်ဖျက်ဖို့ဆိုရင် အရင်အစိုးရလက်ထက်က မိမိနဲ့ လက်သင့်ရာ၊ ကိုယ်ပိုင်အကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အများပိုင်စီမံကိန်းတွေ လုပ်ကွက်တွေ လုပ်ပိုင်ခွင့်တွေ ချပေးထားတာတွေကိုလည်း ပြန်သုံးသပ်သင့်တယ်လို့ မြင်ပါတယ်။

“ကျွန်တော်က တော့ ပြတ်ပြတ်သားသား အခုဗျာ စီမံချက်တွေကို ပြန်ပြီးတော့ review လုပ်သင့်တယ်လို့ ထင်ပါတယ်။ မြင်သာထင်ရှားအောင် လူထုကိုလဲ ချပြသင့်တယ်။ ရန်ကုန်မြို့သစ် စီမံကိန်း ဘာညာ သာရကာ စီမံကိန်း သွားခါနီးလေးကို ဆီးသီးဗန်းမှောက်ပြီးတော့ လမ်းတွေပြင်၊ တံတားတွေဆောက် စီမံချက်တွေ လုပ်သွားကြတာ။ ဒါတွေကိုလည်း ပြန်သုံးသပ်သ့င့်တယ်လို့ ထင်ပါတယ်။ အဲဒီမှာ လဘ်ပေးလာဘ်ယူက အဲဒီမှာ ပေါ်မှာ။ လေလံ ပစ်ခဲု့ကြတယ်ဗျာ။ ကျောက်တံတားမြို့နယ်က အထင်ကရ နေရာကြီးကို ကြမ်းခင်းဈေး သိန်း၁၀၀ တို့ ဘာတို့နဲ့ လုပ်သွားခဲ့ကြတဲ့ ကိစ္စတွေ ရှိတယ်။ ဒါတွေကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ ပက်သက်တဲ့အတွက် ခွင့်ပြုချက် ခွင့်လွှတ်ချက်မပေးသင့်ဘူး။ ဒီစီမံကိန်းတွေကိုလည်း တိတိကျကျ ပြတ်ပြတ်သားသား အစိုးရအဖွဲ့ တစ်ရပ်လုံးအနေနဲ့ လဲ တင်ပြ စီစစ်သင့်တယ်။ လွှတ်တော် မှာလည်း တင်ပြ စီစစ်သင့်တယ်။ လူထုကိုလဲ တင်ပြသင့်တယ်။ အဲဒီတွေ့ရှိချက်အပေါ်မှာတော့ ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား အရေးယူသင့်တယ်လို့ ကျွန်တော် ထင်တယ်။”

ဒီလမ်းညွှန်ချက်ထဲမှာ လက်ဆောင်ပစ္စည်းတွေထဲ ငွေကြေးနဲ့ တန်ဖိုးရှိသည့် ပစ္စည်း ရွှေ၊ ငွေ၊ လေယာဉ်လက်မှတ်၊ အခမဲ့တည်းခိုခ၊ အခမဲ့စားသောက်ခ၊ ဧည့်ခံကျွေးမွေးခြင်း၊ ဂေါက်သီးအသင်းဝင်ကြေးတွေပါ အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။ ကိုယ်တာဝန်ယူထားတဲ့ ရာထူးလုပ်ပိုင်ခွင့်ကနေ အကျိုးခံစားခွင့် ရသွားစေမည့်သူတွေဆီက လက်ဆောင်ပစ္စည်းလုံးဝလက်မခံရလို့လည်း ပါရှိပါတယ်။

မြန်မာကျပ်ငွေ ၂၅၀၀၀ ထက် မပိုသော လက်ဆောင်ပစ္စည်းက ယူခွင့်ရှိပေမဲ့လို့ တနှစ်လုံးမှာ မြန်မာကျပ်ငွေတန်ဖိုး ၁၀၀၀၀၀ ထက် မပိုစေရ လို့လည်း ပြောထားပါတယ်။ အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကတော့ မြန်မာကျပ်ငွေ သုံးသိန်းထက်မပိုစေရလို့ ဆိုထားတာပါ။

နိုင်ငံခြားအစိုးရတွေဆီက ပေးအပ်လာတဲ့ လက်ဆောင်ပစ္စည်းတွေကိုတော့ ငွေတန်ဖိုး ကျပ် ၄၀၀၀၀၀ မပိုသော လက်ဆောင်ပစ္စည်း၊ တရားဝင်ကိစ္စ အတွက် ခရီးသွားလာစရိတ်၊ ပညာသင်ဆု၊ ဆေးဝါးကုသစရိတ်များကိုသာ လက်ခံရမယ်လို့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတတွေကို ပေးအပ်တဲ့ လက်ဆောင်ပစ္စည်းတွေကို ဦးစီးရုံးတွေရဲ့ ဒုတိယညွန်ကြားရေးမှူးချုပ်များက နိုင်ငံတော်သမ္မတရုံးဝန်ကြီးတွေကို အမြန်ဆုံးတင်ပြဖို့လည်း လမ်းညွှန်ထားပါတယ်။

