Sunday, January 10, 2016

ထညါနျုုဘလ


fhjjkgfcbhbvdcbhh

အကလလလ

ကံကောင်းခြင်းရတနာ အခြေခံလုပ်အားခသတ်မှတ်သည့်အပေါ်
နစ်နာမှု့များရှိသဖြင့် မန္တလေးမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်
အနည်းဆုံးအခကြေးငွေဥပဒေ သတ်မှတ်ပြီးနောက်ပိုင်းအလုပ်ရှင်မှ
အလုပ်သမားများ၏ ယခင်ရရှိသော လုပ်အားခများကိုဘတစ်ဖက်သတ်အဓမ္မလျော့ချ
ခြင်းနှင့် ကုန်ထုတ်လပ်ြမူတွင် အရေအတွက်တိုးမြင့်တောင်ခံခြင်းအား သတင်း
စာရှင်းလင်းပွဲပြုလုပ်
=========================================================
မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ် ဘဲလင်းကျေးရွာရှိ
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ
တွင် ၂၀၁၃ ခုနှစ်အနည်းဆုံးအခကြေးငွေဥပဒေ
ဖြင့် လုပ်ဆောင်သည်ဟုဆိုကာ အလုပ်ရှင်မှ
အလုပ်သမားများရရှိသော လုပ်အားခများကို
တစ်ဖက်သတ် အဓမ္မလျော့ချ ဖြတ်ချပြစ်ခြင်းများ
ပြုလုပ်လိုက်သဖြင့် အလုပ်သမား ၁၀၀ ခန်မှ
မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ် အောင်တခွန်
ခန်းမတွင် ဇန်နာဝါရီလ ၁၀ နေ့နံနက် ၁၀ နာရီ
အချိန်မှစတင်၍ ကျေနပ်မှုမရှိကြောင်းသတင်းမီဒီ
ယာများကိုပြောသည်။


posted from Bloggeroid

Saturday, January 9, 2016

အလုပ်သမားပြသာနာသတင်းစာရှင်းလင်းပွဲ

အနည်းဆုံးအခကြေးငွေဥပဒေ သတ်မှတ်ပြီးနောက်ပိုင်းအလုပ်ရှင်မှ
အလုပ်သမားများ၏ ယခင်ရရှိသော လုပ်အားခများကိုဘတစ်ဖက်သတ်အဓမ္မလျော့ချ
ခြင်းနှင့် ကုန်ထုတ်လပ်ြမူတွင် အရေအတွက်တိုးမြင့်တောင်ခံခြင်းအား သတင်း
စာရှင်းလင်းပွဲပြုလုပ်
============================
မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ် ဘဲလင်းကျေးရွာရှိ
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ
တွင် ၂၀၁၃ ခုနှစ်အနည်းဆုံးအခကြေးငွေဥပဒေ
ဖြင့် လုပ်ဆောင်သည်ဟုဆိုကာ အလုပ်ရှင်မှ
အလုပ်သမားများရရှိသော လုပ်အားခများကို
တစ်ဖက်သတ် အဓမ္မလျော့ချ ဖြတ်ချပြစ်ခြင်းများ
ပြုလုပ်လိုက်သဖြင့် အလုပ်သမား ၁၀၀ ခန်မှ
မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ် အောင်တခွန်
ခန်းမတွင် ဇန်နာဝါရီလ ၁၀ နေ့နံနက် ၁၀ နာရီ
အချိန်မှစတင်၍ ကျေနပ်မှုမရှိကြောင်းသတင်းမီဒီ
ယာများကိုပြောသည်။

အဆိုပါပွဲအား အလုပ်သမားသမဂ္ဂများပူပေါင်း
ဆောင်ရွက်ရေးကော်မတီ(CCTU)အဖွဲ့မှ
ဦးဆောင်ရှင်းလင်းခဲသည်။

ရပ်မိရပ်ဖ ၅ဦးကော်မတီရွေးချယ်

ကံသာယာရပ်မိရပ်ဖရွေးချယ်ရန်အကြိုဆွေးနွေးပွဲဒေသခံတွေ
နဲ့မြို့နယ်ရဲတပ်မှူးအဖွဲ့အချေတင်အငြင်းပွားမှု့များမှု့ဖြစ်ပွား
==========================================
မန္တလေး ချမ်းမြသာစည်မြို့နယ်ကံသာယာ ကံသာဦးဓမ္မာရုံတွင်
ရပ်ကွက်ပေါင်း ၂၅ ရပ်ကွက်အတွင်းမှရပ်မိရပ်ဖရွေးချယ်ရန်
အကြိုဆွေးနွေပွဲတွင် ဒေသခံများဖိတ်ကြားခြင်းမရှိပဲဆယ်အိမ်
ခေါင်များကိုသာရွေးချယ်၍ဖိတ်ကြားသဖြင့်ဒေသခံကျေနပ်မှု
မရှိ၍အချေတင်အငြင်းပွားခဲသည်။

