
"ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်
အတွင်း တောင်ယာမြေများအသိမ်းခံရသည်
တောင်သူများအားအသိပညာဟောပြောပွဲကျင်းပ"
==============================
ရှမ်းမြောက် မတ် ၅
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်
ကျောက်မဲမြို့နယ်ကောင်းအက်ကျေးရွာ ကျောက်မဲကြီးကျေးရွာ ပိန္နဲကုန်းကျေးရွာ
ပန်းမောန်းကျွေးရွာ မှန်ကောင်းမှူးကျေးရွာ မှိုင်းတပ်ကျေးရွာ များက မြေသိမ်းခံတောင်သူ
များကိုအသိပညာပေးဟောပြောပွဲကို ခမ်းအုံးကြီးကျေးရွာ ဇေယျသိဒ္ဓိလာဘမုနိ နှီးဘုရားကြီး ဘုရားဓမ္မရုံကြီးတွင် မတ်လ ၅
ရက်နေ့က မြေသိမ်းခံတောင်သူများ ၂၀၀ ကျော်တက်ရောက်ကာ ကျင်းပခဲ့သည်ကိုတွေ့
ရသည်။
အဆိုပါမြေသိမ်းခံတောင်သူများမူလတောင်
သူများ၏တောင်ယာမြေများပြန်လှည်လုပ်ကိုင်ခွင့်ရရှိရေး အသိပညာပေးဟောပွဲခြင်း
တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းခြင်းများ
ကို မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ တံခွန်တောင်
သူလယ်သမားအဖွဲ့ချုပ် ဗဟိုက အထက်မြန်
မာပြည်မန္တလေးတိုင်းဥက္ကဌဖြစ်သူ ဦးလင်းထင်စိုးနှင့်အဖွဲ့က လာရောက်ဖွဲ့စည်ပေးကာ ခမ်းအုံးကြီးကျေးရွာ ရွာဦးကျောင်း
ဆရာတော်ဘဒ္ဒန္တဝဏ္ဏထံ ၅ ပါးသီလခံယူပြီး
အသိပညာပေးအခမ်းအနားကိုစတင်ဖွင့်လှစ်
ခဲ့သည်ကိုတွေ့ရသည်။
တက်ရောက်လာသောရှမ်းပြည်နယ်မြောက်
ပိုင်း တောင်ယာစိုက်ပျိုးလျှက်ရှိသောဒေသခံ
တောင်သူ ၂၀၀ ခန့် ထံက ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုး မြေယာများသိမ်း
ဆည်းခံရခြင်းများတင်ပြခြင်း လယ်ယာမြေ
နှင့်နည်ဥပဒေများကို မြန်မာနိုင်ငံတံခွန်တောင်သူလယ်သမားအဖွဲ့ချုပ်ဗဟို အထက်
မြန်မာပြည် မန္တလေးတိုင်းဥက္ကဌနှင့်အဖွဲ့က
ရှင်းလင်းကာ အသိပညာပေးဟောပြောခဲ
ကြပါတယ်။
"ကျွန်တော် ရှမ်းရွာတွေမှ တောင်ယာခုတ်ထွင်ရှင်းလင်းလုပ်ကိုင်စားသောက်နေသူများ
ထံကနေ ၁၉၉၇/၁၉၉၈ ခုနှစ်က တပ်မတော်
ကသိမ်းယူကာ ၂၀၁၄ ခုနှစ်က နိုင်ငံတော်
အစိုးရက ဧကပေါင်း ၃၀၀ ကျော်ကို မှုလ
တောင်သူထံပြန်လှည်ပေးအပ်ပွဲလုပ်ကာ
ပေးခဲ့သော်လည်း မတ်လ ၂ ရက်နေ့ ၂၀၁၇
က စိုက်ပျိုးထားသည့် မြေများအပေါ် (စ ခ ခ)
လက်အောက်ခံ (ခ မ ရ )၅၀၁ တပ်က တိုင်များလာစိုက်ကာ ပုံစံ(၇ )ကျပြီးသားမြေများ
လာရောက်လုခြင်းခံရပါတယ် နိုင်ငံတော်
အစိုးရက ဧကကောင်း ၃၀၀ စွန့်လွတ်ပေး
သော်လည်း ကျွန်တော်တို့အပြည့်အဝ မရရှိ
လို့ နိုင်ငံတော်အစိုးရသိရှိတောင် ကျွန်တော်
တို့ကျေးရွာတွေပေါင်းကာ အများပြည်သူသိရှိ
စေရန် တွေ့ဆုံပွဲလုပ်ရတာဟု ကောင်းအက်
ကျေးရွားက ဦးစိုင်းလှမောင်ကပြောသည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှ ၇၀ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမား
တွေကို ခေတ်အဆက်ဆက်က အကြောင်း
အမျိုးမျိုးနဲ့ မသိနားလည်သည့် တောင်သူတွေ
ကိုမတရားသိမ်းတယ် နိုင်ငံတော်က စီမံကိန်းဖော်ဆောင်ခြင်းမရှိတာတွေကို မူလ တောင်
သူတွေ ပြန်ပေးခဲ့သောလည်း မူလတောင်သူ
များပြန်မရောက်တာတွေ ကုမ္ပဏီတွေချပေး
တာတွေ တောင်သူများ၏စားဝတ်နေရေး
နေစရာ လုပ်စရားမရှိလောက်ဖြစ်နေသည့်
ဒေသခံတောင်သူများအပေါ် မတရားမှုများ
မရှိစေရန် အတွက် အခုလို တောင်သူများထံ
လာရောက်၍ အသိပညာပေးဟောပြောပွဲလုပ်ကာ တောင်သူများပူးပေါင်းကာ
တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းပေးခြင်း
လုပ်ပေးတာဟု မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ
တောင်သူလယ်သမားအဖွဲ့ချုပ် မန္တလေးတိုင်းဥက္ကဌဦးလင်းထင်စိုးကပြောသည်။