posted from Bloggeroid

Friday, April 1, 2016

ကလေးမုဒိမ်း


အသက် ၅ နှစ်အရွယ်ကလေးမတစ်ဦးအားမုဒိမ်းကျင့်ရန်ကြိုးစားသူ တပ်မတော်သား တစ်ဦးကိုအမှုဖွင့်အရေးယူထား
ဧပြီလ ၁ ရက်၊ ၂၀၁၆
သတင်းဇော်ခ၊ ဓာတ်ပုံ၊ တင်ဦးမောင်
အသက် ၅ နှစ်အရွယ်ကလေးမတစ်ဦးအား လိင်ပိုင်းဆိုင်ရာမုဒိမ်းကျင့်ရန်ကြိုးစားမှုဖြင့် မြန်မာ့တပ်မတော်မှတပ်သားတစ်ဦးအား မြောက်ဦးရဲစခန်းမှအမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်းသိရပါတယ်။
ဖြစ်စဉ်မှာ မတ်လ၃၁ရက်နေ့ ညနေ၈နာရီ ကျော်လောက်မှာ ရခိုင်ပြည်နယ်မြောက်ဦးမြို့ ၀သဲရပ် ကွက်နေ ဘ (ဦး….နှင့် (မိ)ဒေါ် …….တို့ရဲ့သမီး မ…..အသက် ၅နှစ်အရွယ်အား ထပရ ၈၂၈ မြောက်ဦးမြို့ တပ်သားထွန်းလှိုင် ကိုယ်ပိုင်အမှတ် တ/ ၄၃၈၄၉၇ ဟာ ကလေးမှာအိပ်နေစဉ် တပ်သား ထွန်းလှိုင်ရောက်ရှိ လာပြီးကလေးမလေး အားပါးစပ်ပိတ်ပြီးခေါ်သွားပြီးတော့မုဒိမ်းကျင့်ရန်ကြို့စား စဉ်ကလေးမ ကအော်ဟစ် သံကြား၍ ဘေးပတ်ဝန်း ကျင်ကြားပြီးရောက်လာခဲ့တယ်လို့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြောက်ဦးမြို့ ရဲစခန်းမှရဲမှူးတစ်ဦးကဒီဗွီဘီကို ပြောပါတယ်။
’’ဟုတ်ကဲ့ပါ။ဖြစ်စဉ်ကမှန်ပါတယ်။မနေ့ည ၈ နာရီကျော်လောက်မှာပေါ့လေ။ ၀သဲရပ်ကွက် မှာရှိတဲ့အိမ်မှာပေါ့။အဲ့ဒီမှာထမင်းဆိုင်ရှိတယ်။ ကလေးမလေး က၅ နှစ် ကလေးပေါ့လေ သူကအိပ်နေ တာပေါ့လေ။၂၁ နှစ်ရှိတဲ့ကောင်းလေးကရောက်လာ တာပေါ့လေ။ သူ့ကိုပါးစပ်ပိတ်ပြီးတော့ခေါ်သွားတယ်။ အဲ့လို့ကျင့်မလို့လုပ်နေတုန်း ကလေးမလေးက အော် လိုက်တာပေါ့လေ။ဒါကို ဘေးပတ်ဝန်းကျင်က လူတွေကြားတော့ ၀ိုင်းလာကြပြီးတော့ ဖမ်းချုပ်လိုက်တယ်ပေါ့ လေ။ လို့ပြောပါတယ်။
မုဒိမ်းကျင့်ရန်ကြိုးစားခံခဲ့ရတဲ့ကလေးမှာ တပ်သားရဲ့ရိုက်နှက်မှုကြောင့် ပါးပြင်များနှင့်လက်မောင်များမှာ ဒဏ်ရာအချို့ရှိတယ်လို့သိရပါတယ်။ လက်ရှိအခြေအနေမှာကလေးမအားမြောက်ဦးဆေးရုံ မှာဆေးစစ် ချက်များပြုလုပ်နေကြောင်းအသးစိပ်ကိုမသိရှိရသေးကြောင်းရဲမှူးမှဆက်လက်ပြောပါတယ်။
’’ဆေးစစ်တာကတော့ ကျွန်တော်တို့သိပ်တော့မသိဘူးဗျ။ ဒါကတော့ဆရာဝန်ကြီးတွေသိတာပါဗျ။ ကျွန်တော် အနေနဲ့ကတော့ဘာမှမဖြစ်နိုင်ဘူးလို့လည်းပြောချင်ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကြံစီတာက တော့ကြံစီတယ်ပေါ့။ မုဒိမ်းမှုမမြောက်ဘူးပေါ့ဗျာ။ကောင်းမလေးအနေအထားကိုလည်း သေချာမေးထားပြီး ပါပြီ။ကလေးမလေးက အော်လိုက်တာပေါ့လေ။ ဒါကိုကြားလို့ဘေးပတ်ဝန်းကျင်ကြားပြီးလာကြတယ်။ အဲ့ဒီအချိန်မှာ ဘာမှမလုပ်ရသေးဘူး။ အထမမြောက်သေးဘူးပေါ့လေလို့ရဲမှူးကဆက်လက်ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတပ်သားထွန်းလှိုင်းအား မြောက်ဦးမြို့ရဲစခန်းမှ ပ ၃၅/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ နဲ့အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။ အလားတူ ရခိုင်ပြည်နယ်စစ်တွေမြို့၊ဓည၀တီ ရပ်ကွက်မှနေထိုင်သူ မဌေးဌေးစံ အသက်၈ အရွယ်ရှိကလေးမတစ်ဦးကို စစ်တွေအခြေစိုက် အမှတ် ၃၅၄ ခြေမြန်တပ်ရင်းမှ

ဒုတပ်ကြပ်နေ၀င်အားစက်တင်ဘာ ၂၂ ရက်နေ့ ၂၀၁၅နေ့မှာမုဒိမ်းပြုကျင့်ပြီးနောက်၊ ရန်ကုန်၊ ရန်ကင်း ကလေးအထူးကုဆေးရုံးမှာဆေးကုသမှုခံယူနေစဉ် အောက်တိုဘာလ၂၁ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

posted from Bloggeroid