သမ္မတသက်တမ်းကုန်သည်အထိ လက်ရှိအုပ်ချုပ်ရေးမှူးမှာ
တာထမ်းဆောင်ခွင့်ရှိနေတာတောင် တစ်နိုင်ငံလုံးကိုအုပ်ချုပ်
မဲ့ သမ္မတအသစ်ကိုတောင် လွတ်တော်ကအတည်မပြုရသေ
ခင် အခုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ရပ်မိရပိဖ
ဆယ်အိမ်ခေါင် ရွေးချယ်ပွဲတွေလုပ်နေတာဟာ နိုင်ငံတော်အဆင့်ကို ကျော်လွန်ပြီ လုပ်နေတာလားဟု ကံသာ
ယာမြို့သစ်နေ ဦးစောလှအောင်က မြို့နယ်မှူးအားမေးသည်။

ကျွန်တော်တို့အနေနဲ့ယနေ့ကျင်ပရတာဟာ ရပ်ကွက်အုပ်ချုပ်
ရေးမှူးအတွက် တစ်နိုင်ငံလုံးအတိုင်အတာအရအထက်မှညွန်
ကြားချက်တွေနဲ့လုပ်ရတာဖြစ်ပါတယ် သမ္မတအဆင့်အထိကို
ကျွန်တော်တို့လိုက်မမှီပါဘူး ယနေ့ကျင်ပရသည့်အကြောင်းက
ဒေသခံတွေကိုမဖိတ်ဖြစ်တာက ရပ်မိရပ်ဖရွေးချယ်ပွဲကို
ဇန်နာဝါရီလ ၉ ရက်နေ့ ဒီနေရာမှပြုလပ်ဖို့အတွက်အကြိုဆွေး
နွေးပွဲအဖြစ် ဆယ်အိမ်ခေါင်များကိုခေါ်ယူပြီးလုပ်တာပါဟု
မြို့နယ်ရဲတပ်မှူး ဦးမြင့်ဇော်မှပြန်လှည်ဖြေကြားခဲ့သည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်မည့်ကိစ္စတွေမှယခင်
အပြုအမူနှင့်လက်သိပ်ထိုးလုပ်ဆောင်မှု့တွေကိုလုံးဝလက်မခံ
နိုင်ပါဘူး ဒီလိုလုပ်တဲ့သူတွေကိုဥပဒေအရအရေးယူနိုင်သည်
အထိဖေါ်ထုတ်သွားပါမည်။

နိုင်ငံသားအားလုံမိမိတို့ရပ်ကွက်တွေမှအထူးဂရုစိုက်ကြပါ
လက်ရှိ အုပ်ချုပ်ရေးမှူးတွေနေရာထပ်ယူဖို့ပွင့်လင်းမြင်သာ
မှု့မဲ့စွာ အင်နှင့်အားနှင့်လှုပ်ရှားတာတွေ တွေ့နေရပါတယ်။
၅ဦးကော်မတီကိုမသာမာတဲ့နည်းတွေနှင့် အထည်ပြုနိုင်ဖို့
ယနေ့ ကြိုးစားနေကြပါပြီးဟုဒေသခံဦးအောင်မြင့်ကပြောသည်။

နိုင်ငံတော်ရဲအုပ်ချုပ်ရေးအာဏာယူရမည့်နိုင်ငံတော်အဆင့်
နိုင်ငံအုပ်ချုပ်ရေးမှူးလို့ဆိုလိုရတဲ့သမ္မတအသစ်ရွေးချယ်ဖို့
တောင်၂၀၁၆ ဖေဖော်ဝါရီလဆန်းပိုင်းမှလွှတ်တော်ကအသစ်က အစည်းအေ ဝးခေါ်ယူမှာပါ။
နိုင်ငံတော်အဆင့်မှတောင်အချိန်မကျသေးဘူး အောက်ခြေ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ဖို့အခုဇန်နာဝါရီလထဲက လူတိုင်မသိရတဲ့ ရွေးချယ်ပွဲကိုအထွေထွေလုပ်ပြီးရုပ်လုံးဖော်ဖို့
လုပ်နေကြပြီး ဒါနိုင်ငံတော်အဆင့်မှာတောင် စတင်ဆောင်ရွက်
ခြင်းမရှိသေးပါပဲ အောက်ခြေရပ်/ကျေးအဆင့်ကနိုင်ငံတော်
အဆင့်လုပ်ငန်းကို ကျော်လွန်ဆောင်ရွက်နေတာပဲဖြစ်တယ်။
နိုင်ငံတော်သမ္မတအသစ်တောင်မတက်ရသေးဘူးရပ်/ကျေး

အုပ်ချုပ်ရေးမှူးအသစ်တွေပေါ်လာမယ်ဆိုတော့ဒါဘယ်လိုလည်း
သမ္မတအသစ်ကဘုမသိဘမသိနှင့်ခုံပေါ်တက်ထိုင်ပြီး ရွေးချယ်တာတောင် သူသိခွင့်မရလိုက်တဲ့ သူလက်အောက်က
သူမရှိခင်ပေါ်ပေါက်နေတဲ့သူ့ကိုယ်ပွားတွေနှင့်အလုပ်လုပ်ရမှာ
လား
အောက်ခြေအဆင့်ဆင့်အုပ်ချုပ်ရေးမှူးတွေဆိုတာနိုင်ငံတော်
သမ္မတရဲ့ ကိုယ်ပွားတွေပါပဲ
အဓိကမိန်က ရုပ်လုံးအကောင်အထည်မပေါ်သေးဘူး အဲဒီအဓိကရဲ့ ကိုယ်ပွားတွေကပေါ်နေပြီးဆိုရင် ဒါဟာ အောက်
လမ်းနည်းနဲ့ ဖန်တီးထားတဲ့ကိုယ်ပွားတွေပဲ
အစိုးရသစ်လက်ထက်မှ ရပ်ကျေး အုပ်ချုပ်ရေးမှူးအသစ်ရွေး
ချယ်နိုင်ဖို့ပြင်ဆင်သည့်ဥပဒေက ဒါဆိုရင်ဘာအတွက်လဲ
အဲဒါကို ဥပဒေအဟောင်းနှင့်ဇွတ်ရွေးချယ်ဖို့လုပ်ဆောင်နေကြ
တာတွေဟာ ခါတော်မီ အာဏာလုနေကြတာပါပဲ
နိုင်ငံအုပ်ချုပ်အသက်သွေးကြော အခြေခံအုပ်ချုပ်ရေးပိုင်းကို
အာဏာရှင်ဟောင်တွေ ဆုပ်ကိုင်ကြီးစိုးဖို့လုပ်ဆောင်နေကြ
တာပဲ ဒီတော့နိုင်ငံသားတိုင်းမိမိတို့ရဲ့သမ္မတအသစ်တောင်အတည်မပြုရသေပဲ မိမိတို့ရပ်/ကျေးတွေကို လက်မခံကြဖို့ ရဲရဲဝံ့ဝံ့ကန်ကွက်ကြဖို့လိုပါတယ်ကျွန်တော်ကတော့ယနေ့ရပ်/
ကျေးပြုလုပ်တာကိုကန့်ကွက်ခဲ့ပါတယ်ဟုနိုင်ငံရေးအကျဉ်းသားဟောင်းဦးစောလှအောင်ကပြောသည်။
စိုင်းထူးခန့် 

၂၀၁၅ခုနှစ်အတွင် စစ်ကိုင်းတိုင်ဒေသကြီးအတွင်းတရားမဝင်သစ်များဖမ်းမိ

၂၀၁၅ ခုနှစ်အတွင်း စစ်ကိုင်း တိုင်းဒေသကြီးအတွင်း တရားမ၀င် သစ်တန်ချိန်ပေါင်း
၈၀၀ ကျော် ဖမ်းဆီးရမိ
=================================================
စစ်ကိုင်းတိုင်းဒေသကြီးမှာ၂၀၁၅ ခုနှစ်အတွင်း တရားမ၀င် သစ်
သယ်ဆောင်မှုအား ဖမ်းဆီးအရေးယူရာတွင် တန်ချိန်ပေါင်း ၈၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး
အများစုမှာ တန်ဖိုးကြီး တမလန်းသစ်များ ဖြစ်နေကြောင်း သိရပါတယ်။
တရားမဝင်သစ်မှောင်ခို သယ်ဆောင်သူများဟာ ကားအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုးသယ်ယူကြတာဖြစ်ပြီး အများအားဖြင့် ညပိုင်းတွင်မောင်းနှင်ကြကာ ကားတချို့ဆိုလျှင် ယဉ်တိမ်းမှောက်မှုဖြစ်မှသာ တရားမဝင်သစ်များသယ်ဆောင်လာခဲ့တဲ့

ကားဖြစ်တယ်ဆိုတာသိရှိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တရားမ၀င် သစ်သယ်ဆောင်မှုအများဆုံးမှာ ကသာခရိုင်နှင့်ရွှေဘို ခရိုင် တို့ဖြစ်ကြောင်း
သိရပြီး အများအားဖြင့် တရုပ်နိုင်ငံဘက်သို့ ခိုးယူရောင်းချနေကြကြောင်း သိရပါတယ်။
တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော သစ်များတွင် တမလန်းသစ် (၄၃၇)တန်ကျော်၊
ကျွန်းသစ်၊(၂၈၀)တန်ကျော် နှင့် ပိတောက်ကဲ့သို့သစ်မာအုပ်စုဝင်အခြားသစ် တန်
(၁၅၀) ကျော် ဖမ်းဆီး၇မိပြီး တန်ဖိုး သိန်း သုးံထောင်ကျော် ရှိကြောင်း
သိရပါတယ်။
အဆိုပါ ဖမ်းဆီးရမိသော သစ်မှောင်ခိုသယ်ဆောင်သူများကို သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌
ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့်အမှုဖွင့်ခဲ့ပြီး
အမှုပေါင်း (၃၃၅) မှု ရှိခဲ့သဖြင့် ၂၀၁၄ ခုနှစ်ထက် (၁၀၉) မှု ပိုမို
များပြားနေကြောင်း သိရပါတယ်။

ရထားတိမ်မှောက်

ကြီးနား မှ မန္တလေးသို့ ထွက်ခွာလာသော ကုန်ရထား တွဲချော်တိမ်းမှောက် 
==============================
ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ ကုန်တင်ရထားဟာ နဘားနဲ့ အင်းတော် အကြားရှိ မိုင်တိုင်အမှတ် ၅၈၇- ၁၉/၂၀ ကြားမှာ ၉.၁.၂၀၁၆ ရက်နေ့ ၁၂း၄၅ နာရီအချိန်က တွဲချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

ကုန်ရထား ၄ တွဲ တွဲချော် တိမ်းမှောက်သွားတာနဲ့ ပတ်သက်လို့ မီးရထားမောင်းနှင်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိသော်လည်း မီးရထား သံလမ်းပိုင်း ပျက်စီးသွားမှု အခြေအနေအရ နောက်ရက် ညနေပိုင်းလောက်တွင် ပုံမှန် သွားလာနိုင်ရန် စီစဉ်နေကြောင်း အင်းတော် ဘူတာရုံပိုင်းကြီး ဦးတိုးတိုး က ပြောပါတယ်။

သတင်းဓါတ်ပုံ
သီဟဆွေ ကသာ

မြစ်ကြီးနာ မန္တလေး ကုန်တင်ရထား တွဲချော့တိမ်မှောက်

ကြီးနား မှ မန္တလေးသို့ ထွက်ခွာလာသော ကုန်ရထား တွဲချော်တိမ်းမှောက် 
==============================
ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ ကုန်တင်ရထားဟာ နဘားနဲ့ အင်းတော် အကြားရှိ မိုင်တိုင်အမှတ် ၅၈၇- ၁၉/၂၀ ကြားမှာ ၉.၁.၂၀၁၆ ရက်နေ့ ၁၂း၄၅ နာရီအချိန်က တွဲချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

ကုန်ရထား ၄ တွဲ တွဲချော် တိမ်းမှောက်သွားတာနဲ့ ပတ်သက်လို့ မီးရထားမောင်းနှင်သူ တစ်ဦးတစ်ယောက်မျှ ထိခိုက်မှု မရှိသော်လည်း မီးရထား သံလမ်းပိုင်း ပျက်စီးသွားမှု အခြေအနေအရ နောက်ရက် ညနေပိုင်းလောက်တွင် ပုံမှန် သွားလာနိုင်ရန် စီစဉ်နေကြောင်း အင်းတော် ဘူတာရုံပိုင်းကြီး ဦးတိုးတိုး က ပြောပါတယ်။

သတင်းဓါတ်ပုံ
ရဲလင်းအောင်